3/31/09
နိတိ စန္ဒြ ရခိုင် ဒင်္ဂါးပြား
အမျိုးအစား - နိတိ စန္ဒြ ( NantiChandra ) အမည်ပါ ရခိုင် ဒင်္ဂါးပြား ။
အလေးချိန် - ၇.၃၉၀ ဂရမ်
အရွယ်အစား - ၃၁ မီလီမီတာ (mm ) ပြတိုက်ပစ္စည်း အမှတ် - CM 1984-5-10-1
ပြတိုက်အခန်း အမှတ်- အခန်း ၆၈၊ ငွေကြေး ပြခန်း
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
အချိန်ကာလ - ၈ ရာစု
တွေ့ရှိရာနေရာ - မြန်မာ
အစောဆုံး မြန်မာ (ပျူ ကိုရည်ရွယ် ) ငွေဒင်္ဂါးတွေဟာ ဗုဒ္ဓဘာသာဝင် ရခိုင်ပြည်ကဆင်းသက်တယ်။ မြန်မာတွေဟာ ငွေသတ္တုရင်းမြစ်ပေါကြွယ်သလို အနီး ပတ်ဝန်းကျင် ဒေသတွေနှင့် ခိုင်မာတဲ့ ကုန်သွယ်ရောင်းဝယ်မှုတွေရှိပါတယ်။ ဒါကြောင့် ငွေဒင်္ဂါးတွေ သွင်းလုပ်အသုံးပြုလာပါတယ်။ ငွေဒင်္ဂါးပြား အမှတ်တံဆိပ်တွေကိုတော့ ဘင်္ဂလားနှင့် ကပ်နေတဲ့ ရခိုင်က ဒင်္ဂါးတွေကို မှီတယ်။ ဘင်္ဂလား ဒင်္ဂါးတွေက နိပေါ " ပသုပတိ " Pashupati (၇-၈ ရာစု) ဒင်္ဂါးတွေ ကို အတုယူတယ် ။
ဒင်္ဂါး မျက်နှာစာမှာ ( နန္ဒီ ) " နွား" လက္ခဏာတွေ့မယ်။ နွားရဲ့ အပေါ်မှာ ဗြမဏီ အက္ခရာနှင့်ရေးထားတဲ့ မင်း ဘွဲ့နာမည်ရှိမယ်။ ဒင်္ဂါးရဲ့အခြား တဘက်မှာတော့ သီရီဝစ္ဆ (အိမ်မွန် ) ရှိမယ်။ သီရီဝစ္ဆ (အိမ်မွန် )ရဲ့အပေါ်မှာ"နေ နှင့် လ " ကိုတွေ့ရမယ်။ သီရီဝစ္ဆ (အိမ်မွန် )အတွင်း၊ အလယ်တည့်တည့်မှာ အပေါ်ကို ထောင်နေတဲ့ အရာက သီဝ နတ်မင်းကိုးကွယ်မှုဆိုင်ရာ အမှတ်လက္ခဏာ ဖြစ်တဲ့ “ လင်္ဂ “။
အမှတ်လက္ခဏာတွေရဲ့ အဓိပ္ပါယ် တွေကို အနက်ဖွင့်ရာတွင် Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) ကို ကိုးကားသည်။
======================================================
Pashupati က သက္ကတ ဘာသာပါ။ Pashu ဆိုတာရဲ့ အနက်က Animal (သက်ရှိသတ္တ၀ါ ) တိရိစ္ဆာန်။ Pati က God (ဖန်ဆင်းရှင် ဘုရား)။ ဒီတော့ လူကလွဲပြီး သက်ရှိ သက်ရှိသတ္တ၀ါ အားလုံး၊ တစ်နည်း တိရိစ္ဆာန် တွေအားလုံး ရဲ့ ဖန်ဆင်းရှင်၊ အရှင်သခင် လို့အနက်ရတယ်။ အများအခေါ် နွားလား ဥဿဖ ။
သက္ကတလို பசுபதி முத்திரை
ဗြိတိလျှ ပြတိုက်၊ လန်ဒန် မရှင်းဘဲထားတဲ့ အမှတ်လက္ခဏာ (Symbols) တွေကျန်နေပါသေးတယ်။ ဖွင့်ဆိုချက်မှားတာလည်း နှစ်ချက်ပါတယ်။ ခုနှစ် မသေချာတဲ့အချက်က တစ်ချက်ပါတယ်။
ဗြိတိလျှ ပြတိုက်၊ လန်ဒန် မရှင်းဘဲထားတဲ့ အမှတ်လက္ခဏာ (Symbols) တွေက
( ၁ ) ရခိုင် ဒင်္ဂါးတွေမှာ အမြဲတွေ့နေရတဲ့ " ပုလဲစက်ဝန်း" ပါ။ ရခိုင် ဒင်္ဂါး ရဲ့ပြင်ဘက်ဆုံး အဝန်းဝိုင်းကို "
ပုလဲစက်ဝန်း " နှင့်ဝန်းရံထားလေ့ရှိပါတယ် ။ တချို့ပညာရှင်တွေက " ဗိန္ဓု " အစက်အပျောက်
