5/30/09

ဘင်္ဂလားဒေစ်နိုင်ငံရှိ ၇-၈ ရာစု မဟာယာန ကျောင်းတော်ကြီး၊






ဆွန်မပူရ မဟာဝိဟာယ ကျောင်းတော်ကြီးမှာရှိတဲ့ မြေသား ရုပ်ကြွ ပုံတွေပါ။ ပုံတွေအားလုံး ကိုအမှန်တိုင်း တည့်တည့်ပြောရရင် အစစ်မဟုတ်ပါ။




ဒီပုံတွေကို ပရိုဖစ်ရှင်နယ် ဓာတ်ပုံပညာရှင် " ဂရိတ် ဟိုးဝါတ်" ( Grete Howard ) မှကျေးဇူးပြုပါတယ်။ အသက် ၅၀ အရွယ် နော်ဝေး ဇာတိ ဂရိတ် ဟိုးဝါတ် ဟာ အင်္ဂလန် သားနှင့် အိမ်ထောင်ကျပြီး အင်္ဂလန်မှာနေပါတယ်။ သူမအကြောင်း အပြည့်အစုံကို အောက်ကပေးထားတဲ့ website address မှာသွားဖတ်နိုင်ပါတယ်။
တခြား UNESCO စာရင်းဝင် ယဉ်ကျေးမှု ဆိုင်ရာ နေရာ၊ဒေသ၊ အဆောက်ဦး ပုံတွေကို လည်းသွားရောက်လေ့လာနိုင်ပါသေးတယ်။
Grete Howard' Profile
http://www.flickr.com/people/11683866@N06/

UNESCO website မှာသွားကြည့်မယ်ဆိုရင် တကယ်ကို ကောင်းတဲ့ ရိုက်ချက်တွေကို ၃ ဘက်မြင် ၊ လေးဘက်မြင် အနေနှင့်ကြည့်ရပါမယ်။
လိပ်စာက http://whc.unesco.org

ဘင်္ဂလားဒေစ်နိုင်ငံရှိ ၇-၈ ရာစု မဟာယာန ကျောင်းတော်ကြီး၊









ဒီပုံတွေကို ပရိုဖစ်ရှင်နယ် ဓာတ်ပုံပညာရှင် " ဂရိတ် ဟိုးဝါတ်" ( Grete Howard ) မှကျေးဇူးပြုပါတယ်။ အသက် ၅၀ အရွယ် နော်ဝေး ဇာတိ ဂရိတ် ဟိုးဝါတ် ဟာ အင်္ဂလန် သားနှင့် အိမ်ထောင်ကျပြီး အင်္ဂလန်မှာနေပါတယ်။ သူမအကြောင်း အပြည့်အစုံကို အောက်ကပေးထားတဲ့ website address မှာသွားဖတ်နိုင်ပါတယ်။
တခြား UNESCO စာရင်းဝင် ယဉ်ကျေးမှု ဆိုင်ရာ နေရာ၊ဒေသ၊ အဆောက်ဦး ပုံတွေကို လည်းသွားရောက်လေ့လာနိုင်ပါသေးတယ်။
Grete Howard' Profile
http://www.flickr.com/people/11683866@N06/

UNESCO website မှာသွားကြည့်မယ်ဆိုရင် တကယ်ကို ကောင်းတဲ့ ရိုက်ချက်တွေကို ၃ ဘက်မြင် ၊ လေးဘက်မြင် အနေနှင့်ကြည့်ရပါမယ်။
လိပ်စာက http://whc.unesco.org

ဘင်္ဂလားဒေစ်နိုင်ငံရှိ ၇-၈ ရာစု မဟာယာန ကျောင်းတော်ကြီး၊








ဒီပုံတွေကို ပရိုဖစ်ရှင်နယ် ဓာတ်ပုံပညာရှင် " ဂရိတ် ဟိုးဝါတ်" ( Grete Howard ) မှကျေးဇူးပြုပါတယ်။ အသက် ၅၀ အရွယ် နော်ဝေး ဇာတိ ဂရိတ်ဟိုးဝါတ် ဟာ အင်္ဂလန် သားနှင့် အိမ်ထောင်ကျပြီး အင်္ဂလန်မှာနေပါတယ်။ သူမအကြောင်း အပြည့်အစုံကို အောက်ကပေးထားတဲ့ website address မှာသွားဖတ်နိုင်ပါတယ်။
တခြား UNESCO စာရင်းဝင် ယဉ်ကျေးမှု ဆိုင်ရာ နေရာ၊ဒေသ၊ အဆောက်ဦး ပုံတွေကို လည်းသွားရောက်လေ့လာနိုင်ပါသေးတယ်။
Grete Howard' Profile
http://www.flickr.com/people/11683866@N06/

UNESCO website မှာသွားကြည့်မယ်ဆိုရင် တကယ်ကို ကောင်းတဲ့ ရိုက်ချက်တွေကို ၃ ဘက်မြင် ၊ လေးဘက်မြင် အနေနှင့်ကြည့်ရပါမယ်။
လိပ်စာက http://whc.unesco.org

5/23/09

ယူနစ်စကို နှင့် ပုဂံ

ယူနစ်စကို ကြီးမှူးပြီး ပြုစုတဲ့ ကမ္ဘာ့ ရှေးဟောင်းအမွေနှစ် စာရင်းမှာ မြန်မာနိုင်ငံက ပုဂံ ပါသင့်သလားလို့ မြန်မာ တစ်ယောက်ကို ခေါ်ပြီးမေးကြည့် ရင် ဘယ်သူမဆို ဖြေမည့်အဖြေကို လူတိုင်း သိနေပါတယ် ။

ဒါပေမယ့် စာရင်းမှာပါမလာဘူး။ http://whc.unesco.org/en/list မှာ သွားကြည့်လို့ရတယ်။

ခုထိတော့ မြန်မာ ဒါမှမဟုတ် ဘားမား က တစ်ခုမှစာရင်း မဝင်သေးပါ။ ဟိုတလောကတော့ ဘိတ်ကျွန်းစု ကိုပမာဏစာရင်း တင်တယ်လို့သိရတယ်။ ဒါပေမယ့်ယဉ်ကျေးမှု အတွက်မဟုတ်ဘဲ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ စာရင်းအဖြစ်ပါ။

ကမ္ဘာ့ ရှေးဟောင်းအမွေနှစ် စာရင်းဝင် ဗုဒ္ဓဘာသာ ဆိုင်ရာ သာသနိက အဆောက်ဦး၊ အဆောက်အုံ တွေရှိတဲ့ နိုင်ငံတွေဟာ အခုတော့ ဗုဒ္ဓဘာသာဝင်တွေ မရှိသလောက်ဖြစ်နေပါပြီ။

