3/12/09

ထူးအိမ်သင် ကို လှူမယ်တဲ့ လား


တစ်ရက် မက ၊ တစ်နေရာ မက ၊ တစ်ခါမက တွေ့နေရတဲ့ စာတမ်းလေးတစ်ခုပါ။
ထူးအိမ်သင် အတွက် လှူရအောင်ဆိုတဲ့ စာတမ်း လေးက ဘာအတွက်ရေးတယ်လို့ ကျွန်တော်နားလည် မလိုလိုနှင့် နားမလည်နိုင်ပါ။ လှူရအောင်လို့ ဆိုတဲ့အတွက် သူ့အတွက်ရည်ဇူးပြီး ကောင်းမှု ကုသိုလ် လုပ်မှာကို ပြောတာလား ။ ဒါဆိုရင်တော့ ကောင်းပါတယ် ။ ဒါပေမယ့် ထူးအိမ်သင် ဟာငွေနှင့် အမြဲ မပတ်သတ်တဲ့ လူပါ ။
သူဖန်တီးထားတဲ့ အနုပညာ လက်ရာတွေ သီချင်း၊ ကဗျာ ၊ ဂီတ တွေမှာ ငွေရဲ့ အငွေ့အသက် လုံးဝ လုံးဝ မတွေ့ရတာ အသေအချာပါ ။
ကျန်ရစ်ခဲ့တဲ့ မိသာစုဟာလည် ထူးအိမ်သင် သဘော နှင့် ထပ်တူထပ်မျှ ပါ ။ ထူးအိမ်သင် နေမကောင်းလို့ ဆေးရုံမှာ ကုသဆဲ ဆိုရင်ဖြင့် မပြောလိုပါ။

ထူးအိမ်သင် ဆိုတဲ့လူဟာ သူ့ကိုစာအုပ်ပေးရင် "ဘယ်သူကျေးဇူးပြုသည်" လို့စာအုပ်မှာ ရေးထားမယ်။ ဝိုင်း မှာတွေ့လို့ပြုစုရင် "ရတယ်လို့" ပြောမယ်။ ကျန်တာသွားမပေး လေနှင့် အဆဲခံရမယ်။ သူ့အတွက် လှုတယ်လို့သာ သူသိရင်ဖြင့် ...............။ ဒီလိုအလှုမျိုးကို သူလုံးဝမ ကြိုက်ပါ ။

သူ့ကိုကြည်ညိုတာ ၊ လေးစားတာကို နားလည်ပါတယ်။

ဒါပေမယ့်ဗျာ ဒီ " လှုရအောင် ဆိုတဲ့ဟာ ကြီး" က
သူ့ရဲ့ စိတ်သဘောထား ၊ သူ့ရဲ့ ရိုးသားမှု ၊ သူ့ရဲ့ ဖန်တီးမှု ၊ သူ့ရဲ့ပညာရပ် ၊ သူ့ရဲ့ အလှတရား ၊
သူ့ရဲ့ ချစ်ခြင်းဂရုဏာ .......... ဒါတွေအားလုံးကို လုံးလုံး မသိသလို ဖြစ်မနေဘူးလား။



အိပ်မက်သည် သူ
သူသည် အိပ်မက်
အိပ်မက်သည် အသက်ဖြစ်စေ
ဆောင်းဦးလျှင် နှင်းကြွင်း၏
အချစ်ကြွင်းစေ
မြတ်နိုးချင်း ကြွင်းစေ
မေတ္တာ ကြွင်းစေ
===============================================






(ကျုပ် ကထပ်ပြောလိုက်ချင်သေး ခင်ဗျားလုပ် လို့ ဘာမှ မကြွင်း ဘဲနေဦးမယ်။ )

3 comments:

  1. သုတေသန နှင့် မဆိုင်တဲ့ ကိုယ်ပိုင်အမြင်နှင့် ကိုယ်ရေးကိုတာ ကိစ္စတွေ ဘလော့ထဲ မရေးလိုပါ။ ခုတော့ ရေးချင်စိတ် ပေါ်ပါတယ် ။ သူများ ဘလော့မှာ သွားရေးတာက ဆရာလုပ်ရာကျမယ် ။ မမှန် တာကို လည်း အမှန်တရား နှင့် လဲ နီးစပ် စေ ချင်ပါတယ်။ ဝေဖန်တာကို လူ တိုင်းကမကြိုက်နိုင်ပါ ။ ဝေဖန် စန်းစစ်မှု ဆိုတာ အများအကျိုး အတွက် အလုပ်လုပ်တဲ့သူတွေ အတွက်တော့ ဖြင့် အရေးကြီးပါတယ်။

    ReplyDelete
  2. AnonymousJuly 06, 2009

    ကျနော့်အထင် ဝက်ဘ်ဆိုဒ် ဒိုမိန်းဝယ်ဖို့ ထင်ပါတယ်။
    သေချာတော့ မသိပါဘူး။

    ReplyDelete
  3. သူ့အတွက် အမှတ်တရ၊ ဒါမှမဟုတ် သူ့ရဲ့ ဖန်တီးမှု့တွေကို စုစည်းတင်ပြမယ့် ဆိုက် ဆိုရင်တော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ သိပ်ကောင်တဲ့ ရည်ရွယ်ချက်ပါ။
    ထူးအိမ် ဟာ တစ်ခေတ်မှာ တစ်ခါဆိုသလို ပေါ်လာတတ်တဲ့ ပညာရှင်
    ( Professional ) စစ်စစ်ပါ။ ပြည်တွင်းရော ၊ ပြည်ပက ဂီတပညာရှင်တွေကပါ အံ့ဩ လေးစားရတဲ့ လူပါ။
    သူဖန်တီးထားတဲ့ အနုပညာ၊ စာ ၊ ကဗျာ ၊ ဂီတ တချို့ လူတွေထဲရောက်မလာခဲ့တာ စိတ်မကောင်းစရာပါ။ အဲဒါတွေ စုစည်းပြီးတင်နိုင်ရင် ကောင်းမယ်။

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။