3/31/09
ရခိုင် ဒင်္ဂါးပြား
ဗြိတိလျှ ပြတိုက်၊ လန်ဒန် က အဓိကထားပြီးပြောချင်တာက မြန်မာ (ပျူ ) ဒင်္ဂါးတွေဟာ ရခိုင်တွေကတဆင့်နည်းယူတယ်။ ရခိုင်တွေက တစ်ခါ ဘင်္ဂလား ဒင်္ဂါး တွေ ကမှ နည်းယူတယ်။ ဘင်္ဂလားတွေက နိပေါ တွေဆီကနည်းယူတယ်။
အဲဒီတော့ မြန်မာ သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင် တွေရဲ့ အယူအဆ တွေနှင့် အတော်ကြီးကွဲလွဲသွားပါပြီ။ မြန်မာ သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင် တို့ရဲ့ မှန်းဆချက် ကမ္ဘောဒီးယား " ဖူနန်" မှာ ၃ ရာစုကတည်းက ဟိန္ဒူ ကိုးကွယ်ယုံကြည်မှုအမှတ် လက္ခဏာတွေပါတဲ့ ဒင်္ဂါး သွင်းလုပ်သုံးစွဲနေပါပြီ ။
ခရစ်နှစ်ဦးကတည်းက " ဖူနန်" ကနေ မဲနန်မြစ် ၊ သံလွင်မြစ်၊ စစ်တောင်းမြစ်တွေကိုဖြတ်ပြီး ပျူတွေရဲ့မြို့တော် ဗိသဏိုး၊ သရေခတ္တရာ တွေကမှတဆင့် ရခိုင် ဝေသာလီ အထိရောက်၊ နောက်ဆုံး အန္ဒိယအထိ ရောက်သွားတဲ့ ကုန်သွယ်လမ်းမကြီးဟာ မြန်မာ မြောက်ပိုင်းက " ပိုး " လမ်းနှင့်အပြိုင်ရှိခဲ့တာပါ။
ဒီလို လက္ခဏာတွေပါတဲ့ ဒင်္ဂါး တွေကိုလည်း ဒီလမ်းတောက်လျှောက် အရေအတွက် တော်တော်များများ တွေ့ရတယ်။ ရခိုင်မှာအစောဆုံး နေထိုင်တဲ့လူတွေက တိဘက်မြန်မာအနွယ်ဝင်တွေပါ။ အစကနဦးမှာ အန္ဒိယ မြောက်ပိုင်း ဟိန္ဒူ ကိုးကွယ်ယုံကြည်မှုကို ခံယူတယ်။ အထူးသဖြင့် "သီဝ" (Shiva ) နတ်ကိုကိုးကွယ်တယ်။
မင်းတွေကိုယ်တိုင်က ကုလားဘွဲ့ အမည် " စန္ဒြ " ( Chandra ) ကိုနှစ်သက်ခံယူတယ်။ မင်းတစ်ပါး နန်းတက်တိုင်း အဲဒိမင်းဘွဲ့ အမည်ပါ ဒင်္ဂါး အသစ်သွင်းလုပ်ပြီး ငွေသားအဖြစ် အသုံးပြုစေပါတယ်။
အစောဆုံး ဒင်္ဂါး လို့ပြောနိုင်တာက " ဒေဝစန္ဒြ" ( ခရစ် ၄၅၄-၄၇၆ ) ဒင်္ဂါး။
နောက်ထပ်တွေ့ရတဲ့ မင်းဘွဲ့ အမည်ပါ ဒင်္ဂါး တွေက
နိတိစန္ဒြ ( ၅၂၀ - ၅၇၅ )
ဝိရုစန္ဒြ ( ၅၇၅-၅၇၈ )
ပရိတိစန္ဒြ ( ၅၇၈-၅၉၀ )
ပတွိစန္ဒြ ( ၅၉၀-၅၉၇ )
ဒတိစန္ဒြ ( ၅၉၇-၆၀၀ )
ဓမဝိဇယ (၆၆၅-၇၀၁ )
