6/13/09

ပုဂံ ၁၂ ရာစုနှစ် ရုပ်ပွါးတော်


အမျိုးအစား - ရုပ်ပွါးတော်
အချိန်ကာလ - ၁၂ ရာစုနှစ်
တွေ့ရှိရာနေရာ - ပုဂံ ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ကျောက်စစ် ။

အရွယ်အစား -
အမြင့် ၁၄.၅ စင်တီမီတာ

လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.35-1988

အခုမြင်နေရတဲ့ " ထိုင်တော်မူ ရုပ်ပွါးတော်" ဟာ ၁၂ ရာစု ပုဂံ ဟန်ဖြစ်တယ်။ မျက်နှာအသွင်ပြင် ကိုထုစစ်ပုံဖော်ရာမှာ ထေရဝါရ ဗုဒ္ဓဘာသာဟန်ကို အပြည့်အဝတွေ့မြင်နေရပါပြီ။
၁၂ ရာစု ပုဂံခေတ်မှာ လူကြိုက်များတဲ့ ခြေနှစ်ဘက် ယှက်လျက် တရာထိုင်ဟန်(ဓျာနာသန)(vajrasana) တွေကို အတွင်းပိုင်း ဗိသုကာနောက်ခံ နံရံနှင့် ယှဉ်ပြီးတွေ့ရလေ့ရှိပါတယ်။

တခါတရံ အရွက်ပါသစ်ခက်ကို ကိုက်လျက် ဒါမှမဟုတ် ရတနာတမျိုးမျိုးကို ကိုက်လျက် ရှေ့ကိုမျက်နှာမူထားတဲ့ ငှက်( ဟင်္သာ ) နှင့်ယှဉ်လျက်တွေ့ရတတ်ပါတယ်။

ပုဂံ ကို ကမ္ဘာတဝှမ်း အထင်ကရ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ နေရာတစ်ခုအပြစ် သတ်မှတ်ထားပါတယ်။ သထုံ သိမ်းပိုက်ချိန် ၁၀၅၇ ခု ကနေစပြီး မွန်ဂိုဘုရင် ကုဗလိုင်ခန့် လာရောက်တိုက်ခိုက်သိမ်းပိုက်တဲ့ ၁၂၈၇ ခုနှစ်အထိ တစ်သောင်းသုံးထောင်
ခန့် အရေတွက်ရှိတဲ့ ဘုရား၊ ဂူ ၊ ကျောင်း နှင့် တခြား ဘာသာရေးဆိုင်ရာ အဆောက်ဦးတွေကို ဆောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

1 comment:

  1. ကျေးဇူးပါ
    ခင်မင်လျက်

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။