3/19/09

၁၈၈၆ မြန်မာ ကျမ်းအမည်များ

ရုရှား နိုင်ငံသား တစ်ဦးရဲ့ နေ့စဉ်မှတ်တမ်းပါ မြန်မာ ကျမ်းအမည်များ
အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev,1940- 1890 )ရဲ့ နေ့စဉ်မှတ်တမ်းပါ ကျမ်းတွေကို စာရင်းလုပ်ကြည့်ပါတယ်။

၂၅ ဇန်နဝါရီ ၁၈၈၆ နေ့စွဲ

၁။ သဗန္ဓစိန္တာ ဋီကာ
၂။ ဘေဒ စိန္တာဒီပနီ
၃။ ကာရိကာ ဋီကာ
၎။ ဧကက္ကရ ဋီကာ
၅။ ဂန္ဓာဘရဏ ဋီကာ
၆။ ဝစ္စဝါစက ဋီကာ
၇။ သဒ္ဒ ဝုတ္တိဋီကာ
၈။ ဝိစိတ္တာလုံကာရ ( သဓမ္မကိတ္တိထေရ ပြု )
၉။ ဃာဂဂန္ဓသစ္စာသံခေပ ( မြန်မာဘာသာ ၊ ဘဒ္ဒန္တ ဓမ္မပါလပြု) ( ထိုကျမ်း ပါကျမ်းဦးစကားမှာ ကျမ်းပြုဆရာဟာ အာနန္ဒထေရ ဖြစ်တယ်လို့ပဲတွေ့ရ )
၁၀။ ဒသဝတ္ထု ကထာ (ခေါ်) ဒသဝတ္ထုပကရဏ
၁၁။ ရုန္ဒြယာမလ ဓန္တြ (ခေါ်) ဓာတုပြဂံသ နေတ္တိ အတ္ထကထာယ ဋီကာ ( မြန်မာ အက္ခရာဖြင့်ရေး )

၂၆ ဇန်နဝါရီ ၁၈၈၆ နေ့စွဲ

၁။ မဏိဒီပ ဋီကာ
၂။ ဝိသုဒ္ဓိ မဂ္ဂဋ္ဌကထာ
၃။ ဓာတုမာလာ
၎။ ဝဇိရသာရ
၅။ အာပဒါ နဋ္ဌကထာ
၆။ ပါတိမောက္ခ နဲ့အလားတူကျမ်း ( ကျမ်းအမည်အတိအကျမဖော်ပြ )

၂၇ ဇန်နဝါရီ ၁၈၈၆ နေ့စွဲ

၁။ မဏိသာရ ဒီပနီ
၂။ ရာဇာဓိ ရာဇဓမ္မစာရဒီပနီ ( ဒီကျမ်းကို မိဖ်နယယ့်က အမည်ဆန်း၊ နားမလည်လို့ မှတ်ချက်ပေးထားတယ် )

၂၈ ဇန်နဝါရီ ၁၈၈၆ နေ့စွဲ

၁။ ဝိစိတ္တာလံကာရ ( သဒ္ဓမ္မကိတ္တိ ရေး ၊ အလင်္ကာရ နှင့်ဆိုင် )
၂။ သုစိတ္တာ လံကာရ ( ဗုဒ္ဓဟောကြားတဲ့ တရားတော် ကိုသုံးသပ်ချက် )
၃။ ဆဂတိ ဒီပနီ
၎။ ဝဇိသာရ
၅။ ဝါစီသာရတ္ထသံဂဟဏ္ဏ
၆။ ဝိသုဒ္ဓိ မဂ္ဂ ကဋ္ဌကထာ
၇။ မနုကျယ်
၈။ ဒီပစံသ ( ရာဇဝင်နှင့် ဆိုင်၊ မြန်မာဘာသာ ရေး )
၉။ ဒလဒါ ဓာတုဝံသ ( ရာဇဝင်နှင့် ဆိုင်၊ မြန်မာဘာသာ ရေး )
၁၀။ ရာဇဝံသ ( ရာဇဝင်နှင့် ဆိုင်၊ မြန်မာဘာသာ ရေး )
ပိဋကတ်သုံးပုံ အစုံရှိတယ်၊ ဗုဒ္ဓဃောသ ပြုစုတယ်ဆိုတဲ့ ဋီကာ တစ်ဆယ့်သုံးကျမ်း


