5/21/09
၁၈ ရာစုနှစ် ငွေပြား ( ငွေသား )
အမျိုးအစား - ငွေပြား ( ငွေသား )
အချိန်ကာလ - ၁၈ ရာစုနှစ်
တွေ့ရှိရာနေရာ - မြန်မာ
ပြုလုပ်ပုံနည်းပညာ - ငွေသားကို လိုရာ ပုံစံ အရွယ်အစားရောက်အောင် ပုံဖော် ပြီး အအေးခံ ။
အရွယ်အစား - အဝိုင်းအကျယ်( ဒိုင်ယာမီတာ ) ၅၇ မီလီမီတာ
အလေးချိန်- ၁၀၁ ဒသမ ၅၀၀ ဂရမ်
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
ပြတိုက်အမှတ်- CM 1892-10-8-11 / အခန်း ၃၃:အာရှ
၁၈ ရာစုနှစ် အတောတွင်း မြန်မာတွေရဲ့ ငွေကြေး သုံးစွဲလှဲလှယ်မှုကို လေ့လာကြည့်မယ်ဆိုရင် တန်ဖိုးပေးချေမှုဟာ အသုံးပြုတဲ့ ငွေသားရဲ့အလေးချိန်ပေါ်မှာသာ အခြေခံပါတယ်။
ဒီလိုရောင်းဝယ် ရာမှာ အသုံးပြုတဲ့ ငွေပြား ( ငွေသား ) တွေကို ထုတ်လုပ်သူတွေဟာ ရှင်ဘုရင့် ဆီက တရားဝင် ထုတ်လုပ်ခွင့်ရရှိထားသူတွေပါ။
အများဆုံး တွေ့ရတတ်တဲ့ ငွေပြား ( ငွေသား )ပုံစံဟာ၊
အပေါ်မျက်နှာပြင်မှာ ပန်းပွင့် ပုံပါ ငွေပြား ဝိုင်းမျိုးဖြစ်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်ကို ရှင်းပြပါမယ် ။
အရည်ကျိုထားတဲ့ ငွေသားသတ္တူ ကို ပုံစံခွက်ထဲ လောင်းထည့်ပါမယ်။
ပြီးနောက် အအေးခံပါမယ်။
သန့်စင်တဲ့ ငွေသားစစ်စစ် မျိုးမှသာဒီလို ပန်းပွင့် ပုံပါတဲ့ ငွေပြားဝိုင်း အဖြစ်ရရှိပါတယ်။
ပေးချေရမယ့် ငွေတန်ဖိုးအမျိုးမျိုးကို လိုက်ပြီး ငွေပြား အလေးချိန် ဟာလည်းဘဲ မတူပါ။ အလေးချိန်ပေါ်မူတည်ပြီး တန်ဖိုး အမျိုးအစားကွဲပါတယ်။
အကယ်၍ ငွေပြားအရွယ်စား သိပ်ကြီးနေမယ်ဆိုရင်တော့ ဖြတ်တောက်ပြီး သုံးပါတယ်။ သိပ်သေးလွန်းနေရင်လည်း လိုနေတဲ့ တန်ဖိုးအတွက် အခြားငွေပြားကဖြတ်တောက်ပြီးပေးလိုက်တာပါဘဲ။
ဒီတော့ ၁၈ ရာစု မှာသုံးစွဲတဲ့ ငွေပြား ( ငွေသား )ဟာ တန်ဖိုးနှင့် အလေးချိန် တသမတ်တည်းမရှိပါ။
REF: ဂျေ ဝီလီယံ( အီးဒီ ) ငွေကြေး-သမိုင်း ( လန်ဒန်၊ ဗြိတိလျှ ပြတိုက်ထုတ်၊ ၁၉၉၇ )
REF : J. Williams (ed.), Money: a history (London, The British Museum Press, 1997)
Subscribe to:
Post Comments (Atom)
ဒေါက်တာသန်းထွန်း
Sources for you
- Online Burma Library Org
- Friend of Burma Org