ယူနစ်စကို ကြီးမှူးပြီး ပြုစုတဲ့ ကမ္ဘာ့ ရှေးဟောင်းအမွေနှစ် စာရင်းထဲမှာ ပါတဲ့ ဗုဒ္ဓဘာသာ ဆိုင်ရာ သာသနိက အဆောက်ဦး၊ အဆောက်အုံ တွေကို တစ်ခုချင်းဆီ ဖော်ပြသွားပါမယ်။

ပထမ ဆုံးအနေနှင့် ဘင်္ဂလားဒေ့စ် နိုင်ငံ က မဟာယာနဗုဒ္ဓဘာသာ ကျောင်းတော်ကြီး " ဆွန်မပူရ မဟာဝိဟာယ" ၇ ရာစုနှစ် ဆိုရင် မြန်မာ အများစု သိလိမ့်မယ်လို့မထင်ပါ။ ဒီကျောင်းတော်ကြီးဟာ မြန်မာတွေရဲ့ " ပုဂံ " ထက် စောပါတယ်။ ကမ္ဘောဒီးယား " ခမာ " တွေရဲ့ " အန်ကောဝတ် " ကျောင်းတော်ကြီးထက်လည်း စောပါတယ်။

ဆွန်မပူရ မဟာဝိဟာယ ကျောင်းတော်ကြီးရဲ့ အရှိန်ဝါ ဂုဏ်သီတင်း ကျော်စောမှုဟာ ၁၂ ရာစုအထိ ရှည်ကြာခဲ့ပါတယ်။ တည်ဆောက်မှုလက်ရာ ၊ အနုစိတ် အတွင်း၊ အပြင် အလှဆင်ထားတဲ့ လက်မှုပညာလက်ရာ ၊ ဗိသုကာ လက်ရာတွေဟာ သိပ်အဆင့်တန်းမြင့်ပါတယ်။

" ဆွန်မပူရ မဟာဝိဟာရ" ကျောင်းတော်ကြီးဟာ အေဒီ ( ၇၈၁-၈၂၁ ) မှာ အုပ်စိုးခဲ့တဲ့ ဒုတိယမြောက် " ပါလ " မင်းဆက် " ဓမ္မပါလမင်း "ကောင်းမှုပါ။ ဓမ္မပါလမင်းကြီးလို့ဆိုရင် မြန်မာတွေ ကြားဖူးကြပါလိမ့်မယ်။

ဖခင်ဖြစ်သူ ပါလမင်းဆက်ကို စတင်တည်ထောင်ခဲ့တဲ့ " ဂိုးလ်ပါလ" ကိုဆက်ခံသူ ဖြစ်တယ်။ ဓမ္မပါလမင်း ရဲ့
အရိုက်ရာကိုတော့ သာဖြစ်သူ " ဒေဝပါလ" မင်းကဆက်ခံခဲ့ပါတယ်။

ပါလမင်းဆက်တွေဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး သာသနာကို သိပ်ချီးမြောက်ပါတယ်။ တိုက်ခိုက် အောင်မြင်ရာနေရာ ၊ အားဏာစက် ရောက်ရာဒေသတွေမှာ စေတီ ဘုရား
ဆာက်လုပ်လှူဒါန်းလေ့ရှိပါတယ်။

" သီရိ ဆွန်မပူရ သီရိ ဓမ္မပါလဒေဝ မဟာဝိဟာရိယာရ ဘိတ်ခူ သင်္ခါယ " ဘွဲ့အမည် ရေးထိုးထားတဲ့ ရွံ့စေးမြေ အမှတ် တံဆိပ် တူးဖော်ရရှိထားလို့ ဓမ္မပါလမင်း ကောင်းမှုလို့ဆိုပါတယ်။

" ဆွန်မပူရ မဟာဝိဟာရ " ဟာ သက္ကတ ဘာသာစကားဖြစ်ပြီး မြန်မာလိုပြန်ရင် " အတုမရှိ မဟာကျောင်းတော်ကြီး "ဖြစ်တယ်။

ဒီ " ဆွန်မပူရ မဟာဝိဟာရ "အကြောင်းကို နောက်ပိုင်းမှာ အကျယ် ရေးချင်ပါတယ်။

အခွင့်ကြုံတုန်း ပြောချင်တာက.......

မြန်မာ သမိုင်းလေ့လာသူတွေဟာ ပုဂံ ၊ အနိရုဒ္ဓ ( အနော်ရထာ ) မတိုင်ခင် မြန်မာ့သမိုင်း ကို လေ့လာတဲ့အခါမှာ
ဖန်တရာတေ ဖြစ်နေတဲ့ " တရုတ်" ကျမ်း၊ မန်ချူး ကျမ်းတွေ ကိုသာ
ခေတ်ပြိုင် မှတ်တမ်းအဖြစ် အားကိုးတကြီး လေ့လာလေ့ရှိပါတယ်။


တကယ်တော့ အဲဒီ တရုတ် ကျမ်းတွေဟာ စကားလုံး အဓိပ္ပါယ် အယူအဆ ၊ အစစ်အပေါက် အကျ များမှာ သေခြာပါတယ်။ ရှေးဟောင်း တရုတ်စာပေ အရေးအသားဟာ သမိုင်းတင် ခေတ်မှာ ရေးတဲ့အရေးသားနှင့် မတူပါ။ နောက်ပြီး ဘာသာပြန်သူ ၊ တည်းဖြတ်သူသိပ်များတယ်။

မြန်မာ နိုင်ငံက ဘိုးတော်ဘုရား ( ၁၇၈၁-၁၈၁၉ ) လက်ထက် မှာ ရေးထိုးခဲ့တဲ့ ဆင့်ထိုး ၊ စပ်ထိုး ကျောက်စာတွေလိုဘဲ မမှန်တာတွေပါတတ်တယ်ဆိုတာ သတိထားသင့်ပါတယ်။

အိန္ဒိယ ၊ ဘင်္ဂလား ၊ နိပေါ ၊ ရခိုင် ဘက်က နာဂရီ ၊ သက္ကတ ၊ ဂုပ္ပတ နှင့် ပါဠိဘာသာ ရေးထိုးထားတဲ့ ခေတ်ပြိုင် ကျောက်စာတွေ ဟာပိုပြီးတိကျ ခိုင်မာမှုရှိလို့ လေ့လာရန်သင့်ပါကြောင်း။။။။။။


ဒီဓာတ်ပုံကို မန်ချက်စတာ ( Manchester )မြို့အနီး ရိုရ်ဒေး(Rochdale) မှာနေထိုင်တဲ့ ဓာတ်ပုံ ပညာရှင် တစ်ဦးမှကျေးဇူးပြုသည်။
မူရင်း နေရာ http://www.flickr.com/photos/longsidepies/2299715949/

