3/22/09

ပျူ ဒင်္ဂါးပြား


အမျိုးအစား - သရေခတ္တရာ၊ ပျူ ဒင်္ဂါးပြား အလေးချိန် - ၁၀.၈၀၀ ဂရမ် ပြတိုက်ပစ္စည်း အမှတ် - CM 1981-12-14-2 ပြတိုက်အခန်း အမှတ်- အခန်း ၆၈၊ ငွေကြေး ပြခန်း
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
အချိန်ကာလ - ၈ ရာစု
တွေ့ရှိရာနေရာ - မြန်မာ


၈ ရာစု နှစ် မြန်မာနိုင်ငံ အရှေ့ပိုင်းကို ပျူတွေ အုပ်စိုးတယ်။ ဒဂါင်္း သွင်းလုပ် အသုံးပြု တဲ့ပညာရပ်တွေကို မြန်မာနိုင်ငံ အနောက်ဘက်ပိုင်း ရခိုင် တွေကတဆင့် သင်ယူတတ်မြောက်တယ်။ ဒီ ဒဂါင်္း မှာ အိန္ဒိယ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ အမှတ် လက္ခဏာ တွေကိုတွေ့ရပါတယ်။ ဒဂါင်္း ရဲ့အလယ် မှာ " ပလ္လင် " ရှိမယ်။ ပလ္လင်ရဲ့ ထက်၊ အောက် အလယ် ဗဟိုလ်ဖြတ်ပြီး " သရဖူ " နှင့် ချည်နှောင်ထားပါမယ်။ ပလ္လင် ရဲ့အပေါ် နားဆီမှာတော့ " မီးလျှံ " ငယ်တွေ ကိုတွေ့ရမယ်။
ဒဂါင်္း ရဲ့ တစ်ခြားတစ်ဘက်မှာတော့ " သီရီ နတ်ဘုရား " ရဲ့အမှတ်လက္ခတွေဖြစ်တဲ့ " ချမ်းသာခြင်း နှင့် ကံကောင်းခြင်း " ဆိုတဲ့ " သီရီဝစ္ဆ " (အိမ်မွန် ) ကိုတွေ့ရမယ်။ အိမ်မွန် ရဲ့အတွင်းထဲမှာ " သီဝနတ်မင်း " ကို ကိုယ်စားပြု " တောင် " လက္ခဏာ ကိုတွေ့ရပါမယ်။ ဒီတောင် အမှတ်လက္ခဏာဟာ " ကမ္ဘာ မြေ " ကို ကိုယ်စား ပြုတယ်လို့လည်း ဆိုနိုင်တယ်။ တောင်ရဲ့ အောက်ခြေမှာတော့ " သမုဒ္ဒရာ " ကိုယ်စားပြု " ရေလှိုင်း " လက္ခဏာကို တွေ့ရမယ်။ အိမ်မွန် ရဲ့ ဘယ်ဘက်ဘေး မှာ သိကြားမင်း ကိုင်စွဲတဲ့ " ဝရဇိန် " လက်နက် ၊ ညာဘက်မှာတော့ " ဗိသဏိုး နတ်မင်း " ကိုယ်စားပြု " ခရုသင်း " ကိုတွေ့ရပါမယ်။ ဒါတွေအားလုံးရဲ့ အပေါ်မှာ စက်ဝိုင်းပုံ အမှတ် လက္ခဏာဟာ " လ " ကို ကိုယ်စားပြုပြီး ၊ " ကြယ် " ပုံစံလိုဖြစ်နေတဲ့ အမှတ်လက္ခဏာကတော့ " နေ "ကိုကိုယ်စားပြုတယ်။ အမှတ် လက္ခဏာ အဓိပ္ပါယ် ဖွင့်ဆိုရာတွင် အောက်ပါစာ အုပ်များအား ကိုးကား၍ ဖော်ပြသည်။ J. Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) J. Williams (ed.), Money: a history (London, The British Museum Press, 1997)

