ရှေ့ကပိုစ်တွေမှာ ပြည်စိုးအကြောင်း တစေ့တစောင်းပြောခဲ့ဖူးပါတယ်။ စော်ဘွားတွေရဲ့ အဆောင်ယောင်တွေနှင့်ပတ်သက်ပြီး လိုက်စုပေနေပေမယ့် စားရင်းမှာပါတဲ့ ပစ္စည်းအများစုကို မမြင်ဖူးပါ။ ရွှေ / ငွေ နဲ့လုပ်တဲ့ ပန်းခိုင်တချို့ရဲ့ ဓာတ်ပုံတချို့သာတွေ့ဖူးတယ်။ တွေ့ မြင် ကြား သိတာတွေရှိရင်လည်း ဝေမျှပေးပါဦး။
ဝန်းသိုစော်ဘွားများ အရာဆက်ခံကြသောအခါ အရာခံလက်ဆောင် အများအစားပေးကြရ၏။ ဝန်းသိုစော်ဘွားများသည် အရာဆက်ခံသောအခါ ဘုရင်ကို ငွေ ၅၀၀ိ၊ ဝန်ကြီးကို ၂၅၀ိ၊ ဝန်ထောက် ၄ ယောက်ကို ၂၀၀ိ၊ အတွင်းဝန် ၂ ယောက်ကို ငွေ ၁၀၀ိ၊ နားခံ ၂ ယောက်ကို ငွေ ၇၅ိ၊ အဝေးရောက် ၄ ယောက်ကို ငွေ ၁၂၀ိ၊ သံတော်ခံ ၄ ယောက်ကို ငွေ ၆၀ိ၊ ပြင်သံတော်ဆင့် ၁ ယောက်ကို ငွေ ၃၀ိ၊ တံခါးနီကြေး ၃ိ ပေးဆောင်ရလေသည်။ ( ဝန်သိုမြို့ ၁၁၂၅ ခုစစ်တန်း)
ဘုရင်မင်းမြတ် သည်နှစ်စဉ် သတင်းကျွတ် လတွင် ဦးကင်တော်ဖွင့်ဝါကျွတ်ကန်တော့ခံသောအခါ ဝန်းသိုမြို့ သူကြီး၏ နှစ်စဉ် ကန်တော့ဆက်မှာ ဘုရင်ကိုရော အိမ်ရှေ့မင်းကိုပါ ကန်တော့ဆက်သရပါတယ်။
ဘုရင်ကို ဆက်သတဲ့ ပစ္စည်းတွေကတော့
၁။ ရွှေဖလား ၅ိ ခုတ်
၂။ ဖျင် ၂
၃။ ခါသာ ၂
အိမ်ရှေ့မင်း ကို
၁။ ငွေဖလား ၂ိ ၂ံ
၂။ ဖျင် ၁
၁၁၄၅ခု စစ်တန်းအရ ဝန်သိုမြို့ သူကြီးတို့၏ အဆောင်အရွက်မှာ -
၁။ မြင်းကတိုင် ၇ ပွင့်
၂။ ကတောင် ရွှေရေး စာမရီပန်းခက်ကိုက် အနားသံ ၄ံ ရွှေပိန်း
၃။ နှင်း နှင်းသိပ်
၎။ အိမြောင်ရင်ပတ်ကွင်း
၅။ ရွှေဇဝါ အုပ်ခက်ထိပ်အုပ်
၆။ မြီးဖြမ်းရင်ဘတ် သက္ကလပ်ကြိုး ရွှေကြယ်တပ် မိုးကြိုးကြုတ်
၇။ လက်ဖက်အိုး
၈။ တကောင်းပိတ်
၉။ ထားအိမ်အဆောက် ရွှေအမွှန် ထားအိမ်ရင်းဖျား ရွှေငါးပတ်ခံတွင်း ရွှေသံပတ်စွဲ ငါးတန့်
၁၀။ ဒိုင်းဝန် ရွှေဇဝါပိန်း။
ဝန်သိုမြို့ ၁၁၂၅ စစ်တန်းတွင် စော်ဘွားတို့ အဆောင်အရွက်တို့မှာ
၁။ ဆင်ပေါက် ၊ ဆင်မ
၂။ ရဲကအနီ ၂ စု ရွှေတစု
၃။ အလံကျည်ရွှေရေး
၎။ အလံနီ ၂
၅။ ပေါင်ဝန်းအနီ ၂ စု
၆။ အထွတ်ရွှေ
၇။ သက္ကလပ်ကြိုး အနားဖဲကွပ်
၈။ ချွန်း ၎
၉။ ထီးဝါ ၂
၁၀။ ကျိုင်း ၂
၁၁။ အထွတ်ရွှေ ၄ံ ခန့်
၁၂။ မြင်းကကိုင်း ရွှေညောင်ရွက် ၂ ဆင့် တညောက်ရွှေရွက် ၃ ပွင့်
၁၃။ ကတောင်ရွှေရေး
၁၄။ စာမရီပန်းခက် ကိုက်
၁၅။ အနားသံ ၄ံ ရွှေးပိန်း
၁၆။ နှင်း နှင်းသိပ်
၁၇။ အိမ်မြောင် လကွင်း
၁၈။ ရင်ပတ်ကွင်း
၁၉။ မြီးပျမ်းရင်ပတ်
၂၀။ သက္ကလပ်ကြိုးကြယ်စီ
၂၁။ သက္ကလပ် တင်ရမ်း
၂၂။ မုဒရက်ပေါင်ဆွဲ
၂၃။ ရှေ့တက် နောက်တက် ဇက်ရွှန်း ၃ ဆင့်
၂၄။ ကွမ်းခွက် ၈ မြှောင့်
၂၅။ မိုးကြိုးထွေးအင်
၂၆။ တကောင်းပိတ်
၂၇။ လက်ဖက်အိုး
၂၈။ ကျပ်မြင့်မိုရ်
၂၉။ ထားလိုက် လက်ဝဲ လက်ျာ ၂ စဉ်
၃၀။ စည်နီ ၇
၃၁။ ပုံသာ ၁
၃၂။ ခရာ
၃၃။ နှဲကြီး ၁
၃၄။ နှဲငယ် ဆိုပြီး အဆောင်အယောင် အတော်များတာကိုသတိထားမိပါတယ်။
ဝန်သို စော်ဘွားရဲ့ အိမ်
အိမ် ၃ ဆင့် ဟော်ချိုးတက် အမိုးအင်္ဂတေပွတ် မာရဘင် အနီသုတ်၊ ပြတင်းအနီ ၂ စု ရွှေ ၁ စု၊ ဝင်မြင်းကြမ်းလွှတ် ၊ ပြတင်းတံခါး လေးပေါက် ဆောက်လုပ်နေထိုင်ခွင့်ရှိသည်။ (ဝန်သိုမြို့ ၁၁၄၅ စစ်တန်း)
ဝန်သိုမြို့ ၁၁၂၅ ခု စစ်တန်း အရ စော်ဘွားတို့သေလွန်တဲ့အခါ စီရင်ရတဲ့အဆောင်ယောင်တွေက---
စော်ဘွားတို့သေလွန်လျှင် ပျဉ်အဖုံးကမ္ပတ် ရွှေအနီခံသတ် ပျဉ်ခုံ ချင်ပု ဗီတာန်ခြေ ၆ ချောင်း၊ ရွှေမြူတာ၊ ငွေမြူတာ၊ ရွှေပချုပ် ၊ ငွေပချုပ်၊ စန္ဒယမား မီးလောင်တိုက် ငှက်ချေးခံရာဇမတ်ကာ နှင့် သင်္ဂြိုဟ်ပို့ရသည်။ အကူတော်ဖျင် သာလူ ပေထုပ်ပေးရသည်။
၇ နိုဝင်ဘာ ၁၆၃၇ အမိန့်တော်ပါ ဗန်မော် စော်ဘွား ဆောင်မြဲ ( အဆောင်ယောင် )
