4/4/13

သမိုင်းထဲက လဒ(လင်းတ) များ



မြန်မာတို့ ရဲ့ မင်းနေပြည်ဟောင်း အဝ(အင်းဝ) မှာ ရွှေစည်းခုံဘုရား တည်ထားတာရှိတယ်။ အဲဒီဘုရားပေါ် လဒ နားတာနဲ့ပတ်သက်ပြီး မှန်နန်းလာ နိမိတ်တွေပြောချင်လာတယ်။

၁။ မြန်မာသက္ကရာဇ် ၇၆၂ ခု၊ မင်းကြီးစွာ အနိစ္စရောက်လိုသော် ရွှေစည်းခုံးဖျား လင်းတနား၏။ မှန်နန်း ၊ ပထမတွဲ ၊ စာ ၄၇၈။

၂။ မြန်မာသက္ကရာဇ် ၇၈၃ ခု၊ ပထမ ဘုရင်မင်းခေါင် အနိစ္စရောက်လိုသော် အင်းဝရွှေစည်ခုံထက် လင်းတ နား၏။ မှန်နန်း၊ ဒုတိယတွဲ ၊ စာ ၆၂။

၃။ မြန်မာသက္ကရာဇ် ၉၉၀ ခု ၊ ပထမ ဝါဆိုလဆန်း ၈ ရက်၊ ကြာသာပတေးနေ့ မဟာဓမ္မရာဇာမည်သော အနောက်ဘက်လွန်မင်း နတ်ပြည်စံတော်မူသည်။ နတ်ပြည်စံတော်မူလိုသော် အဝ ရွှေစည်းခုံဘုရား လင်းတနား၏။ မှန်နန်း ဒုတိယတွဲ ၊ စာ ၁၉၂။

၎။ မြန်မာသက္ကရာဇ် ၁၀၀၂ ခု၊ တော်သလင်း လပြည့်ကျော် ၂ ရက်နေ့ သောကြာနေ့ ရွှေစည်းခုံ အနောက်ရွဲလုံးကြား ထောင့်တွင် လင်းတနား၍ အနောက်သို့ပျံသည်။ ထိုနေ့ နေတံခွန် ထွက်သည်။ မှန်နန်း ၊ တတိယတွဲ ၊ စာ ၂၄၂။

၅။ မြန်မာသက္ကရာဇ် ၁၀၃၃ ခု တွင် ပြည်မင်း နတ်ရွာစံလွန်တော်မူလိုသော် ရွှေစည်းခုံဘုရား လင်းတ နား၏။ မှန်နန်း ၊ တတိယတွဲ ၊ စာ ၂၄၂။

၆။ မြန်မာသက္ကရာဇ် ၁၀၆၀ ပြည့်၊ ဝမ်းဘဲအင်းစံမင်း နတ်ရွာစံလိုသော် ရွှေစည်းခုံဘုရားတွင် လင်းတ နား၏။ မှန်နန်း၊ တတိယတွဲ ၊ စာ ၃၂၅။


ခုပြောခဲ့တဲ့ မင်းတွေရဲ့ ရာဇဝင်ကိုကြည့်တော့ လောက်လောက်လားလား ထွန်းပေါက်ခဲ့တာမျိုးမရှိလှပါ။ ခုတော့ မြန်မာတို့ရဲ့ ရွှေမြို့တော်ဟာ ရန်ကုန်(ဒဂုံ)ပါ။ ဒဂုံမှာ တန်ခိုးအကြီးဆုံး ဘုရားကိုပြောပါ ဆိုရင် ရွှေတိဂုံ (ရွှေတိခုံ) ဘုရားဘဲပေါ့။ ဒီတော့ ဘာဖြစ်မလဲပေါ့။ မင်းလောင်း သေမလား ၊ မင်းဟောင်း သေမလားပေါ့။ ဒီလိုပြောတော့ ဘုရားပေါ်လင်းတ နားတာ မကောင်းဘူးဆိုတဲ့သဘောသက်ရောက်ပါတယ်။ လင်းတနဲ့ ပတ်သက်ပြီး ကောင်းတာရောမရှိဘူးလားလို့ မေးလာရင် ဖြေစရာတစ်ခုတော့ ကျန်ပါသေးတယ်။

