5/21/09

၁၈ ရာစုနှစ် ငွေပြား ( ငွေသား )


အမျိုးအစား - ငွေပြား ( ငွေသား )
အချိန်ကာလ - ၁၈ ရာစုနှစ်
တွေ့ရှိရာနေရာ - မြန်မာ
ပြုလုပ်ပုံနည်းပညာ - ငွေသားကို လိုရာ ပုံစံ အရွယ်အစားရောက်အောင် ပုံဖော် ပြီး အအေးခံ ။





အရွယ်အစား - အဝိုင်းအကျယ်( ဒိုင်ယာမီတာ ) ၅၇ မီလီမီတာ

အလေးချိန်- ၁၀၁ ဒသမ ၅၀၀ ဂရမ်
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
ပြတိုက်အမှတ်- CM 1892-10-8-11 / အခန်း ၃၃:အာရှ


၁၈ ရာစုနှစ် အတောတွင်း မြန်မာတွေရဲ့ ငွေကြေး သုံးစွဲလှဲလှယ်မှုကို လေ့လာကြည့်မယ်ဆိုရင် တန်ဖိုးပေးချေမှုဟာ အသုံးပြုတဲ့ ငွေသားရဲ့အလေးချိန်ပေါ်မှာသာ အခြေခံပါတယ်။

ဒီလိုရောင်းဝယ် ရာမှာ အသုံးပြုတဲ့ ငွေပြား ( ငွေသား ) တွေကို ထုတ်လုပ်သူတွေဟာ ရှင်ဘုရင့် ဆီက တရားဝင် ထုတ်လုပ်ခွင့်ရရှိထားသူတွေပါ။
အများဆုံး တွေ့ရတတ်တဲ့
ငွေပြား ( ငွေသား )ပုံစံဟာ၊
အပေါ်မျက်နှာပြင်မှာ ပန်းပွင့် ပုံပါ ငွေပြား ဝိုင်းမျိုးဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်ကို ရှင်းပြပါမယ် ။
အရည်ကျိုထားတဲ့ ငွေသားသတ္တူ ကို ပုံစံခွက်ထဲ လောင်းထည့်ပါမယ်။
ပြီးနောက် အအေးခံပါမယ်။
သန့်စင်တဲ့ ငွေသားစစ်စစ် မျိုးမှသာဒီလို ပန်းပွင့် ပုံပါတဲ့ ငွေပြားဝိုင်း အဖြစ်ရရှိပါတယ်။

ပေးချေရမယ့် ငွေတန်ဖိုးအမျိုးမျိုးကို လိုက်ပြီး ငွေပြား အလေးချိန် ဟာလည်းဘဲ မတူပါ။ အလေးချိန်ပေါ်မူတည်ပြီး တန်ဖိုး အမျိုးအစားကွဲပါတယ်။
အကယ်၍ ငွေပြားအရွယ်စား သိပ်ကြီးနေမယ်ဆိုရင်တော့ ဖြတ်တောက်ပြီး သုံးပါတယ်။ သိပ်သေးလွန်းနေရင်လည်း လိုနေတဲ့ တန်ဖိုးအတွက် အခြားငွေပြားကဖြတ်တောက်ပြီးပေးလိုက်တာပါဘဲ။
ဒီတော့ ၁၈ ရာစု မှာသုံးစွဲတဲ့ ငွေပြား ( ငွေသား )ဟာ တန်ဖိုးနှင့် အလေးချိန် တသမတ်တည်းမရှိပါ။


REF: ဂျေ ဝီလီယံ( အီးဒီ ) ငွေကြေး-သမိုင်း ( လန်ဒန်၊ ဗြိတိလျှ ပြတိုက်ထုတ်၊ ၁၉၉၇ )
REF : J. Williams (ed.), Money: a history (London, The British Museum Press, 1997)

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။