၁။ ဆင်ပေါက်မ ၂
၂။ ကွမ်းစားခွက်
၃။ ဘဘက်အိုး
၎။ တကောင်းပိတ်ရှစ်ထောင့် ပယင်းတပ်
၅။ ရွှေထွေးအင်
၆။ ဓားနက်
၇။ ကျောက်စီ သံပတ် ၇တန့်
၈။ ဓားလိုက်အိတ်သွတ် ၂မြင်းဇက်ရွန်း၃ဆင့်
၉။ စီးနှီးတင်ရမ်း
၁၀။ ကတ္တီပါမြင်းကြိုးရွှေကြယ်တပ်
၁၁။ နှင်း နှင်းသိပ်
၁၂။ ကတောင်ရွှေရေးဇာမရီပန်းခက်ကိုက်
၁၃။ အနားခံ ၄ သစ်
၁၄။ ထိပ်အုပ်သံပရာခွံ
၁၅။ အိမ်မြှောင်ရင်ဘတ်ကွင်းအိမ်ဖြူ ၃ဆင့် ပတင်ကုန်လုံး ရွှေချအိပ်ဦး အတိုင်တည်ထိ
၁၆။ စိုက်
၁၇။ ဝင်ကမ္ပတ်သတ်
၁၈။ စည်နီ ၃ လုံး
၁၉။ ငွေနှဲ
၂၀။ ငွေခရား ၄လုံးစီ
၂၁။ ပုံသာ
၂၂။ လင်ကွင်း
၂၃။ ရွှေလှံ ၁၀
၂၄။ သေနတ် ၁၀
၂၅။ ဆင်ပေါင်းအနီ ၂စု
၂၆။ ရွှေ ၁စု
ဝါဝင် ဝါကျွတ် ကန့်တော့ရလျှင်
၁။ ရွှေဖလား ၅ိ လုပ်မြော ရွှေပန်းပွင့် ငွေပန်းပွင့် ၁စီး
၂။ လဘက်ချောင်းအရှည် ၅ င်္၊ ချောင်းရေ ၁၂
၇ နိုဝင်ဘာ ၁၆၃၇ အမိန့်တော်ပါ သိန္နီစော်ဘွားတို့ ဆောင်မြဲ ( အဆောင်ရောင် )
၁။ ထီးနီ ၂
၂။ ထီးဝါ ၂
၃။ ထီးဖြူ ၂
၎။ ဆင်ပေါက်မ ၂
၅။ ဗောင်းရွှေအနီ ၁စု ရွှေ၂စု မြင်းကြိုး ကတ္တီပါတင် ရမ်းဇက်ရွှမ်း ၃ဆင့် ရွှေကြယ်တက် နှင်းနှင်းသိပ်
၆။ ကတောင်ရွှေရေး
၇။ ဇာမရီပန်းခက်ကိုက်
၈။ အနားသံ ၄ သစ်
၉။ ကရွှေဝါ ၇ ပွင့်
၁၀။ ဓားနတ်သံ ပတ္တမြားစီ ၇ တန့်
၁၁။ အိတ်သွတ်ခွေးငယ် ခွေးမ
၁၂။ ကျောက်စီဓားလိုက်အိမ်ခတ် ၎
၁၃။ ကွမ်းခွက်တကောင်းပိတ် လဘက်အိုးကတောင်ကျောက် တရစ်စီဟောပတင်တုံလုံ ရွှေချထျက်တည်ဝင်က ကမ္ပတ်သတ်အိပ်လှည့်အိပ်ဘန်
၁၄။ စည် ၃ လုံး
၁၅။ နှဲ ၎
၁၆။ ခရာ ၎
၇ နိုဝင်ဘာ ၁၆၃၇ အမိန့်တော်ပါ မိုးညင်းမြို့ စော်ဘွားဟိုခင်ဘွား ငနေတက်နံ ၁၊ အသက် ၄၅နှစ်သူနှင့် စော်ဘွားအမတ်တို့ သက္ကရာဇ် ၉၉၉ (၁၆၃၇) အရပ်ရပ် အင်းစာရင်း ရှင်းလင်းစစ်သိမ်းတော်မူရာ တင်သွင်းသည့် ရွှေတိုက်စာရင်းစာတမ်း။
စော်ဘွားတို့ ဆောင်ရိုးကား
၁။ ဆင်ပေါက် ဆင်မပေါင်း ရွှေ ၃စု အနီတစု
၂။ မြင်းကြိုး ကတ္တီပါ ရွှေကြယ်တပ်
၃။ ထီးနီ ၂
၎။ ထီးဝါ ၂
၅။ တင်ရမ်းကတ္တီပါ ၃ ဆင့်
၆။ ကတောင် ရွှေရေး စာမရီပန်းခက်ကိုက်
၇။ အနားသံ ၄ံ
၈။ နှင်း နှင်းသိပ်ရင်ပတ်ကွင်း ရွှေဇဝါခုနှစ်ပွင့်
၉။ ဓားနတ်သံပတ်ခုနှစ်တန့် ခွေသေးခွေမ ကျောက်စီဓားလိုက်အိတ်စွပ် ၂ သက္ကလပ်ကွပ်ကြပ်
၁၀။ တကောင်းပိတ်
၁၁။ လဘက်အိုး
၁၂။ ကွံးတောင် ပတ္တမြားတရစ်စီး
၁၃။ ရွှေထွေးအင်
၁၄။ ဟော်ပတင်တုံလုံရွှေချ
၁၅။ ဗတိုင်တည်ဝင် ကမ္ပတ်သတ် ( ဗဟိုရ်တည်ဝင် ကမ္ပတ်သတ် )
၁၆။ စည်ရ
၁၇။ အိပ်ဖန် ၁၀
၁၈။ ရွှေနှဲ
၁၉။ ငွေခရာ ၄ လုံး
၂၀။ လင်းကွင်း
၂၁။ ပုံသာ
ရွှေဘဝါးတော် အောက်ကန့်တော့ ရသည်မှာ (ဝါဝင် ဝါကျွတ် ကန့်တော့ရလျှင် )
၁။ မြင်း ၁ စီး
၂။ ဖဲနီ
၃။ ဖဲစိမ်း
၎။ ရေဖလား ၃ိလုပ်
၅။ ရွှေပန်းခိုင်
၆။ ငွေပန်းခိုင်
၇။ လဘက်ချောင်းရေ ၃၂ အရှည် ၇င်္ အစဉ်ကန်တော့ မြဲရှေးထုံးစံပေးသည့် စာတမ်း။
Showing posts with label On going Research. Show all posts
Showing posts with label On going Research. Show all posts
11/11/11
5/17/11
၁၆၁ နှစ်ရှိပြီဖြစ်တဲ့ ပုရပိုဒ်

အမေရိကန်နိုင်ငံ Northern Illinois University မှာရှိတဲ့ Southeast Asia Digital Library မှာသိမ်းထားတဲ့ အင်းကွက်တွေပါတဲ့ ပုရပိုဒ်စာဖြစ်ပါတယ်။ ခေါက်ချိုးပေါင်း ၁၃ ချိုးရှိပြီး ခုမြင်နေရတာကတော့ ခေါက်ချိုး နှစ်ခုရဲ့ မျက်နှာပြင်သာဖြစ်ပါတယ်။ ဒီပုရပိုဒ်ရဲ့ သက်တမ်းကိုတွက်ချက်ရာမှာ ၁၈၅၀ ဝန်းကျင်ဖြစ်တယ်လို့ အဖြေရတဲ့အတွက် နှစ်ပေါင်း ၁၆၁ နှစ်ရှိပြီဖြစ်တဲ့ ရှေးပစ္စည်းဖြစ်နေပါတယ်။ ပုရပိုဒ်ပေါ်မှာရေးထားတဲ့ အင်းကွက်တွေနှင့် စမတွေကို လေ့လာဖို့လိုပါသေးတယ်။ ၁၈၅၀ ဝန်းကျင်လို့ပြောထားပေမယ့် ရေးထားတဲ့ စာလုံးအသုံးနှုန်း၊ အရစ်အဆွဲ နှင့် မင်နီရောင်သုံးထားတာက သတိထားချင်စရာဖြစ်နေတယ်။ ကျနော့အထင် ၁၉၅၀ ဆိုရင်တော့ ဖြစ်နိုင်ကောင်းတယ်။ ခုလောလောဆယ်တော့ ဘာမှမပြောလိုသေးပါ။
