5/23/09

ယူနစ်စကို နှင့် ပုဂံ

ယူနစ်စကို ကြီးမှူးပြီး ပြုစုတဲ့ ကမ္ဘာ့ ရှေးဟောင်းအမွေနှစ် စာရင်းမှာ မြန်မာနိုင်ငံက ပုဂံ ပါသင့်သလားလို့ မြန်မာ တစ်ယောက်ကို ခေါ်ပြီးမေးကြည့် ရင် ဘယ်သူမဆို ဖြေမည့်အဖြေကို လူတိုင်း သိနေပါတယ် ။

ဒါပေမယ့် စာရင်းမှာပါမလာဘူး။ http://whc.unesco.org/en/list မှာ သွားကြည့်လို့ရတယ်။

ခုထိတော့ မြန်မာ ဒါမှမဟုတ် ဘားမား က တစ်ခုမှစာရင်း မဝင်သေးပါ။ ဟိုတလောကတော့ ဘိတ်ကျွန်းစု ကိုပမာဏစာရင်း တင်တယ်လို့သိရတယ်။ ဒါပေမယ့်ယဉ်ကျေးမှု အတွက်မဟုတ်ဘဲ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ စာရင်းအဖြစ်ပါ။

ကမ္ဘာ့ ရှေးဟောင်းအမွေနှစ် စာရင်းဝင် ဗုဒ္ဓဘာသာ ဆိုင်ရာ သာသနိက အဆောက်ဦး၊ အဆောက်အုံ တွေရှိတဲ့ နိုင်ငံတွေဟာ အခုတော့ ဗုဒ္ဓဘာသာဝင်တွေ မရှိသလောက်ဖြစ်နေပါပြီ။

ယူနစ်စကို ကြီးမှူးပြီး ပြုစုတဲ့ ကမ္ဘာ့ ရှေးဟောင်းအမွေနှစ် စာရင်းထဲမှာ ပါတဲ့ ဗုဒ္ဓဘာသာ ဆိုင်ရာ သာသနိက အဆောက်ဦး၊ အဆောက်အုံ တွေကို တစ်ခုချင်းဆီ ဖော်ပြသွားပါမယ်။

ပထမ ဆုံးအနေနှင့် ဘင်္ဂလားဒေ့စ် နိုင်ငံ က မဟာယာနဗုဒ္ဓဘာသာ ကျောင်းတော်ကြီး " ဆွန်မပူရ မဟာဝိဟာယ" ၇ ရာစုနှစ် ဆိုရင် မြန်မာ အများစု သိလိမ့်မယ်လို့မထင်ပါ။ ဒီကျောင်းတော်ကြီးဟာ မြန်မာတွေရဲ့ " ပုဂံ " ထက် စောပါတယ်။ ကမ္ဘောဒီးယား " ခမာ " တွေရဲ့ " အန်ကောဝတ် " ကျောင်းတော်ကြီးထက်လည်း စောပါတယ်။

ဆွန်မပူရ မဟာဝိဟာယ ကျောင်းတော်ကြီးရဲ့ အရှိန်ဝါ ဂုဏ်သီတင်း ကျော်စောမှုဟာ ၁၂ ရာစုအထိ ရှည်ကြာခဲ့ပါတယ်။ တည်ဆောက်မှုလက်ရာ ၊ အနုစိတ် အတွင်း၊ အပြင် အလှဆင်ထားတဲ့ လက်မှုပညာလက်ရာ ၊ ဗိသုကာ လက်ရာတွေဟာ သိပ်အဆင့်တန်းမြင့်ပါတယ်။

" ဆွန်မပူရ မဟာဝိဟာရ" ကျောင်းတော်ကြီးဟာ အေဒီ ( ၇၈၁-၈၂၁ ) မှာ အုပ်စိုးခဲ့တဲ့ ဒုတိယမြောက် " ပါလ " မင်းဆက် " ဓမ္မပါလမင်း "ကောင်းမှုပါ။ ဓမ္မပါလမင်းကြီးလို့ဆိုရင် မြန်မာတွေ ကြားဖူးကြပါလိမ့်မယ်။

ဖခင်ဖြစ်သူ ပါလမင်းဆက်ကို စတင်တည်ထောင်ခဲ့တဲ့ " ဂိုးလ်ပါလ" ကိုဆက်ခံသူ ဖြစ်တယ်။ ဓမ္မပါလမင်း ရဲ့
အရိုက်ရာကိုတော့ သာဖြစ်သူ " ဒေဝပါလ" မင်းကဆက်ခံခဲ့ပါတယ်။