5/21/09

ဈေးကွက်ဝင် သမိုင်း

မြန်မာ့လက်မှု အနုပညာ လက်ရာ ပစ္စည်းနှင့် သမိုင်းသုတေသနဆိုင်ရာ ရှေးဟောင်း ပစ္စည်းတွေ အကြောင်းကို မြန်မာလိုရေးရတဲ့ အကြောင်းကတော့ မြန်မာတွေ တန်ဖိုးထားနားလည်စေချင်လို့ပါ။

ဘိုလို ရေးပြီးစာအုပ်ထုတ်ရင် မြန်မြန်နာမည်ကြီးနိုင်ပါတယ်။ လူသိပိုများနိုင်တယ်။
ဒါပေမယ့် ကျွန်တော့ ရည်ရွယ်ချက်ကမြန်မာတွေ အတွက်ပိုရည်ရွယ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာတွေဟာ သမိုင်းသုတေသနဆိုင်ရာ ရှေးဟောင်း ပစ္စည်းတွေကို တန်ဖိုးထားရမှန်း မသိတာကများတယ်။

နောက်ပြီး ဒီလို သမိုင်းသုတေသနဆိုင်ရာ ရှေးဟောင်း ပစ္စည်းတွေရဲ့ တန်ဖိုးကို သေသေချာချာသိတဲ့ နိုင်ငံခြားသားအရေအတွက်ဟာ မြန်မာအရေတွက်ထက် ပိုများမလားဘဲ။

ခုခေတ် မြန်မာလူငယ် တော်တော်များများဟာ သမိုင်း ကိုစိတ်ဝင်စားတာ နည်းပါတယ်။
သမိုင်း ဟာ ပျင်းရိငြီးငွေ့ဖွယ်ရာ ဘာသာရပ်အဖြစ် ယူဆထားကြပါတယ်။

ခုခေတ် ကလေးငယ်တွေဟာ ကျန်စစ်သား ( ထီးလှိုင်မင်း ) အကြောင်းကို မသိပေမယ့် ကျန်ကျောင်း ကိုတော့သိတယ်လို့ ဘလော့တစ်ခုမှာ ဖတ်ဖူးပါတယ်။ ဘာကြောင့်ပါလဲ။

ကလေးမှာ အပြစ်မရှိပါ။ အဲဒိကလေးရဲ့ ပတ်ဝန်းကျင် က မိဘ၊ ညီအစ်ကို မောင်နှမတွေကရော ကျန်စစ်သားကို သိသလားဆိုရင် သိတော့သိတယ်။ ပုဂံ မင်းတစ်ပါးပေါ့။

ဒါပေမယ့် အသေခြာရှင်းပြပါဆိုရင် ပုံပြင်လိုလို ဘာလိုလို တွေ့ကရာ လျှောက်ပြောမယ်။
ဒါဟာ မြန်မာ မိသားစု၊ မြန်မာအသိုင်းဝိုင်းက သိထားတဲ့ မြန်မာ့သမိုင်းပါ။

ဒါဖြင့် စာရေးဆရာ တွေကရော။
သမိုင်း ဆိုတဲ့ စကားလုံးကို သုံးပြီး ပုံပြင်ဆန်ဆန်၊ စိတ်ကူးယဉ်ဆန်ဆန် ရေးမယ်။
ပုံကောင်းကောင်း စာရွက်ကောင်းကောင်းသုံးမယ်။
စာအုပ်ထဲမှာ ရေးထားတာကိုဖတ်ကြည့်ပါတယ်။ ပုဂံ ၈-၉ ရာစု လောက်က တကယ်ရှိမရှိ မသေချာတဲ့ မင်းတစ်ပါး ဟာ ၁၃ ရာစုမှာမှ ဆောက်လုပ်ပြီးစီးတဲ့ မြို့တံခါးဝမှာ နောင်တော်ဖြစ်သူ ဘုရင်ကို ယှဉ်ပြိုင်ထိုးသတ်ဖို့ စိန်ခေါ်တယ်။ နိုင်တယ်။ အုပ်ချုပ်မင်းလုပ်တယ်။ တိုင်းပြည်သာယာတယ်။

ဒါမျိုးရေးထားရင် စာဖတ်သူတွေက သိပ်သဘောကျပါတယ်။ သမိုင်းစာအုပ် ဆိုပြီး ခုတုံးလုပ်တယ်။ သမိုင်းတန်ဖိုးကျတော့ မရှိပါ။

ဒီလိုစာအုပ်မျိုးကို မြန်မာနိုင်ငံကျော် စာရေးဆရာမကြီး တစ်ဦးကလည်းရေးပါတယ်။
အဲဒီစာအုပ်ဟာလည်းသိပ်ရောင်းကောင်းပါတယ်။

မှတ်ချက်တစ်ခုပေးမိပါတယ်။
ဪ မြန်မာတွေဟာ သမိုင်းစစ်စစ် ဆိုတာထက် စိတ်ကူးယဉ်ဆန်ဆန်
ပုံပြင်ဆန်ဆန် တွေကိုသိပ်သဘောကျ နှစ်ခြိုက်ပါလားလို့။
သမိုင်းကို ပုံပြင်လုပ်မယ်။ ပုံပြင်ကို သမိုင်းလုပ်မယ်။

အနိရုဒ္ဓ ဒေဝီနာဂရီစာ







အမျိုးအစား - အုတ်ခွက်ဘုရား ( မြေပုံဘုရား )
အချိန်ကာလ - ၁၁-၁၂ ရာစုနှစ်
တွေ့ရှိရာနေရာ - ပုဂံ ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ရွံ့စေး မြေသားကို ပုံစံခွက် သုံးပြီး လိုရာ ပုံစံ အရွယ်အစားရောက်အောင် ပုံဖော် ။
အရွယ်အစား - အမြင့် ၇.၃၇၅ လက်မ ၊ အမြင့် ၅.၃၇၅ လက်မ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.305-1921

အိန္ဒိယနိုင်ငံအရှေ့ပိုင်း မြတ်စွာဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာ မဟာဘောဓိ ကျောင်းတော်ရှိပါတယ်။ အခုမြင်နေရတဲ့ မြေပုံဘုရားမှာ ထိုင်တော်မူ ဘုရားရဲ့ အပေါ်မှာ အုပ်မိုးနေတဲ့ အရာဟာ ဗုဒ္ဓဂါယာ၊ မဟာဘောဓိ ကျောင်းတော် ကိုရည်ရွယ်ပါတယ်။ ဒီ မြေပုံဘုရားကို တကောင်းမှာတွေ့တယ်လို့ ဆိုပါတယ်။ တကောင်း၊ ပုဂံ အပါဝင် မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းတွေမှာပါ တွေ့ရတတ်ပါသေးတယ်။