ဓမစန္ဒြ ( ၇၀၄-၇၂၀) ဒင်္ဂါးပြားစာရင်း ကို ( မြန်မာသမိုင်းပုံ ၊ ဒေါက်တာသန်းထွန်း ) ကူးယူဖော်ပြသည်။
( ရခိုင်ဒင်္ဂါးတွေ ကိုအရင်က တွေ့ဖူးပေမယ့် စာဖတ် မရသေးလို့ မင်းဘွဲ့အမည်မသိ )
ရခိုင်တွေဟာ ၆ ရာစုနှစ်ဦးလောက်မှာ ဗုဒ္ဓဘာသာကို ပြောင်းလဲ ကိုးကွယ်ယုံကြည်နေပြီ လို့ပညာရှင်အများစုက ခန့်မှန်းတယ်။ ဒါပေမယ့် ဒင်္ဂါပြားပေါ်မှာ ဒီလို ဗြာဟ္မဏ အယူဝါဒဆိုင်ရာ မှတ်လက္ခဏာတွေ ဘယ်မင်းဆက်၊ ဘယ်ရာစုမှာ စပြီး မပါတော့တာလဲဆိုပြောဖို့ ရာ စောနေပါသေးတယ်။
ကျွန်တော်စုစောင်းထားတဲ့ အထဲက အစောဆုံး ဒင်္ဂါပြားတွေပေါ်မှာ ဗြာဟ္မဏ အယူဝါဒဆိုင်ရာ မှတ်လက္ခဏာတွေ မပါတော့တဲ့ ဒင်္ဂါပြားစာရင်းကိုကြည့်ပါ။
မင်းဘွဲ့အမည်တွေကိုသာ ဒင်္ဂါပြားနှင့် အပြည့် ရေးထိုးသွင်းလုပ်စေတယ်လို့ ကောက်ချက်ချရပါမယ်။
စန္ဒသူရိယ ( ၁၇၃၁- ၁၇၃၄ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် စန္ဒသူရိယ ရာဇာ ၁၀၉၃ လို့တွေ့ရ။
နာရပဝါယ (၁၇၃၅-၁၇၃၆ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် နာရပဝါယ ရာဇာ ၁၀၉၅ လို့တွေ့ရ။
စန္ဒဝိဇလ ( ၁၇၃၆ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် စန္ဒဝိဇလ ရာဇာ ၁၀၉၅ လို့တွေ့ရ။
မဓရာဇ် ( ၁၇၃၇-၁၇၄၂ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် မဓရာဇ် ရာဇာ ၁၀၉၉ လို့တွေ့ရ။
၁၇၃၁ ထက်အစောပိုင်း ကာလ ဒင်္ဂါပြားတွေအများကြီးရှိနေပါတယ်။ ၁၇၄၂ နောက်ပိုင်း ဒင်္ဂါပြားတွေလည်းအများကြီးရှိနေပါသေးတယ်။
စာတွေဖတ်လို့ရပြီမို့ပုံတွေကို နောက်ပိုင်းမှာ စာနှင့်တွဲပြီတင်ပါမယ်။ တချို့ပုံကောင်းတွေကို သက်ဆိုင်ရာ website / blog နှင့် ကိုယ်ပိုင်စုစောင်းထားသူတွေဆီက တောင်းပေမယ့် အများစုက အကြောင်းမပြန်ပါ။
တချို့ကတော့ အတုတွေဖြစ်နေလို့ စီစစ်ရပါအုံးမယ်။
ရခိုင် ဒင်္ဂါပြားဟာ ရခိုင်ရာဇဝင်နှင့် တွဲနေတဲ့ အကောင်းဆုံးခေတ်ပြိုင် အထောက်အထားမို့ အင်မတန် တန်ဖိုးကြီးပါတယ်။ ကျောက်စာတွေ တွေ့ရပေမယ့် အရေအတွက်နည်းနေပါသေးတယ်။ ရခိုင် ဒင်္ဂါပြားတွေကို သေသေချာချာ စ ၊ လယ် ၊ ဆုံး သုံးပါးစလုံးပြောဖို့ရာ ပြည့်စုံတဲ့ သုတေသန အထောက်အထားမရသေးပါ။
