2/7/11

စလေရုပ်စုံကျောင်းက ကျောက်စာပိုင်းကျိုးနှစ်ခု

Photo by Saw Thet Lin @ http://sawthetlin.blogspot.com/
Photo by Saw Thet Lin @ http://sawthetlin.blogspot.com/
Photo by Saw Thet Lin @ http://sawthetlin.blogspot.com/

Photo by Saw Thet Lin @ http://sawthetlin.blogspot.com/


ခုမြင်နေရတဲ့ ကျောက်စာကျိုးအပိုင်းစနှစ်ခုပုံကို ဘလော့ဂါ ကိုစောသက်လင်းမှ ကျေးဇူးပြုပါတယ်။ (၁၈-၁၂-၂၀၁၀) စလေမြို့ ရုပ်စုံကြောင်းရောက်စဉ်ရိုက်ယူခဲ့တယ်လို့သိရပါတယ်။ ဘယ်နေရာမှာ ဘာတွေ့တယ်ဆိုတာအမြဲနားစွင့်နေရတဲ့ ကျွန်တော့အတွက်တော့ ဓာတ်ပုံတွေရဲ့တန်ဖိုးက ကြီးမားလှပါတယ်။ ကိုစောသက်လင်းကို ကျေးဇူးအထူးတင်တယ်လို့ ဒီနေရာမှာဆိုပါရစေ။

စလေရုပ်စုံကျောင်းကို ရှေးဟောင်းသုတေသနဌာနက စောင့်ရှောက်ထားတယ်လို့သိရပါတယ်။ ပန်းပုလက်ရာ ၊ ဗိသုကာလက်ရာ ၊ လက်သမားပညာ ၊ လက်မှုပညာစတာတွေကို တပေါင်းတည်းလေ့လာလို့ရတဲ့အပြင် စိတ်ဝင်စားဖွယ်ရာ ကျောက်စာတွေလည်းရှိနေပါတယ်။ ဒါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းမှာ နိုင်ငံခြားသားတို့ စိတ်ဝင်တစားသွားရောက်တတ်တဲ့ နေရာတစ်ခုအပါဝင်ဖြစ်လာပါပြီ။ Flickr.com မှာကြည့်ရတဲ့ ပုံတချို့ရယ် ၊ မိတ်ဆွေတချို့ ကျေးဇူးပြုတဲ့ပုံတွေသာကြည့်ဖူးပြီး လူကိုယ်တိုင်မရောက်ဖူးသေးပါ။
ခုမြင်နေရတဲ့ ကျောက်စာကျိုးအပိုင်းစနှစ်ခုကို တောင်သူတွေရဲ့ ယာထဲကရရှိတာဖြစ်ပြီး ရုပ်စုံကြောင်းကို ပေးပို့ထားရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ရှေးဟောင်းသုတေသနဌာနက စာရင်းသွင်းပြီးပြီလား၊ အစီရင်ခံစာထုတ်ပြီးပြီလားဆိုတာမသိရသေးပါ။ ပေါက်ပြားစာမိထားပုံပေါ်တဲ့ ကျောက်စာဟာ အတော်လေးပျက်စီးနေပြီဖြစ်ပေမယ့် ကြိုးစားဖတ်မယ်ဆိုရင်ဖြင့် ရနိုင်ကောင်းပါတယ်။
ကျွန်တော်ကြိစားဖတ်သော်လည်းဘဲ ခုချိန်ထိဖတ်မရပါ။ ခြောက်ကြောင်းမြှောက်မှာစာတန်းမှာ " ဂြီ " လို့ထင်ရတဲ့ စာလုံးတစ်လုံးတွေ့တယ်။ ခုနှစ်ကြောင်းမြှောက်မှာလည်းထပ်တွေ့တယ်။ ပုဂံခေတ်ရေးဟန်လို့ ယူဆပါတယ်။ ဒါပေမယ့် တိတိကျကျပြတ်ပြတ်သားသားမြင်ရတာမျိုးမဟုတ်လို့ပိုင်ပိုင်နိုင်နိုင်မပြောနိုင်သေးပါ။ ရှေ့ဆက်လေ့လာရပါဦးမယ်။ မိတ်ဆွေတို့လည်းဖတ်လို့ရတယ် အဖိုးတန်အချက်လက်တွေရှိတယ်ဆိုရင်ဖြင့် အသိပေးပါဦး။ ပညာယူချင်လို့ပါ။ ဒီကျောက်စာနှစ်ချပ်နှင့်ပတ်သက်ပြီး High Resolution ပုံတွေရှိရင်ဝေမျှပါဦး။

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။