ကြာပလ္လင်ပေါ်မှာ စံနေတော်မှုလျှက် ဘယ်ဘက်လက် အနေထား လက်မြေထိတဲ့ အောင်တော်မူပုံ၊ အတွေ့ရများတဲ့ ဘူမိပါသ မုဒြာ (bhumisparsa mudra) ဖြစ်ပါတယ်။ ဘေးတစ်ဘက် တစ်ချက်စီမှာ ရပ်တော်မူဘုရား နှစ်ဆူရံထားပါတယ်။ ညာဘက်က ရပ်တော်မူ ဘုရားဟာ ဒီပင်ကရာ ( Dipankara ) ကိုရည်စူးပါတယ်။ ဘယ်ဘက်က ဘုရာက အရိမ္မတိရ (Maitreya ) ကိုရည်စူးပါတယ်။ အလယ်တည့်တည့် မှာရှိတဲ့ မုခ်ဦးဘေးတစ်ဘက်တစ်ချက် ကထွက်နေတဲ့ သစ်ကိုင်းဟာ မြတ်ဗုဒ္ဓ သဗ္ဗေညုတညဏ် ရရှိရာ မဟာဗောဓိပင် ကို ရည်စူးပါတယ်။

မြေပုံဘုရား အထက်နားဆီမှာ မြင်နေရတဲ့ စေတီ ပုံစံငယ်တွေဟာ မြတ်စွာ
ဘုရား ဓာတ်တော်ထည့်ရာ ဓာတ်တော်ကျုတ်ကို ရည်စူးပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်မြတ်ထားရာ အမှတ်လက္ခဏာ စေတီပုံဖြစ်ပါတယ်။

အောက်ခြေဘက် မှာ တစ် ကြောင်းတည်းရေးထားတဲ့ စာဟာ ဒေဝနာဂရီ စာဖြစ်ပါတယ်။
အရှေ့တောင်အာရှ အစောဆုံး ဗုဒ္ဓဘာသာဆိုင်ရာ နေရာအဖြစ် ရှေးဟောင်းသုတေသန မှတ်တမ်းဝင် ကိုယ်စားပြုပါတယ်။
=========================================================

ဒီမြေပုံ ဘုရားရဲ့ အောက်မှာ ဒေဝီနာဂရီ စာနှင့်ရေးထားတဲ့ တစ်ကြောင်းစာပါတယ်လို့ ဆိုတယ်။ သေသေခြာခြာကြည့်ပေမယ့် မမြင်ရဘူး။
ဒီတော့ မြေပုံဘုရားရဲ့ နောက်၊ အောက်ခြေမှာ ရေးထားတယ်လို့ထင်ပါတယ်။
ဒေဝီနာဂရီ စာလို့ ဆိုထားတော့ အနိရုဒ္ဓ ( အများအခေါ် အနော်ရထာ ) ခေတ်လို့ ယူဆပါတယ်။ ၁၁ ရာစုဖြစ်ဖို့များပါမယ်။
အနိရုဒ္ဓ ဒေဝီနာဂရီစာ ဓာတ်ပုံမူရင်းကို လေ့လာချင်လို့ ဗြိတိလျှ ပြတိုက်ကို ကျွန်တော် လှမ်းမေးတာ ၃ ကြိမ်ရှိပါပြီ။ မရသေးပါ။

ပြတိုက်ကမပေးသေးပေမယ့် ရှိပြီသား အနိရုဒ္ဓ မြေပုံဘုရားပါ ဒေဝီနာဂရီစာ လေ့လာလိုသူများ အောက်
ပုံမှာကြည့်ပါ။

ဧသော လောကနထော မဟာရာ
ဇသိရီ အနိရုဒ္ဓဒေဝေနကတော
မိမုတ္တ မုတံ္တ သဟတ္တေနေဇာတိ

(မြန်မာလိုပြန်ကတော့)
ဤလောကနာထ(ဘုရားလောင်း) ပုံတော်ကို
သိရီ အနိရုဒ္ဓဒေဝ မင်းကြီးလည်း
သံသရာမှ ထွက်မြောက်ရန် ကိုယ်တိုင်လုပ်သည်။


၁၈ ရာစုနှစ် ငွေပြား ( ငွေသား )


အမျိုးအစား - ငွေပြား ( ငွေသား )
အချိန်ကာလ - ၁၈ ရာစုနှစ်
တွေ့ရှိရာနေရာ - မြန်မာ
ပြုလုပ်ပုံနည်းပညာ - ငွေသားကို လိုရာ ပုံစံ အရွယ်အစားရောက်အောင် ပုံဖော် ပြီး အအေးခံ ။





အရွယ်အစား - အဝိုင်းအကျယ်( ဒိုင်ယာမီတာ ) ၅၇ မီလီမီတာ

အလေးချိန်- ၁၀၁ ဒသမ ၅၀၀ ဂရမ်
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
ပြတိုက်အမှတ်- CM 1892-10-8-11 / အခန်း ၃၃:အာရှ


၁၈ ရာစုနှစ် အတောတွင်း မြန်မာတွေရဲ့ ငွေကြေး သုံးစွဲလှဲလှယ်မှုကို လေ့လာကြည့်မယ်ဆိုရင် တန်ဖိုးပေးချေမှုဟာ အသုံးပြုတဲ့ ငွေသားရဲ့အလေးချိန်ပေါ်မှာသာ အခြေခံပါတယ်။

ဒီလိုရောင်းဝယ် ရာမှာ အသုံးပြုတဲ့ ငွေပြား ( ငွေသား ) တွေကို ထုတ်လုပ်သူတွေဟာ ရှင်ဘုရင့် ဆီက တရားဝင် ထုတ်လုပ်ခွင့်ရရှိထားသူတွေပါ။
အများဆုံး တွေ့ရတတ်တဲ့
ငွေပြား ( ငွေသား )ပုံစံဟာ၊
အပေါ်မျက်နှာပြင်မှာ ပန်းပွင့် ပုံပါ ငွေပြား ဝိုင်းမျိုးဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်ကို ရှင်းပြပါမယ် ။
အရည်ကျိုထားတဲ့ ငွေသားသတ္တူ ကို ပုံစံခွက်ထဲ လောင်းထည့်ပါမယ်။
ပြီးနောက် အအေးခံပါမယ်။
သန့်စင်တဲ့ ငွေသားစစ်စစ် မျိုးမှသာဒီလို ပန်းပွင့် ပုံပါတဲ့ ငွေပြားဝိုင်း အဖြစ်ရရှိပါတယ်။

