6/12/09

တိုင်းရင်းသားလူမျိုးစုဆိုင်ရာ အနုပညာ

Hello,

I got one small question contained with Burma Art, I,m intrested in funeral poles, but I couldnt find any informations about this.
Could you help me?

Tomasz Madej

Tue, Jun 9, 2009 at 6:08 AM နေ့က စာတစ်စောင်ဝင်လာပါတယ်။ တိုင်းရင်းသားရိုးရာဆိုင်ရာ လက်လုပ်အနုပညာအကြောင်းမေးထားပါတယ်။
တိုင်းရင်းသားလူမျိုးစုဆိုင်ရာ အနုပညာ ( လက်ရာခပ် ကြမ်းကြမ်း ပန်ပု၊ အနုလက်ရာ )( Tribal Art )နှင့် ပတ်သက်ပြီး တိုင်းရင်းသားတွေ အသုဘ အခန်းနားတွေမှာ သုံးတဲ့ ဝါးလုံးတွေအကြောင်းမေးလာတာပါ။ ငယ်ငယ်တုန်းက ကိုယ်တိုင်မြင်ဖူးခဲ့ပေမယ့် ခုချိန်မှာ သူ့ကိုပေးစရာ ဓာတ်ပုံ၊ စာအုပ်၊ စာတမ်း မရှိပါ။ အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေရှိပေမယ့် သမိုင်းဆိုင်ရာတွေကများတယ်။ အနုပညာဆိုင်ရာအကြောင်း ရှိတော့ရှိပေမယ့် ရှားတယ်။

ငယ်ငယ်တုန်းကကိုယ်တိုင် မြင်ခဲ့ရတာကိုဘဲရေးပြီး အကြောင်းပြန်ခဲ့ပေမယ့် စိတ်ထဲမှာအားမရပါ။ ယုံကြည်အားကိုးလောက်တဲ့ စာတမ်း၊ သုတေသန အချက်လက်တွေ ကျွန်တော့မှာ မရှိပါ။ မြန်မာတိုင်းရင်းသားလူမျိုးစုဆိုင်ရာ အနုပညာ အကြောင်းတွေကို အနှစ် ၃၀လောက်လေ့လာခဲ့တဲ့၊ လေ့လာနေဆဲဖြစ်နေသေးတဲ့ စင်င်္ကာပူရောက် နယ်သာလန်နိုင်ငံသူ Jeans Alam နှင့် စတွေ့ချိန်က စပြီး လူမျိုးစုဆိုင်ရာ အနုပညာတွေကို ရှေ့ဆက်ပြီး လေ့လာသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျွန်တော့ ဘလော့မှာ တိုင်းရင်းသားလူမျိုးစုဆိုင်ရာ အနုပညာ တွေအကြောင်းခုထိမစရသေးပါ။ စိတ်ဝင်စားတဲ့လူတွေလည်း နည်းမယ်လို့ထင်ပါတယ်။
ကရင် ၊ နာဂ နှင့် ချင်း တို့လောက်သာ လူသိများပြီး ကျန်မျိုးနွယ်စုတွေ လူသိသိပ်မများပါ။

နိုင်ငံရပ်ခြားရောက်နေလို့ အခက်ခဲအများကြီးရှိပါတယ်။ လိုအပ်တဲ့ ပုံတွေ၊ အကြောင်းရာတွေကို မူလ အရင်းမြစ်ဖြစ်တဲ့ မြန်မာပြည်ချင်းတောင်ဘက်သွားမှဘဲ တိတိပပ ရနိုင်တော့မယ်ထင်ပါတယ်။ ငယ်စဉ်ကတွေ့ခဲ့ရတဲ့ ရိုးရာဓလေ့ တွေ၊ အနုပညာပစ္စည်းတွေလဲ အတော်များများ ပျောက်ပျက်ကုန်ပါပြီ။

အားကိုးစရာဆိုလို့ ဓာတ်ပုံအဟောင်းတွေဘဲရှိပါတယ်။ စာလာဖတ်သူတွေမှာ ရှိရင် အများလေ့လာဖို့ ပို့ပေးကြပါ။

3 comments:

  1. http://www.shanhistory.blogspot.com/

    Hello! Sa Ya, I think you can refer about our shan tribal facts from this link.
    Best regards,
    Sai Nandar Aung.

    ReplyDelete
  2. လေးစားဦးညွတ် အားကိုးအပ်ရပါသော..စာပြုစုရေးသားသူခင်ဗျား.....အကြောင်းသင့်ပါက မွန်.၀ .ပလောင် အကြောင်းကို များများရေးပေးစေလိုပါတယ်...မြန်မာ့သမိုင်းကြောင်းမှာ ဒီရှေးကျတဲ့ လူမျိုးများကို ချန်လှပ်လို့ မရဘူးဆိုတာကို ..စာဖတ်သူလည်း သိလောက်ပြီးဖြစ်မှာပါ..
    သမိုင်းဆိုင်ရာ အထောက်အထားများ ကို ပါးစပ်ရာဇ၀င်မဟုတ်ဘဲ လိုသည့် အချက်အလက်များကိုလည်း တောင်းသူသုံးစွဲနိုင်ပါတယ်ခင်ဗျား...ကျေးဇူးတင်ပါတယ်ခင်ဗျား....။။။။

    ReplyDelete
  3. ကျနော်ကတော့အရမ်းစိတ်ဝင်စားတယ်....
    လူနီလေးတွေအကြောင်းလည်း လေ့ လာဘူးတယ်..ကချင် လူမျိုးအနွယ်ပါ။
    ရတာနာပုံနေပြည်တော်သတင်းစာတိုက်ကလည်း..သူတို့ သိချင်နေကြတယ်...
    ဒါပေမယ့် မျိုးဆက်က...ကုန်သွားပြိထင်ပါတယ်..တကယ်ဆို...ထိမ်းသိန်းောင့်ရှောက်သင့်တယ်လို့ ကျနော်ယူဆပါတယ်...
    လေးစားလျှက်ပါ

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။