5/4/10

" ပုဂံကို ဖျက်ဆီးကြသူများ "

ဓာတ်ပုံပညာရှင် Kram Cam ၂၀၀၉ ဖေဖော်ဝါရီ လောက်က ပုဂံမှာ ရိုက်ခဲ့တဲ့ပုံပါ။
သူလည်း ရေးထားတဲ့စာကိုကြည့်ပြီး ဒေါသထွက်သွားပုံရတယ်။ သူ့ရဲ့ မှတ်ချက်က


Stupid tourists! Who graffiti's 1000 year old buildings!
The building were all covered in graffiti - mostly in Burmese language. The locals maybe don't appreciate what they have...

Photo by Kram Cam, Flickr.com

" ပုဂံကို ဖျက်ဆီးကြသူများ " ( အရင်က " ပုဂံကိုပျက်စီးကြသူများ " လို့မှားရေးခဲ့တယ်) ဆိုပြီး ပိုစ်တစ်ခုရေးခဲ့ဖူးတယ်။ အခက်ခဲတချို့ကြောင့် အဲဒိတုန်းက ပုံတွေ မထည့်ဖြစ်ခဲ့ပါ။ ဘယ်နှစ် နှစ်အတွင်းမှာ ပုဂံ အပါဝင် ဘုရား နှင့် ရှေးဟောင်းအဆောက်အုံ ဘယ်လောက်တွေပျက်စီးသွားပြီဆိုတာသိရအောင် သူများတွေရိုက်ထားတဲ့ ဓာတ်ပုံမှန်သမျှ ခုနှစ်မှတ်ထားပြီး စုပါတယ်။
၂၀၀၆ ခုနှစ်မှာ ရိုက်ထားတဲ့ မင်းကွန်း ပုထိုးတော်ကြီး နှင့် ၂၀၁၀ ဧပရယ် မှာရိုက်ထားတဲ့ ပုံနှစ်ပုံကို နှိုင်းယှဉ်ကြည့်တဲ့အခါ ပုထိုးတော်ကြီး ဘယ်လောက်ပျက်ဆီးသွားတယ်ဆိုတာ သိရတယ်။ ဒါကြောင့် အချိန်ပေးပြီး ပုံတွေစုပါတယ်။ အတော်များများက နိုင်ငံခြားသား ဓာတ်ပုံပညာရှင်တွေဆီကဖြစ်တယ်။

" ပုဂံကို ဖျက်ဆီးကြသူများ " ( အရင်က " ပုဂံကိုပျက်စီးကြသူများ " လို့မှားရေးခဲ့တယ်) ကိုရေးခဲ့တုန်းက အဓိကတာဝန်ရှိသူ ရယ်လို့ အဆင့်သတ်မှတ်ချက်(Ranking) လုပ်ရာမှာ

၁။ မင်း (အုပ်ချုပ်သူ)
၂။ သဘာဝဘေးဒဏ်
၃။ ဘုရား ဂေါပက
၎။ သဒ္ဒါ တရားထက်သန်သူ ရဟန်း/လူ
၅။ သိုက်သမား
၆။ ရှေးဟောင်းသုတေသနသမား
၇။ အလုပ်လုပ်သူ လုပ်သား ဆိုပြီးရေးခဲ့တယ်။

ခု အဲဒါကို ပြင်ဖို့လိုလာပါပြီ။ ဘုရားဖူးသူ မြန်မာ နှင့် နိုင်ငံခြားသား တွေကိုလည်း " ပုဂံကို ဖျက်ဆီးကြသူများ " ( အရင်က " ပုဂံကိုပျက်စီးကြသူများ " လို့မှားရေးခဲ့တယ်) စာရင်းမှာ ထည့်ရပါမယ်။ ရောက်လေရာဘုရား ပုထိုး နှင့် အဆောက်အုံ တွေ ရဲ့နံရံ ဒါမှမဟုတ် အဓိကအရေးပါတဲ့ နေရာတွေမှာ နာမည်နှင့် ရက်စွဲရေးထားခဲ့တဲ့ မိုက်မဲတဲ့ လုပ်ရပ်ကြောင့် နှစ်ပေါင်းထောင်ချီကြာနေပြီဖြစ်တဲ့ ရှေးလက်ရာတွေ ပျက်စီးရတယ်။ အဲလို စာရေးတက်တဲ့ ဘုရားဖူးတွေထဲမှာ နိုင်ငံခြားသားတွေပါတယ် ဆိုပေမယ့် အများစုက မြန်မာတွေဖြစ်တယ်။ ဒါကြောင့် မိမိနှင့် နီးစပ်ရာကို တတ်နိုင်သလောက် အခြေခံအသိ ပညာပေး ကြပါဗျာ။

5 comments:

  1. AnonymousMay 05, 2010

    ပုဂံကို ဖျက်ဆီးကြသူများ ဒါမှမဟုတ် ပုဂံကိုပျက်စီးစေကြသူများ လို့ရေးရင် မြန်မာသဒ္ဒါ အမှန်ဖြစ်မယ် ထင်ပါတယ်။

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်။ ကျွန်တော်မြန်မာစာ ကောင်းကောင်းမတတ်ပါ။ မကြာခဏ စာလုံးပေါင်းမှားတတ်သလို သဒ္ဒါလည်းမကျေပါ။

    ReplyDelete
  3. AnonymousMay 07, 2010

    ကျွန်တော်လဲ ခင်ဗျားကို အဲဒါ ပြင်ဖို့ ကွန်းမန့်ပေးမလို့...