ပေးချေရမယ့် ငွေတန်ဖိုးအမျိုးမျိုးကို လိုက်ပြီး ငွေပြား အလေးချိန် ဟာလည်းဘဲ မတူပါ။ အလေးချိန်ပေါ်မူတည်ပြီး တန်ဖိုး အမျိုးအစားကွဲပါတယ်။
အကယ်၍ ငွေပြားအရွယ်စား သိပ်ကြီးနေမယ်ဆိုရင်တော့ ဖြတ်တောက်ပြီး သုံးပါတယ်။ သိပ်သေးလွန်းနေရင်လည်း လိုနေတဲ့ တန်ဖိုးအတွက် အခြားငွေပြားကဖြတ်တောက်ပြီးပေးလိုက်တာပါဘဲ။
ဒီတော့ ၁၈ ရာစု မှာသုံးစွဲတဲ့ ငွေပြား ( ငွေသား )ဟာ တန်ဖိုးနှင့် အလေးချိန် တသမတ်တည်းမရှိပါ။


REF: ဂျေ ဝီလီယံ( အီးဒီ ) ငွေကြေး-သမိုင်း ( လန်ဒန်၊ ဗြိတိလျှ ပြတိုက်ထုတ်၊ ၁၉၉၇ )
REF : J. Williams (ed.), Money: a history (London, The British Museum Press, 1997)

သမိုင်းစကား၊ ပန်းစကား




မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလ ( ၁၈၆၅ နိုဝင်ဘာ ) ဒင်္ဂါးစက်ပြီး။

မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလ ပြည့်ကျော် ၉ ရက်
( ၁၈၆၅ နိုဝင်ဘာ ၁၁ ရက်နေ့ ) ဒေါင်းဒင်္ဂါး စသွင်းလုပ်။

( ဒေါက်တာသန်းထွန်း၊ နယ်လှည့်ရာဇဝင် ဒုတိယ အတွဲ ၊ မန္တလေး ရက်စဉ်သမိုင်း ၊ စာမျက်နှာ ၂၁၂ )


သမိုင်းဆရာ တော်တော်များများက
ဒီလို ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) တွေကို မင်းတုန်းမင်းလက်ထက် မှာဘဲသွင်းလုပ်တယ် လို့ဆိုပါတယ်။

ဘိုးတော်မင်း လက်ထက် ကစပြီး ပုဂံမင်း အထိ ဒင်္ဂါး သွင်းလုပ် အသုံးပြုခဲ့ပါသေးတယ်။
အမှတ်တံဆိပ်ပါ မပါကို ဘယ်သမိုင်းဆရာက မှ ထုတ်ဖော် ထောက်ပြတာ မတွေ့ရပါ။

ဒီ ဒင်္ဂါးကို ကြည့်ပါ ၁၂၁၄ ခုနှစ်ရက် စွဲပါ ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) လို့တွေ့ရပါမယ်။

သမိုင်းဆရာ တော်တော်များများကပြောပြောနေတတ်တဲ့ ဒီလို ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) တွေကို မင်းတုန်းမင်းလက်ထက်မှာဘဲ သွင်းလုပ်တယ် ဆိုတဲ့ အရေးသားတွေ သတိထားသင့်ပါပြီ။


ကုန်းဘောင်ခေတ်သုံး မြန်မာ ဒင်္ဂါး တွေကို ထိုင်းနိုင်းငံ ဘန်ကောက်ပြတိုက်မှာ ပြထားပါတယ်။ ကိုယ်တိုင်မရောက်ဖူးသေးလို့ မမြင်ဖူးသေးပါ။
========================================================================== သမိုင်းစကား၊ ပန်းစကား ခေါင်းစဉ်ဟာ ဆရာကြီး မြသန်းတင့် ရဲ့ ဆောင်းပါးခေါင်းစဉ်ပါ။
ကြိုက်လွန်းလို့ ယူသုံးပါတယ်။
ဆရာကြီး မြသန်းတင့် ရဲ့ သမိုင်းစကား၊ ပန်းစကား ဟာ ဖတ်လို့သိပ်ကောင်းသလို သမိုင်းအပေါ် တစ်ဘက်သတ်အမြင်တွေ ဖယ်ရှားဖို့ရာ ရှူထောင့်မျိုးစုံက ထောက်ပြဝေဖန်ပေးထားတယ်။
" တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ " မှာ စုဖုရာလတ်ဟာ ထင်သလောက်မဆိုးပါ။
ဆယ်ကျော်သက် အရွယ် မိန်းကလေးတစ်ယောက်မှာ ဖြစ်လေ့ ဖြစ်ထရှိတတ်တဲ့ စိတ်သဘောထားလို့သာ ထောက်ပြပါတယ်။
သူ့ကြောင့် မြန်မာဘုရင့်ထီးနန်း ပျက်သယောင် ရေးတတ်တဲ့ ပြည်တွင်း၊ ပြည်ပ သမိုင်းဆရာတွေ ရဲ့အမြင်၊ စာဖတ်သူတွေရဲ့အမြင် တွေကို စဉ်းစားမှုပေးစေနိုင်ခဲ့ပါတယ်။
ဘယ်သူ့ကြောင့်မှ မဟုတ်ပါ ကိုလိုနီ စနစ်ကြောင့်သာ အင်္ဂလိပ် လက်အောက်ရောက် ရတာပါ။


ဆရာကြီး မြသန်းတင့် ရဲ့ " သမိုင်းစကား၊ ပန်းစကား" ဟာဖတ်လို့ သိပ်ကောင်းပေမယ့်၊ ကျွန်တော့် သမိုင်းစကား၊ ပန်းစကား ဟာ ဖတ်မကောင်းနိုင်ပါ။

- ဒင်္ဂါးစက်ရုံ ဓာတ်ပုံကို မြန်မာတိုင်း(မ်) အတွဲ ၂၁ ၊ အမှတ် ၄၁၄ ( ၁၅-၁၂၊ ၅၊ ၂၀၀၉ ) မှကူယူဖော်ပြသည်။
- ဒေါင်းဒင်္ဂါး ပုံကို ရှေးပစ္စည်း စုဆောင်းသူတစ်ဦးမှ ကျေးဇူးပြုသည်။

5/17/09

မန္တလေး အနှစ် ၁၅၀

ရွှေမန်းဆီသို့ တစ်ခါ တစ်ခေါက်ဖြင့် ရောက်စေချင်သည် ............