Subject - Parabaik
Materials - Paper
Place of Origin - Burma
Current Location - Northern Illinois University Libraries, Special Collections
Date - 1850
Measurements - 17 x 46 cm
Technique - Manuscript
3/14/11
သုတေသန စပ်စောင်တစ်ထည်


မြန်မာ မင်းခန်းတော်နှင့်ပတ်သက်ပြီး ပြည်တွင်း၊ပြည်ပ ပညာရှင်အများစုက ဝိုင်းဝန်းပြုစုကြလို့ သိပ်ကောင်းတဲ့ မှတ်တမ်းမှတ်ရာတွေ မြန်မာလိုရော အင်္ဂလိပ်လိုပါ ရှိနေပြီးဖြစ်တယ်။ မြန်မာထီးဆောင်းမင်းတွေရဲ့ အဆောင်ယောင်ဖြစ်တယ်ဆိုပေမယ့် မင်းခန်းတော်ပစ္စည်းတချို့ဟာ နိုင်ငံခြားဖြစ်၊ သို့မဟုတ် နိုင်ငံရပ်ခြားက ပို့လိုက်တဲ့ လက်ဆောင်ပစ္စည်းတွေပါနေတာကိုပါသတိထားမိပါတယ်။ မူရင်းပုရပိုဒ်ပါ ပုံတွေကြောင့်လည်း ပစ္စည်းအမျိုးမည်နှင့်တကွ ပုံကိုပါ နှောင်းလူတို့ မှတ်သားရတယ်။
မင်းတွေရဲ့ အဆောင်ယောင်နဲ့ပတ်သက်ပြီး မဟာ မင်္ဂလာမင်းခန်းတော် ဆိုပြီး ပုရပိုဒ်တွေရှိခဲ့တဲ့အတွက် အဲဒီမင်းတွေ ဆုံးပါးတဲ့အခါ ပြင်ဆင်ရတဲ့ အမင်္ဂလာ အသုဘ အခန်းနားတော် ဆိုပြီး ပုရပိုဒ်တွေရှိမှာဘဲဆိုပြီး မှတ်ချက်ချမိတယ်။ ဘာဖြစ်လို့ဒီလိုပြောရသလဲဆိုရင် အမတ်၊ စော်ဘွား ၊ မင်းသားတွေ ကိုအသုဘချတဲ့အခါ ဘယ်လိုပြင်ဆင်ပါဆိုပြီး ဘုရင်ကအမိန့်တော်ထုတ်တဲ့အတွက် သူတို့တွေရဲ့ အသုဘအပြင်ဆင်ကိုသိရလို့ပါ။ ဘုရင်တွေ မိဘုရားတွေအတွက် အသုဘအပြင်ဆင်ရာမှာ လက်စွဲအဖြစ် မသာတော်အခန်းနား ပုရပိုဒ်ဆိုပြီး မတွေ့ဖူး သေးပါ။
ခုလိုမင်းတွေရဲ့ အဆောင်ယောင် မင်းခန်းနားတွေကို ဂရုတစိုက်ပြုစုကြသလို မှူးကြီး မတ်ရာ သေနာပတိ၊ အမတ် ၊ မြို့စား ၊ စော်ဘွား ၊ သူကြီးရွာစားတွေရဲ့ အဆောင်ယောင်တွေကိုပါ မှတ်တမ်းပြုစုဖို့လိုအပ်ပါမယ်။ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်း ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု ကိုဖော်ထုတ်ရာမှာ ထီးဆောင်းမင်းတစ်ဦးတည်းရဲ့ အကြောင်းရာကိုဖော်ပြရုံနဲ့မလုံလောက်ပါ။ ပြည်တွင်း ပညာရှင်တွေအနေနှင့် အမတ် ၊ မြို့စား ၊ စော်ဘွား ၊ သူကြီး ၊ ရွာစားတွေရဲ့ အဆောင်ယောင် တွေကိုပါစနစ်တကျဖော်ထုတ်ပြီး စာတမ်းပြုစုတာ မရှိသလောက် ရှားပါတယ်။ တိုင်းရင်းသားဆိုင်ရာ ယဉ်ကျေးမှုအချက်လက်တွေ ရှာတဲ့အခါ တဆင့်စကား၊ ပါးစပ်ရာဇဝင်တွေကသာ များနေတာတွေ့ရပါတယ်။ ဒါကြောင့် အဲဒီအကြောင်းရာနဲ့ပတ်သက်ပြီး စာတမ်းပြုစုဖို့ရာ အချက်လက်တွေစုနေပါတယ်။
၁၇ ရာစုအစောပိုင်း ဘုရင့်အမိန့်တော်တွေ နှင့် ကုန်းဘောင်ခေတ်စစ်တမ်းတွေကို အခြေခံပြီး ဝန်းသို (ဝန်သို) စော်ဘွားနဲ့သတ်ဆိုင်တဲ့အချက်လက်တွေ ဖော်ပြလိုက်ပါတယ်။ စော်ဘွားအရာဆက်ခံတဲ့ခါ မျိုးရိုးစဉ်ဆက် ဆက်ခံတာတွေရှိသလို မျိုးရိုးပြတ်တဲ့အခါ သင့်တော်ရာကို စော်ဘွားအရာဆက်ခံစေတာမျိုးလည်းတွေ့ရပါတယ်။ စော်ဘွားအပြောင်းလဲဖြစ်စေတဲ့ နောက်ထပ်အကြောင်းရာရှိပါသေးတယ်။ မင်းပြောင်းမင်းလွဲဖြစ်တဲ့ခါ နှင့် ဒေသခံမျိုးကြီးရိုးကြီးအချင်းချင်း စော်ဘွားအရာလုတဲ့အခါဖြစ်ပါတယ်။ဒီဘုရင်လက်ထက်မှာ ဒီလူကို ဒီစော်ဘွားအရာမြှောက်ပေမယ့် နောက်တစ်မင်းတက်တဲ့အခါ အခြားလူကို စော်ဘွားအရာပေးတဲ့အလေ့လည်းရှိပါတယ်။ ဒီတော့ တစ်နေရာတည်းမှာ စော်ဘွားလုပ်ဖူးတဲ့ မျိုးရိုးဟာ ၂ ခုထက်မနည်းဘဲရှိနေတတ်တယ်။ တစ်ခါတစ်ရံ စော်ဘွားမလုပ်လိုတဲ့အတွက် စော်ဘွားအရာပြန်အပ်တဲ့အတွက် အသစ်ခန့်ထားရတာမျိုးလည်းရှိပါသေးတယ်။
