5/9/09

(ဗောင်းထုတ် )မိန်းမ ဆောင်းဦးထုတ်


အမျိုးအစား -(ဗောင်းထုတ် )မိန်းမ ဆောင်းဦးထုတ်/ မင်းခန်းမင်းနား ပွဲတက် ဦးစောင်း
အချိန်ကာလ - ၁၅ ရာစုနှစ်
တွေ့ရှိရာနေရာ - မြန်မာ
ပြုလုပ်ပုံနည်းပညာ - ရွှေသားကို လိုရာ ပုံစံ အရွယ်အစားရောက်အောင် ပုံဖော်၊ ရွှေဂဟေ ဆက်ပြီး မှ လိုရာ အလှဆင် ။
အရွယ်အစား - အမြင့် ၁၉.၇ စင်တီမီတာ ၊ အဝိုင်းအကျယ်( ဒိုင်ယာမီတာ ) ၂၁.၅ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - 02758(IS)

ဒီပစ္စည်းကို ရွှေတိဂုံ ဘုရား အောက်ခြေရှိ စွယ်တော်တိုက်ထဲက မှ ၁၈ ခုနှစ်မှာ တူးဖော်ရရှိတာပါ။ ပဲခူး မင်းနေပြည်တော်ကို အုပ်ချုပ်ခဲ့တဲ့ မွန်ဘုရင်မ ရှင်စောပု (၁၄၅၃-၁၄၆၀ ) မင်းခန်းမင်းနာမှာ ဝတ်ဆင် ခဲ့တဲ့ ဦးစောင်း ရယ်လို့ ယုံကြည်ထားပါတယ်။

ဒီဗောင်းထုတ်မှာဆင်ထားတဲ့ ကျောက်မျက်ရတနာ နှင့် ရွှေသားတွေရဲ့ သက်တမ်းကိုစစ်တွက်ရာ ၁၅-၁၆ ရာစု မွန်နိုင်ငံ ပဲခူး ရယ်လို့အဖြေထွက်ပါတယ်။ ၁၈၈၅ ခုနှစ်မှာ ရွှေတိဂုံဘုရားအောက်ခြေရှိ စွယ်တော်တိုက်ကို တူးယူစဉ် ရွှေသား စေတီပုံ အုပ်ဆောင်းတစ်ခုနှင့် အတူတွေ့ရတာပါ။ ပဲခူး မင်းနေပြည်တော်ကို အုပ်ချုပ်ခဲ့တဲ့ မွန်ဘုရင်မ ရှင်စောပု (၁၄၅၃-၁၄၆၀ ) မင်းခန်းမင်းနာမှာ ဝတ်ဆင် ခဲ့တဲ့ ဦးစောင်း ရယ်လို့ ယုံကြည်ထားပါတယ်။
ရှည်လျားလှတဲ့ ဆံပင်စု ကို မို့မောက်နေတဲ့ အပေါ်နားနေရာက အပေါက်ကနေ ဆွဲထုတ် လာပြီး၊ အောက်ခြေနားက ပင်အပ်တိုင် မှာ ချီနှောင် ထုံးဖွဲ့စေ ဖို့ ပုံစံ ထုတ်ထား ထားတဲ့ မိန်းမ ဆောင်းဦးထုတ်
( ဗောင်းထုတ် ) ပါ။
ဆနွှင်းမကင်းပုံ မှန်ကူကွက်တွေ ပေါ်မှာ အဖိုးတန်ကျောက်မျက်ရတနာတွေကိုအလှဆင်ထားပါတယ်။ ပုံမှန်ထက်ထူးခြားပြီး မြင်နေရတဲ့ ရှည်မျောမျော သဏ္ဌာန် စီမံပုံသွင်းထားတဲ့ အချောင်းငယ်ဟာ နှာတံကိုအကာအကွယ်ပေးဖို့ပါ။

1 comment:

  1. ဘုရင်မ ရှင်စောပုဟာ ရွှေတိဂုံစေတီတော်ကြီး အတွက်လှူကြတဲ့ အလှူရှင်တွေထဲမှာတော့ ပြိုင်ဘက်မရှိလောက်ပါဘူး။ ရွှေတိဂုံဘုရားကို ဘုရင်မကြီးလှူခဲ့တဲ့ မြေအကျယ်ဟာ ခုလက်ရှိ ရန်ကုန် ဧရိယာထက်တောင် ကျယ်ပေမယ့် မှတ်တမ်းကျောက်စာနှင့်အသေအခြာ မှတ်တမ်းမတင်ခဲ့ပါ။ ဘုရင်မကြီးရဲ့ အမည်ရင်းကိုလည်းသိသူ သိပ်မရှိနိုင်ဘူးလို့ ကျွန်တော်ထင်တယ်။ နောက်ပိုင်းမှာတော့ သူ့အကြောင်း ကိုယ်ပိုင်စုစောင်းထားတဲ့ အချက်လက်တွေ ရှာထားတာတွေ ကတချို့တင်မယ် လို့စိတ်ကူးတယ်။

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။