====================================================
ပျူ ဒဂါင်္းတွေကို တချို့ site/ blog တွေမှာတွေ့နေရပါတယ်။ ပျူဒဂါင်္း လို့ဆိုကြပေမယ့် ကမ္ဘောဒီးယား " ဖူနန် " သရေသရေခတ္တရာ ကိုဖြတ်ပြီး ရခိုင်ထိရောက်တဲ့ ကုန်သွယ်လမ်းမကြီး တလျှောက် တွေ့ရပါတယ်။ တချို့ ပညာရှင်တွေက ဖူနန်မှာ ဒီလို ဒဂါင်္း မျိုးကို ၃ ရာစုကတည်းက အသုံးပြုနေပြီ လို့ဆိုတယ်။ ဒေါက်တာ သန်းထွန်းက လည်း ဒီအဆိုကို မငြင်းတာမို့ ထောက်ခံချင်ပုံရတယ်။ ရှေးဟောင်းသုတေသန တူးဖော်ရေး ကတော့ ဒဂါင်္း တွေ ထုတ်ရာမှာ အသုံးပြုတဲ့ ရွှင့်စေး(ရွှံ့စေး) ပုံစံခွက် တူးဖော်ရရှိတယ်လို့ဆိုထားတယ်။ ကျွန်တော် မမြင်ဘူးသေးပါ။ အပေါ်က အဆို ၂ ခုလုံး ထောက်ခံဖို့ရော ၊ ငြင်း ဖို့ရော အထောက်ထား မရသေးပါ။ ရှေးဟောင်းသုတေသန တူးဖော်ရေး က ရရှိထားတဲ့ ရွှင့်စေး(ရွှံ့စေး) ပုံစံခွက် ကိုလေ့လာခွင့်ရရင် အဖြေ ရနိုင်မယ်ထင်ပါတယ်။ သေသေ ချာချာ ပြောနိုင်တာက ပျူတွေဟာ ကျောက်စစ်တဲ့ ပညာမှာ ရော ၊ သတ္တု ပုံသွင်း အသုံးပြုတဲ့ ပညာမှာပါ ပုဂံမြန်မာတွေထက် အများကြီးသာလွန်တယ်ဆိုတာပါဘဲ။

2 comments:

  1. ရှေးဟောင်းသုတေသနက ရွှံ့စေးပုံစံခွက်တယ်လို့ မသိရပါ။ သေချာတာကတော့ ဦးသန်းထွန်း(ဒေးဒရဲ) ရဲ့ Auspicious Symbols and Ancient Coins of Myanmar စာအုပ် (၂၀၀၇ Avahouse ) စာမျက်နှာ ၈ မှာ သရေခေတ္တရာ (ပြည်)မှ ကျောင်းဆရာရဲ့ ရှားရှားပါးပါး ပစ္စည်းလက်ဆောင် ၊ ဒင်္ဂါးတဖက်ခြမ်းပုံပါတဲ့၊ မာအောင်လုပ်ထားတဲ့ ရွှံ့စေးပုံစံတုံးဆိုပြီး တွေ့နိုင်တယ်။ ဒီစာအုပ်ထဲမှာပဲ ဒီဆရာက လူတကာ "ဖူနန်ဒင်္ဂါး" လို့ပြောနေတဲ့ အရပ်အခေါ် နေတခြမ်းပြားဟာ မြန်မာမူလဖြစ်နိုင်ကြောင်း အကြောင်းအကျိုးနဲ့ တကွ ပြောထားပါတယ် ။ စတွေ့စဉ်က နာမည်ကိုအစဉ်အဆက်ယူပြီး ဖူနန်း ဒင်္ဂါး လို့တွင်သားဟန်တူပါတယ်။ မြန်မာနိုင်ငံမှာ နေတခြမ်းပြားမျိုးကွဲ အတွေ့ရဆုံးဖြစ်တယ်လို့ဆိုတယ်။ မျိုးကွဲတော်တော် များများရဲ့ တန်ဖိုး အဆင့်လိုက် အရွယ်(Denominations)တွေလည်း စုဆောင်းမိပြီးဖြစ်တယ်။ခိုင်လုံတဲ့အကြောင်းပြချက် ဖြစ်ပါတယ်။ မြန်မြန်ဆန်ဆန် ကြည့် ဖို့ ရွှံ့စေးပုံကျွန်တော့် ဖေ့ဘွတ်မှာ တင်ထားလိုက်ပါတယ် .။