ဒေါက်တာသန်းထွန်းရဲ့ မြန်မာသမိုင်းပုံ စာတမ်းမှာ ဖော်ပြထားတာက ရခိုင်တွေဟာ ဂုပ္တ အက္ခရာကို အသုံးပြုပြီး သကတ္တဘာသာ နှင့်စာရေးတယ်။ ရခိုင်ဒင်္ဂါးက ( နန္ဒီ ) " နွား" အပေါ်မှာရေးထားတဲ့စာဟာ သက္ကတ ဂုပ္တ အက္ခရာ လို့ပါတယ်။ ဒီအချက်ကို သတိထားပြီး မမှန်ဘူးလို့ ပြောရပါမယ်။ ( နန္ဒီ ) " နွား" အပေါ်မှာရေးထားတဲ့စာဟာ ဗြဟ္မဏီစာ ဖြစ်ပါတယ်။
ဒီပိုစ်မှာ ရေးသားထားတဲ့ အကြောင်းအရာတွေရဲ့ အမှား ၊ အမှန် တွေအားလုံး ကျွန်တော်တာဝန်ယူပါတယ်။ ရခိုင် ဒင်္ဂါပြားနှင့် ပတ်သက်တဲ့ အကြောင်းရာ စုစောင်းမှုဟာအခုမှ ဟိုတစ်စ ၊ ဒီတစ်စ သာ ရှိပါသေးတယ်။ ကြိုက်သလိုဝေဖန်ပါ၊ကဲ့ရဲ့ပါ၊ထောက်ပြပါ။
Subscribe to:
Post Comments (Atom)
ဒေါက်တာသန်းထွန်း
Sources for you
- Online Burma Library Org
- Friend of Burma Org
- Laura Boulton Collection: The Burmese Orchestra
- The Hill Tribes of Myanmar
- ထူးအိမ်သင်
- သက္ကတ-အင်္ဂလိပ် အဘိဓာန် (Media Fire 04.10.09))
- ဟားဗာဟ် အင်္ဂလိပ်- ပါဠိ သဒ္ဒါ
- ပြင်သစ်-ပါဠိ သဒ္ဒါစာ
- ပြင်သစ်-ပါဠိ အဘိဓာန်
- မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာအဖွဲ့
- ပုဂံ ပြတိုက်
- Antique Vs Art from Burma
- ဇော်ဂျီ ဖောင့်
- Victoria&Albert ပြတိုက်
- ဗြိတိန်ပြတိုက်၊လန်ဒန်
About Me
- ရှေးမြန်မာ
- သမိုင်းဆိုတာ သေချာဖို့လိုမယ်။ မသေချာတဲ့ သမိုင်းဟာ အပြုအပြင်ခံရနိုင်တယ်။ ကိုယ့်သမိုင်း ကိုယ်ပြင်တာကတော်သေးတယ်။ ကိုယ့်သမိုင်း သူများကပြင်ယူသွားရင် ကိုယ် ညံ့ လို့ ကိုယ် အ လို့ ခံလိုက်ရတာဖြစ်တယ်။
Categories
- ၁၉ ရာစု အစောပိုင်း (5)
- ၁၉ ရာစု၊ မန္တလေး။ (24)
- ၂၀ ရာစုလက်ရာ (1)
- On going Research (5)
- Study (13)
- Tribal Art (2)
- စိတ်ကြိုက် စာအုပ် (9)
- တရုတ်နိုင်ငံ (1)
- ပါကစ္စတန် (1)
