6/28/09

ပျူ အရိုးအိုး ၄ လုံးပေါ်က စာ

စာရေးသူ " ဘုန်းတင့်ကျော် " ရဲ့ ပျူ အရိုးအိုး ၄ လုံးပေါ်က စာ ရှင်းလင်းချက်ပါ။
ဘယ်စာမျက်နှာသည် ဘယ်ကျောက်အရိုးအိုး ပေါ်မှစာ ဖြစ်တယ်ဆိုတာကိုတော့ စာရေးဆရာ ကိုယ်တိုင် အတိအကျ ပြောမထားပါ။

ပညာရှင် စာရေးဆရာ ရဲ့ ပျူစာ အဓိပ္ပါယ်ရှင်းလင်းချက် ကို ဖော်ပြရာမှာ စကားလုံး အစစ်အပေါက် မလွဲစေဖို့ရာ" ပျူစစ်လျှင် မြန်မာ" မူရင်းစာအုပ်ထဲက စာမျက်နှာအတိုင်း ဖော်ပြလိုက်ပါတယ်။







အပေါ်က Pyu 1A နှင့် Pyu1B ဟာ အကြောင်းရာတစ်ခုတည်း စာနှစ်မျက်နှာ ဖြစ်ပါတယ်။




ယခုတင်ထားသော စာရေးဆရာ ဘုန်းတင့်ကျော် ၏ ပျူစစ်လျှင်မြန်မာ စာအုပ်ပါ စာမျက်နှာ (၅) မျက်နှာကို ကူးယူတင်ထားရာတွင် ပုံအဖြစ် မယူဆသည်က တစ်ကြောင်း၊ မူပိုင်ဖြစ်သူ စာရေးဆရာ အားဆက်သွယ်၍မရသည်က တစ်ကြောင်း၊ အများအတွက်ရည်ရွယ် ထုတ်ဝေသော စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်သည်က တစ်ကြောင်း စသဖြင့် ယူဆပါသောကြောင့် မူပိုင်ခွင့် မချိုးဖောက်မိဟု ယုံကြည်ပါသည်။

အကယ်၍ ချိုးဖောက်မိပါက သက်ဆိုင်ရာ ပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင်သူ အား တောင်းပန်လျက်။
=================================================================
ရှေးမြန်မာ ဘလော့တွင်ဖော်ပြထားသော ပုံအားလုံးမှ အချို့သည် ကျွန်တော့ကိုယ်ပိုင်ဖြစ်ကာ၊ ကျန်ပုံများမှာ သက်ဆိုင်ရာ ပိုင်ဆိုင်သူ အဖွဲ့အစည်း၊ ပုဂ္ဂိုလ် အစရှိသူထံတွင် ဖော်ပြခွင့် တောင်းခံကာ တရားဝင်ခွင့်ပြု ခွင့်ရသော ပုံများကိုသာ အများလေ့လာရန်တင်ပြထားခြင်းဖြစ်သည်။

1 comment:

  1. အဲဒီစာအုပ် အီးဘုတ် လုပ်ချင်တယ်ဗျာ...

    စကားမစပ် ပုရပိုက်တွေ ကို http://myanmarelibrary.com/ မှာတင်ထားတာတွေ့တယ်....။ အဲလို ပုရပိုက်တွေကို ရွာဦးကျောင်းဆရာတော်ပျံတော်မူလို့ မစိုးရိမ်တိုက်က ဆရာတော် လေး လာကျောင်းထိုင်တော့ ဆက်စပ်မရတော့တဲ့ ပေမူတွေ ကျမ်းစာတွေ မီးရှို့နေတုန်း ပေစာတွေတွေ့လို့ တောင်းယူလာဖူးတယ် တော်တော်တော့များတယ်..ကြွက်ကိုက် လို့ ပျက်စီးနေတယ်ဗျာ ကောင်းတာတွေလည်း စာတစ်အုပ်အဖြစ်တော့ဆက်စပ်လို့မရဘူး...။ ခုနှစ်က သီပေါမင်း နန်းတက်စလောက်က ဟာတွေ ဖြစ်နေတယ်...။ ဂမုန်းကျမ်းတို့ဘာတို့ ပါတယ်.။နောက်တော့ အိမ်က လူကြီးတွေ ဘုန်းကြီးကျောင်းပစ္စည်း သိမ်းမထားကောင်းဘူးဆိုပြီး ခဏခဏ ပြောလွန်းတာရယ် ကျွန်တော်လည်း ကျောင်းတက်ရာဆီ ယူမသွားနိုင်တာရယ်ကြောင့် ရွာက စာကြည့်တိုက် သွားပို့ထားလိုက်တယ်.....။ သမိုင်း အဓိကမဟုတ်ပေမယ့် အဲဒါတွေ စိတ်ဝင်စားတယ်ဗျာ..။

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။