၂၉ ဇန်နဝါရီ ၁၈၈၆ နေ့စွဲ

ကုသိုလ်တော်ကျောင်းဝင်းအတွင်းရှိ ပိဋကတ် ကျောက်ပြားများမှ
၁။ ဝိနယ ပိဋက ကျောက်ပြား
၂။ ဘိက္ခုနီပါ စိတ္တိယ (ကျောက်ပြား ရှစ်ပြားမှ )
၃။ ဘိက္ခု ပါ စိတ္တိယ( ကျောက်ပြား တစ်ဆယ့်သုံးပြားမှ )
၎။ ဘိက္ခုနီပါ တိမောက္ခ ကျောက်ပြား
၅။ ဘိက္ခု ပါတိမောက္ခ ( ကျောက်ပြား တစ်ဆယ့်ကိုးပြားမှ)
၆။ ပါရာဇိက (ပါဠိ ) ( ကျောက်ပြား တစ်ဆယ့်ကိုးပြားမှ)
၇။ မဇ္ဈိမနီကာယ ( ကုသိုလ်တော်ကျောင်းဝင်းအပြင်တန်း )
၈။ ရာဇစံသ
၉။ ကေသဓာတုပကာသိနီ
၁၀။ စတုတ္ထသင်္ဂါယနာ
၁၁။ သူရိယ သိဒ္ဓန္တ ဋီကာ
၁၂။ သက္ကတာဘိဓာနပါဒ
၁၃။ လီလာဝတီ
၁၄။ သက္ကတာဘိဓာနပါဒ
၁၅။ သာသနာလင်္ကာရ
၁၆။ ယောဟယာတြကလာပ
၁၇။ မဟာဝံသ
၁၈။ သာသနာဒီပက ( ရှိတယ်လို့သိ၊ လိုက်မရှာ )

၁ ဖေဖော်ဝါရီ ၁၈၈၆ နေ့စွဲ

၁။ မဟာဝင်
၂။ ဒလဒါ ဓာတုစံသ ဋီကာ

၂ ဖေဖော်ဝါရီ ၁၈၈၆ နေ့စွဲ

၁။ သုတ္တန္တ ပိဋက ( ကုသိုလ်တော်၊ အပြင်ဆုံးဝင်း)
၂။ အဘိဓမ္မ ပိဋက ( ကုသိုလ်တော်၊ အလယ် )
၃။ ဝိနယ ပိဋက ( ကုသိုလ်တော်၊ အတွင်းဆုံး )
၎။ ဘိက္ခုနီပါစိတ္တယ ( ကုသိုလ်တော် ၊ ဒုတိယဝင်း )
၅။ ဝိနယမဟာ ဝဂ္ဂ ( ကုသိုလ်တော် ၊ ပထမ ဝင်း )
၆။ စုလ္လဝဂ္ဂ ( ကုသိုလ်တော် ၊ ပထမ ဝင်း )
၇။ က္ကုန္ဒြီယဇာတက ( ကုသိုလ်တော် ၊ ပထမ ဝင်း )
၈။ ပဋ္ဌာန ( ကုသိုလ်တော် ၊ ပထမ ဝင်း )
၁၁။ ဓာတုကေသပကာသနီ

၎ ဖေဖော်ဝါရီ ၁၈၈၆ နေ့စွဲ

၁။ မိလိန္ဒပဥှာ ( ကုသိုလ်တော်အပြင်ဝင်း )
၂။ ပေဋကော ပဒေသ ( ကုသိုလ်တော်အပြင်ဝင်း )
၃။ နေတ္တိ ( ကုသိုလ်တော်အပြင်ဝင်း )
၎။ သုမင်္ဂလဝိလာသိနီ ဋီကာ ( ငွေ ၁၁ ကျပ်နှင့်ဝယ် )
၅။ သုတ္တပဋ္ဌေ့ယျ ဋီကာ ( ငွေ ၁၂ ကျပ်နှင့်ဝယ် )
၆။ ပါစိတ္တိယ

၆ ဖေဖော်ဝါရီ ၁၈၈၆ နေ့စွဲ

၁။ သာသနဝံသဒီပ ( သီဟိုဠ်ကျမ်း)

