5/11/09

ပုဂံခေတ် နိုင်ငံရေးအတွေးခေါ်

ပုဂံခေတ် နိုင်ငံရေးအတွေးခေါ်

ထီးလိုင်မင်း ( အများအခေါ် ကျန်စစ်သား ) ရေးထိုးခဲ့တဲ့ ရွှေစည်းခုံကျောက်စာ မှာ ရေးထားတဲ့
၁၁ ရာစုမြန်မာတွေရဲ့  နိုင်ငံရေးအတွေးခေါ်ကို ကူးချလိုက်ပါတယ်။


မင်းသည်ကောင်းသောအကျင့်ကိုရှိ ခြင်း ( ၁၈ ကြောင်းမြောက် စာကြောင်း )

မကောင်းသောစရိုက်တို့ကို သုတ်သင်ပစ်ခြင်း ( ၁၉ ကြောင်းမြောက် စာကြောင်း )

ပြည်တွင်း ပြည်ပရန်ကို ကာကွယ်ပေးခြင်း ( ၁၉ ကြောင်းမြောက် စာကြောင်း )

နိုင်ငံတကာနှင့် ဆက်ဆံရေး ပြေပြစ်ခြင်း ( ၂၀ ကြောင်းမြောက် စာကြောင်း )

အစားအစာ အဝတ်တန်ဆာတို့ကို စွန့်ခြင်း ( ၂၁ ကြောင်းမြောက် စာကြောင်း )

စိုက်ပျိုးရေး ဖြစ်ထွန်းအောင်မြင်ခြင်း ( ၂၃ ကြောင်းမြောက် စာကြောင်း )

ဗုဒ္ဓသာသနာကို စည်ပင်ထွန်းကားစေခြင်း ( ၂၄ ကြောင်းမြောက် စာကြောင်း )

နိုင်ငံတွင်း၌ ခိုးသား ဒမြ မရှိ ၊ ငြိမ်းချမ်းသာယာ လျက် နိုင်ငံတော်ကျယ်ဝန်းသည် ( ၂၅ ကြောင်းမြောက် စာကြောင်း )

ပျက်စီးလေပြီးသော မြို့ရွာတို့ကိုလည်း ရှေးယခင်ကထက် ကောင်းမွန် သာယာစည်ပင်အောင် ပြုစုပေး ( ၂၇ ကြောင်းမြောက် စာကြောင်း )

တင့်တယ်သော ကျက်သရေရှိသော အရိမဒ္ဒနပြည်၌ တုန်လှုပ်ခြောက်ချားခြင်း ကြောက်ရွံ့ခြင်းမှကင်းသော အုပ်စိုးနည်း ကို အရှင် ဂြီတြိဘုဝနာဒိတျဓမ္မရာဇာမင်း (ထီးလှိုင်မင်း) သည်သွင်သင်ဆုံးမ ပြသလတံ္တ ။( ၂၉ ကြောင်းမြောက် စာကြောင်း )
ဆိုလိုတာက အုပ်ချူပ်တဲ့အစိုးရကို ကြောက်ရွံ့ နေရတာမျိုးလုံးဝမရှိဘူး ဆိုတာကို ထင်ထင်ရှားရှားပြခဲ့တာပါ။


ရည်ညွန်း။ ။ ဒေါက်တာသန်းထွန်း " မြန်မာ့သမိုင်းလစ်ကွက်များ "

===========================================


ဒီရှေးစာကိုဖတ်ဖို့ရာကြိုးစားနေပါတယ်။ ပုဂံထက်စော တဲ့စာလို့ ယူဆထားပါတယ်။ သိရင်ကူညီပေးပါ။

3 comments:

  1. ပုံနဲ့တကွ ဗဟုသုတတွေကြည့်ရှုမှတ်သားပါတယ်ရှင်
    ကွန်မန်းလာပေးပြီး ဝေငှ ပေးသည့်အတွက်
    ကျေးဇူးတင်ပါတယ်
    အစစအရာရာအဆင်ပြေပါစေ

    ReplyDelete
  2. ရုပ်ပုံထဲမှာပါတဲ့စာဟာစောင်းနေတဲ့အတွက်သေချာဖတ်လို့ မရပါ။တချို့ စာလုံးတွေကဒေဝနာဂရီနှင့်ဂူဂျရာတီအက္ခရာတွေအဖြစ်တွေ့ ရတယ်။

    ReplyDelete
  3. AnonymousJune 17, 2012

    ဒေ၀နာဂရီအက္ခရာတွေပါရောနေတော့ သရေခေတ္တရာ လက်ထက်စာဖြစ်ဖို့ များပါတယ်။

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။