1/1/11

၃- အိမ်ရှေ့မင်းအကြောင်း

၃- အိမ်ရှေ့မင်းအကြောင်း
အဘယ်ကြောင့် အိမ်ရှေ့မင်းသည် ဥပရာဇာ မည်သနည်းဟူမူကား - ဥပသမီပေ ဌိတော ရာဇာတိ ဥပရာဇာ ဟူသော ဝစနတ္တနှင့်အညီ ရေမြေသေဌ်နင်း မင်းအဖြစ်၏ အနီး၌ တည်တတ်သောကြောင့် ဥပရာဇာမည်၏။ ဥပသမီပေ ၊ ရေမြေသေဌ်နင်း မင်းအဖြစ်၏ အနီး၌။ ဌိတော၊ တည်သော။ ရာဇာ၊ မင်းတည်း။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဥပရာဇာ၊ ဥပရာဇာမည်၏။


အိမ်ရှေ့မင်းအင်္ဂါ ၅ ပါး။ ။ အိမ်ရှေ့နန်းလျာ မဟာဥပရာဇာတို့ အင်္ဂါလက္ခဏာ ကား -
မိဘနှစ်ပါးစုံမှ ကောင်းစွာဖြစ်ခြင်း၊ အလွန် အဆင်းလှခြင်း၊ မယ်တော်, ခမည်းတော်, နောင်တော်တို့၏ နှလုံးကို ပွါးစေခြင်း၊ တိုင်းသားပြည်သူ လူရှင်ရဟန်းတို့၏ နှလုံးကိုပွါးစေခြင်း၊ ဆင်းစီး, မြင်းစီး, ရထားစီး, လေးပစ်, လှံထိုး အစရှိကုန်သော အတတ်တို့၌ လေ့လာပွန်းတီး ပြီးစီးတတ်မြောက်ခြင်း၊ ဤသို့အားဖြင့် ငါးပါးတည်း။ ထို့ကြောင့် ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်၌ -

" ဣဓ ဘိက္ခဝေ ရညော ခတ္တိယဿ မုဒ္ဓါဝသိတ္တဿ ဇေဋ္ဌော ပုတ္တော ဥဘတော သုဇာတော ဟောတိ မာတိတော စ ပိတိတောစ၊ အဘိရူပေါဟောတိ၊ မာတာ ပိတူနံ ပိယော ဟောတိ မနာပေါ၊ နေဂမဇာနပဒဿ ပိယော ဟောတိ မနာပေါ၊ ယာနိ တာနိ ရညံ ခတ္တိယာနံ မုဒ္ဓါဝ သိတ္တာနံ သိပ္ပဋ္ဌာနာနိ ဟတိံ္ထသိံ္မ ဝါ အဿသိံ္မ ဝါ ရထသိံ္မ ဝါ ဓနုသိံ္မ ဝါ ထရုသိံ္မ ဝါ၊ တတ္ထ သိက္ခိတော ဟောတိ အနဝယော" ဟူ၍ ဟောတော်မူသည်။ (အံ ၂-၁၃၅)

ဘိက္ခဝေ၊ ရဟန်းတို့။ ဣဓ၊ ဤလောက၌။ မုဒ္ဓါဝသိတ္တဿ ၊ မုဒ္ဓါဘိသိက် ခံသော။ ခတ္တိယဿ ၊ ရေမြေအရှင်ဖြစ်သော။ ရညော၊ မင်း၏။ ဇေဋ္ဌော ပုတ္တော၊ သားကြီးမင်းလျာသည်။ မာတိတော စ၊ အမိမှ၎င်း။ ပိတိတော စ၊ အဘမှ၎င်း။ ဥဘတော၊ နှစ်ပါးစုံကုန်သော သူတို့မှ။ သုဇာတော၊ ကောင်းစွာ ဖြစ်သည်။ ဟောတိ၊ ဖြစ်၏။ အဘိရူပေါ၊ လွန်စွာ အဆင်းလှသည်။ ဟောတိ၊ ဖြစ်၏။ မာတာပိတူနံ၊ မိဘတို့သည်။ ပိယော၊ ချစ်အပ်သည်။ မနာပေါ၊ နှလုံးကို ပွါးစေတတ်သည်။ ဟောတိ၊ ဖြစ်၏။ နေဂမဇာနပဒဿ၊ နိဂုံးဇနပုဒ်၌နေသော လူအပေါင်းသည်။ ပိယော၊ ချစ်အပ်သည်။ မနာပေါ၊ နှလုံးကို ပွါးစေတတ်သည်။ ဟောတိ၊ ဖြစ်၏။ မုဒ္ဓါဝ သိတ္တာနံ၊ မုဒ္ဓါ ဘိသိက်ခံကုန်သော။ ခတ္တိယာနံ ၊ ရေမြေရှင်ဖြစ်ကုန်သော။ ရညံ၊ မင်းတို့၏။ ဟတိံ္ထသိံ္မ ဝါ၊ ဆင်စီး အတတ်၌၎င်း။ အဿသိံ္မ ဝါ၊ မြင်းစီးအတတ်၌၎င်း။ ထရုသိံ္မ ဝါ၊ ရာထားစီးအတတ်၌၎င်း။ ဓနုသိံ္မ ဝါ၊ လေးအတတ်၌၎င်း။ ထရုသိံ္မ ဝါ၊ ဓားခုတ်လှံထိုး အတတ်၌၎င်း။ ယာနိ တာနိ သိပ္ပဋ္ဌာနာနိ၊ အကြင် အတတ်အကြောင်းအရာတို့သည်။ သန္တိ၊ ရှိကုန်၏။ တတ္ထ၊ ထိုအကြောင်းအရာတို့၌။ သိက္ခိတော၊ သင်အပ်ပြီးသည်။ အနဝယော ၊ အကြွင်းမဲ့ တတ်မြောက်သည်။ ဟောတိ၊ ဖြစ်၏။

ဤသို့လျင် အိမ်ရှေ့နန်းလျာ မဟာဥပရာဇာတို့၏ အင်္ဂါလက္ခဏာငါးပါးကို သိအပ်သည်။ ဥဘတော သုဇာတ- ဟူ၍ မိဆွေ ဘမျိုး နှစ်ပါးတို့တွင် အဘမျိုးသာ ပဋ္ဌာနဟူ၍ ဟောတော်မူသောကြောင့် အဘ မင်းဆွေ မင်းမျိုးဖြစ်က သုဇာတ မယ်တော့သည်သာဟူ၍ သိအပ်၏။ အိမ်ရှေ့မင်းသည် စစ်မက်အရေးကိစ္စ ပေါ်ပေါက်လျှင် ချီတက်တိုက်ခိုက်ရခြင်း၊ ညီလာခံဝင်ရခြင်း၊ လွှတ်တက်၍ စိမံခန့်ခွဲတော်မူရခြင်း၊ ထို့ပြင် အထူးသဖြင့် အရေးကြီးသည့်ကိစ္စရှိလျှင် အချိန်အခါမရွေး နန်းတော်သို့ဝင်၍ ဧကရာဇ်မင်းမြတ်နှင့် တွေ့ဆုံတိုင်ပင်နှီးနှောတော်မူရခြင်းစသော တိုင်းကျိုးပြည်ကျိုးများကို ရွက်ဆောင်တော်မူရသည်။

(ကျမ်းစာပါ မူရင်းအတိုင်း ပြန်လည်ကူးယူဖော်ပြသည်။)

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။