ပါလမင်းဆက်တွေဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး သာသနာကို သိပ်ချီးမြောက်ပါတယ်။ တိုက်ခိုက် အောင်မြင်ရာနေရာ ၊ အားဏာစက် ရောက်ရာဒေသတွေမှာ စေတီ ဘုရား
ဆာက်လုပ်လှူဒါန်းလေ့ရှိပါတယ်။

" သီရိ ဆွန်မပူရ သီရိ ဓမ္မပါလဒေဝ မဟာဝိဟာရိယာရ ဘိတ်ခူ သင်္ခါယ " ဘွဲ့အမည် ရေးထိုးထားတဲ့ ရွံ့စေးမြေ အမှတ် တံဆိပ် တူးဖော်ရရှိထားလို့ ဓမ္မပါလမင်း ကောင်းမှုလို့ဆိုပါတယ်။

" ဆွန်မပူရ မဟာဝိဟာရ " ဟာ သက္ကတ ဘာသာစကားဖြစ်ပြီး မြန်မာလိုပြန်ရင် " အတုမရှိ မဟာကျောင်းတော်ကြီး "ဖြစ်တယ်။

ဒီ " ဆွန်မပူရ မဟာဝိဟာရ "အကြောင်းကို နောက်ပိုင်းမှာ အကျယ် ရေးချင်ပါတယ်။

အခွင့်ကြုံတုန်း ပြောချင်တာက.......

မြန်မာ သမိုင်းလေ့လာသူတွေဟာ ပုဂံ ၊ အနိရုဒ္ဓ ( အနော်ရထာ ) မတိုင်ခင် မြန်မာ့သမိုင်း ကို လေ့လာတဲ့အခါမှာ
ဖန်တရာတေ ဖြစ်နေတဲ့ " တရုတ်" ကျမ်း၊ မန်ချူး ကျမ်းတွေ ကိုသာ
ခေတ်ပြိုင် မှတ်တမ်းအဖြစ် အားကိုးတကြီး လေ့လာလေ့ရှိပါတယ်။


တကယ်တော့ အဲဒီ တရုတ် ကျမ်းတွေဟာ စကားလုံး အဓိပ္ပါယ် အယူအဆ ၊ အစစ်အပေါက် အကျ များမှာ သေခြာပါတယ်။ ရှေးဟောင်း တရုတ်စာပေ အရေးအသားဟာ သမိုင်းတင် ခေတ်မှာ ရေးတဲ့အရေးသားနှင့် မတူပါ။ နောက်ပြီး ဘာသာပြန်သူ ၊ တည်းဖြတ်သူသိပ်များတယ်။

မြန်မာ နိုင်ငံက ဘိုးတော်ဘုရား ( ၁၇၈၁-၁၈၁၉ ) လက်ထက် မှာ ရေးထိုးခဲ့တဲ့ ဆင့်ထိုး ၊ စပ်ထိုး ကျောက်စာတွေလိုဘဲ မမှန်တာတွေပါတတ်တယ်ဆိုတာ သတိထားသင့်ပါတယ်။

အိန္ဒိယ ၊ ဘင်္ဂလား ၊ နိပေါ ၊ ရခိုင် ဘက်က နာဂရီ ၊ သက္ကတ ၊ ဂုပ္ပတ နှင့် ပါဠိဘာသာ ရေးထိုးထားတဲ့ ခေတ်ပြိုင် ကျောက်စာတွေ ဟာပိုပြီးတိကျ ခိုင်မာမှုရှိလို့ လေ့လာရန်သင့်ပါကြောင်း။။။။။။


ဒီဓာတ်ပုံကို မန်ချက်စတာ ( Manchester )မြို့အနီး ရိုရ်ဒေး(Rochdale) မှာနေထိုင်တဲ့ ဓာတ်ပုံ ပညာရှင် တစ်ဦးမှကျေးဇူးပြုသည်။
မူရင်း နေရာ http://www.flickr.com/photos/longsidepies/2299715949/

2 comments:

  1. အခုလို ဖေါ်ပြပေးတာ ကျေးဇူးတင်ပါတယ်
    ဖတ်မှတ်လေ့လာသွားပါတယ်

    ReplyDelete
  2. အဲဒါမျိုး ပုဂံကိစ္စနဲ့ ပတ်သက်ပြီး မြန်မာလူမျိုး ဘလော့ဂါတစ်ဦးရေးတာလည်း သိပ်ကောင်းတယ်။
    ကျနော်တော့ မြန်မာလူမျိုး သမိုင်းပညာရှင်တွေ ဘလော့ဂ်ပေါ်မယ် ငြင်းတာခုန်တာ နားထောင်ချင်လိုက်တာ။
    နောက်ပိုင်းတော့ဖြစ်လာမယ် ထင်ပါရဲ့။

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။