ဝန်းသိုစော်ဘွားများ အရာဆက်ခံကြသောအခါ အရာခံလက်ဆောင် အများအစားပေးကြရ၏။
ဝန်းသိုစော်ဘွားများသည် အရာဆက်ခံသောအခါ
၁။ ဘုရင်ကို ငွေ ၅၀၀ိ၊
၂။ ဝန်ကြီးကို ၂၅၀ိ၊
၃။ ဝန်ထောက် ၄ ယောက်ကို ၂၀၀ိ၊
၎။ အတွင်းဝန် ၂ ယောက်ကို ငွေ ၁၀၀ိ၊
၅။ နားခံ ၂ ယောက်ကို ငွေ ၇၅ိ၊
၆။ အဝေးရောက် ၄ ယောက်ကို ငွေ ၁၂၀ိ၊
၇။ သံတော်ခံ ၄ ယောက်ကို ငွေ ၆၀ိ၊
၈။ ပြင်သံတော်ဆင့် ၁ ယောက်ကို ငွေ ၃၀ိ၊
၉။ တံခါးနီကြေး ၃ိ ပေးဆောင်ရလေသည်။ ( ဝန်သိုမြို့ ၁၁၂၅ ခုစစ်တန်း)
ဒီလိုတွေ့ရတဲ့အတွက် စော်ဘွားဖြစ်ဖို့ရာ ငွေကုန်ကြေးကျများမယ်ဆိုတာသိသာစေပါတယ်။ ဒီလို ကုန်ကြမယ့် ငွေ ၁၃၃၈ ကျပ်မတတ်နိုင်လို့ စော်ဘွားမလုပ်လိုက်ရတဲ့သူတွေလည်း ရှိနိုင်ကောင်းတယ်လို့ ထည့်တွက်ရပါမယ်။ စော်ဘွားဖြစ်ဖို့ရာ ဒီမှာတင်ပြီးသလားဆိုတော့ မပြီးသေးပါ။ နှစ်စဉ်ကန်တော့ရတဲ့ ပစ္စည်းတွေရှိပါသေးတယ်။ ဘုရင်ကိုရော အိမ်ရှေ့မင်းကိုပါ ကန်တော့ဆက်သရပါတယ်။ ဘုရင်မင်းမြတ် နှစ်စဉ် သတင်းကျွတ် လတွင် ဦးကင်တော်ဖွင့်ဝါကျွတ်ကန်တော့ခံသောအခါ ဝန်းသိုမြို့ သူကြီး၏ နှစ်စဉ် ကန်တော့ဆက်မှာ
ဘုရင်ကို ဆက်သတဲ့ ပစ္စည်းတွေကတော့
၁။ ရွှေဖလား ၅ိ ခုတ်
၂။ ဖျင် ၂
၃။ ခါသာ ၂
အိမ်ရှေ့မင်း ကို
၁။ ငွေဖလား ၂ိ ၂ံ
၂။ ဖျင် ၁
စော်ဘွားဆိုတာ ဘုရင်ငယ်တစ်ပါးလို တန်ခိုးကြီးတာမို့ အဆောင်ယောင်နဲ့နေရပါတယ်။ အကြောင်းရာပေါ်လို့ ဘုရင်ရှိရာ နန်းတော်ကိုသွားရတဲ့အခါ အဆောင်ယောင်အပြည့်ဝ ဝတ်ဆင်ပြီးမှ အခစားဝင်ရပါတယ်။ အဆောင်ယောင်ပျောက်ဆုံးလို့ မဝတ်ဆင်နိုင်တဲ့အခါဖြစ်စေ၊ ပေါ့ပေါ့လျော့လျော့ဝတ်စားဆင်ယင်မိတဲ့အခါဖြစ်စေ မင်းပြစ်မင်းဒါဏ်ခံရလေ့ရှိပါတယ်။ မြန်မာသက္ကရာဇ် ၁၁၄၅ ခုနှစ် ဝန်သိုစစ်တမ်းပါ ဝန်သိုမြို့ သူကြီးအဆောင်ယောင် နှင့် မြန်မာသက္ကရာဇ် ၁၁၂၅ ခုစစ်တမ်းပါ ဝန်သိုစော်ဘွားတို့ ရဲ့အဆောင်ယောင်တွေကို ဖော်ပြလိုက်ပါတယ်။
၁၁၄၅ခု စစ်တန်းအရ ဝန်သိုမြို့ သူကြီးတို့၏ အဆောင်အရွက်မှာ -
၁။ မြင်းကတိုင် ၇ ပွင့်
၂။ ကတောင် ရွှေရေး စာမရီပန်းခက်ကိုက် အနားသံ ၄ံ ရွှေပိန်း
၃။ နှင်း နှင်းသိပ်
၎။ အိမြောင်ရင်ပတ်ကွင်း
၅။ ရွှေဇဝါ အုပ်ခက်ထိပ်အုပ်
၆။ မြီးဖြမ်းရင်ဘတ် သက္ကလပ်ကြိုး ရွှေကြယ်တပ် မိုးကြိုးကြုတ်
၇။ လက်ဖက်အိုး
၈။ တကောင်းပိတ်
၉။ ထားအိမ်အဆောက် ရွှေအမွှန် ထားအိမ်ရင်းဖျား ရွှေငါးပတ်ခံတွင်း ရွှေသံပတ်စွဲ ငါးတန့်
၁၀။ ဒိုင်းဝန် ရွှေဇဝါပိန်း။
ဝန်သိုမြို့ ၁၁၂၅ စစ်တန်းတွင် စော်ဘွားတို့ အဆောင်အရွက်တို့မှာ
၁။ ဆင်ပေါက် ၊ ဆင်မ
၂။ ရဲကအနီ ၂ စု ရွှေတစု
၃။ အလံကျည်ရွှေရေး
၎။ အလံနီ ၂
၅။ ပေါင်ဝန်းအနီ ၂ စု
၆။ အထွတ်ရွှေ
၇။ သက္ကလပ်ကြိုး အနားဖဲကွပ်
၈။ ချွန်း ၎
၉။ ထီးဝါ ၂
၁၀။ ကျိုင်း ၂
၁၁။ အထွတ်ရွှေ ၄ံ ခန့်
၁၂။ မြင်းကကိုင်း ရွှေညောင်ရွက် ၂ ဆင့် တညောက်ရွှေရွက် ၃ ပွင့်
၁၃။ ကတောင်ရွှေရေး
၁၄။ စာမရီပန်းခက် ကိုက်
၁၅။ အနားသံ ၄ံ ရွှေးပိန်း
၁၆။ နှင်း နှင်းသိပ်
၁၇။ အိမ်မြောင် လကွင်း
၁၈။ ရင်ပတ်ကွင်း
၁၉။ မြီးပျမ်းရင်ပတ်
၂၀။ သက္ကလပ်ကြိုးကြယ်စီ
၂၁။ သက္ကလပ် တင်ရမ်း
၂၂။ မုဒရက်ပေါင်ဆွဲ
၂၃။ ရှေ့တက် နောက်တက် ဇက်ရွှန်း ၃ ဆင့်
၂၄။ ကွမ်းခွက် ၈ မြှောင့်
၂၅။ မိုးကြိုးထွေးအင်
၂၆။ တကောင်းပိတ်
၂၇။ လက်ဖက်အိုး
