9/16/09

ကင်းဝန်မင်းကြီးဦးကောင်၏ဝတ်ရုံ




















































































































အမျိုးအစား - ကင်းဝန်မင်းကြီးဦးကောင်၏ဝတ်ရုံ
အချိန်ကာလ - ၁၉ ရာစု နောက်ဆုံးနှစ်အစိတ်

တွေ့ရှိရာနေရာ - မန္တလေး ၊ မြန်မာ

ပြုလုပ်ပုံနည်းပညာ - နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ ခြည်သားဖွတ်မြီးထိုး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသော ဝန်ကြီးဝတ်ရုံ။

အတိုင်းအတာ
အပေါ်ဖုံးဝတ်ရုံ /
အပေါ်ဆုံးပခုံးမှ အောက်ဆုံးအနားသတ်အထိ - ၁၁၂ စင်တီမီတတာ
လက်အရှည် - ၅၀ စင်တီမီတာ

ဘေးအကျယ် - ၅၁ စင်တီမီတာ ( ဟိုဘက် ဒီဘက် ပခုံးအကျယ် )


ပုဆိုး
/
ပုဆိုး အနံ - ၂၃၉ စင်တီမီတာ
ပုဆိုး ကွင်းအကျယ် - ၄၄ စင်တီမီတာ

အတွင်းခံ အင်္ကျီဖြူ /
အပေါ်ဆုံးပခုံးမှ အောက်ဆုံးအနားသတ်အထိ - ၁၀၉ စင်တီမီတာ

လက်အရှည် - ၈၇ စင်တီမီတာ
ဘေးအကျယ် - ၄၆ စင်တီမီတာ ( ဟိုဘက် ဒီဘက် ပခုံးအကျယ် )

ခေါင်းစီး
/ ခေါင်းပေါင်း
ခေါင်းစီးကြိုး အလျား - ၅၀ စင်တီမီတာ

ခေါင်းပေါင်း အတွင်းကျယ် - ၁၆.၅ စင်တီမီတာ

ခေါင်းပေါင်း အမြင့် - ၂၆.၅ စင်တီမီတာ


လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်

ပြတိုက်ပစ္စည်း အမှတ် - IM.43 to D-1912

အခုမြင်နေရတဲ့ မြန်မာဘုရင် ဝန်ကြီးဝတ်စုံဟာ မင်းတုန်းမင်း(၁၈၅၂-၁၈၇၈) နှင့် သီပေါဘုရင် (၁၈၇၈-၁၈၈၅) လက်ထက်အထိ အမှူ့ထမ်းခဲ့တဲ့ ' ကင်းဝန်မင်းကြီး ဦးကောင်း"ရဲ့ နန်းတွင်းဝတ်စုံဖြစ်တယ်။

ကင်းဝန်မင်းကြီး သက်ရှိထင်ရှားရှိစဉ်က အမှန်တကယ်ဝတ်ခဲ့တဲ့ ဝတ်စုံအစစ်ဖြစ်ပါတယ်။ မြန်မာ့ ယဉ်ကျေးမှူ့ဆိုင်ရာ ရှေးပစ္စည်းတွေထမ်းသိမ်းရာမှာ အကောင်းဆုံး ဖြစ်တဲ့ ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် မှာပြသထားပါတယ်။ ဒီဝတ်စုံကို ဘယ်လိုကနေဘယ်လို ရတယ်လို့ ပြတိုက်က အရိပ်အမွတ်တောင် မပြောပါ။

ပြတိုက်က ဒီဝတ်စုံကို ဘယ်လိုရတယ်ဆိုတာစိတ်ဝင်စားစရာပါ။ အင်္ဂလိပ်တွေဟာ မန္တလေးဘုရင့်နန်းတော်ကို မသိမ်းမှီကနေ သိမ်းယူပြီးနောက်အတော်ကြာတဲ့အထိ
ကင်းဝန်မင်းကြီးဦးကောင်းရဲ့အကူညီတွေအများကြီး ယူခဲ့၊ ရခဲ့ပါတယ်။ တည့်တည့်ပြောရရင် ကောင်းကောင်းအသုံးချတာပါဘဲ။

ကင်းဝန်မင်းကြီးအကြောင်း ရေးထားပြီးသား စာတမ်းတွေ အမြောက်အများ ရှိပြီးဖြစ်လို့ ထပ်မရေးတော့ပါ။
ရုရှား လူမျိုး ပါဠိ နဲ့ သက္ကတပညာရှင် အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev 1940- 1890 ) ရဲ့ နေ့စဉ်ရေး မှတ်တမ်းအရ မြန်မာဘုရင်ပါတော်မူပြီးဖြစ်နေပါလျှက် မြန်မာဝန်ကြီးအချို့ ဟာ ယခင်နန်းတွင်း အခစားဝင်စဉ်ကအချိန်အတိုင်း နန်းတော်ထဲ အခစားဝင်မြဲဝင်နေသေးတာကို တွေ့ခဲ့တယ်လို့ဆိုပါတယ်။ ဘယ်သူ ဘယ်ဝါရယ်လို့ နာမည်အတိကျ မပါ။

1 comment:

  1. minthant2009September 16, 2009

    ကျေးဇူးပါ။ဒါမျိုးတွေကို BSPP ခေတ်က လမ်းစဉ်စာစောင်မှာ ဝင်းထွန်း(ရှေ့  သို့  )က နှစ် နဲ့ ချီရေးဘူးတယ်..ပညာရပ် ထက်မှတ်တမ်းပိုဆန်တယ်..
    ဒီစာစောင်တွေရှာ ရ.မရတော့မသိပါ...

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။