    ဒေါက်တာသန်းထွန်းပုံကြီး ပြပြီး စာလုံးအမှားတွေနဲ့ လုပ်ရင် ဘလော့ လုပ်သူ ခင်ဗျားအတွက်လည်း မကောင်းဘူး၊ ဒေါက်တာသန်းထွန်း အတွက်လည်း မကောင်းဘူး။ အခု အပေါ်က ကွန်းမန့်မှာ သူများက မှန်တာ ထောက်ပြတော့လည်း ခင်ဗျားက ပြင်ဖို့ မစဉ်းစားဘူး။ သွားလေသူ ဖြစ်ပေမဲ့ ဆရာကြီးမျက်နှာကို ထောက်ထားပြီး နည်းနည်း ဂရုတစိုက်လေး လုပ်ဖို့ကောင်းတယ်။

    ReplyDelete
  4. ကျေးဇူးတင်ပါတယ်။ အရင်ကလည်း ခုလိုပြောတာခံရဖူးပါတယ်။ အားလုံးကစေတနာနှင့်ပြင်ပေးကြ ၊ ထောက်ပြပေးတယ်လို့မှတ်ယူပါတယ်။
    ဒေါက်တာတင့်ဆွေ တစ်ယောက်တည်းသာ နာမည်သိရတဲ့ ပထမဆုံး စာလုံးပေါင်းအမှား ထောက်ပြတဲ့သူပါ။ နောက်ပိုင်းမှာလည်း နာမည်မပြောပေမယ့် ထောက်ပြ ပြီးအမှားပြင်ပေးသွားတဲ့လူတွေလည်း အများကြီးရှိပါတယ်။ စာလုံးပေါင်း မှားတွေကို ထောက်ပြတိုင်း ပြန်ပြင်ခဲ့ပါတယ်။ ခုလည်းအမှားပြင်ပေးသွားတဲ့လူကို လေးစားတဲ့အနေနှင့် မြင်သာအောင် မပြင်ဘဲခဏထားမယ်လို့ စိတ်ကူးမိတယ် ၊ နားလည်မှုလွဲသွားနိုင်တယ်လို့ မစဉ်းစာမိခဲ့ပါ။

    " ဒေါက်တာသန်းထွန်းပုံကြီး ပြပြီး စာလုံးအမှားတွေနဲ့ လုပ်ရင် ဘလော့ လုပ်သူ ခင်ဗျားအတွက်လည်း မကောင်းဘူး၊ ဒေါက်တာသန်းထွန်း အတွက်လည်း မကောင်းဘူး။ အခု အပေါ်က ကွန်းမန့်မှာ သူများက မှန်တာ ထောက်ပြတော့လည်း ခင်ဗျားက ပြင်ဖို့ မစဉ်းစားဘူး။ သွားလေသူ ဖြစ်ပေမဲ့ ဆရာကြီးမျက်နှာကို ထောက်ထားပြီး နည်းနည်း ဂရုတစိုက်လေး လုပ်ဖို့ကောင်းတယ်။ " ဆိုတဲ့ ခင်ဗျား ကွန်မန့် ကိုဘယ်လိုပြန်ဖြေရမှန်းမသိပါ။

    ဒီတော့ဖြေတတ်သလိုဘဲပြန်ဖြေပရစေ " ကျွန်တော်မြန်မာစာ ကောင်းကောင်းမတတ်ပါ။ မကြာခဏ စာလုံးပေါင်းမှားတတ်သလို သဒ္ဒါလည်းမကျေပါ။

    " တော်လို့ တတ်လို့ ၊ ဆရာလုပ်ချင်လို့ ဘလော့ရေးတာမဟုတ်ပါ။ သိထားတဲ့ အကြောင်းရာတချို့ကို တတ်သလောက်သာရေးတယ်။
    ဒီဘလော့က စေတနာပါသလား ဂရုတစိုက်လုပ်သလားဆိုတာတော့ ကျွန်တော်ဖြေရမယ့် မေးခွန်းလို့ မထင်ပါ။

    ReplyDelete
  5. စာရေးသူက တော်တော်သည်းခံနိုင်တာပဲ။ ဗဟုသုတတွေ အတွက် ကျေးဇူးပါ။

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။