- ပုဂံ( ၉ - ၁၃ ) ရာစု (16)
- ပျူ-မွန် (16)
- ဘင်္ဂလားဒေစ် (4)
- ပြတိုက် လမ်းညွှန် (1)
- ရခိုင် (13)
- လူမျိုးစုဆိုင်ရာ အနုပညာ (1)
- သတင်း ( News ) (5)
- သမိုင်းစကား၊ ပန်းစကား (47)
- အင်းဝ၊ကုန်းဘောင် ၁၄-၁၈ ရာစု (17)
- ရှေးပစ္စည်း ကြည့်မယ် (20)
- ရှေးမြန်မာ (8)
- ရွှေနန်းသုံးဝေါဟာရ အဘိဓာန် (9)
- ဝေါဟာရ အဘိဓာန် (သမိုင်း သုတေသန) (1)
Archives
-
▼
2009
(122)
-
▼
March
(22)
- ရခိုင် ဒင်္ဂါးပြား
- နိတိ စန္ဒြ ရခိုင် ဒင်္ဂါးပြား
- နိတိ စန္ဒြ ရခိုင် ဒင်္ဂါးပြား
- ပျူ ဒင်္ဂါးပြား
- ပျူ ဘုရင်သုံး ဒင်္ဂါးပြား
- ရှေးပစ္စည်း
- ရတနာပုံ ငွေဒင်္ဂါး
- ၁၈၈၆ မြန်မာ ကျမ်းအမည်များ
- နန်းစဉ်ရတနာ နှင့် စလေဒင် (၃)
- "လည်တုန်"
- ထူးအိမ်သင် ကို လှူမယ်တဲ့ လား
- အုတ်ခွတ်ဘုရား နှစ် ခု
- ပတ္တမြား ခေါင်းဘီး
- မွန်ခေါင်းလောင်းစာ
- နဂါးလက်ကောက်
- နန်းစဉ်ရတနာ နှင့် စလေဒင် ( ၂ )
- ၁၉ ရာစု လည်ဆွဲဘယက်
- ၁၉ ရာစု ခြေချင်းတစ်စုံ
- နန်းစဉ်ရတနာ နှင့် စလေဒင် (၁)
- ပုဂံချစ်တဲ့ ဆရာကြီးလု(စ်)
- သမိုင်းစစ်စစ်
- ၉- ၁၀ ရာစုအုတ်ခွက်ဘုရား
-
▼
March
(22)
အလွန်တန်ဘိုးရှိတဲ့ပိုစ့်ပါ---
ReplyDeleteကျေးဇူးတင်ပါတယ်--
ကျနော်ကတော့ အားပေးဖို့ပဲ တတ်နိုင်ပါတယ်ဗျာ။ အခုလို ခြေခြေမြစ်မြစ် ပြောထားတာကို စိတ်ဝင်စားမိပါတယ်။ ပညာရှင်များ ၀င်ဆွေးနွေးကြရင် ပညာတိုးဖို့ရှိပါတယ်။
ReplyDeleteရခိုင်တွေရဲ့သမိုင်းကို လိမ်လည်ချင်တဲ့ ဆောင်းပါးတစ်ပုဒ်သာ ဖြစ်ပါတယ်။ ဒေါက်တာ သန်းထွန်းဟာ ကိုယ်ပြောတဲ့စကားကို ကိုယ်မကိုင်သူ တစ်ယောက်လို့ ကျနော်တို့ သတ်မှတ်ရလိမ့်မယ်။ ဒီလို သမိုင်းတွေကို လိမ်ပြီးရေးထားခဲ့ကြလို့ ဒီနေ့ ဖြေရှင်းမရတဲ့ ပြဿနာတွေ မြန်မာပြည်ထဲမှာ ဖြစ်ပျက်နေတာဖြစ်တယ်။ ရခိုင်ရှေးဟောင်းဒင်္ဂါးတွေနဲ့ ပတ်သတ်လို့ သေသေချာချာ သိချင်ရ ဆရာကြီးစံသာအောင် ရေးသားခဲ့တဲ့ ရခိုင်ဒင်္ဂါးများဆိုတာကို ဖတ်ရှုလေ့လာသင့်ပါတယ်။ ရခိုင်ကို တစ်ခါမှ မရောက်ဖူးတဲ့ ဒေါက်တာသန်းထွန်းက ရခိုင်သမိုင်းဖော်ထုတ်လို့ သမိုင်းမှန်နိုင့်ပါ့မလား။