၇ ဖေဖော်ဝါရီ ၁၈၈၆ နေ့စွဲ

၁။ နသ
၂။ အဘိ ဓမ္မသင်္ဂဟ

မိဖ်နယယ့်ရဲ့ နေ့စဉ်ရေး မှတ်တမ်းထဲက ကျမ်းအမည် နှင့် နေ့စွဲကိုသာ အဓိက ထားပြီး စာရင်းလုပ်တာပါ။ သုတေသန ပုံစံ စာရင်းမဟုတ်သေးပါ။
မိဖ်နယယ့်ဟာ သူ့ရဲ့ နေ့စဉ်ရေး မှတ်တမ်းကို ရုရှားလိုရေးတယ်။ ဟီရမ်ဒရာနသ် စန်ယယ် (Hirendranath Sanyal ) က အင်္ဂလိပ်လိုဘာသာပြန်တယ်။ ပါဠိ ဘာသာပြန်အတွက် ချန်ဒရာ စန် ဂုပတား (Chandra Sen Gupta) ကူညီတည်းဖြတ်တယ်။
မြန်မာ ဘာသာပြန်သူ ဒေါက်တာသန်းထွန်း။ ကျွန်တော်က ဒေါက်တာသန်းထွန်း ဘာသာပြန်ကို မှီငြမ်းတယ်။ မူရင်းစာကို မဖတ်ဖူးပါ ၊ ရှာနေဆဲပါ။

မူရင်း စာအုပ် အမေရိကန်နိုင်ငံ ကော်နယ်လ် တက္ကသိုလ် စာကြည့်တိုက် (Cornell University Library ) မှာရှိပါတယ်။ လှမ်းတောင်းတော့ ပုံနှိပ် စာအုပ်သာရှိတယ် ၊ Electronic Book မဟုတ်လို့အကြောင်းပြန်တယ်။


စာအုပ် နှင့်ပတ်သက်ပြီး သိသမျှက ဒါတွေပါ။
Database: Cornell University Library
Uniform Title: Dnevniki puteshestviĭ v Indii︠u︡ i Birmu, 1880 i 1885-1886. English
Title: Travels in and diaries of India & Burma / [translated by Hirendranath Sanyal ; compared with the Russian text by Sunil Bhattacharya, language edited by Sailesh Chandra Sen Gupta].
Published: [Calcutta : Debi Prasad Mukhopadhyaya, Eastern Trading Co., 1958?]
Description: 284 p. : ill. ; 23 cm.
Location: Kroch Library Asia
Call Number: DS413 .M66 1958
Status: Not Charged

3/16/09

နန်းစဉ်ရတနာ နှင့် စလေဒင် (၃)


နန်းတွင်းပစ္စည်းတွေ နှင့် စလေဒင် မရိုးမသား လူလည် လုပ်တာကို သက်သေအဖြစ် ဇန်နဝါရီ ၂၁ မှာ မန္တလေးနန်းတော် ရောက် ဥရောပ သာတစ်ဦးရဲ့ နေ့စဉ်မှတ်တမ်းကို ဆွဲထုတ်ပြချင်ပါတယ်။ ရုရှားလူမျိုး ပါဠိ ၊ သက္ကတ နှင့် အရှေ့တိုင်းဘာသာစကား ပညာရှင် အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev,1940- 1890 )ပါ။
၂၁ ဇန်နဝါရီ ၁၈၈၆ မှာ ကျမ်းတွေ ရှာဖို့ရာ မန္တလေးကို ရောက်တယ်။ မိဖ်နယယ့်ရဲ့ နေ့စဉ်မှတ်တမ်းအရ " ဘုရင့်မိဘုရားပိုင် နန်းတွင်းပစ္စည်း" ကိုလေလံပစ် ရောင်းချ ရာမှာ စလေဒင်ဟာ အဓိက တာဝန်ရှိသူ အဖြစ် ပိုပြီး ပြောလို့ရနေပါပြီ။ သူ့မှတ်တမ်းမှာ ပါတဲ့ မန္တလေး ကျမ်းစာရင်းဟာ သိပ်တန်ဖိုး ရှိပါတယ်။

အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev 1940- 1890 ) ရဲ့ နေ့စဉ်ရေး တမ်းမှာ ပါတဲ့ လေလံ ပစ္စည်းတွေကို ရသလောက် စာရင်းလုပ်ကြည့်တော့

