7/26/09

မတ်ရပ် မင်းဝတ်ဘုရား


မြန်မာ့ အနုပညာလက်ရာနဲ့ ရှေးပစ္စည်းတွေကို အကောင်းဆုံး ထိမ်းသိမ်းပြသတဲ့နေရာ၊ ယုံကြည်အားကိုးလောက်တဲ့ အချက်လက်တွေအပေးနိုင်ဆုံး ပြတိုက် ကိုပြပါဆိုရင်

(၁) အင်္ဂလန်နိုင်ငံ၊ လန်ဒန်မှာရှိတဲ့ ဗစ်တိုးရီးယား(မြန်မာအခေါ် ဝိတိုရိယ) နှင့် အယ်ဘာတ် ပြ
တိုက်
(၂) ဗြိတိလျှ ပြတိုက်


ကျန်တဲ့ပြတိုက်တွေရှိပေမယ့် မြန်မာ ပစ္စည်းတွေကို ပြချင်တဲ့အခါမှာ ပြတယ်။
မပြချင်တဲ့အခါ ချောင်ထိုးထားတတ်ပါတယ်။

အခုမြင်နေရတဲ့ မတ်ရပ် မင်းဝတ်ဘုရားဟာ အမေရိကန် နိုင်ငံ လော့စန်းဂျလိစ် အရပ် အနုပညာပြတိုက် ( Los Angeles County Museum of Art )မှာပြသထားတဲ့ ရုပ်ပွါးတော်ဖြစ်ပါတယ်။

အမျိုးအစား - မတ်ရပ် မင်းဝတ်ဘုရား
အချိန်ကာလ - ၁၃ ရာစုနှောင်းပိုင်း
တွေ့ရှိရာနေရာ - ပုဂံ ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - သစ်သားပန်ပုထုပုံသွင်း ထုယူပါတယ်၊ကိုယ်ထယ်ပေါ်သစ်စေးသုပ်လိမ်းပြီဆေးချယ်အလှဆင်။


အရွယ်အစား -
အမြင့် ၆၀ လက်မ
ဘေးအကျယ် ၁၂ လက်မ
ထုအထူ ၅ လက်မခွဲ

လက်ရှိတည်နေရာ - လော့စန်းဂျလိစ် အရပ် အနုပညာပြတိုက် ဟယ်ရီ လင်းနာဒ်( Harry Lenart ) အောင့်မေ့ဖွယ်ရာ ရန်ပုံငွေ နဲ့ ဝယ်ယူတယ်လို့ဆိုပါတယ်။ ဘယ်သူဆီက၊ ဒါမှမဟုတ် ဘယ်ကဝယ်တယ်လို့ မပြောပါ။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က Victoria & Albert Museum မှာပြသထားတဲ့ ရှေးပစ္စည်းတချို့ ကို ဒီလော့စန်းဂျလိစ် အရပ် အနုပညာပြတိုက် မှာတွေ့ရပါတယ်။ ပြတိုက်အချင်းချင်း လှူတယ်ဖြစ်မယ်ထင်ပါတယ်။
မြန်မာပစ္စည်းမဟုတ်ပါဘဲ " ဘာမား " ဆိုပြီးပြထားတဲ့ ပစ္စည်းတချို့ ကိုလည်းတွေ့ရပါတယ်။

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။