၂၈။ ကျပ်မြင့်မိုရ်
၂၉။ ထားလိုက် လက်ဝဲ လက်ျာ ၂ စဉ်
၃၀။ စည်နီ ၇
၃၁။ ပုံသာ ၁
၃၂။ ခရာ
၃၃။ နှဲကြီး ၁
၃၄။ နှဲငယ် ဆိုပြီး အဆောင်အယောင် အတော်များတာကိုသတိထားမိပါတယ်။
ဝန်းသိုစော်ဘွားရဲ့အဆောင်ယောင်ဟာ အရေတွက်အတော်များတာကိုတွေ့ရပါတယ်။ သို့သော်လည်း တချို့ပစ္စည်းအမျိုးအမည်တွေဟာ ဘာကိုဆိုလိုမှန်းမသိပါ။ ဘယ်ပစ္စည်း ဘယ်လိုပုံစံရှိတယ်ဆိုတဲ့ မှတ်တမ်းပုံတွေကို ပုရပိုဒ်ပေါ်မှာသာရေးဆွဲဖော်ပြလေ့ရှိပါတယ်။ စစ်တန်းနှင့် အမိန့်တော်တွေမှာတော့ အမျိုးအမည်နှင့် အရည်အတွက်ကိုသာဖော်ပြလေ့ရှိပါတယ်။ ဒါကြောင့် ခိုင်ခိုင်မာမာပြောဖို့ရာ မှတ်တမ်းမှတ်ရာများလိုအပ်နေသေးတာမို့ ဆက်ပြီး သုတေသနပြုရပါဦးမယ်။
ဝန်သို စော်ဘွားတို့ အိမ်( ဟော်နန်း ) ဆောက်တဲ့အခါ
အိမ် ၃ ဆင့် ဟော်ချိုးတက် အမိုးအင်္ဂတေပွတ် မာရဘင် အနီသုတ်၊ ပြတင်းအနီ ၂ စု ရွှေ ၁ စု၊ ဝင်မြင်းကြမ်းလွှတ် ၊ ပြတင်းတံခါး လေးပေါက် ဆောက်လုပ်နေထိုင်ခွင့်ရှိသည်။ (ဝန်သိုမြို့ ၁၁၄၅ စစ်တန်း)
ဝန်သို စော်ဘွား အိမ်( ဟော်နန်း ) ဆောက်တဲ့အခါ ဘယ်လိုဘယ်ပုံစံအတိုင်းဆောက်ပါ၊ ထိထက်ပိုမလုပ်ပါနဲ့ဆိုပြီး တားမျက်တဲ့သဘောပါတဲ့ စစ်တန်းမျိုးလည်းတွေ့ရပါသေးတယ်။ ရှင်းရှင်းပြောတော့ မင်းတို့စော်ဘွားတွေ ငွေတတ်နိုင်တိုင်း ကြီးကြီးမားမားဆောက်လို့ ရတယ် သို့သော် နန်းတော်တမျှ ခန်းနားအောင် ဆိုပြီးဆောက်တာမျိုးမလုပ်နဲ့လို့ပြောသလိုပါ။
ဝန်သို စော်ဘွား အိမ်( ဟော်နန်း ) ဆောက်တဲ့အခါ ဘယ်လိုဘယ်ပုံစံအတိုင်းဆောက်ပါ၊ ထိထက်ပိုမလုပ်ပါနဲ့ဆိုပြီး တားမျက်တဲ့သဘောပါတဲ့ စစ်တန်းမျိုးလည်းတွေ့ရပါသေးတယ်။ ရှင်းရှင်းပြောတော့ မင်းတို့စော်ဘွားတွေ ငွေတတ်နိုင်တိုင်း ကြီးကြီးမားမားဆောက်လို့ ရတယ် သို့သော် နန်းတော်တမျှ ခန်းနားအောင် ဆိုပြီးဆောက်တာမျိုးမလုပ်နဲ့လို့ပြောသလိုပါ။
စော်ဘွားအရာဆက်ခံတဲ့အခါ ဘယ်လိုဆက်ခံရတယ်၊ နှစ်စဉ်ဝါကျွတ်တဲ့အခါ ဘာတွေနှင့် ကန်တော့ရတယ်၊ စော်ဘွားတွေရဲ့ အခန်းနားတွေကဘာတွေ ဖြစ်တယ်ဆိုတာကို စုဆောင်းရရှိတဲ့အချက်လက်တွေကို အခြေခံပြီးပြောခဲ့ပြီးပါပြီ။ နောက်ထပ်ပြောစရာကျန်တာက စော်ဘွားတွေဆုံးပါးတဲ့အခါ မသာတော်အခန်းနားအတွက်ဘယ်လိုပြင်ဆင်ရသလဲဆိုတာပါ။
ဝန်သိုမြို့ ၁၁၂၅ ခု စစ်တန်း အရ စော်ဘွားတို့သေလွန်တဲ့အခါ စီရင်ရတဲ့အဆောင်ယောင်တွေက---
စော်ဘွားတို့သေလွန်လျှင် ပျဉ်အဖုံးကမ္ပတ် ရွှေအနီခံသတ် ပျဉ်ခုံ ချင်ပု ဗီတာန်ခြေ ၆ ချောင်း၊ ရွှေမြူတာ၊ ငွေမြူတာ၊ ရွှေပချုပ် ၊ ငွေပချုပ်၊ စန္ဒယမား မီးလောင်တိုက် ငှက်ချေးခံရာဇမတ်ကာ နှင့် သင်္ဂြိုဟ်ပို့ရသည်။ အကူတော်ဖျင် သာလူ ပေထုပ်ပေးရသည်။
စော်ဘွားတို့သေလွန်လျှင် ပျဉ်အဖုံးကမ္ပတ် ရွှေအနီခံသတ် ပျဉ်ခုံ ချင်ပု ဗီတာန်ခြေ ၆ ချောင်း၊ ရွှေမြူတာ၊ ငွေမြူတာ၊ ရွှေပချုပ် ၊ ငွေပချုပ်၊ စန္ဒယမား မီးလောင်တိုက် ငှက်ချေးခံရာဇမတ်ကာ နှင့် သင်္ဂြိုဟ်ပို့ရသည်။ အကူတော်ဖျင် သာလူ ပေထုပ်ပေးရသည်။
အဲဒီလို အသုဘချရာမှာ သုံးတဲ့ပစ္စည်းတွေမှာလည်း ဘယ်ပစ္စည်းက ဘယ်လိုပုံစံရှိတယ်ဆိုတာအတိကျပြောဖို့မတတ်နိုင်ေ သးပါ။ အဓိက အားနည်းချက်ကတော့ ဘယ်မှတ်တမ်းကိုအားကိုးပြီးပြောရမှန်းမသိ ဖြစ်နေတာပါ။ ပါးစပ်ပြော အရပ်ပြော ဓလေ့တွေဟာမှန်သင့်သလောက်မှန်တာတွေလည်းရှိပါတယ်။ သို့သော် ကမ္ဘာအဆင့်မှီ တက္ကသိုလ်တစ်ခုခုမှာ စာတမ်းဖတ်ကြားဖို့ကြုံလာတဲ့အခါ ပါးစပ်ပြော အရပ်ပြော ဓလေ့တွေက ထင်သလောက်ကိုးကားမရဖြစ်နေပါတယ်။
