1/3/10

စိတ်ကြိုက် စာအုပ် အညွန်း

ဘိုးတော် ဗဒုံမင်းလက်ထက် သွင်းလုပ်ခဲ့တဲ့ ဒင်္ဂါးတွေအကြောင်း ရေးပြီးကာမှ ပိုပြီးသေချာတဲ့ အချက်လက်တွေ ရနိုင်ကောင်းပါရဲ့ဆိုပြီး AUSPICIOUS SYMBOLS AND ANCIENT COINS OF MYANMAR By THAN HTUN ( DEDAYE ) စာအုပ် ဖတ်ပြီးမှ ပိုစ်အဖြစ်တင်မယ်လို့စိတ်ကူးရတယ်။ စာအုပ်ဖတ်နေတဲ့ အချိန်မှာတော့ Blog ကိုသတိမရတော့ပါ။ ဒီရက်ပိုင်း အားလပ်ရက်တွေပိုများတဲ့အတွက် စာဖတ်ချိန်ပိုရတယ်။





စာရေးသူ ဦးသန်းထွန်း (ဒေးဒရဲ) ဟာ ရှေးဟောင်း မြန်မာ ဒင်္ဂါးတွေအကြောင်း ၂၅ နှစ်ကျော် လေ့လာမှုပြုခဲ့တယ်လို့ဆိုပါတယ် ။ စာအုပ်ဖြစ်လာဖို့ အချိန်ယူခဲ့တာ ၄ နှစ်ခန့်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်က မိတ်ဆွေတချို့ပြောပြချက်အရ စာရေးသူ ဦးသန်းထွန်း(ဒေးဒရဲ) ကို ကွိုင် သန်းထွန်း အဖြစ် လူသိများတယ်လို့ သိရပါတယ်။

သူကိုယ်တိုင် စုဆောင်းထားတဲ့ ရှေးဟောင်း မြန်မာ ဒင်္ဂါးတွေဟာ ပြတိုက်တစ်ခု ဖွင့်လို့ရနိုင်တယ်လို့ နိုင်ငံခြားသား တစ်ဦးက ရည်ညွန်းပါတယ်။

အမေရိကန် နိုင်ငံ မီချီကန် ကွိုင်ကလပ် ( Michigan Coin Club ) က ခရစ်ယာန် ဘုန်းတော်ကြီး Neil Sowards, D.D ရဲ့ဆောင်းပါး မြန်မာပြည် ဒင်္ဂါးရှာပုံတော်( Coin Hunting in Myanmar (Burma) ) မှာ အရိပ်မွတ် ဖော်ပြထားတဲ့ ရှေးဟောင်း မြန်မာ ဒင်္ဂါးစုဆောင်းသူဟာ ဦးသန်းထွန်းဘဲ ဖြစ်ပါလိမ့်မယ်။

တကယ်တော့ မြန်မာ ရှေးဟောင်းဒင်္ဂါး သမိုင်းဟာ အခြားနိုင်ငံတွေလို မများ ။ ပျူ ဒင်္ဂါး ၊ မွန် ဒင်္ဂါး၊ ရခိုင် ဒင်္ဂါး တွေရှိမယ်။ ပုဂံခေတ် မှာ ဒင်္ဂါးမသုံး။ ရခိုင် သမိုင်း တလျှောက် မင်းအဆက်ဆက် ဒင်္ဂါးသုံးတာတွေ့ရတယ်။ ဘုရင့်နောင် ခေတ်မှာ ဒင်္ဂါး သုံးသလားဆိုတာ မသေချာ။ ကုန်းဘောင်ခေတ်မှာမှ ဒင်္ဂါးတွေ ပြန်ထုတ်သုံးတယ်။ သို့သော် ဒင်္ဂါး သမိုင်းကို သေချာတပ်အပ်ပြောဖို့ရာ ခိုင်မာတဲ့ သမိုင်း အထောက်ထား လိုနေဆဲပါ။


သန်းထွန်း ( ဒေးဒရဲ ) ရဲ့ AUSPICIOUS SYMBOLS AND ANCIENT COINS OF MYANMAR သည်
ဒင်္ဂါး သမိုင်း မှာလိုနေတဲ့ အချက်လက် အထောက်ထားတွေ ပေးနိုင်တဲ့ အကောင်းဆုံး သုတေသနပြု စာအုပ်လို့ ပြောချင်ပါတယ်။

တရုတ်နှစ်သစ်ကူး အားလပ်ရက်တွေမှာ ဒီစာအုပ်ကို PDF ဖိုင်အဖြစ်တင်မယ်။

3 comments:

  1. မူပိုင်ခွင့် နှင့်ပတ်သက်ပြီးအခက်ခဲရှိနိုင်တဲ့အတွက် PDF ဖိုင် မတင်ဖြစ်တော့ပါ။

    ReplyDelete
  2. ဒီ blog ကိုမြင်ရလိုက်တဲ့ အတွက် အရမ်းဂုဏ်ယူမိပါတယ်။
    နောက်များ ကျွန်တော်passwordမေ့သွားလို့ပဲ ဖြစ်ဖြစ် မလာဖြစ်ရင်
    ပြန်ဖိတ်ခေါ်ပေးဖို့တောင်းပန်ပါတယ်။
    ကောင်းလေး(ကစ္စပနဒီ)

    ReplyDelete
  3. If u have a off file of it, pls send me my gmail ddong33@gmail.com will be very appreciate.

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။