ReplyDeleteလောလောဆယ် ရခိုင်ရှေးဟောင်းဒင်္ဂါး တွေလေ့လာတာလောက်ဘဲ လုပ်ရဲပါတယ်။ ခုနှစ် သက္ကရာဇ် နှင့် မင်းဘွဲ့ တွေကိုတော့ ဒင်္ဂါးပေါ်မှာရေးထားတာကိုဘဲ ရခိုင်ရှေးဟောင်းစာတွေနှင့် တိုက်ဆိုင်စစ်ဆေးပြီး ဖတ်ပါတယ်။အတည်ယူပါတယ်။ ရခိုင်ရှေးဟောင်းစာတွေကို လေ့လာဆဲဖြစ်နေတဲ့အတွက် အဖတ်မှားနိုင်ပါတယ်။ မှားနေရင် ပြင်ပါမယ်။
ReplyDeleteခုလို ညွှန်ပြပေးတာကို ကျေးဇူးအထူးတင်ပါတယ်။
ရခိုင်သမိုင်း တွေကိုလေ့လာရာမှာ ကျွန်တော်အများဆုံး ကြည့်ဖြစ်တာက ပြည်ပတက္ကသိုလ်တွေမှာရှိတဲ့ သုတေသန စာတမ်းတွေများပါတယ်။ ရခိုင်သမိုင်းပညာရှင်တွေ ရေးသားပြုစုထားတဲ့ စာတွေကိုတော့ မကြည့်ဖြစ်သေးဘူးလို့ အမှန်တိုင်းဆိုချင်ပါတယ်။ ရခိုင်သမိုင်းပညာရှင်တွေကိုယ်တိုင် မြေထဲကတူးဖော်ရရှိတဲ့ သုတေသန အထောက်ထားတွေကို အခြေခံပြီးရေးထားတဲ့ စာအုပ်၊ စာတမ်းတွေရှိမယ်ဆိုတာ အကြွင်းမရှိ ယုံကြည်ထားပါတယ်။
ဒါပေသိ မမှားဘူးတဲ့ သမိုင်း သုတေသနသမား ဆိုတာ မရှိပါ။ ဘာဖြစ်လို့မှားလဲဆိုတော့ " သမိုင်းသုတေသန" ဖြစ်နေလို့ဘဲ လို့ဖြေရပါလိမ့်မယ်။ သမိုင်း ဆိုတာ တစ်ဦးတစ်ယောက်တည်းရေးလို့ ရတဲ့အရာလို့မထင်ပါ။
အပို ၊ အလို မရှိတဲ့ သမိုင်းအချက်လက်တွေဟာလည်းဘဲ ပညာရှင် တစ်ဦး တစ်ယောက်တည်းပေါ်မှာ မူတည်နေမယ်လို့ မထင်ပါကြောင်း။
" သမိုင်းသုတေသန" လေ့လာတဲ့အခါ ပြည်ပ တက္ကသိုလ် တွေမှာရှိတဲ့ သုတေသနစာတမ်းတွေကို အရင်လေ့လာပါတယ်။ တဆက်တည်းမှာဘဲ ပြည်တွင်း ပညာရှင်တွေ ရေးသားပြုစုတဲ့ စာအုပ် ၊ စာတမ်းတွေကို လေ့လာပါတယ်။ နောက်ထပ်ပြောချင်တာက အဲလို လေ့လာရာမှာ ရေးထားတဲ့ အကြောင်းရာ ၊ ဘယ်သူရေးတယ် ၊ ပထမ အဓိက (Primary Source ) ရင်းမြစ် ၊ ဒုတိယ ရင်းမြစ် ( Secondary Source )တွေကို အဓိကထားပြီး Empty Mind-set နှင့်သာ ဖတ်မှတ် လေ့လာဆဲဖြစ်ပါကြောင်း ဆိုပရစေ။
qq
ReplyDelete