6/13/09

ပုဂံ ကျောက်ပြား ရုပ်ပွါးတော်



အမျိုးအစား - ကျောက်ပြား ရုပ်ပွါးတော်
အချိန်ကာလ - ၁၂ - ၁၃ ရာစုနှစ်
တွေ့ရှိရာနေရာ - ပုဂံ ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - အနီရောင်သန်း စတီတိုက် ( steatite ) ကျောက်စစ် ။

အရွယ်အစား -
အမြင့် ၁၂.၇၅ စင်တီမီတာ
အကျယ် ၇.၆ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.378-1914

ဒီကျောက်စစ် ရုပ်ပြားပေါ်မှာ မြတ်စွာဘုရာ သက်တော်စဉ်တလျှောက် ကနေ ပရိနိဗ္ဗာန်ပြုတဲ့ အချိန်ကာလ အထိ ထင်ရှားတဲ့ အကြောင်းရာ (၈)ခုကို ပုံဖော်ထားပါတယ်။ အောင်ခြင်းရှစ်ပါးမဟုတ်။

အလယ်တည့်တည့်ရှိပုံတော်ကို သတိထားကြည့်မယ်ဆိုရင် မြတ်ဗုဒ္ဓ သဗ္ဗေညုတညဏ် ရရှိခဲ့ရာ မဟာဗောဓိပင်အောက်မှာ စံနေလျက်၊ ကြာပလ္လင်ထက်မှာ ခြေနှစ်ဘက် ယှက်ဈာန်ဝင်စားဟန်ဖြစ်တယ်။ လက်တစ်ဘက် ပေါင်ပေါ်တင်ထားပြီး ကျန်လက်တစ်ဘက်ဟာ မြေထိထားတဲ့ အောင်တော်မူဟန်( ဘူမိသပ္ပမုဒြာ) ဖြစ်တယ်။
(ပါရမီဖြည့်စီးခဲ့တဲ့ ဘဝအဆက်ဆက်အတွက် " ဝသုဒ္ဓရေ" မြေနတ်သမီး ကို သက်သေပြုတယ်လို့ မြန်မာအများစု ဆိုလေ့ရှိပါတယ်။ )

ပခုံး တဘက်ကချထားတဲ့ ဝတ်ရုံတော်ဟာ ပြေပြစ်ရိုးရှင်းပါတယ်။ ပုတီးစေ့ အလုံးလေးတွေလို ပုံဖော်ထားတဲ့ ဆံကျစ်တော်အစု အစု နှင့် ဆံစပ်နေရာ( ဥဏှီသ)(usnisha) ပါမယ်။ ဆံကျစ်တော် ဟာအပေါ်ကို ထောင်တက်သွားပြီး ကြာဖူးတော်( lotus bud ) အဖြစ် အဆုံးသတ်ထားတာကို မြင်ရပါမယ်။

ဘေးပတ်ပတ်လယ်က သရုပ်ဖော်ပုံတွေကို အောက်ခြေက စရှင်းပြရရင်၊ လုမ္မနီတော အတွင်း အင်းကြင်းပင်အောက် မယ်တော် မာယာဒေဝီ(Maya-devi ) နှင့်အတူဘေးမှာယှဉ်ရပ်နေတဲ့ ဂေါတမီ(Prajapati) ပုံတွေပါတဲ့ ဖွားတော်မူခန်း။

မြတ်စွာဘုရားရဲ့ ပထမဦးဆုံး တပည့်သာဝက ငါးဦး ( ပဉ္စဝတ်ဂီ ) ကို ဓမ္မ စင်္ကြာ တရားဦးဟောခန်း။

မြတ်စွာဘုရား မေတ္တာတရား ဟော၍ နာရာဂီရိ (Nalagiri) ဆင်ကို ဆုံးမတော်မူခန်း။

မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုခန်း ( Parinirvana or Mahaparinibbana)။

မြတ်စွာဘုရား သာဝတိံသာနတ်ပြည် (Tavatimsa heaven) ကနေ လူ့ပြည်ကိုကြွတော်မူခန်း။


လက်ဝဲ၊ လက်ယာ တော်ရံ ရှင်သာရိပုတ္တရာ နှင့် ရှင်မောဂ္ဂလန် ကို မြတ်စွာဘုရား ပခုံးအထက် ခပ်မြင့်မြင့်အထက်နားဆီမှာ တွေ့ရမယ်။ ပခုံးအထက်နားဆီက ရောင်ခြည်တော်ဖြာထွက်နေမယ်၊
ခြေဖဝါးတော်ကနေ ရေကြည်တော်ပန်းထွက်နေမယ်၊ တချိန်တည်းမှာဘဲ ကောင်းကင်ထက် မြတ်စွာဘုရား ရုပ်ပွါးတော်တွေ ဖြစ်ပေါ်နေ ခန်း။ ( သီဟိုဠ် အယူ )