အခု ရသလောက်မှတ်တမ်းတွေကို အခြေခံပြီး ဝန်သိုစော်ဘွား အရာဆက်ခံရာကနေ သေဆုံးတဲ့အချိန်အထိ သုံးဆောင်ရတဲ့အဆောင်ယောင်တွေကို ကြိုးစားပြီးဖော်ပြကြည့်ပါတယ်။ ဒီစာထဲက အချက်လက်ကိုအခြေခံပြီး အခြားစော်ဘွားတွေရဲ့ အဆောင်ယောင်ကို မှန်းဆကြည့်လို့ရနိုင်ပါတယ်။ ဒီစာရဲ့ အားနည်းချက်က ဘယ်ပစ္စည်းက ဘယ်ပုံဖြစ်တယ်ဆိုတာမဖော်ပြနိုင်တာပါဘဲ။ ရှေ့က ပညာရှင်တွေရေးထား ပြုစုထားတဲ့အထဲက ဟိုတစ်စ ဒီတစ်စဆွဲနှုတ်ကာ လူတွင်ကျယ်လုပ်ပြီး ရေးထားတဲ့စာကို ဒေါက်တာသန်းထွန်းက " စပ်ထမီ " လို့နာမည်ပေးပါတယ်။ အခြေနေပေးရင် ကျနော်က " စပ်စောင် " တစ်ထည်လောက်လုပ်ချင်ပါတယ်။
2/9/11
ခြေတော်ရာများတွင် ပါလေ့ရှိသည့် လက္ခဏာများ
ခြေတော်ရာတွေနှင့်ပတ်သက်ပြီး အများကြီးလေ့လာမှုလုပ်ရပါဦးမယ်။ပိုပြီးရှေးကျတဲ့ အိန္ဒယ ၊ ပါကစ္စတန် (ဂန္ဓာရ)၊ အာဖဂန်နစ္စတန်( မထုရ )၊ သိရိလင်္ကာ(သီဟိုဠ်) ၊ ကမ္ဘောဒီးယား (ကမ္ဘောဇ) ၊ နီပေါ ၊ ဘင်္ဂလားဒေစ် စတဲ့နိုင်ငံတွေမှာတွေ့ရတဲ့ ခြေတော်ရာပါ အမှတ်လက္ခဏာတွေဟာ မြန်မာပြည်က ရှေးဟောင်း ခြေတော်ရာ ပါလက္ခဏာတွေနဲ့ မတူပါ။ ။ ရှင်းရှင်းပြောတော့ ဘာမှသေချာမသိသေးပါ။ ဒါကြောင့် On going Research ခေါင်းစဉ်အောက်မှာ ခဏထားပါမယ်။ ၁၀၈ ကွက်ရှိ အမှတ်လက္ခဏာကို ၁၀၈ ခုသောစာတွေနှင့် တိုက်ဆိုင်ပြီးတော့မှ ပုံ နှင့် စာ တွဲပြချင်ပါတယ်။ ခုတော့ အဆင်မပြေသေးပါ။
ခြေတော်ရာများတွင် ပါလေ့ရှိသည့် လက္ခဏာများ
၁။ သတ္တိစက် - လှံမ
၂။ သိရိဝစ္ဆစက် - အိမ်မွန်
၃။ နန္ဒိယာဝဋစက် - ဇလပ်ပန်း
၎။ သောဝတ္တိကစက် - လည်ရေးသုံးဆင့်
၅။ ဝဎမာနက စက် - ထမင်းပွဲ
၆။ ဝဋံသကစက် - ဦးဆောက်ပန်း
၇။ ဘဒ္ဓဌစက် - ချွန်းတောင်း
၈။ အကုင်္သစက် - ချွန်းတောင်း
၉။ ပါသာဒစက် - ပြာသာဒ်
၁၀။ တော့ရဏစက် - တံခါးတိုင်
၁၁။ သေတစ္ဆတ္တစက် - ထီးဖြူ
၁၂။ ခဂ္ဂစက် - သန်လျက်
၁၃။ တာလဝဏ္ဋစက်
၁၄။ မဟူရဟတ္တစက် - ဥဒေါင်းမြီးစည်း ( ယပ် )
၁၅။ စာမရံစက် - စာမရီမြီးစည်း ( ယပ် )
၁၆။ မဏိစက် - ပတ္တမြား
၁၇။ ပတ္တစက် - သပိတ် ၊ စားတော်ခွက်
၁၈။ သုမနဒါမစက် - မြတ်လေးပန်းခိုင် ၊ မြတ်လေးပန်းဆိုင်း
၁၉။ နီလုပ္ပလစက် - ကြာညို ၊ ကြာပြာ
၂၀။ သေတုပ္ပလစက် - ကြာဖြူ
၂၁။ ရတ္တုပ္ပစက် - ကြာနီ
၂၂။ ပဒုမစက် - ကြာပဒုမ္မာ
၂၃။ ပုဏ္ဍရိကစက် - ကြာပုဏ္ဍရိက်
၂၄။ ပုဏ္ဍပါတိစက် - ရေပြည့်အိုး
၂၅။ ပုဏ္ဏပါတိစက် - ရေပြည့်ဖလား
၂၆။ သမုဒ္ဒစက် - သမုဒ္ဒရာ
၂၇။ စက္ကဝါဋ္ဌပဗ္ဗတစက် - စကြာဋ္ဌာ
၂၈။ ဟိမဝန္တပဗ္ဗတစက် - ဟိမဝန္တာတောင်ပုံ
၂၉။ မေရုပဗ္ဗတစက် - မြင်းမိုရ်တောင်
၃၀။ သူရိယမဏ္ဍလစက် - နေဝန်း
၃၁။ စန္ဒဏ္ဍလစက် - လဝန်း
၃၂။ နက္ခတ္တာနိစက် - တောင်ကျွန်း ၊ဇမ္ဗူဒိပ်ကျွန်းပုံ
၃၃။ ပုဗ္ဗဝိဒေဟစက် - အရှေ့ကျွန်းပုံ၊ ကျွန်းငယ်ကျွန်းကြီး
၃၄။ အပရဂေါယာနစက် - အနောက်ကျွန်းပုံ
၃၅။ ဇမ္ဗူဒီပစက် - တောင်ကျွန်း၊ ဇမ္ဗူဒိပ်ကျွန်းပုံ
၃၆။ ဥတ္တရကုရုစက် - မြောက်ကျွန်းပုံ
၃၇။ စက္ကဝတ္တိစက်- စကြဝတေးမင်းပုံ
၃၈။ ဒက္ခိဏာဝဋ္ဋသင်္ခစက် - လက်ယာရစ်ခရုသင်းဖြူပုံ
၃၉။ သုဝဏ္ဏမစ္ဆယုဂဋ္ဌစက် - ရွှေငါးကြင်းအစုံ
၄၀။ စက္ကာဝုဓစက် - စက်နက်ပုံ
၄၁။ လဝဏသီတာစက် - သီတာခုနှစ်တန် ဆားငန်ရေပုံ
၄၂။ ဥစ္ဆုသီတာစက် - သီတာခုနှစ်တန် ကြံရည်ချိုပုံ
၄၃။ သုရာသီတာစက် - သီတာခုနှစ်တန် သေရည်ပုံ
၄၄။ သာဓိသီတာစက် - သီတာခုနှစ်တန် အမှုခပ်သိမ်းပြီးသောပုံ
၄၅။ ဒဓိသီတာစက် - သီတာခုနှစ်တန် နို့ဓမ်းရည်ပုံ
၄၆။ ဒုဒ္ဓသီတာစက် - သီတာခုနှစ်တန် နို့ရည်ပုံ
၄၇။ ဇလသီတာစက် - သီတာခုနှစ်တန် ရေချိုပုံ
၄၈။ ယုဂန္ဓရစက် - ယုဂန္ဓရတောင်
၄၉။ ဣသိဓရစက် - ဣသိရတောင်
