ရခိုင် ဒင်္ဂါးကိုလာကြည့်တဲ့လူတွေများတာသိရတယ်။
ဒီပုံကို ဘလော့တော်တော်များများမှာ မြင်ဖူးကြပါလိမ့်မယ်။မူရင်းက နေး ဆိုယ်ဝါဒ် ဒီဒီ ( Neil Sowards, D.D.) ရဲ့ မြန်မာပြည် ဒင်္ဂါးရှာပုံတော်( Coin Hunting in Myanmar (Burma) ) ဆောင်းပါးပါ။ မူရင်းစာရေးသူမှာ ခရစ်ယာန် သင်းအုပ်ဆရာဖြစ်ဟန်တူပါတယ်။ ရှေးဟောင်းရှားပါး ဒင်္ဂါး( ငွေအကြွေစေ့ ) စုစောင်းသူလည်းဖြစ်တဲ့အလျှောက် မြန်မာပြည်ရောက် တဲ့အခါတိုင်း ဒင်္ဂါးရှာပုံတော်ဖွင့်ပါတယ်။ မြန်မာပြည်ကို အသင်းတော်ကိစ္စနဲ့ ၁၃ ခေါက်ရောက်ဖြစ်တာရယ် ၊ သင်းအုပ်ဆရာဖြစ်တာရယ်ကြောင့် မြန်မာအကြောင်း အတော်အတန် သိပုံရမယ်ထင်ပါတယ်။
သူပြောပြလို့ အဲဒိခေတ်အခါက ရှေးဟောင်းပစ္စည်ရောင်းဝယ်ပုံကို စိတ်ဝင်စားဖွယ်ဖတ်ရပါတယ်။ စာရေးသူအဆိုအရ သူရောက်ခဲ့တဲ့အချိန်တုန်းက ခန့်မှန်းလူဦးရေ ၄၅ သန်းလောက်ရှိတဲ့ မြန်မာပြည်မှာ ဒီလို ရှေးဟောင်းရှားပါး ဒင်္ဂါး အကြောင်းနှံ့နှံ့စပ်စပ်သိတဲ့လူ( လေ့လာစုစောင်းသူ) ၅ ဦးထက်မပိုဘူးလို့ဆိုပါတယ်။ ခုချိန် မျိုးဆစ်သစ် လူငယ်တွေထဲမှာရော ဘယ်နှစ်ယောက်ရှိနိုင်မလဲ မေးလာခဲ့ရင် ဖြေရခက်ပါတယ်။
The people are wonderful and friendly နဲ့အဆုံးသတ်ထားတဲ့ သူ့ဆောင်းပါး၊ အကြောင်းရာနဲ့ အရေးသားကို ကြိုက်ပါတယ်။ ဒါပေမယ့် သူရေးခဲ့တာကိုပြင်စရာရှိပါတယ်။
Photo caption:Top left: Kingdom of Pyu lead coin 500-800 AD, bird left.Top right Kingdom of Funan, silver 190-550 AD, rising sun.Center: Srekshetra silver 1/100 unit 750-832 AD unknown symbolBottom Right: Sanda Thudhamma Silver 1652 AD Burmese writing.U. S. Dime is reference as to size. ငှက်ပုံပါ သတ္တု ပုံစံခွက်ကို အေဒီ ၅၀၀-၈၀၀ ပျူ ဒင်္ဂါးလို့ပြောထားပါတယ်။ မဟုတ်ပါ။ အိုးလုပ်စဉ် ပန်းပုံနဲ့ အစက်ပျောက်တွေ ပုံဖော်ရာမှာသုံးတဲ့ တံဆိပ်တုံး ဖြစ်နိုင်ပါတယ်။
တက်သစ်စ (နေ) ပုံပါ ဒင်္ဂါးကိုတော့ ကမ္ဘောဒီးယား ရှေးဟောင်း မြို့တော် ဖူနန် လို့ပြောထားပါတယ်။ သီရိခေတ္တရာ မြို့ဟောင်း တူးဖော်စဉ် သီရိဝစ္ဆ ခေါ် အိမ်မွန်(Shrivetsa) ပုံပါ ဒင်္ဂါးအရွယ် ရွံ့ပြားပုံစံခွက် တွေ့ထားလို့ သီရိခေတ္တရာ မှာလည်း ထုတ်လုပ်နိုင်ဖွယ်ရာရှိပါတယ်။ ဖူနန် ဒင်္ဂါး လို့တော့ အတိကျပြောလို့မရနိုင်သေးပါ။
အလယ်မှာရှိနေတဲ့ ရွှေ အပိုင်းစ ကလဲ ဒင်္ဂါးမဟုတ်ပါ။ သီရိခေတ္တရာ မြို့ဟောင်း ကရတဲ့ ရွှေထယ်အတော်များများကို မြန်မာပြည်မှာထက် ထိုင်း နဲ့ စင်္ကာပူမှာ အတွေ့ရပိုများပါတယ်။ လူကြိုက်များပါတယ်။