၁ ။ ဘုရင့်မိဘုရား ဆုတောင်းစာအုပ်
၂ ။ စိန်စီရွှေချ ဘောင်တပ် ဆရာတော်ကြီးပုံတူတစ်ချပ်
၃ ။ အနုစိတ် ပန်းပုလက်ရာ ဆင်စွယ် ကုလားထိုင်
၎ ။ ဗုဒ္ဓရုပ်ပွားတော်အချို့

၂၅ ဇန်နဝါရီ ၁၈၈၆ မှာဘဲ သူကိုယ်တိုင် လေလံပွဲကိုရောက်တယ်။
ဒါပေမယ့် သူလိုချင်တဲ့ ကျမ်းတွေ " မတွေ့" လို့သာရေးထားတယ်။
ဘာပစ္စည်းတွေ လေလံပစ်တယ်လို့ မရေးတော့ သိပ်အရေးကြီးတဲ့ အဖိုးတန်သက်သေခံ ပစ္စည်းစာရင်း မရလိုက်ပါ။

လေလံပစ္စည်းစာရင်း မရှိပေမယ့် ဘုရင့်မိဘုရား ရဲ့နန်းတွင်းပစ္စည်းတွေ ဆိုကတည်းက အဖိုးတန်ရတနာ ပစ္စည်းတွေပါနိုင်တယ်၊ အနုပညာလက်ရာ ပစ္စည်းတွေသာဖြစ်မှာပါ။

"ဘုရင့်မိဘုရားပိုင် ဆုတောင်းစာအုပ် နှင့် စိန်စီရွှေချ ဘောင်တပ် ဆရာတော်ကြီးပုံတူတစ်ချပ်" ကိုတော့ ဂျာမန်အမျိုးသား တစ်ဦးက ဝယ်ယူသွားပါတယ်။

အဲဒီအချိန် မန္တလေးမှာ ရာထူးအမြင့်ဆုံးဟာ ပရင်ဒါဂါတ် နှင့် စလေဒင်ပါ ။ ပရင်ဒါဂါတ် ဟာစစ်ရေး စစ်ရာတွေကိုသာ အဓိကတာဝန်ယူသူပါ။ စလေဒင်ဟာ မြို့ပြ အုပ်ချုပ်ရေး ကိုတာဝန်ယူရသူပါ။ လေလံပွဲ စီစဉ်သူ နှင့် တာဝန်ရှိသူ က စလေဒင်ဘဲဖြစ်နိုင်ပါတယ်။
မိဖ်နယယ့် ရဲ့နေ့စဉ် မှတ်တမ်းမှာ ဘုရင်ပိုင် ပစ္စည်း နှင့် ပစ္စည်းထားရာ အခန်းတွေကို အဓိက စိမန်ခန့်ခွဲသူဟာလည်း စလေဒင်ဖြစ်ပါတယ်။ ပစ္စည်းထိမ်းကော်မတီ ရဲ့လက်အောက်မှာ ရှိတာဘုရင့် ပိဋကတ် တိုက်လို့တွေ့ရပါသေးတယ်။

၆ ဖေဖော်ဝါရီ ၁၈၈၆၊ ရက်စွဲပါ မှတ်တမ်းမှာ စလေဒင်က ကြေးကြီးကြီး ဈေးခေါ်ထားတဲ့ ကျမ်း ၂ စောင်ကို မိဖ်နယယ့် ဆီလူလွတ်ပြီးရောင်းတယ်။ မဝယ်ပါ။

အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် ရဲ့မှတ်တမ်းကိုကြည့်ပြီး မန္တလေးနန်းတော်ထဲမှာ " ၂၅ ဇန်နဝါရီ မှာ ဘုရင့်မိဘုရား ရဲ့နန်းတွင်းပစ္စည်းတွေ လေလံပွဲ " လုပ်တယ်ဆိုကတည်းက အများစုဟာ ဘုရင် နှင့် ဘုရင့်မိဖုရား ၊ ဆင်ဖြူမရှင် တို့ တိုင်ချက်ဖွင့် ထားတဲ့ ရတနာ ပစ္စည်းတွေ ဖြစ်နိုင်တယ်ပါတယ်။ ရောင်းလို့မကုန် ဘဲကျန်ခဲ့တာဆိုလို့ ပိဋကတ် တိုက် ထဲက ကျမ်းတွေပါဘဲ။ ဒါလဲ မိဖ်နယယ့် အပါဝင် နိုင်ငံခြားသားရော၊ မြန်မာတွေကပါ မွှေနှောက်ထားပါသေးတယ်။