၅၀။ ကရဝိကစက် - ကရဝိကတောင်
၅၁။ သုဒဿနစက် - သုဒဿနတောင်
၅၂။ နေမိန္ဓရစက် - နေမိန္ဓရတောင်
၅၃။ ဝိနတကစက် - ဝိနတကတောင်
၅၄။ အဿကဏ္ဏစက် - အဿကဏ္ဏတောင်
၅၅။ အနောတတ္ထစက် - အနောတတ္ထ ရေအိုင်
၅၆။ ကဏ္ဏမုဏ္ဍစက် - ကဏ္ဏမုဏ္ဍ ရေအိုင်
၅၇။ ရထကာရစက် - ရထကာရ ရေအိုင်
၅၈။ ဆဒ္ဒန္တစက် - ဆဒ္ဒန္တ ရေအိုင်
၅၉။ ကုဏာလစက် - ကုဏာလ ရေအိုင်
၆၀။ မဏ္ဍကိနီစက် - မဏ္ဍကိနီ ရေအိုင်
၆၁။ သီဟပ္ပါတစက် - သီဟပ္ပါတ ရေအိုင်
၆၂။ သုပဏ္ဏရာဇာစက် - ဂဠုန်မင်း
၆၃။ သံသုမာရစက် - မိကျောင်းမင်း
၆၄။ ဓဇစက် - တံခွန်လျားပုံ
၆၅။ ပဋကာစက် - တံခွန် ၊ ကုက္ကား
၆၆။ သုဝဏ္ဏသိဝိကာစက် - ရတနာသံလျက်
၆၇။ သုဝဏ္ဏဝါဋ္ဌဗီဇနီစက် - စာမရီသားမြီယပ်
၆၈။ ကေလာသပဗ္ဗတစက် - ကေလာသငွေတောင်
၆၉။သီဟရာဇာစက် - ခြသေ့င်္မင်း
၇၀။ ဗျ ဂ္ဃရာဇာစက် - ကျားမင်း
၇၁။ ဝလာဟက အဿရာဇာစက် - ဝလာဟကမြင်းမင်း
၇၂။ ဥပေါသထ ဆဒ္ဒန္တဟတ္တိရာဇာစက် - ဥပေါသထဆဒ္ဒဆင်မင်း
၇၃။ ဗာသုကီနဂရာဇစက် - ဗာသုကီ နဂါးမင်း
၇၄။ ဟံသရာဇာစက် - ဟင်္သာမင်း
၇၅။ ဥသဘရာဇာစက် - ဥသဘနွားမင်း
၇၆။ ဧရာဝဏ္ဏဟတ္တိရာဇာစက် - ဧရာဝဏ်ဆင်မင်း
၇၇။ သုဝဏ္ဏမကာရစက် - ရွှေမကန်းပုံ
၇၈။ သုဝဏ္ဏနာဝါစက် - မုခ်ထွတ်လေးခုရှိ ရွှေလှေ
၇၉။ ဗြဟ္မရာဇာစက် - ဗြဟ္မာမင်းပုံ
၈၀။ သဝစ္ဆကာဓေနုစက် - နို့တိုက်နေသော နွားသားအမိ
၈၁။ ကိံပုရိသ ကိံပုရိစက် - ကိန္နနီ - ကိန္နရာ
၈၂။ ကရဝိကစက် - ကရဝိတ်
၈၃။ မယူရရာဇာစက် - ဥဒေါင်းမင်း
၈၄။ ကောဉ္စရာဇာစက် - ကြိုးကြာမင်း
၈၅။ စက္ကဝါကရာဇာစက် - စက္ကဝါက်ငှက်မင်း
၈၆။ ဇိဝဉ္စီဝကရာဇာစက် - ဇီဝစိုးငှက်မင်းပုံ
၈၇။ စတုမဟာရာဇာဇိကာစက် - စတုမဟာရာဇ်နတ်ဘုံ
၈၈။ တာဝတိံသာစက် - တာဝတိံသာနတ်ဘုံ
၈၉။ ယာမာစက် - ယာမာနတ်ဘုံ
၉၀။ တုတိတာစက် - တုတိတာနတ်ဘုံ
၉၁။ နိမ္မာနရတီစက် - နိမ္မာနရတီနတ်ဘုံ
၉၂။ ပရနိမ္မိတ ဝသဝတ္တီစက် - ပရနိမ္မိတဝသဝတ္တီနတ်ဘုံ
၉၃။ ဗြဟ္မပါရိသဇ္ဈာစက် - ဗြဟ္မပါရိသဇ္ဈာ ဗြဟ္မာ့ဘုံ
၉၄။ ဗြဟ္မပုရောဟိတာစက် - ဗြဟ္မပုရောဟိတာ ဗြဟ္မာ့ဘုံ
၉၅။ မဟာ ဗြဟ္မာစက် - မဟာ ဗြဟ္မာ့ဘုံ
၉၆။ ပုရောဟိတာစက် - ပုရောဟိတာ ဗြဟ္မာ့ဘုံ
၉၇။ အပ္ပမာဏာဘာစက် - အပ္ပမာဏာဘာ ဗြဟ္မာ့ဘုံ
၉၈။ အာဘဿရာဇာစက် - အာဘဿရာ ဗြဟ္မာ့ဘုံ
၉၉။ ပရိတ္တသုဘာစက် - ပရိတ္တသုဘာ ဗြဟ္မာ့ဘုံ
၁၀၀။ အပ္ပမာဏသုဘာစက် - အပ္ပမာဏသုဘာ ဗြဟ္မာ့ဘုံ
၁၀၁။ သုဘကိဏှာစက် - သုဘကိဏှာ ဗြဟ္မာ့ဘုံ
၁၀၂။ ဝေဟပ္ပဘာစက် - ဝေဟပ္ပဘာ ဗြဟ္မာ့ဘုံ
၁၀၃။ အသညသတ္တာစက် - အသညသတ္တ ဗြဟ္မာ့ဘုံ
၁၀၄။ အဝိဟာစက် - အဝိဟာ ဗြဟ္မာ့ဘုံ
၁၀၅။ အတပ္ပါစက် - အတပ္ပါ ဗြဟ္မာ့ဘုံ
၁၀၆။ သုဒဿာစက် - သုဒဿာ ဗြဟ္မာ့ဘုံ
၁၀၇။ သုဒဿီစက် - သုဒဿီ ဗြဟ္မာ့ဘုံ
၁၀၈။ကကနိဋ္ဌာစက် - အကနိဋ္ဌာ ဗြဟ္မာ့ဘုံ
2/7/11
စလေရုပ်စုံကျောင်းက ကျောက်စာပိုင်းကျိုးနှစ်ခု
Photo by Saw Thet Lin @ http://sawthetlin.blogspot.com/
Photo by Saw Thet Lin @ http://sawthetlin.blogspot.com/
Photo by Saw Thet Lin @ http://sawthetlin.blogspot.com/
Photo by Saw Thet Lin @ http://sawthetlin.blogspot.com/ခုမြင်နေရတဲ့ ကျောက်စာကျိုးအပိုင်းစနှစ်ခုပုံကို ဘလော့ဂါ ကိုစောသက်လင်းမှ ကျေးဇူးပြုပါတယ်။ (၁၈-၁၂-၂၀၁၀) စလေမြို့ ရုပ်စုံကြောင်းရောက်စဉ်ရိုက်ယူခဲ့တယ်လို့သိရပါတယ်။ ဘယ်နေရာမှာ ဘာတွေ့တယ်ဆိုတာအမြဲနားစွင့်နေရတဲ့ ကျွန်တော့အတွက်တော့ ဓာတ်ပုံတွေရဲ့တန်ဖိုးက ကြီးမားလှပါတယ်။ ကိုစောသက်လင်းကို ကျေးဇူးအထူးတင်တယ်လို့ ဒီနေရာမှာဆိုပါရစေ။
