5/21/09

အနိရုဒ္ဓ ဒေဝီနာဂရီစာ







အမျိုးအစား - အုတ်ခွက်ဘုရား ( မြေပုံဘုရား )
အချိန်ကာလ - ၁၁-၁၂ ရာစုနှစ်
တွေ့ရှိရာနေရာ - ပုဂံ ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ရွံ့စေး မြေသားကို ပုံစံခွက် သုံးပြီး လိုရာ ပုံစံ အရွယ်အစားရောက်အောင် ပုံဖော် ။
အရွယ်အစား - အမြင့် ၇.၃၇၅ လက်မ ၊ အမြင့် ၅.၃၇၅ လက်မ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.305-1921

အိန္ဒိယနိုင်ငံအရှေ့ပိုင်း မြတ်စွာဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာ မဟာဘောဓိ ကျောင်းတော်ရှိပါတယ်။ အခုမြင်နေရတဲ့ မြေပုံဘုရားမှာ ထိုင်တော်မူ ဘုရားရဲ့ အပေါ်မှာ အုပ်မိုးနေတဲ့ အရာဟာ ဗုဒ္ဓဂါယာ၊ မဟာဘောဓိ ကျောင်းတော် ကိုရည်ရွယ်ပါတယ်။ ဒီ မြေပုံဘုရားကို တကောင်းမှာတွေ့တယ်လို့ ဆိုပါတယ်။ တကောင်း၊ ပုဂံ အပါဝင် မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းတွေမှာပါ တွေ့ရတတ်ပါသေးတယ်။

ကြာပလ္လင်ပေါ်မှာ စံနေတော်မှုလျှက် ဘယ်ဘက်လက် အနေထား လက်မြေထိတဲ့ အောင်တော်မူပုံ၊ အတွေ့ရများတဲ့ ဘူမိပါသ မုဒြာ (bhumisparsa mudra) ဖြစ်ပါတယ်။ ဘေးတစ်ဘက် တစ်ချက်စီမှာ ရပ်တော်မူဘုရား နှစ်ဆူရံထားပါတယ်။ ညာဘက်က ရပ်တော်မူ ဘုရားဟာ ဒီပင်ကရာ ( Dipankara ) ကိုရည်စူးပါတယ်။ ဘယ်ဘက်က ဘုရာက အရိမ္မတိရ (Maitreya ) ကိုရည်စူးပါတယ်။ အလယ်တည့်တည့် မှာရှိတဲ့ မုခ်ဦးဘေးတစ်ဘက်တစ်ချက် ကထွက်နေတဲ့ သစ်ကိုင်းဟာ မြတ်ဗုဒ္ဓ သဗ္ဗေညုတညဏ် ရရှိရာ မဟာဗောဓိပင် ကို ရည်စူးပါတယ်။

မြေပုံဘုရား အထက်နားဆီမှာ မြင်နေရတဲ့ စေတီ ပုံစံငယ်တွေဟာ မြတ်စွာ
ဘုရား ဓာတ်တော်ထည့်ရာ ဓာတ်တော်ကျုတ်ကို ရည်စူးပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်မြတ်ထားရာ အမှတ်လက္ခဏာ စေတီပုံဖြစ်ပါတယ်။

အောက်ခြေဘက် မှာ တစ် ကြောင်းတည်းရေးထားတဲ့ စာဟာ ဒေဝနာဂရီ စာဖြစ်ပါတယ်။
အရှေ့တောင်အာရှ အစောဆုံး ဗုဒ္ဓဘာသာဆိုင်ရာ နေရာအဖြစ် ရှေးဟောင်းသုတေသန မှတ်တမ်းဝင် ကိုယ်စားပြုပါတယ်။
=========================================================

ဒီမြေပုံ ဘုရားရဲ့ အောက်မှာ ဒေဝီနာဂရီ စာနှင့်ရေးထားတဲ့ တစ်ကြောင်းစာပါတယ်လို့ ဆိုတယ်။ သေသေခြာခြာကြည့်ပေမယ့် မမြင်ရဘူး။
ဒီတော့ မြေပုံဘုရားရဲ့ နောက်၊ အောက်ခြေမှာ ရေးထားတယ်လို့ထင်ပါတယ်။
ဒေဝီနာဂရီ စာလို့ ဆိုထားတော့ အနိရုဒ္ဓ ( အများအခေါ် အနော်ရထာ ) ခေတ်လို့ ယူဆပါတယ်။ ၁၁ ရာစုဖြစ်ဖို့များပါမယ်။
အနိရုဒ္ဓ ဒေဝီနာဂရီစာ ဓာတ်ပုံမူရင်းကို လေ့လာချင်လို့ ဗြိတိလျှ ပြတိုက်ကို ကျွန်တော် လှမ်းမေးတာ ၃ ကြိမ်ရှိပါပြီ။ မရသေးပါ။

ပြတိုက်ကမပေးသေးပေမယ့် ရှိပြီသား အနိရုဒ္ဓ မြေပုံဘုရားပါ ဒေဝီနာဂရီစာ လေ့လာလိုသူများ အောက်
ပုံမှာကြည့်ပါ။

ဧသော လောကနထော မဟာရာ
ဇသိရီ အနိရုဒ္ဓဒေဝေနကတော
မိမုတ္တ မုတံ္တ သဟတ္တေနေဇာတိ

(မြန်မာလိုပြန်ကတော့)
ဤလောကနာထ(ဘုရားလောင်း) ပုံတော်ကို
သိရီ အနိရုဒ္ဓဒေဝ မင်းကြီးလည်း
သံသရာမှ ထွက်မြောက်ရန် ကိုယ်တိုင်လုပ်သည်။


1 comment:

  1. ဒေဝနါဂရီလို့သာပြောတာ မြန်မာအက္ခရာ မ​ြ့ ပါဠိစာပါ။ ကျနေတောင်ဖတ်တတ်ပါတယ်။ သောဘဂဝါ မဟာသီရိအနိရုဒ္ဓ ဒေဝေန ကတော ဝိမုတ္တတ္ထံ သဟတ္ထေနေဝါတိ။ တဲ့ ရှင်းရှင်းလင်းလင်ူဖတ်တတ်ပါတယ်

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။