သမိုင်း ဆရာ W . S Desai က စလေဒင် ရဲ့ ထွတ်ဆိုချက်ဟာ ရိုးသားပြီး ပွင့်လင်းတယ်လို့ပြောတယ်။ သူပြောသလို မထင်ပါ။ သီပေါရဲ့ တိုင်ချက်မှာ သူပိုင် ရတနာပစ္စည်းတွေ စာရင်း ခိုင်ခိုင်မာမာ မပြနိုင်ပေမယ့် သက်သေ ခိုင်မာ အောင်ပြနိုင်ပါတယ်။ တိုင်းတာမင်းကြီး ၊ ရွှေတိုက်အတွင်းဝန် နှင့် စလေဒင်ရဲ့ စာရေး နီကလပ် လို့ပါတယ်။
စလေဒင်ရဲ့ ပြန်ကြားချက်ထဲမှာ ရွှေတိုက်အတွင်းဝန် ပြောတာမှန်နိုင်ကြောင်းသာ ပြောပါတယ်။ အရေးကြီးတဲ့ ပစ္စည်း စာရင်း ပုရပိုက်ကို မမှတ်မိ၊ သူ့တပ်သား ကိုလည်းမမှတ်မိ။ ရတနာပစ္စည်းတွေ နန်းတော်ကျန်းပြင်မှာ ပြန့်ကြဲ နေတယ်။ နန်းတော်ထဲမှာ လဲအပြင်လူ အရပ်သားတွေနှင့် ရှုပ်ထွေးနေတယ်လို့ အခြေအနေတွေကို ရှုပ် ထွေးပြီးမသေချာ မရေရာအောင် ဖြေခဲ့တာပါ။ အရေးကြီးတဲ့ သက်သေတွေကို ဖျောက်ပစ်တာပါဘဲ။

နန်းတော်ဝင်တဲ့ နန်းသိမ်းတပ်ဟာ ဗြိတိလျှ စစ်သားတွေချည်းပါ။ သူ့တပ်သားကို မမှတ်မိဘူဆိုရင်တောင် ဗြိတိလျှ စစ်တပ်ဟာ အဲဒီအချိန်က သိပ်စည်းကမ်းကောင်းတာမို့ တပ်သားစာရင်းပြန်စစ်ပြီး တာဝန်ကျစစ်သားကို ပြန်ဖော်လို့ရပါတယ်။ ပါတော်မူပြီးနောက်ပိုင်းမှာလည်း နန်းတွင်းတပ်ဟာ ဟာဗြိတိလျှ စစ်သားတွေချည်းပါ။ စလေဒင်ထွက်ဆိုသလို နန်းတော်ထဲမှာ သာမန်အရပ်သားတွေ နှင့် ရှုပ်ထွေးနေတယ်ဆိုတာလည်း စဉ်းစားစရာပါ။ တိုင်းပြည် မင်းပြောင်းမင်းလွှဲ ဖြစ်ပြီး အသက် အန္တရာယ်
စိုးရိမ် နေရတဲ့ အချိန်မျိုးမှာ နန်းတော်ထဲ ဝင်လုဖို့ဆိုတာ စိတ်ကူးရဲမယ်မထင်ပါ။ ဗြိတိလျှ စစ်သားတွေကလည်း ဒီလို အမှားမခံနိုင်လောက်အောင် အင်မတန် အရေးကြီးတဲ့ အချိန်မျိုးမှာ အခြေနေတွေ ရှုပ်ထွေးအောင် သာမန်အရပ်သားတွေ ကိုနန်းတော်ထဲ ဝင်ခွင့်ပေးမယ် မထင်ပါ။


