12/24/09

ပစပ်ရာဇဝင်

မှော်ဘီ ဆရာသိန်းရဲ့ " ပါးစပ်ရာဇဝင် " ပါ အကြောင်းရာ တချို့ကို ဒေါက်တာ သန်းထွန်း ၊ ဒေါက်တာ ရီရီ နှင့် မကြန် တို့ရဲ့ စာတမ်းငယ်တွေ မှာ မကြာခဏဖော်ပြတာ ဖတ်ဖူးပါလိမ့်မယ်။

သမိုင်း ပညာရှင် " မကြန် " က ပါးစပ်ရာဇဝင်ကို " ဖတ်လို့ ကောင်းသည်။ ပါးစပ်ရာဇဝင် ဆိုတော့လည်း မှန်သင့်သလောက် မှန်ပြီး မသေချာတာတွေလည် ပါမှာပေါ့လေ " ဆိုပြီး မှတ်ချက်ပေးတယ် ။

မှော်ဘီ ဆရာသိန်းရဲ့ " ပါးစပ်ရာဇဝင် " မှာ ပါတဲ့ အကြောင်းရာတွေဟာ ပေစာ ၊ ပုရပိုဒ်စာ တွေနှင့် သက်ကြီးရွယ်အို တွေရဲ့ ပြောပြချက်တွေကို အခြေခံထားတယ်လို့ ဆိုပါတယ်။ သက်ဦး ဆံပိုင် ဘုရင် နှင့် ပဒေသရာဇ် စနစ်အောက်က အုပ်ချုပ်ခံ ပြည်သူ ၊ မင်းခစား အမတ်တွေ ရဲ့ ခံစားချက် " သရော်စာ " လို ဖြစ်နေ လို့ ဘိုးတော် ( ဗဒုံမင်း ) နှင့် ဘကြီးတော် တို့ တင်မကဘဲ အခြားကျန်နေသေးတဲ့ ခေတ် နှင့် ဘုရင်တွေ အတွက်ပါ ရှိသင့်ပါတယ်။


ပေးထားတဲ့ လင့် တွေက ဒေါင်း ယူနိုင်ပါတယ်။
https://www.myanmarisp.com/history/History-eBooks/126%20PaSatYarZarWin.pdf/view

http://www.zshare.net/download/70319034c1750375/


စာအုပ် ( PDF ) ဖိုင် ကို မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာအဖွဲ့ ကနေယူထားပါတယ်။

3 comments:

  1. တိုက်ဆိုင်လိုက်တာများ။ တစ္ဆေခြောက်သလားမှတ်ရ။ ကျွန်တော်လဲ အခုအဲဒါဖတ်နေရင်း တွေ့လိုက်တာ လန့်တောင်လန့်သွားတယ်။

    ReplyDelete
  2. သရော်စာပဲဗျာ။ မပြောတော့ဘူးနော။

    ReplyDelete
  3. အေးဗျ ကျွန်တော်လည်း ဖတ်ပြီးတာ ရက်ပိုင်းလေးပဲ ရှိသေးတယ်။ စိတ်ထဲရှိတဲ့ အတိုင်း ပြောရရင် ပစပ်ရာဇဝင် ကို ကြိုက်တယ်။ စာရေးသူ မှော်ဘီ ဆရာသိန်း ဒီစာအုပ်အတွက် အချိန်တွေ အများကြီးယူပြီး ကြိုးစား အလုပ် လုပ်ခဲ့တယ်ဆိုတာ သေချာတယ်။ ဆရာမကြီး မကြန်ပြောသလို ပါဘဲ
    " ဖတ်လို့ ကောင်းသည်။ ပါးစပ်ရာဇဝင် ဆိုတော့လည်း မှန်သင့်သလောက် မှန်ပြီး မသေချာတာတွေလည် ပါမှာပေါ့လေ "

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။