12/26/09

တောင်ပန်နီ ဘုန်းတော်ကြီး နှင့် ဒင်္ဂါးတု

ဒင်္ဂါးအတု
ဒင်္ဂါးအတု
ဒင်္ဂါးအတု

တောင်ပန်နီ ဘုန်းတော်ကြီး နှင့် ဒင်္ဂါးတု

မျက်မှောက်ခေတ် ငွေစက္ကူ ငွေအကြွေဒင်္ဂါး အတုများပြုလုပ်ရန် ကြံစည်ကြသည့်နည်းတူ မင်းတုန်းမင်း လက်ထက်ကလည်းဒင်္ဂါးအတုများ ပေါ်ပေါက်ခဲ့ဘူးသည်။ ငွေကိုကြေးနီများရောစပ်၍ တံဆိပ်တော်အတု ရိုက်နှိပ်ကာ သုံးစွဲကြသည်။


ဒင်္ဂါးတုပြုလုပ်သူမှာ ဘုန်းတော်ကြီး တစ်ပါးဖြစ်သည်။ ထိုဘုန်းတော်ကြီး စတင်ပြုလုပ်သော ဒင်္ဂါးတုများမှာ ကြာလာသည့်အခါ ကြေးနီများသည်ဖြစ်၍ ဥဒေါင်းရုပ် အတောင်ပန်က စတင်ကာ ကြေးနီရောင် ပေါ်လာသဖြင့် မြို့ဝန်ထောင်မှူး ( တထောင်မှူး ) တို့စုံစမ်း စစ်ဆေးရမိရာတွင် ထိုဘုန်းတော်ကြီးကို မောင်းကျော်ရာဇဝတ်တော် ပေးရဘူးလေသည်။

ထိုဘုန်းတော်ကြီးကို " တောင်ပန်နီ ဘုန်းတော်ကြီး" ဟု ၎င်း ထိုဘုန်းတော်ကြီးပြုလုပ်သော ဒင်္ဂါးကို " တောင်ပန်နီဒင်္ဂါး" ဟု ၎င်း ခေါ်ဝေါ်ကြသည်။ ထို အချိန်က ဒင်္ဂါးများကို စစ်မစစ် မှန်မမှန် ကြည့်ရှူသုံးစွဲကြရကြောင်းသိရသည်။

( မြန်မာ ဒင်္ဂါးများ ၊ သပြေညို မောင်ကိုဦး ၊ စာပေဗိမာန် ၁၉၇၀ ၊ စာမျက်နှာ ၁၀၃ )



မင်းတုန်းမင်း ခေတ် ကတည်းက ဒင်္ဂါး အတု ပေါ်၊ မပေါ် ရဲရဲ မပြောတတ်။ သို့သော် ကျွန်တော်တို့ ခေတ်မှာ တော့ ရတနာပုံ ဒင်္ဂါးမှန်သမျှ ထိုင်း၊ အိန္ဒိယ နှင့် ဟောင်ကောင် စတဲ့နိုင်ငံတွေက အတုလုပ်ပြီးရောင်းတယ်။ တောင်ပန် မနီ ၊ ရင်အုပ်လည်း မနီ။ အလေးချိန်မတူ ၊ ငွေသားစစ်စစ် မသုံးတာကလွဲရင် ကျန်တာအကုန်နီးပါးတူတယ်။

ကိုလိုနီ ခေတ်ဦးကတည်းက ပျောက်ပျက်သွားခဲ့တယ်ဆိုတဲ့ ရတနာပုံ ဒင်္ဂါး ပုံစံခွက်တွေ ဘယ်ဆီထိ ခရီးဆက်တယ်ဆိုတာ မပြောနိုင်သော်လည်း
အရေတွက် ၃၆ သန်းကျော် ထုတ်ခဲ့တဲ့ ဒင်္ဂါးအစစ်တွေရော ၊ ခုခေတ်လုပ် ဒင်္ဂါး အတုတွေပါ ကမ္ဘာအနှံ့ခရီးဆက်နေကြလေရဲ့။ ကျွန်တော်တို့ မြန်မာတွေ ရတနာပုံ ဒင်္ဂါး ဘယ်လောက်များများ အမြတ်တနိုး ၊ အမှတ်တရ သိမ်းထားလဲ မသိ။

10 comments:

  1. I do really appreciate for your effort and this blog. It's really interesting and most of them are very hard to see outside. It also a good reference for those who interested in Burmese traditional designs and history. Thanks again.

    Btw, I have a book named Auspicious Symbols And Ancient Coins of Myanmar published by Innwa, author is U Than Htun (Daedaye) http://myanmarbooks.ning.com/photo/auspicious-symbols-and-ancient
    it also very interesting.


    Nyi Lynn Seck
    http://blog.nyilynnseck.com

    ReplyDelete
  2. လေ့လာသွားပါတယ်
    လင့်ထားပါရစေ

    ReplyDelete
  3. As I mentioned about his book on my earlier post.

    I have been busy with this book which make me forgot my blog. U Than Htun have been studying and doing private research for the ancient Myanmar coins for twenty five years. His nickname is COIN THAN HTUN.

    He said that it was far from his mind as the subject of Numismatics is not of much interest to Myanmar art collectors as well as the general public.

    I believe his works is not just a book about Numismatics but a very details research.

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။