ရယ်လို့အမည်ပေးတယ်။
( ၂ ) တိသုလ(သုံးခွ လှံဆူး) ရဲ့ အပေါ်မှာ ကပ်လျှက် နှစ်ဘက် စလုံးကို အုပ်မိုး နေတဲ့
" အရွက်ငါးရွက်ပါ သစ်ခက် " တစ်စုံ ။
( ၃ ) တိသုလ(သုံးခွ လှံဆူး) ရဲ့ အောက်က ပုလဲခုနှစ်လုံးတန်း ။
( ၄ ) ဒင်္ဂါးပြားအခြားတစ်ဘက်ရှိ " နန္ဒိ " (နွား) ရဲ့လည်ပင်းမှာ စွတ်ပေးထားတဲ့ အစက်ပျောက် ငါးခု နှင့်
ပုံဖော်ထားတဲ့ပန်းကုံး ။
ဖွင့်ဆိုချက်မှားတဲ့ နှစ်ချက်က
ဗြိတိလျှ ပြတိုက်၊ လန်ဒန် ရဲ့ဖော်ပြချက်တွေဟာ Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) စာအုပ်ကို ကိုးကားပြီးဖော်ပြတာပါ။
ဒီရခိုင် ဒင်္ဂါး ရဲ့ အမှတ်လက္ခဏာဖွင့်ဆိုချက်တွေ တချို့ မမှန်ပါ။ Crib,B Cook နှင့် I. Carrradice တို့ရဲ့အဆို ဒီရခိုင် ဒင်္ဂါးမှာ သီရိဝစ္ဆ ခေါ် အိမ်မွန်(Shrivetsa) ပါတယ်လို့ဆိုတယ် ။
သီရိဝစ္ဆ (အိမ်မွန်) ဟာ ဗိဿနိုး (Vishnu) ကိုးကွယ်မှုဆိုင်ရာ လက္ခဏာသာဖြစ်တယ်။
ဒင်္ဂါးကို သေသေချာချာကြည့်တော့ သီရိဝစ္ဆ (အိမ်မွန်) မဟုတ်ဘဲ သီဝ နတ်မင်းရဲ့ လက်နက်
တိသုလ(သုံးခွ လှံဆူး)ဖြစ်ဖို့များတယ်။
တချို့ ဟိန္ဒူဘုရာကြောင်းတွေမှာ ( နန္ဒီ ) " နွား" နှင့်အမြဲလို ယှဉ်တွဲပြီးတွေ့ရတတ်တဲ့ " လင်္ဂ" (Linga) ခေါ် ဂိဂ္န ဆိုတာ သက္ကတဘာသာလို ပူရိသလိင်လို့အဓိပ္ပာယ် ရှိတဲ့ " သိဝ" နတ်မင်းကိုးကွယ်မှုဆိုင်ရာ လက္ခဏာပါ။
ဒါကိုဆက်စပ်ပြီးတော့ ဒင်္ဂါး အတွင်းပိုင်း တိသုလ(သုံးခွ လှံဆူး) ရဲ့အလယ် တည့်တည့်က အပေါ်ကိုထောင်နေတဲ့ လှံဆူး ကို " လင်္ဂ" (Linga)၊ သက္ကတ အခေါ် ဂိဂ္န လို့ဆိုတာကတော့ မှားနေတယ် ၊ မဟုတ်ပါလို့ဘဲပြောရမယ် ။
ခုနှစ် မသေချာတဲ့အချက် တစ်ချက်က
မသေချာတဲ့အချက်က သမိုင်းမှတ်တမ်းအတွက် အရေးအကြီးဆုံးပြစ်နေပါတယ်။
နိတိ စန္ဒြ ( NantiChandra ) အမည်ပါ ရခိုင် ဒင်္ဂါးပြားလို့ဆိုပြီး ခန့်မှန်း ခရစ်နှစ် ၈ ရာစုလို့ဖော်ပြထားတယ်။
ရခိုင်ရာဇဝင်ကို လေ့လာကြည့်တော့ နိတိ စန္ဒြ ( ၅၂၀-၅၇၅)လို့တွေ့ရတယ် ။
ဒီတစ်ချက် ပြတိုက်က မှားပြန်တယ်။
Subscribe to:
Post Comments (Atom)
ဒေါက်တာသန်းထွန်း
Sources for you
- Online Burma Library Org
- Friend of Burma Org
- Laura Boulton Collection: The Burmese Orchestra
- The Hill Tribes of Myanmar
- ထူးအိမ်သင်
- သက္ကတ-အင်္ဂလိပ် အဘိဓာန် (Media Fire 04.10.09))
- ဟားဗာဟ် အင်္ဂလိပ်- ပါဠိ သဒ္ဒါ
- ပြင်သစ်-ပါဠိ သဒ္ဒါစာ
- ပြင်သစ်-ပါဠိ အဘိဓာန်
- မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာအဖွဲ့