အောက်ခြေက နောက်ဆုံး သရုပ်ဖော် ဟာ ပါဠိရက္ခ ဇာတ်တော်ထဲက မျောက်တစ်ကောင် မြတ်စွာဘုရားအား ပျားအုံ ကပ်လှူခန်း။ ( သီဟိုဠ် အယူ )
( မြတ်စွာဘုရား ပရိလေယျကတောကို တစ်ပါးတည်း ကြွတော်မူစဉ် မျောက်တစ်ကောင်က ဆွမ်းအဖြစ် ပျားအုံကို ကပ်လှူပူဇော်တယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။ )

==========================================================================

၁၂ ရာစုနှောင်းပိုင်း ကနေ ၁၃ ရာစုဦးမှာ သီဟိုဠ်-မြန်မာ ဆက်ဆံရေးမှာ ဘာသာရေးဆိုင်ရာ ကိစ္စရပ်တွေပိုများလာပါတယ်။

ဒီ ကျောက်ပြား ရုပ်ပွါးတော် ပုံကို ဒေါက်တာသန်းထွန်းအပါဝင် စာရေးဆရာ အချို့ကပါ စာအုပ်မျက်နှာဖုံးအဖြစ် အသုံးပြုခဲ့ဖူးလို့ မြန်မာအများစုကမြင်ဖူးနေပါလိမ့်မယ်။

ဒီ ကျောက်ပြား ရုပ်ပွါးတော် ပုံဟာသမိုင်းဆိုင်ရာလေ့လာမှုအချက်လက်၊ ယဉ်ကျေးမှုဆိုင်ရာ အချက်လက်၊ ဘာသာရေးဆိုင်ရာ အချက်လက်၊ အနုပညာဆိုင်ရာ လေ့လာရန် အချက်လက် အများကြီးပေးပါတယ်။

ဒီ ကျောက်ပြား ရုပ်ပွါးတော်နှင့်ပတ်သက် ပြီး သုတေသနဆိုင်ရာ အချက်လက်တွေ များလွန်းလို့ နောက်မှသတ်သတ်ရေးရပါလိမ့်မယ်။

5 comments:

  1. လေ့လာဖတ်မှတ်သွားပါတယ်
    ခင်မင်လျက်

    ReplyDelete
  2. ကျနော့် ဒီထဲက ပို့စ်တွေကို ကျနော့်ဆိုက်မှာ တင်ချင်ပါတယ် ...
    အခုလက်ရှိ ကျနော်က နိုင်ငံရပ်ခြားမှာ ရောက်နေလို့ သေချာမလေ့လာနိုင်ပါဘူး ... ယဉ်ကျေးမှုနဲ့ပတ်သက်လို့ ဝေမျှချင်လို့ ဖိုရမ်တခုထောင်လိုက်တာပါ ... လက်တလော ဒီပို့စ်လေးပဲ ကူးသွားပါတယ် ... credits ကို ဒီဆိုက်ကိုညွှန်းပေးထားပါတယ် ... တကယ်လို့ ခွင့်မပြုဘူးဆိုရင် ပြန်ဖျက်ပေးပါ့မယ် ... ဒီဆိုက်ကိုလာတာ မသိတာတွေသိရပါတယ် ... ကျေးဇူးတင်လျက်
    (မြန်မာစာပေဖိုရမ်) http://www.myanmarsarpay.com/ လာရောက်လည်ပတ်ပါလို့ ဖိတ်ခေါ်ပါတယ် ...

    ReplyDelete
  3. လွတ်လွတ်လပ်လပ် ယူသုံးနိုင်ပါတယ်။ အများလေ့လာဖို့ အတွက်ရည်ရွယ်ထားတဲ့ ဘလော့ပါ။

    ReplyDelete
  4. ကျေးဇူးအရမ်းတင်ပါတယ်ဗျာ ... တကယ်လို့ အချိန်အားမယ်ဆိုရင် ကျွန်တော့်ဖိုရမ်ထဲမှာ လာရောက်ဝေမျှပါဦးလို့ ဖိတ်ပါတယ် ...

    http://www.myanmarsarpay.com/

    ReplyDelete
  5. လေ့လာသွားပါတယ်.....

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။