ဒီသီချင်းကို ကျွန်တော့ အမေ အိမ်မှာနေရင်း အမြဲလို ဆိုညည်းတတ်နေတတ်လေ့ရှိလို့ မန္ထလေးကို ကျွန်တော်ငယ်ငယ် ကတည်းက ပုံဖော်ကြည့်ဖူးပါတယ်။

တကယ်တော့ကျွန်တော့အမေ ဟာ သူဆိုဆိုနေတတ်တဲ့ အဲဒိသီချင်းထဲက မန္ထလေးကို နောင် နှစ်အတော်ကြာမှ ရောက်ဖူးခဲ့တာပါ။ အမေပြန်ပြောပြတဲ့ မန္ထလေး ဟာ သီချင်းထဲက မန္ထလေးနှင့် တူနေခဲ့ပါတယ်။

နောင် နှစ်အတော်ကြာမှ ကျွန်တော်လဲ မန္ထလေး ကို ရောက်ဖူးခဲ့တာပါ။
အဲဒီအချိန်မှာတော့ အမေ့သီချင်း ၊ အမေအားပါးတရ ပြောပြခဲ့တဲ့ မန္ထလေး နှင့် မတူတော့ပါ။

မန္ထလေး ရောက်တိုင်း ဂေါဝိန်ဆိပ်၊ တောင်သမန်အင်း နှင့် မင်းကွန်းဘက်ကို အရောက်သွားလေ့ရှိပါတယ်။ မေရော ကျွန်တော်ပါ မန္ထလေးဇာတိ မဟုတ်ပါဘဲ မန္ထလေးကို ချစ်တဲ့သူတွေဖြစ်နေခဲ့တာပါ။

ဒီလိုနှင့် မန္ထလေး နှစ် ၁၅၀ ပြည့်ရောက်လာ တဲ့ မန္ထလေး အကြောင်း စာရေးဆရာတွေ ရေးတာကို ပြန် ဖော်ပြချင်ပါတယ်။


မန္ထလေး သမိုင်းကို ရသဆန်ဆန်ဖတ်ချင်တယ်ဆိုရင်ဖြင့် ဆရာ မြသန်းတင့်ရေး

" တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ " ဆောင်းပါပေါင်းချူပ်ကို ဖတ်စေချင်ပါတယ်။

သမိုင်းဆန်ဆန် ၊ စာတမ်းဆန်ဆန် ဖတ်ချင်ရင်တော့ ဆရာ ဒေါက်တာသန်းထွန်းရေး

" နယ်လှည့်ရာဇဝင်" ပေါင်းချူပ်ကို သာဖတ်ပေတော့။

ဆရာမြသန်းတင့်ရဲ့ " တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ " စာအုပ်အဖွင့်မှာ ရေးထားတာက

" မန္ထလေး ဟာ ဂရိ ဒဏ္ဍာရီထဲမှာပါတဲ့ ဖီးနစ် ငှက်နဲ့တူတယ်။ ဖီးနစ်ငှက်ဟာ ပြာပုံထဲက ပြန်လည်လန်းဆန်းနုပျိုလာသလို မန္ထလေးဟာလည်း ပြာပုံထဲက ရုန်းထပြီး နုပျိုလန်းဆန်းလာတာချည်းပဲ "

ကျွန်တော်သည် မန္တလေးတွင် မွေး၍ မန္တလေးတွင် ကြီးပြင်းလာသူတစ်ယောက် မဟုတ်သည့်တိုင်
မန္တလေးကို သဘောကျပါသည်။
အရှေ့ဘက်တွင် မှိုင်းပြာနေသော ရှမ်းရိုးမ တောင်တန်ကြီး ၊
အနောက်ဘက်တွင် ဝိုက်ခွေစီးဆင်းနေသည့် ဧရာဝတီမြစ်ကြီးနှင့် တကွ
စေတီပုထိုး တို့ ဖွေးဖွေးဖြူလျက်ရှိသော စစ်ကိုင်းတောင်ရိုး၊ မြောက်ဘက်တွင် မန္တလေးတောင် နှင့် ရန်ကင်းတောင် စသည် ဆွတ်ပျံ့ဖွယ် ပတ်ဝန်းကျင် ကြောင့်လည်းဖြစ်ကောင်းဖြစ်ပါလိမ့်မည်။

မြို့ရိုး ၊ ကျုံးမြောင်း ၊ ပြသာဒ် စသည့် အတိတ်က ခမ်းနားမှုကို လွမ်းဆွတ်နေသောကြောင့် ဖြစ်ချင်ဖြစ်ပါလိမ့်မည်။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တို့ ဆက်လက်ရှင်သန်ဆဲ ရှိရာ မြန်မာ့ဇာတိသဘောကြောင့် ဖြစ်ချင်လည်းဖြစ်ပါလိမ့်မည်။

မန္တလေး၏ ကိုယ်ပိုင်မူဖြစ်သော ဖော်ရွေပျူငှါမှုကြောင့် လည်းဖြစ်ချင် ဖြစ်ပါလိမ့်မယ်။
ဒီလို ဆရာ မြသန်းတင့် ရေးထားတာ ကျွန်တော့ စိတ်သဘောထားနှင့် တစ်ထပ်တည်းကျပါတယ်။
===

မြန်မာတေးသီချင်း ကဗျာလောကမှာ မန္တလေးမြို့ဘွဲ့ သီချင်းကိုတော့ဖြင့် ဘယ်မြို့ဘွဲ့သီချင်းကမှလိုက်မမှီနိုင်လောက်အောင် များပါတယ်။
နန်းတော်ရှေ့ဆရာတင် ရေးဖွဲ့ခဲ့သလို ၊ IC အငဲ ကလည်း ရေးခဲ့ပါတယ်။

မြို့မငြိမ်း ကရေးဖွဲ့သလို စိုင်းဆိုင်မောလ် လည်းရေးခဲ့တယ်။
တခြား တေးရေး၊ တေးဆိုတွေ လည်းအများကြီး ရှိပါသေးတယ်။
ဒါဟာ မြန်မာတေးသီချင်း ကဗျာလောကမှာ မန္တလေးမြို့ရဲ့ လွှမ်းမှိုးမှုပါဘဲ။

ဒါဖြင့် နိုင်ငံ ခြားသားတွေဟာရော......
မြန်မာပြည်ကို လာပြီးကာမှ မန္တလေးမြို့ ကို မရောက်ဘူးဆိုရင် လာရကျိုးမနပ်ဘူးလို့ ပြောစမှတ်ရှိလေရဲ့။


တင်နီဆင် ဂျက်ဆီ ရဲ့ သိပ်နာမည်ကြီးခဲ့တဲ့ ဝတ္ထူ " ယွန်း ခင်ခင် "
ရုဒ်ယာ့ဒ်ကစ်ပလင်းက " မန္တလေးသို့ သွားရာလမ်း "
ဂျွန်မာစတားက " မန္တလေးကိုဖြတ်သွား ရာလမ်း "
အမည်မသိ အင်္ဂလိပ် သီချင်းရေးဆရာ " မန္တလေးမြို့၏ နှင်းဆီဝါ "
ဒါကြောင့် မန္တလေးမြို့ဟာ သမိုင်း ၊ စာ ၊ ကဗျာ ၊ ဝတ္ထူ ၊ ဂီတ တွေရဲ့ မြစ်ဖျားခံရာဆိုရင် မလွန်ဘူးထင်ပါရဲ့ဗျာ။


တင်နီဆင် ဂျက်ဆီ ရဲ့ " ယွန်း ခင်ခင် " ဟာ သူ့သူငယ်ချင်း ကို မန္တလေးတောင် ခေါ်သွားပြီး မန္တလေးမြို့ရဲ့ အလှကို ပြရင်း ဒီလို ပြောခဲ့ပါတယ်.......