    ဦးစိုးမိုးနိုင် ( ၀မ်းတွင်း)


    http://www.facebook.com/photo.php?fbid=237457336381770&set=a.186772388116932.37560.100003525172203&type=1&theater

    ReplyDelete
    Replies

    1. ရှေးဟောင်းသုတေသနက ရွှံ့စေးပုံစံခွက်တယ်လို့ မသိရပါ။ သေချာတာကတော့ ဦးသန်းထွန်း(ဒေးဒရဲ) ရဲ့ Auspicious Symbols and Ancient Coins of Myanmar စာအုပ် (၂၀၀၇ Avahouse ) စာမျက်နှာ ၈ မှာ သရေခေတ္တရာ (ပြည်)မှ ကျောင်းဆရာရဲ့ ရှားရှားပါးပါး ပစ္စည်းလက်ဆောင် ၊ ဒင်္ဂါးတဖက်ခြမ်းပုံပါတဲ့၊ မာအောင်လုပ်ထားတဲ့ ရွှံ့စေးပုံစံတုံးဆိုပြီး တွေ့နိုင်တယ်။ ဒီစာအုပ်ထဲမှာပဲ ဒီဆရာက လူတကာ "ဖူနန်ဒင်္ဂါး" လို့ပြောနေတဲ့ အရပ်အခေါ် နေတခြမ်းပြားဟာ မြန်မာမူလဖြစ်နိုင်ကြောင်း အကြောင်းအကျိုးနဲ့ တကွ ပြောထားပါတယ် ။ စတွေ့စဉ်က နာမည်ကိုအစဉ်အဆက်ယူပြီး ဖူနန်း ဒင်္ဂါး လို့တွင်သားဟန်တူပါတယ်။ မြန်မာနိုင်ငံမှာ နေတခြမ်းပြားမျိုးကွဲ အတွေ့ရဆုံးဖြစ်တယ်လို့ဆိုတယ်။ မျိုးကွဲတော်တော် များများရဲ့ တန်ဖိုး အဆင့်လိုက် အရွယ်(Denominations)တွေလည်း စုဆောင်းမိပြီးဖြစ်တယ်။ခိုင်လုံတဲ့အကြောင်းပြချက် ဖြစ်ပါတယ်။ မြန်မြန်ဆန်ဆန် ကြည့် ဖို့ ရွှံ့စေးပုံကျွန်တော့် ဖေ့ဘွတ်မှာ တင်ထားလိုက်ပါတယ် .။

      ဦးစိုးမိုးနိုင် ( ၀မ်းတွင

      ဘာကိုပြောတယ်ဆိုတာ မရှင်းပါ။

      အဲဒီစာအုပ်ကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ကျနော်ဖတ်မှတ်လေ့လာခဲ့ပါကြောင်းခင်ဗျာ။ အဲဒီစာအုပ်အကြောင်းကိုလည်း ဒီဘလော့ထဲမှာ စာမြည်းရေးခဲ့ပါတယ်။ ရှာဖတ်ကြည့်လိုက်အုံး။

      ကျေးဇူးတင်ပါတယ်။ ကျနော်ဒီမှာရေးနေတဲ့ အကြောင်းရာတွေအားလုံးဟာ ' ရှေးဟောင်းသုတေသန ' တွေ့ရှိချက်အပေါ်မှာ အခြေခံပြီးရေးပါတယ်။ ကိုရင့်အနေနဲ့ ဒီထက်ကောင်းတဲ့ (ခိုင်လုံတဲ့ ) သုတေသနတွေ့ရှိချက်ရှိရင် အကျယ်တဝန့်ဆွေးနွေး တင်ပြပေးပါလို့ တောင်းဆိုပါတယ်ခင်ဗျာ။


      Delete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။