7/11/09

ဟင်္သာခံ ကွမ်းခွက်

အမျိုးအစား - ဟင်္သာခံ ကွမ်းခွက်
အချိန်ကာလ - ၁၉ ရာစုနှစ်ရဲ့ နောက်ဆုံးနှစ် အစိတ်
တွေ့ရှိရာနေရာ - မန္တလေး ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - မျက်လုံးအဖြစ် အရည်သန့် မိုးကုတ် ပတ္တမြား၊ မြ (အတုဖြစ်ဟန်ရှိ)
စသဖြင့် အလှဆင်ပြီး ရွှေသားကိုယ်ထယ်ကို လက်ဖြစ် ရွှေချည် နဂထာခတ် လုပ်ပုံဖော်။

အရွယ်အစား -
အမြင့် ၄၁.၅ စင်တီမီတာ
ဘေးအကျယ် ၃၅.၅ စင်တီမီတာ
အနံ အကျယ် ၁၅ စင်တီမီတာ

လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.246&A-1964

ဒီ ဟင်္သာခံ ကွမ်းခွက်ဟာ သီပေါဘုရင်( ၁၈၇၈ -၁၈၈၅ ) မင်းခမ်းတော် (King Regalia)တွေထဲက တစ်ခုအပါဝင်ဖြစ်ပါတယ်။ ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ရဲ့အဆို ဒီကရဝိတ် (ဟင်္သာ) ငှက် ဆိုတာ သက်တော်ရှည်ခြင်း အနက်လို့ ယူပါတယ်။ မန္တလေး ရွှေနန်းတော်အတွင်း မှာတော့ ဒီဟင်္သာခံ ကွမ်းခွက်ကို ကွမ်းနှင့် ဆေး၊ ထုံး စသဖြင့် ပစ္စည်းပစ္စယ တွေထည့်ရာမှာ သုံးပါတယ်။

ဒီလို ဆေး၊ကွမ်း၊ ထုံး စတာတွေဟာ ရိုးရာမြန်မာ လူ့အဖွဲ့စည်းမှာတော့ဖြင့် ဓလေ့တစ်ခုဖြစ်နေပါပြီ။

ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် အား မြန်မာ အစိုးရနှင့် ပြည်သူတွေက မြန်မာမင်းခမ်းတော်များ မပျောက်မပျက် ထိမ်းသိမ်းနိုင်ရန်ရည်ရွယ်လျှက် လက်ဆောင်အဖြစ် ဒီဟင်္သာခံ ကွမ်းခွက် ကို ပေးအပ်ခဲ့တယ် ပြတိုက်ကဆိုပါတယ်။
=========================================================================================

ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ရဲ့အဆို ဒီကရဝိတ် (ဟင်္သာ) ဆိုတာ သက်တော်ရှည်ခြင်း အနက်လို့ ယူထားပေမယ့် (Chevelliot ၃၄၇၃ (၆) ကုကျော ၁-၂ ) မှာတော့ အစိုးရခြင်းနဲ့ ကြွယ်ဝချမ်းသာခြင်းကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။

ထီးလှိုင်မင်(ကျန်စစ်သား) နန်းတည်ကျောက်စာ မွန်ဘာသာအရ နန်းတော်လည်းဆောက်၊ သီဟာသန ပလ္လင်လည်းလုပ်ပါတယ်။ ပလ္လင်ပြုလုပ်ရာ အလှဆင် သတ္တဝါစာရင်းမှာ ပုလဲကုံး ချည်ကိုက်ထားတဲ့ ဟင်္သာ နှစ်ကောင် ဘယ်ညာလို့ တွေ့ရပါတယ်။

လောလောဆယ် ကျွန်တော်လေ့လာတွေ့ရှိမှုအရ မြန်မာ့သမိုင်းဆိုင်ရာ ကျောက်စာတွေမှာ ပထမဆုံး တွေ့ရတဲ့ မှတ်တမ်းပါ။ ဒီထက်စောတဲ့ မှတ်တမ်းတွေ ရှိချင်ရှိနိုင်ပါသေးတယ်။
ရခိုင် ၊ မွန် ကျောက်စာတွေမှာ ပါနိုင်ပါသေးတယ်။

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။