2/18/10

ဘုရားထောင် ပျူ အရိုးအိုးစာ

၁၈ မတ် ၁၉၉၃ ခုနှစ် ၊ ဘုရားထောင် မှာ ကျောက်အရိုးအိုးကြီး တူးဖော်ရရှိတယ်။


အမြင့် - ၁.၀၇ မီတာ
စာကြောင်း ၅ ကြောင်း
စာလုံးရေ ပေါင်း ၁၁၂၇ လုံး


ကျောက်အရိုးအိုးပေါ်မှ စာသည် သက္ကတ အက္ခရာ တချို့ပါသော ပျူ စာလုံးပေါင်း ၁၁၂၇ လုံး ပါရှိသည်။ အဲဒိ စာလုံးတွေထဲမှာ သက္ကတ အက္ခရာ ရေး လူပုဂ္ဂိုလ် ခုနှစ်ဦး ရဲ့ အမည်တွေ့ရတယ်။ အဲ့ဒီနာမည်တွေက


၁။ ဒေဝ မိတြ ( နတ်ချစ်သူ )
Devamitra ( The Beloved of Gods )

၂။ ဟရိ ဝိကြမ ( ဗိဿနိုးနတ်မင်းရဲ့ လက်ရုံး )
Harivikrama ( The Might of Visnu )

၃။ သီဟ ဝိကြမ ( ခြင်္သေ့ကဲ့သို့ ရဲရင့်သူ )
Sihavikrama ( The Courage of Lion )

၎။ သူရိယ ဝိကြမ ( နေကဲ့သို့ ထွန်းတောက်သူ )
Suriyavikrama ( The Power of Sun )

၅။ ဂြီထု ဝိကြမ ( အမိ နတ်မင်းက စောင်မသူ )
Crithuvikrama ( The Protection of Armour )

၆။ ဇတြတတ ဝိကြမ ( အမျိုးတကာ ထိတ်လန့်သူ )
Jatratatavikrama ( The Terror of Race )

၇။ အဒိတျ ဝိကြမ ( နေမျိုးအသရေ ရှိသူ )
[A] dityavikrama ( The Glory of Sun Race )


ကျန်နေသေးတဲ့ ပျူ စာလုံးတွေတော့ ဖတ်လို့မရသေးပါ။ ပျူစာ ပညာရှင် " ဘုန်းတင့်ကျော် " အပါဝင် အခြားပညာရှင်တွေ ဘယ်လို အက္ခရာ ဖလှယ် မယ်ဆိုတာ စောင့် မျှော် နေပါတယ်။





စကားကြုံတုန်း ပြောချင်တယ်။ မြန်မာ ရာဇဝင်ဆရာတွေပြောလေ့ရှိတဲ့ " ဒွတ္တပေါင်" သည် ပျူ ဘာသာ " တ္ဒး ဗံး " ကို မြန်မာမှုပြုခြင်းဖြစ်သည်။ ရှေးမြန်မာ ရာဇဝင်ဆရာတို့ " တ္ဒး ဗံး " ကို အဖတ်လွဲ ၊ အသံထွတ်လွဲရာမှ
" ဒွတ္တပေါင်" ဖြစ်သွားခြင်း ဖြစ်သည်။ " တ္ဒး ဗံး " ၏ အနက်ဓိပ္ပာယ် မှာ " မင်းကြီး " ဖြစ်သည်။




ရည်ညွန်း
ရည်စိန် ၊ လင် ( န် ) ယန် ( င် ) နှင့် ဆက်စပ်သော ရှေးဟောင်း မြန်မာနိုင်ငံ သမိုင်းတရပ်။
ဒေါက်တာ တိုးလှ ၊ ပျူသင်္ချိုင်း စာများ။
ဒေါက်တာ သန်းထွန်း ၊ လူတွေရဲ့အကျိုးကို ရှေးရှုပြီးရေးတဲ့ မြန်မာ့သမိုင်း ၊ ဩဂုတ် ၂၀၀၃။( မြန်မာ ထွေထွေရာရာ သမိုင်း ၊ စာမျက်နှာ ၂ - ၂၂ )
ဒေါက်တာ တိုးလှ ၊ သရေခေတ္တရာ သို့မဟုတ် မြန်မာနိုင်ငံတော် ၊ အေဒီ ၂-၉ ရာစု။
ဗိုလ်မှူး ဘရှင် ၊ ဝိလာရမ သင်းချိုင်းတော်။

2 comments:

  1. စိတ်ဝင်စားစရာပဲဗျို့  ဒွတ္တဘောင် လို့ အသိများနေသူရဲ့  နာမည်မှန် က ဘာဖြစ်မလဲ ဆိုတာ သိရင်ဖော်ထုတ်ပေးပါအုံးဗျာ ပြည်နားက ပြည်သားမို့ သိချင်ပါရဲ့ ....

    ReplyDelete
  2. " တ္ဒး ဗံး " ကိုရှေးမြန်မာရာဇဝင် ဆရာတို့က " တဒါးဘာ" လို့ဖတ်ကြတယ်။ အင်္ဂလိပ်စာလုံး ဆိုရင် " tda: ba: " လို့ရေးထားတာ ဖတ်ရတယ်။ မြန်မာနာမည် မဟုတ်ပါ။ သက္ကတ နာမည်ဆန်တယ်။ ပညာရှင် ရည်စိန် ကတော့ ' ဘင်္ဂလား အသံထွက်နှင့် ခပ်ဆင်ဆင်ဖြစ်တယ်လို့ မှတ်ချက်ပေးထားခဲ့ဖူးတယ်။

    မြန်မာရာဇဝင်ကျမ်း တွေမှာ သရေခေတ္တရာ မင်းဆက် ၂၇ ပါးရှိတယ်။
    အရိုးအိုးစာ ၊ ကျောက် ပလ္လင်စာ ၊ ငွေပလ္လင်စာ တွေမှာ တွေ့ရသမျှ " သရေခေတ္တရာ မင်း " ၁၅ ပါးရှိတယ်။
    နောက်ပိုင်း ပိုစ်တွေမှာ ဆွေးနွေးကြတာပေါ့ဗျာ။

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။