" ကြည့်စမ်းပါဦး ဖဲင်နီရယ် ၊ ဘယ်လောက်လှသလဲ။ မိစ္ဆာနတ်ဆိုးက အဘဘုရားသခင် ကို တောင်ထိပ်ခေါ်သွား လောကတစ်ခွင်မှာရှိတဲ့ ဘုံဗိမာန်တွေကို ပြတယ်ဆိုတာ ဒီလိုနေမှာ ပဲနော် "

5/14/09

ဓာတ်တော်ကျုတ်



အမျိုးအစား - စေတီငယ် ပုံစံတူ ဓာတ်တော်ကျုတ်
အချိန်ကာလ - ၁၅ ရာစုနှစ်
တွေ့ရှိရာနေရာ - မြန်မာ
ပြုလုပ်ပုံနည်းပညာ - ရွှေသားကို လိုရာ ပုံစံ အရွယ်အစားရောက်အောင် ပုံဖော်၊ ရွှေဂဟေ ဆက်ပြီး မှ လိုရာ အလှဆင် ။
အရွယ်အစား - အမြင့် ၃၄.၃ စင်တီမီတာ ၊ အဝိုင်းအကျယ်( ဒိုင်ယာမီတာ ) ၃၀ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - 02755 to C/(IS)


ရှင်စောပုဆောင်း ဗောင်းထုတ် နှင့်အတူ အတူတူ ဋ္ဌာပနာတိုက် သွင်းလှုခဲ့တဲ့ မွန်လက်ရာ စေတီငယ်ပုံစံတူ ဓာတ်တော် ကြုတ် ပါ။ ဒီလို စေတီပုံစံတူဟာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုရာ ဒေသ အိန္ဒိယ ရှိစေတီပုံစံကို တုယူတယ်လို့ ပြတိုက်ကဆိုထားတယ်။ ဘုန်းတန်ခိုးကြီးဆရာတော် တစ်ပါးရဲ့ ဓာတ်တော်ကျ ကိုလှုဒါန်းတာဖြစ်နိုင်ပါတယ်။ ပြတိုက်ကပြောတာ ဒါအကုန်ဘဲ။
===================================================================

အင်္ဂလိပ် တွေဟာ ရန်ကုန်အပါဝင် အောက် မြန်မာပြည်ကိုသိမ်းပြီးနောက် သိုက်သမား အင်္ဂလိပ် စစ်ဗိုလ်တစ်ယောက်ဟာ ရွှေတိဂုံဘုရားအောက်ခြေနားတဝိုက်က ဋ္ဌာပနာတိုက်ကိုတူးပါတယ်။ မြန်မာတွေရဲ့ ရိုးရာဓလေ့အတိုင်း ဘုရားကို လှုခဲ့တဲ့ အဖိုးတန်ရတနာတွေ အများကြီးရမယ်အထင်နှင့် တူးခဲ့ပေမယ့် ထင်သလို ရမသွားခဲ့ပါ။
အဲဒိ အင်္ဂလိပ် စစ်ဗိုလ် ရသွားတဲ့ ရတနာ တချို့ထဲက ၂ ခုပါ။ တခြားပစ္စည်းတွေရှိနိုင် ပါသေးတယ်။

ပြတိုက်က ဘာဖြစ်လို့ မွန်လက်ရာလို့ အသေအခြာ ပြောသလဲဆိုတော့ ဓာတ်တော် ကြုတ်ပေါ်က ဖောင်းကြွ အနုစိတ်လက်ရာ ကြောင့်ပါ။

ရှေးဦးမွန်လက်ရာ ကြာပလ္လင်မှာတွေမှာ တွေ့မြဲဖြစ်တဲ့ ကြာဖတ် သဏ္ဌာန် ကို အများအားဖြင့် ၁၅ ရာစုမွန်လက်ရာ စေတီတွေမှာတွေ့ရပါမယ်။

မွန်လက်ရာ
စေတီတွေရဲ့ ကိုယ်ထည် မှာ တွေ့မြဲဖြစ်တဲ့ ဘီလူးခေါင်း၊ ဘီလူးခေါင်းလက်နှစ်ဘက်၊ ဒါမှမဟုတ် ခေါင်းကြီး ကိုယ်သေး ဘီလူး ကိုတွေ့ရပါမယ်။ ( ဒီ ဓာတ်တော် ကြုတ်မှာ ဘီလူးခေါင်း )

မွန်တွေ အစပြုခဲ့တယ်လို့ ရှေးဟောင်းသုတေသနသမား အတော်များများကို လက်ခံထားတဲ့
" ဦးခေါင်းတစ်လုံး ကိုယ်နှစ်ခု" ခြင်္သေ့ (အများအခေါ် မနုသီဟ ) ကိုတွေ့မယ်။


အခုပြောခဲ့တာတွေဟာ ကျွန်တော်တကယ် မြင်ခဲ့တာတွေရဲ့ ၂၀ ရာခိုင် နှုန်းဘဲရှိပါတယ်။ ၈၀ ရာခိုင် နှုန်း ကျန်နေပါသေးတယ်။

5/11/09

ပုဂံခေတ် နိုင်ငံရေးအတွေးခေါ်

ပုဂံခေတ် နိုင်ငံရေးအတွေးခေါ်

ထီးလိုင်မင်း ( အများအခေါ် ကျန်စစ်သား ) ရေးထိုးခဲ့တဲ့ ရွှေစည်းခုံကျောက်စာ မှာ ရေးထားတဲ့
၁၁ ရာစုမြန်မာတွေရဲ့  နိုင်ငံရေးအတွေးခေါ်ကို ကူးချလိုက်ပါတယ်။


မင်းသည်ကောင်းသောအကျင့်ကိုရှိ ခြင်း ( ၁၈ ကြောင်းမြောက် စာကြောင်း )

