10/6/09

ရွှေနန်းသခင် စန္ဒသုမနရာဇာ ၁၁၃၅



ရွှေနန်းသခင် စန္ဒသုမနရာဇာ (စန္ဒြသုမနရာဇာ) ၁၁၃၅ ( ၁၇၇၃ အေဒီ )

နောက်ထပ် ထပ်တွေ့ရတဲ့ ရခိုင် ဒင်္ဂါးပါ။
ရခိုင်ဘုရင်တွေဟာ နန်းတက်တိုင်း သူတို့ရဲ့ ဘွဲ့အမည်ပါ ဒဂါင်္းတွေ ခပ်နှိပ် ထုတ်လုပ်လေ့ရှိတဲ့အတွက် ရခိုင် ဒင်္ဂါးတစ်ပြားတွေ့တိုင်း ကျောက်စာတစ်ချပ်တွေ့ရသလိုအဖိုးတန်လှတယ်။ ရခိုင်သမိုင်းကို လေ့လာဆဲပါ။ သိပ်မသိပါ။

ရခိုင် ဒင်္ဂါးပြားတွေမှာ တွေ့ရတဲ့ ခုနှစ်တွေဟာ တချို့ရခိုင်ရာဇဝင် စာအုပ်တွေမှာ ရေးထားတွေနှင့် ကွဲလွဲနေတာမျိုး စတွေ့နေပါပြီ။ ကျွန်တော်ကိုယ်တိုင် အရင်ပိုစ်တွေမှာ မှားခဲ့တဲ့ ခုနှစ်တွကို ပြင်လိုက်ပါပြီ။ နောက်လည်း ထပ်ပြင်ရင် ပြင်ရပါလိမ့်မယ်။


ဟိန္ဒုအယူဝါဒ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ အမှတ်လက္ခဏာ မပါတော့တဲ့ ရခိုင် ဒင်္ဂါးစာရင်း။
???? = ရှိနေနိုင်သေးတဲ့ ဒဂါင်္းတွေကိုရည်ရွယ်တယ်။
ဒီစာရင်းဟာ သုတေသန အဆင့်မှီစာရင်း မဟုတ်သေးပါ။

?????
နာရဒိပတိ ဦးရီးတော် မဟာနန္ဒဘရ ၊ ၆၆၀ ( ၁၂၉၈ အေဒီ )
???
ဆင်ဖြူရှင် နာရဓိပတိ စောလှိုင်သျှင် ၊ ၉၆၃ ( ၁၆၀၁ အေဒီ )
?????
ဆင်ဖြူသခင် ဆင်နီသခင် မင်းတရားကြီး ဦး လျှောင်းရှာ့ ၊ ၉၈၁ ( ၁၆၁၉ အေဒီ )
ဆင်ဖြူသခင် ဆင်နီသခင် သီရိဓမ ရာဇာ ၊ ၉၈၄ ( ၁၆၂၂ အေဒီ )
ဆင်ဖြူသခင် ဆင်နီသခင် နာရပတိဂြီ ၊ ၁၀၀၀ ( ၁၆၃၈ အေဒီ )
ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတရားကြီး ၊ ၁၀၀၇ ( ၁၆၄၅ အေဒီ)
ရွှေနန်းသခင် စန္ဒ ဝိဇယ ရာဇာ ၁၀၇၂ ( ၁၇၁၀ အေဒီ )
အရှင်ရွှေနန်းသခင် စန္ဒသူရိယ ရာဇာ ၁၀၉၃ ( ၁၇၃၁ အေဒီ )
အရှင်ရွှေနန်းသခင် နာရပဝါယ ရာဇာ ၁၀၉၅ (၁၇၃၅ အေဒီ )
အရှင်ရွှေနန်းသခင် စန္ဒဝိဇလ ရာဇာ ၁၀၉၅ ( ၁၇၃၃ အေဒီ)
အရှင်ရွှေနန်းသခင် မဓရာဇ် ရာဇာ ၁၀၉၉ ( ၁၇၃၇ အေဒီ )
ရွှေနန်းသခင် စန္ဒြသုဓမရာဇာ ၊ ၁၀၁၄ ( ၁၆၅၂ အေဒီ )
??????
ရွှေနန်းသခင် အဘရ မဟာရာဇာ ၊ ၁၁၂၆ ( ၁၇၆၄ အေဒီ )
ရွှေနန်းသခင် စန္ဒသုမနရာဇာ (စန္ဒြသုမနရာဇာ) ၁၁၃၅ ( ၁၇၇၃ အေဒီ )
ရွှေပြည်သခင် ဓမ္မရာဇဓိရာဇာ ၊ ၁၁၄၀ ( ၁၇၇၈ အေဒီ)
ရွှေနန်းသခင် မဟာသမတရာဇာ ၊ ၁၁၄၄ ( ၁၇၈၂ အေဒီ )

????
ကုလ မဟာရာဇာ ( ခုနှစ် မသိရသေးပါ)

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။