6/21/09

ကျန်းမာ ချမ်းသာပါစေ။

မပျင်းမရိ လာဖတ်လေ့ရှိတဲ့ ညီ အကို မောင် နှမ များ အားလုံးကို ကျေးဇူးတင်ပါတယ်။
အထူးသဖြင့် အလှတရား နှင့် မသက်ဇင် တို့ကိုလည်းကျေးဇူးတင်ပါတယ်။

ကျွန်တော် မှားနေတာ၊ လွန်နေတာ ၊ လွဲနေတာ တွေရှိနေရင် ထောက်ပြဝေဖန် ပေးစေချင်ပါတယ်။ကျွန်တော်ဟာ မြန်မာစာရေးရာမှာ ပြေဖြစ်အောင် မရေးတတ်ပါ။
ကိုယ့်ကိုကိုယ် မညာတမ်း တည့်တည့်ပြော ရရင် မြန်မာစာ တတ်ရုံအဆင့်ကပိုမယ် မထင်ပါ။

အဲဒိအတွက် ခုတော့ အရှက်ရနေပါပြီ။ ခုတော့ဖြင့် ကြိုးစားပြီး ဖတ်ရအဆင်ပြေအောင်ရေးပါတယ်။ မြန်မာစာ ကောင်းကောင်းမလေ့လာခဲ့ပေမယ့် ကျောက်စာတွေတော့ဖြင့် ဖတ်ချင်ပါတယ်။

ရှေးဟောင်း ကျောက်စာ ၊ ရခိုင် စာ စတာတွေကို ကြိုးစားဖတ်ရာမှာ တစ်လုံးလောက်များ အဓိပ္ပါယ် ရသွားရင် သိပ်ပျော်ပါတယ်။ " ဂိမ်း" ကစားရသလိုပျော်စရာကောင်းပါတယ်။ ကိုယ်အားပေးတဲ့ ဘောလုံးအသင်း ဂိုးပြတ်နိုင်သလို ပျော်ပါတယ်။

ဒီလိုဘဲ ပုံတွေ၊ ရှေးပစ္စည်းတွေ ကို ထိုင်ကြည့်လေ့လာရင်း ကွင်းဆက်တခု ရှာတွေ့ရင် ၊ ရှေ့ကလူတွေ မတွေ့သေးတာ ရှာတွေ့မိရင် ဝမ်းသာပီတိဖြစ်ရတဲ့ စိတ်ခံစားမှုမျိုးကို ကျွန်တော့အနေနှင့် အတော်ကိုနှစ်သစ်နေပြီမို့
ဒီတစ်က် ဒီအလုပ်ဘဲလုပ်သွားဖို့ စိတ်ကူးထားပါကြောင်း ညီ အကို မောင်နှမ များခင်ဗျာ။။။။။

စကားကြုံတုန်းပြောလိုပါတယ်။ တစ်ခါက ရှေးဟောင်းပစ္စည်းရောင်းတဲ့ ဆိုင်တစ်ခုမှာ အနောက်နိုင်ငံက ဂျာနယ်လစ် တစ်ဦးနှင့် ဆုံတုန်း သူပြောခဲ့တဲ့ စကားတစ်ခွန်းကို ဝေမျှလိုပါတယ်။
" စာရေးတယ် ဆိုတာ မျိုးဆက်သစ် အတွက်ရေးတာ"
" နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံနှင့် နိုင်ငံသားတွေအတွက် " တဲ့။

ကျွန်တော်ကဖြင့် ဉာဏ်နည်းသူမို့ သူပြောတာ သဘောပေါက်သလိုလိုရှိပေမယ့် နားမလည်ပါ။ အားလုံး ကျန်းမာ ချမ်းသာပါစေ။

4 comments:

  1. ကျနော်လည်းဥာဏ်မမီပါ။
    ကောင်းတဲ့ ရလာဒ်တွေရလာရင်-ဘာတွေပဲ လုပ်ကြလုပ်ကြ ကျေနပ်စရာလို့ ထင်တယ်။
    အသိပညာ တကယ်လိုလား ရှာဖွေသူချင်း တွေ့ရရင် အားကျ အားရ ၀မ်းသာမိတယ်။
    ကျန်းမာချမ်းသာပါစေ။

    ReplyDelete
  2. AnonymousJune 24, 2009

    အဲဒီပုဂ္ဂိုလ်က အပြူသဘောပြောတာ ဖြစ်မယ်ထင်ပါတယ်။
    စာရေးတာက စာဖတ်သူတိုင်းအတွက်ဖြစ်တာမို့ ဘယ်မျိုးဆက်မဆို အကြုံးဝင်မှာပေါ့။
    နိုင်ငံရေးကြတော့ သူပြောသလိုလူတွေရှိသလို မဟုတ်တာတွေလဲ ရှိတာပါဘဲ။
    စာရေးတာဖြစ်ဖြစ်၊ နိုင်ငံရေးလုပ်တာဖြစ်ဖြစ်၊ အနုပညာဖန်တီးတာဖြစ်ဖြစ်၊ ကံနဲ့ပြုသမျှတွေအားလုံးဟာ စေတနာ ဒါမှမဟုတ် စိတ်ရဲ့စေ့ဆော်ချက်က ကောင်းစေ-ဆိုးစေဖြစ်တာ ထင်ပါတယ်။ ဘာအတွက်ပါ-ဘယ်လို စသဖြင့်တော့ ပါးစပ်ကတော့ ပြောချင်ပြောမှာပေါ့။ ပြောရင်ယုံတတ်သူက ပိုများတယ် မဟုတ်ပါလား။ အပြောကောင်းရင်၊ အရေးကောင်းရင် လူဆိုတာ ကြိုက်တတ်ကြတာကိုးဗျ။
    ထားတော့ဗျာ ရှေးဟောင်းအကြောင်းတင်တာကို ကျေးဇူးတင်ပါတယ်။ ဒီဘာသာရပ်ကို လုပ်နေသူတွေ နဲနေသေးတယ်ထင်တယ်။ ကိုယ်က မတွေ့တာလဲဖြစ်မှာပေါ့။
    လေးစားလျက်
    တင့်ဆွေ

    ReplyDelete
  3. အကိုပြောသွားတာ သိပ်ကောင်းတယ်။
    အကို့ လိုကျွန်တော်ရှင်းမပြတတ်ပါ။
    ဒီရက်ပိုင်း စိတ်နောက်နေတယ်ဗျာ။
    အများနည်းတူ ကျွန်တော်ကိုယ်တိုင်က သာမန် မြန်မာနိုင်ငံသားတစ်ယောက်ပါ။
    ဒါကြောင့် သာမန်အခြေခံ ခံစားချက်မျိုးတော့ဖြစ်တာပါဘဲ။
    ခုလို ကွန်မန့်ရေးပေးသွားတဲ့ အတွက်ကျေးဇူး အထူးတင်ပါတယ်ဗျာ။

    ReplyDelete
  4. ဒီဆိုက်က စာရေးဆရာကို ဘယ်လိုဆက်သွယ်ရမလဲ။ လောလောဆယ် ကျမ်းစာတစ်ခုအတွက် သမိုင်းလေ့လာနေသူတစ်ယောက်ပါ။ ကွန်မန့်တွေကြည့်ရတာ ရက်စွဲတော်တော်ကြာနေပီဆိုတော့ ဒီဆိုက်က ဆက်လက်အသက်ရှင်မရှင် မသိရပါ။

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။