10/10/09

ဆင်ဖြူသခင် ဆင်နီသခင် နာရပတိကြီး ၁၀၀၀ ( ၁၆၃၈ အေဒီ )




ဆင်ဖြူသခင် ဆင်နီသခင် နာရပတိကြီး ၁၀၀၀ ( ၁၆၃၈ အေဒီ )


ရခိုင် ဒင်္ဂါးတွေအကြောင်း စုံစေ့အောင်ပြောဖို့ရာ အဆင်သင့်မဖြစ်သေးပါ။ စိတ်ဝင်စားစရာ အကောင်းဆုံး အကြောင်းရာတစ်ခုလို့ထင်ပါတယ်။
ဟိန္ဒူ ကိုးကွယ်မှုဆိုင်ရာ လက္ခဏာ ပါနေတဲ့ ဒင်္ဂါး နှင့် မပါတော့တဲ့ ဒင်္ဂါးဆိုပြီး အပိုင်းနှစ်ပိုင်းခွဲရပါလိမ့်မယ်။

ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်မှုးတွေအပါဝင် အနောက်တိုင်းပညာရှင်တချို့ရဲ့ အဆိုက မြန်မာ ဒင်္ဂါး (ပျူ ဒင်္ဂါး ) ၊ ရခိုင် ဒင်္ဂါး တွေဟာ ဘင်္ဂလား ဒင်္ဂါးတွေကို အတုယူတယ်၊ ဘင်္ဂလား ဒင်္ဂါးတွေက နီပေါ ဒင်္ဂါး တွေကို အတုယူတယ် ၊ မူရင်းဇစ်မြစ် အိန္ဒိယ။

ဒေါက်တာသန်းထွန်း အပါဝင် မြန်မာ သမိုင်းပညာရှင်တို့ရဲ့ အယူဆကတော့ မြန်မာ ဒင်္ဂါး (ပျူ ဒင်္ဂါး ) ၊ ရခိုင် ဒင်္ဂါး တွေဟာ ကမ္ဘောဒီးယား ဖူနန် ဒင်္ဂါးတွေကို တုယူတယ်လို့ ဆိုတယ်။ ပထမ အယူအဆကို ပိုကြိုက်တယ်။

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။