တိုင်ချက် ၂ ခုမှာဆင်ဖြူမရှင်ရဲ့ တိုင်ချက်က ပိုတိကျ ခိုင်မာပါတယ်။ သူပိုင် ရတနာပစ္စည်းတွေကို ခိုင်ခိုင်မာမာ စာရင်းလုပ်ပြီး ပြနိုင်ပါတယ်။ ဒါပေမယ့် သီပေါလိုပါဘဲ၊ တိုင်ချက်ထဲမှာ မလိုအပ်ပါဘဲ မမှန်ကန်တဲ့ တခြားအချက်လက်တွေပါနေတဲ့ အတွက် တိုင်ချက်ရဲ့ မူလ အရေးကြီးတဲ့ အကြောင်းအရာဟာ မှေးမှိန်သွားတာပါ။
သီပေါရော ဆင်ဖြူမရှင် ပါ မသိတဲ့အချက်တစ်ချက်က မန္တလေးကနေ ပါတော်မူပြီးနောက် ၅၇ ရက်မြောက်နေ့မှာ လုပ်ခဲ့တဲ့ နန်းတော်ထဲက "နန်းတွင်းပစ္စည်း" လေလံပွဲပါ။

သမိုင်း ဆရာ W . S Desai ဟာ နန်းတွင်းရတနာ ပစ္စည်းတွေ ပျောက်ဆုံးရာမှာ အဓိကတာဝန်ရှိသူ စလေဒင်ကို ကာကွယ်ထားတာပါ ။ သူက ရိုးသာတယ်လို့ ပြောတဲ့ စလေဒင်ဟာ လူလည်တစ်ယောက်ပါဘဲ။


Ref: Deposed King Thibaw of Burma In India by W.S Desai

3/14/09

"လည်တုန်"




အမျိုးအစား - လည်ဆွဲဘယက်

အချိန်ကာလ - ၁၉ ရာစုနှစ် နှစ်လယ်

တွေ့ရှိရာနေရာ - တနင်္သာရီ၊ မြန်မာ

ပြုလုပ်ပုံနည်းပညာ - ရွှေချည် နဂထာ ကို နီကျင်ကျင်အရောင်ဆင်း ရရှိအောင် မဂျီးသီး(မန်ကျည်းသီ:) နှင့် ရွှေကို ရေနွေးထဲ ထည့် ပြုပ်တယ်၊ ဒါမှမဟုတ် ဆာလဖာ ကိုမီးရှို့ပြီး ရွှေအရောင်ရင့်လာ အောင်မှိုင်းတိုက် တယ်။


အရွယ်အစား - အရှည် ၂၈ စင်တီမီတာ ၊ အကျယ် ၈ စင်တီမီတာ


လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်


ပြတိုက်ပစ္စည်း အမှတ် - 123-1852

၁၉ ရာစုအလယ်ပိုင်း မှာ မြန်မာအမျိုးသမီးတွေ သိပ်ဝတ်တဲ့ လည်ဆွဲ ပါ ။ နီကျင်ကျင်အရောင်ရှိပြီး လည်မှာဆွဲထားရင် တလှုပ်လှုပ်နှင့် မို့ "လည်တုန်" လို့ခေါ်တယ်။ အပြောက်အမွန်းကောင်းကောင်း၊ ဆွဲသီး အတော်များများ (၂၃ ခု) ၊ ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅) အမှတ်လက္ခဏာ ဒေါင်းတံဆိပ် တို့နှင့် အလှဆင်ထားတာမို့ ဝတ်ဆင်သူဟာ အင်မတန် အဆင့်တန်းမြင့်တဲ့ အသိုင်းဝိုင်းကဖြစ်မှာပါ။
=====================================================
ထားဝယ်မှာ ဆင်ဖြူမရှင် နေစဉ်တုန်းက ထုတ်ရောင်းတဲ့ ပစ္စည်းတွေ ထဲက တစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။
အသေးစိတ်ကြည့်ချင်ရင်ဖြင့် ပုံပေါ်မှာ ကလက် နှိပ်လိုက်ပါ။