စလေရုပ်စုံကျောင်းကို ရှေးဟောင်းသုတေသနဌာနက စောင့်ရှောက်ထားတယ်လို့သိရပါတယ်။ ပန်းပုလက်ရာ ၊ ဗိသုကာလက်ရာ ၊ လက်သမားပညာ ၊ လက်မှုပညာစတာတွေကို တပေါင်းတည်းလေ့လာလို့ရတဲ့အပြင် စိတ်ဝင်စားဖွယ်ရာ ကျောက်စာတွေလည်းရှိနေပါတယ်။ ဒါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းမှာ နိုင်ငံခြားသားတို့ စိတ်ဝင်တစားသွားရောက်တတ်တဲ့ နေရာတစ်ခုအပါဝင်ဖြစ်လာပါပြီ။ Flickr.com မှာကြည့်ရတဲ့ ပုံတချို့ရယ် ၊ မိတ်ဆွေတချို့ ကျေးဇူးပြုတဲ့ပုံတွေသာကြည့်ဖူးပြီး လူကိုယ်တိုင်မရောက်ဖူးသေးပါ။
ခုမြင်နေရတဲ့ ကျောက်စာကျိုးအပိုင်းစနှစ်ခုကို တောင်သူတွေရဲ့ ယာထဲကရရှိတာဖြစ်ပြီး ရုပ်စုံကြောင်းကို ပေးပို့ထားရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ရှေးဟောင်းသုတေသနဌာနက စာရင်းသွင်းပြီးပြီလား၊ အစီရင်ခံစာထုတ်ပြီးပြီလားဆိုတာမသိရသေးပါ။ ပေါက်ပြားစာမိထားပုံပေါ်တဲ့ ကျောက်စာဟာ အတော်လေးပျက်စီးနေပြီဖြစ်ပေမယ့် ကြိုးစားဖတ်မယ်ဆိုရင်ဖြင့် ရနိုင်ကောင်းပါတယ်။
ကျွန်တော်ကြိစားဖတ်သော်လည်းဘဲ ခုချိန်ထိဖတ်မရပါ။ ခြောက်ကြောင်းမြှောက်မှာစာတန်းမှာ " ဂြီ " လို့ထင်ရတဲ့ စာလုံးတစ်လုံးတွေ့တယ်။ ခုနှစ်ကြောင်းမြှောက်မှာလည်းထပ်တွေ့တယ်။ ပုဂံခေတ်ရေးဟန်လို့ ယူဆပါတယ်။ ဒါပေမယ့် တိတိကျကျပြတ်ပြတ်သားသားမြင်ရတာမျိုးမဟုတ်လို့ပိုင်ပိုင်နိုင်နိုင်မပြောနိုင်သေးပါ။ ရှေ့ဆက်လေ့လာရပါဦးမယ်။ မိတ်ဆွေတို့လည်းဖတ်လို့ရတယ် အဖိုးတန်အချက်လက်တွေရှိတယ်ဆိုရင်ဖြင့် အသိပေးပါဦး။ ပညာယူချင်လို့ပါ။ ဒီကျောက်စာနှစ်ချပ်နှင့်ပတ်သက်ပြီး High Resolution ပုံတွေရှိရင်ဝေမျှပါဦး။
Subscribe to:
Posts (Atom)
ဒေါက်တာသန်းထွန်း
သမိုင်းသုတေသနမှာ သက်သက်ညှာညှာ ပြောပါဆိုတဲ့ စည်းကမ်းမရှိဘူး။ ငါက မြန်မာ မဟုတ်လား၊ မြန်မာ အကြောင်း အကောင်းချည်းပဲ ဖော်ထုတ်မယ် ဆိုတာမျိုးလည်းမလုပ်ပါ။ သူကရန်သူမဟုတ်လား၊ သူ့ကိုတော့ ချိုးချိုးဖဲ့ဖဲ့ ရေးလိုက်မယ်ဆိုတာမျိုး မပါပါ။
Sources for you
- Online Burma Library Org
- Friend of Burma Org
- Laura Boulton Collection: The Burmese Orchestra
- The Hill Tribes of Myanmar
- ထူးအိမ်သင်
- သက္ကတ-အင်္ဂလိပ် အဘိဓာန် (Media Fire 04.10.09))
- ဟားဗာဟ် အင်္ဂလိပ်- ပါဠိ သဒ္ဒါ
- ပြင်သစ်-ပါဠိ သဒ္ဒါစာ
- ပြင်သစ်-ပါဠိ အဘိဓာန်
- မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာအဖွဲ့
- ပုဂံ ပြတိုက်
- Antique Vs Art from Burma
- ဇော်ဂျီ ဖောင့်
- Victoria&Albert ပြတိုက်
- ဗြိတိန်ပြတိုက်၊လန်ဒန်
About Me
- ရှေးမြန်မာ
- သမိုင်းဆိုတာ သေချာဖို့လိုမယ်။ မသေချာတဲ့ သမိုင်းဟာ အပြုအပြင်ခံရနိုင်တယ်။ ကိုယ့်သမိုင်း ကိုယ်ပြင်တာကတော်သေးတယ်။ ကိုယ့်သမိုင်း သူများကပြင်ယူသွားရင် ကိုယ် ညံ့ လို့ ကိုယ် အ လို့ ခံလိုက်ရတာဖြစ်တယ်။
Categories
- ၁၉ ရာစု အစောပိုင်း (5)
- ၁၉ ရာစု၊ မန္တလေး။ (24)
- ၂၀ ရာစုလက်ရာ (1)
- On going Research (5)
- Study (13)
- Tribal Art (2)
- စိတ်ကြိုက် စာအုပ် (9)
- တရုတ်နိုင်ငံ (1)
- ပါကစ္စတန် (1)
- ပုဂံ( ၉ - ၁၃ ) ရာစု (16)
- ပျူ-မွန် (16)
- ဘင်္ဂလားဒေစ် (4)
- ပြတိုက် လမ်းညွှန် (1)
- ရခိုင် (13)
- လူမျိုးစုဆိုင်ရာ အနုပညာ (1)
- သတင်း ( News ) (5)
- သမိုင်းစကား၊ ပန်းစကား (47)
- အင်းဝ၊ကုန်းဘောင် ၁၄-၁၈ ရာစု (17)
- ရှေးပစ္စည်း ကြည့်မယ် (20)
- ရှေးမြန်မာ (8)
- ရွှေနန်းသုံးဝေါဟာရ အဘိဓာန် (9)
- ဝေါဟာရ အဘိဓာန် (သမိုင်း သုတေသန) (1)