မြန်မာသက္ကရာဇ် ၁၁၇၈ (ဗဒုံမင်းလက်ထက်) နန်းတော်သစ်ဆောက်ဆဲ အရှေ့စနုဆောင် အမိုးမှာ လင်းတနားတော့ နိမိတ်မကောင်းဘူးလို့ ဆီးဗနီ ဆရာတော်က နိမိတ်ကောက်ပါတယ်။ အယူတော် မင်္ဂလာဦးနိုးက လင်းတနားတာကို အဆိုးလို့မမြင်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ လင်းတဟာ ဂဏန်းဗေဒင်အရ (၄+၇)= ၁၁ ဖြစ်လို့ လောက်အောက်ခံလိုပါတယ်လို့ ပဒေသရာဇ်တစ်ပါးပါးက သမီးကညာဆက်သဖို့ တစ်ဆယ့်တစ်ရက်အတွင်း ရောက်လိမ့်မယ်လို့ ကောက်ပါသတဲ့။ အမှန်တကယ်ဘဲ တိုလျားစော်ကဲက ဗဒုံမင်းဆီကို သမီးကညာဆက်ပါတယ်။ အယူတော်မင်္ဂလာ ဦးနိုးလည်း နိမိတ်ကောက်တာမှန်တဲ့အတွက် လက်စွပ်တစ်ကွင်းချီးမြင့်ခံရပါသတဲ့။ မြန်မာတို့ရဲ့ လောကီပညာရပ်တွေမှာ လင်းတ နဲ့ပတ်သက်ပြီး အစဉ်အဆက် အဆိုးဘက်ယူနေကြဖြစ်တဲ့ အယူကို အကောင်းဘက်က လှည့်ယူတာ အယူတော်မင်္ဂလာ ဦးနိုးကစတယ်လို့ ပြောစမတ်တွင်ပါတော့တယ်။

ပြီးခဲ့တဲ့ နှစ်၂၀၁၂ ထဲမှာ ရွှေတိဂုံဘုရားပေါ် လင်းတ နားသွားတာနဲ့ပတ်သက်လို့  ပြောကြဆိုကြလွန်းလို့ မြန်မာကျူ့ပစ်ဖိုရမ်မှာ mrlynn ဆိုတဲ့ နာမည်နဲ့ ဒီစာကို ရေးခဲ့တယ်။

8 comments:

  1. AnonymousJune 12, 2013

    Thank you for the auspicious writeup. ӏt in faсt was a amusement
    account it. Look advanced tο far addеd agreeable fгom you!
    However, how coulԁ we communicаte?


    Here is my site: WebRead ()

    ReplyDelete
  2. تُقدم شركة البيت الألماني أفضل الحلول المعتمدة للقضاء الشامل على كافة أنواع الآفات والمبيدات، حيث توفر حماية متكاملة للمباني والمنازل من خلال شركة مكافحة النمل الابيض بالجبيل
    ، مع التأمين الشامل للمنشآت قبل وبعد البناء عبر شركة مكافحة النمل الابيض بالدمام
    . وتعتمد الشركة على مبيدات آمنة وفعالة ذات تأثير طويل المدى تتيح لك الاستعانة بـ شركة مكافحة حشرات بالجبيل
    وكذلك التواصل مع شركة مكافحة حشرات بالدمام
    للتخلص النهائي من الزواحف والحشرات الطائرة. وللحفاظ على نظافة واجهات المباني والأسطح من التلوث، توفر الشركة أفضل طرق التركيب والمطاردة عبر شركة مكافحة الحمام بالدمام لضمان بيئة صحية ونظيفة تماماً.

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။