- Laura Boulton Collection: The Burmese Orchestra
- The Hill Tribes of Myanmar
- ထူးအိမ်သင်
- သက္ကတ-အင်္ဂလိပ် အဘိဓာန် (Media Fire 04.10.09))
- ဟားဗာဟ် အင်္ဂလိပ်- ပါဠိ သဒ္ဒါ
- ပြင်သစ်-ပါဠိ သဒ္ဒါစာ
- ပြင်သစ်-ပါဠိ အဘိဓာန်
- မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာအဖွဲ့
- ပုဂံ ပြတိုက်
- Antique Vs Art from Burma
- ဇော်ဂျီ ဖောင့်
- Victoria&Albert ပြတိုက်
- ဗြိတိန်ပြတိုက်၊လန်ဒန်
About Me
- ရှေးမြန်မာ
- သမိုင်းဆိုတာ သေချာဖို့လိုမယ်။ မသေချာတဲ့ သမိုင်းဟာ အပြုအပြင်ခံရနိုင်တယ်။ ကိုယ့်သမိုင်း ကိုယ်ပြင်တာကတော်သေးတယ်။ ကိုယ့်သမိုင်း သူများကပြင်ယူသွားရင် ကိုယ် ညံ့ လို့ ကိုယ် အ လို့ ခံလိုက်ရတာဖြစ်တယ်။
Categories
- ၁၉ ရာစု အစောပိုင်း (5)
- ၁၉ ရာစု၊ မန္တလေး။ (24)
- ၂၀ ရာစုလက်ရာ (1)
- On going Research (5)
- Study (13)
- Tribal Art (2)
- စိတ်ကြိုက် စာအုပ် (9)
- တရုတ်နိုင်ငံ (1)
- ပါကစ္စတန် (1)
- ပုဂံ( ၉ - ၁၃ ) ရာစု (16)
- ပျူ-မွန် (16)
- ဘင်္ဂလားဒေစ် (4)
- ပြတိုက် လမ်းညွှန် (1)
- ရခိုင် (13)
- လူမျိုးစုဆိုင်ရာ အနုပညာ (1)
- သတင်း ( News ) (5)
- သမိုင်းစကား၊ ပန်းစကား (47)
- အင်းဝ၊ကုန်းဘောင် ၁၄-၁၈ ရာစု (17)
- ရှေးပစ္စည်း ကြည့်မယ် (20)
- ရှေးမြန်မာ (8)
- ရွှေနန်းသုံးဝေါဟာရ အဘိဓာန် (9)
- ဝေါဟာရ အဘိဓာန် (သမိုင်း သုတေသန) (1)
Archives
-
▼
2009
(122)
-
▼
May
(12)
- ဘင်္ဂလားဒေစ်နိုင်ငံရှိ ၇-၈ ရာစု မဟာယာန ကျောင်းတော်ကြီး၊
- ဘင်္ဂလားဒေစ်နိုင်ငံရှိ ၇-၈ ရာစု မဟာယာန ကျောင်းတော်ကြီး၊
- ဘင်္ဂလားဒေစ်နိုင်ငံရှိ ၇-၈ ရာစု မဟာယာန ကျောင်းတော်ကြီး၊
- ယူနစ်စကို နှင့် ပုဂံ
- ဈေးကွက်ဝင် သမိုင်း
- အနိရုဒ္ဓ ဒေဝီနာဂရီစာ
- ၁၈ ရာစုနှစ် ငွေပြား ( ငွေသား )
- သမိုင်းစကား၊ ပန်းစကား
- မန္တလေး အနှစ် ၁၅၀
- ဓာတ်တော်ကျုတ်
- ပုဂံခေတ် နိုင်ငံရေးအတွေးခေါ်
- (ဗောင်းထုတ် )မိန်းမ ဆောင်းဦးထုတ်
-
▼
May
(12)
No comments:
Post a Comment
လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။