- ပုဂံ ပြတိုက်
- Antique Vs Art from Burma
- ဇော်ဂျီ ဖောင့်
- Victoria&Albert ပြတိုက်
- ဗြိတိန်ပြတိုက်၊လန်ဒန်
About Me
- ရှေးမြန်မာ
- သမိုင်းဆိုတာ သေချာဖို့လိုမယ်။ မသေချာတဲ့ သမိုင်းဟာ အပြုအပြင်ခံရနိုင်တယ်။ ကိုယ့်သမိုင်း ကိုယ်ပြင်တာကတော်သေးတယ်။ ကိုယ့်သမိုင်း သူများကပြင်ယူသွားရင် ကိုယ် ညံ့ လို့ ကိုယ် အ လို့ ခံလိုက်ရတာဖြစ်တယ်။
Categories
- ၁၉ ရာစု အစောပိုင်း (5)
- ၁၉ ရာစု၊ မန္တလေး။ (24)
- ၂၀ ရာစုလက်ရာ (1)
- On going Research (5)
- Study (13)
- Tribal Art (2)
- စိတ်ကြိုက် စာအုပ် (9)
- တရုတ်နိုင်ငံ (1)
- ပါကစ္စတန် (1)
- ပုဂံ( ၉ - ၁၃ ) ရာစု (16)
- ပျူ-မွန် (16)
- ဘင်္ဂလားဒေစ် (4)
- ပြတိုက် လမ်းညွှန် (1)
- ရခိုင် (13)
- လူမျိုးစုဆိုင်ရာ အနုပညာ (1)
- သတင်း ( News ) (5)
- သမိုင်းစကား၊ ပန်းစကား (47)
- အင်းဝ၊ကုန်းဘောင် ၁၄-၁၈ ရာစု (17)
- ရှေးပစ္စည်း ကြည့်မယ် (20)
- ရှေးမြန်မာ (8)
- ရွှေနန်းသုံးဝေါဟာရ အဘိဓာန် (9)
- ဝေါဟာရ အဘိဓာန် (သမိုင်း သုတေသန) (1)
Archives
-
▼
2009
(122)
-
▼
March
(22)
- ရခိုင် ဒင်္ဂါးပြား
- နိတိ စန္ဒြ ရခိုင် ဒင်္ဂါးပြား
- နိတိ စန္ဒြ ရခိုင် ဒင်္ဂါးပြား
- ပျူ ဒင်္ဂါးပြား
- ပျူ ဘုရင်သုံး ဒင်္ဂါးပြား
- ရှေးပစ္စည်း
- ရတနာပုံ ငွေဒင်္ဂါး
- ၁၈၈၆ မြန်မာ ကျမ်းအမည်များ
- နန်းစဉ်ရတနာ နှင့် စလေဒင် (၃)
- "လည်တုန်"
- ထူးအိမ်သင် ကို လှူမယ်တဲ့ လား
- အုတ်ခွတ်ဘုရား နှစ် ခု
- ပတ္တမြား ခေါင်းဘီး
- မွန်ခေါင်းလောင်းစာ
- နဂါးလက်ကောက်
- နန်းစဉ်ရတနာ နှင့် စလေဒင် ( ၂ )
- ၁၉ ရာစု လည်ဆွဲဘယက်
- ၁၉ ရာစု ခြေချင်းတစ်စုံ
- နန်းစဉ်ရတနာ နှင့် စလေဒင် (၁)
- ပုဂံချစ်တဲ့ ဆရာကြီးလု(စ်)
- သမိုင်းစစ်စစ်
- ၉- ၁၀ ရာစုအုတ်ခွက်ဘုရား
-
▼
March
(22)
ရခိုင်သမိုင်းတွေရဲ့ သက္ကရာဇ်တွေနဲ့ ပတ်သတ်လို့ တိတိကျကျသိချင်ရင် ဦးရွှေဇံရေးတဲ့ ရခိုင်သမိုင်း ခေတ်ကာလပိုင်းခြားမှု မြေကြီးက သက်သေ တည်သရွေ့ စာအုပ်ကို လေ့လာ သင့်ပါတယ်။
ReplyDeleteလောလောဆယ် ရခိုင်ရှေးဟောင်းဒင်္ဂါး တွေလေ့လာတာလောက်ဘဲ လုပ်ရဲပါတယ်။ ခုနှစ် သက္ကရာဇ် နှင့် မင်းဘွဲ့ တွေကိုတော့ ဒင်္ဂါးပေါ်မှာရေးထားတာကိုဘဲ ရခိုင်ရှေးဟောင်းစာတွေနှင့် တိုက်ဆိုင်စစ်ဆေးပြီး ဖတ်ပါတယ်။အတည်ယူပါတယ်။ ရခိုင်ရှေးဟောင်းစာတွေကို လေ့လာဆဲဖြစ်နေတဲ့အတွက် အဖတ်မှားနိုင်ပါတယ်။ မှားနေရင် ပြင်ပါမယ်။
ReplyDeleteခုလို ညွှန်ပြပေးတာကို ကျေးဇူးအထူးတင်ပါတယ်။