မကောင်းသောစရိုက်တို့ကို သုတ်သင်ပစ်ခြင်း ( ၁၉ ကြောင်းမြောက် စာကြောင်း )

ပြည်တွင်း ပြည်ပရန်ကို ကာကွယ်ပေးခြင်း ( ၁၉ ကြောင်းမြောက် စာကြောင်း )

နိုင်ငံတကာနှင့် ဆက်ဆံရေး ပြေပြစ်ခြင်း ( ၂၀ ကြောင်းမြောက် စာကြောင်း )

အစားအစာ အဝတ်တန်ဆာတို့ကို စွန့်ခြင်း ( ၂၁ ကြောင်းမြောက် စာကြောင်း )

စိုက်ပျိုးရေး ဖြစ်ထွန်းအောင်မြင်ခြင်း ( ၂၃ ကြောင်းမြောက် စာကြောင်း )

ဗုဒ္ဓသာသနာကို စည်ပင်ထွန်းကားစေခြင်း ( ၂၄ ကြောင်းမြောက် စာကြောင်း )

နိုင်ငံတွင်း၌ ခိုးသား ဒမြ မရှိ ၊ ငြိမ်းချမ်းသာယာ လျက် နိုင်ငံတော်ကျယ်ဝန်းသည် ( ၂၅ ကြောင်းမြောက် စာကြောင်း )

ပျက်စီးလေပြီးသော မြို့ရွာတို့ကိုလည်း ရှေးယခင်ကထက် ကောင်းမွန် သာယာစည်ပင်အောင် ပြုစုပေး ( ၂၇ ကြောင်းမြောက် စာကြောင်း )

တင့်တယ်သော ကျက်သရေရှိသော အရိမဒ္ဒနပြည်၌ တုန်လှုပ်ခြောက်ချားခြင်း ကြောက်ရွံ့ခြင်းမှကင်းသော အုပ်စိုးနည်း ကို အရှင် ဂြီတြိဘုဝနာဒိတျဓမ္မရာဇာမင်း (ထီးလှိုင်မင်း) သည်သွင်သင်ဆုံးမ ပြသလတံ္တ ။( ၂၉ ကြောင်းမြောက် စာကြောင်း )
ဆိုလိုတာက အုပ်ချူပ်တဲ့အစိုးရကို ကြောက်ရွံ့ နေရတာမျိုးလုံးဝမရှိဘူး ဆိုတာကို ထင်ထင်ရှားရှားပြခဲ့တာပါ။


ရည်ညွန်း။ ။ ဒေါက်တာသန်းထွန်း " မြန်မာ့သမိုင်းလစ်ကွက်များ "

===========================================


ဒီရှေးစာကိုဖတ်ဖို့ရာကြိုးစားနေပါတယ်။ ပုဂံထက်စော တဲ့စာလို့ ယူဆထားပါတယ်။ သိရင်ကူညီပေးပါ။

5/9/09

(ဗောင်းထုတ် )မိန်းမ ဆောင်းဦးထုတ်


အမျိုးအစား -(ဗောင်းထုတ် )မိန်းမ ဆောင်းဦးထုတ်/ မင်းခန်းမင်းနား ပွဲတက် ဦးစောင်း
အချိန်ကာလ - ၁၅ ရာစုနှစ်
တွေ့ရှိရာနေရာ - မြန်မာ
ပြုလုပ်ပုံနည်းပညာ - ရွှေသားကို လိုရာ ပုံစံ အရွယ်အစားရောက်အောင် ပုံဖော်၊ ရွှေဂဟေ ဆက်ပြီး မှ လိုရာ အလှဆင် ။
အရွယ်အစား - အမြင့် ၁၉.၇ စင်တီမီတာ ၊ အဝိုင်းအကျယ်( ဒိုင်ယာမီတာ ) ၂၁.၅ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - 02758(IS)

ဒီပစ္စည်းကို ရွှေတိဂုံ ဘုရား အောက်ခြေရှိ စွယ်တော်တိုက်ထဲက မှ ၁၈ ခုနှစ်မှာ တူးဖော်ရရှိတာပါ။ ပဲခူး မင်းနေပြည်တော်ကို အုပ်ချုပ်ခဲ့တဲ့ မွန်ဘုရင်မ ရှင်စောပု (၁၄၅၃-၁၄၆၀ ) မင်းခန်းမင်းနာမှာ ဝတ်ဆင် ခဲ့တဲ့ ဦးစောင်း ရယ်လို့ ယုံကြည်ထားပါတယ်။

ဒီဗောင်းထုတ်မှာဆင်ထားတဲ့ ကျောက်မျက်ရတနာ နှင့် ရွှေသားတွေရဲ့ သက်တမ်းကိုစစ်တွက်ရာ ၁၅-၁၆ ရာစု မွန်နိုင်ငံ ပဲခူး ရယ်လို့အဖြေထွက်ပါတယ်။ ၁၈၈၅ ခုနှစ်မှာ ရွှေတိဂုံဘုရားအောက်ခြေရှိ စွယ်တော်တိုက်ကို တူးယူစဉ် ရွှေသား စေတီပုံ အုပ်ဆောင်းတစ်ခုနှင့် အတူတွေ့ရတာပါ။ ပဲခူး မင်းနေပြည်တော်ကို အုပ်ချုပ်ခဲ့တဲ့ မွန်ဘုရင်မ ရှင်စောပု (၁၄၅၃-၁၄၆၀ ) မင်းခန်းမင်းနာမှာ ဝတ်ဆင် ခဲ့တဲ့ ဦးစောင်း ရယ်လို့ ယုံကြည်ထားပါတယ်။
ရှည်လျားလှတဲ့ ဆံပင်စု ကို မို့မောက်နေတဲ့ အပေါ်နားနေရာက အပေါက်ကနေ ဆွဲထုတ် လာပြီး၊ အောက်ခြေနားက ပင်အပ်တိုင် မှာ ချီနှောင် ထုံးဖွဲ့စေ ဖို့ ပုံစံ ထုတ်ထား ထားတဲ့ မိန်းမ ဆောင်းဦးထုတ်
( ဗောင်းထုတ် ) ပါ။
ဆနွှင်းမကင်းပုံ မှန်ကူကွက်တွေ ပေါ်မှာ အဖိုးတန်ကျောက်မျက်ရတနာတွေကိုအလှဆင်ထားပါတယ်။ ပုံမှန်ထက်ထူးခြားပြီး မြင်နေရတဲ့ ရှည်မျောမျော သဏ္ဌာန် စီမံပုံသွင်းထားတဲ့ အချောင်းငယ်ဟာ နှာတံကိုအကာအကွယ်ပေးဖို့ပါ။