3/12/09

ထူးအိမ်သင် ကို လှူမယ်တဲ့ လား


တစ်ရက် မက ၊ တစ်နေရာ မက ၊ တစ်ခါမက တွေ့နေရတဲ့ စာတမ်းလေးတစ်ခုပါ။
ထူးအိမ်သင် အတွက် လှူရအောင်ဆိုတဲ့ စာတမ်း လေးက ဘာအတွက်ရေးတယ်လို့ ကျွန်တော်နားလည် မလိုလိုနှင့် နားမလည်နိုင်ပါ။ လှူရအောင်လို့ ဆိုတဲ့အတွက် သူ့အတွက်ရည်ဇူးပြီး ကောင်းမှု ကုသိုလ် လုပ်မှာကို ပြောတာလား ။ ဒါဆိုရင်တော့ ကောင်းပါတယ် ။ ဒါပေမယ့် ထူးအိမ်သင် ဟာငွေနှင့် အမြဲ မပတ်သတ်တဲ့ လူပါ ။
သူဖန်တီးထားတဲ့ အနုပညာ လက်ရာတွေ သီချင်း၊ ကဗျာ ၊ ဂီတ တွေမှာ ငွေရဲ့ အငွေ့အသက် လုံးဝ လုံးဝ မတွေ့ရတာ အသေအချာပါ ။
ကျန်ရစ်ခဲ့တဲ့ မိသာစုဟာလည် ထူးအိမ်သင် သဘော နှင့် ထပ်တူထပ်မျှ ပါ ။ ထူးအိမ်သင် နေမကောင်းလို့ ဆေးရုံမှာ ကုသဆဲ ဆိုရင်ဖြင့် မပြောလိုပါ။

ထူးအိမ်သင် ဆိုတဲ့လူဟာ သူ့ကိုစာအုပ်ပေးရင် "ဘယ်သူကျေးဇူးပြုသည်" လို့စာအုပ်မှာ ရေးထားမယ်။ ဝိုင်း မှာတွေ့လို့ပြုစုရင် "ရတယ်လို့" ပြောမယ်။ ကျန်တာသွားမပေး လေနှင့် အဆဲခံရမယ်။ သူ့အတွက် လှုတယ်လို့သာ သူသိရင်ဖြင့် ...............။ ဒီလိုအလှုမျိုးကို သူလုံးဝမ ကြိုက်ပါ ။

သူ့ကိုကြည်ညိုတာ ၊ လေးစားတာကို နားလည်ပါတယ်။

ဒါပေမယ့်ဗျာ ဒီ " လှုရအောင် ဆိုတဲ့ဟာ ကြီး" က
သူ့ရဲ့ စိတ်သဘောထား ၊ သူ့ရဲ့ ရိုးသားမှု ၊ သူ့ရဲ့ ဖန်တီးမှု ၊ သူ့ရဲ့ပညာရပ် ၊ သူ့ရဲ့ အလှတရား ၊
သူ့ရဲ့ ချစ်ခြင်းဂရုဏာ .......... ဒါတွေအားလုံးကို လုံးလုံး မသိသလို ဖြစ်မနေဘူးလား။



အိပ်မက်သည် သူ
သူသည် အိပ်မက်
အိပ်မက်သည် အသက်ဖြစ်စေ
ဆောင်းဦးလျှင် နှင်းကြွင်း၏
အချစ်ကြွင်းစေ
မြတ်နိုးချင်း ကြွင်းစေ
မေတ္တာ ကြွင်းစေ
===============================================






(ကျုပ် ကထပ်ပြောလိုက်ချင်သေး ခင်ဗျားလုပ် လို့ ဘာမှ မကြွင်း ဘဲနေဦးမယ်။ )

အုတ်ခွတ်ဘုရား နှစ် ခု



ပျူ ဟန်လက်ရာ၊ ခုနှစ် အတိအကျမဖော်ပြတဲ့
အုတ်ခွတ်ဘုရား နှစ် ခု လေ့လာလို့ရအောင်တင်ထားပါတယ်။
ဒီဓာတ်ပုံကို
Dr. Richard M. Cooler
Professor Emeritus
Art History of Southeast Asia
Northern Illinois University

Former Director
Center for Burma Studies
Northern Illinois University ရဲ့ web page က ရပါတယ်။
မူ ရင်း က http://www.seasite.niu.edu/Burmese/Cooler/Chapter_2/Chapter_2.htm

ဒီဓာတ်ပုံ ဘယ်ကရတယ်မဖော်ပြပါ။ ဒီပစ္စည်းဘယ်မှာ ရှိတယ်ဆိုတာမ ဖော်ပြပါ။
အုတ်ခွတ်ဘုရား၊ ထိုင်တော်မူ ဘုရား ဘေးနှစ်ဘက်မှာ ရှိနေတဲ့ ပျူ စေတီ နှစ်ဆူ ပုံတော့ Dr. Richard M. Coolerက ကြာဖူး စေတီလို့ အမည်ပေးထားပါတယ်။