ဗြိတိလျှ ပြတိုက်ရှိ ဖားစည်
အရွယ်အစား- ကရင် ဖားစည်အမျိုးအစား - နီညိုရောင် ကြေးသတ္တုပြုလုပ်ပုံနည်းပညာ - ကြေးသွင်းပုံဖော် ခပ်နှိပ်အချိန်ကာလ - ၁၈-၁၉ ရာစုနှစ်တွေ့ရှိရာနေရာ - မြန်မာအရွယ်အစား-အဝိုင်းအကျယ်( ဒိုင်ယာမီတာ ) ၂၁.၅ လက်မအမြင့် ၁၆.၅ လက်မလက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်ပြတိုက်အမှတ်- 1947,1014.1 :အာရှဖားစည်မျက်နှာပြင် ပေါ်မှာ ငါးရုပ်၊ ပန်း စသဖြင့် ဖောင်းကြွပုံဖော်ယူသည်။ ဗြိတိလျှ ပြတိုက်ရှိ ဖားစည်ပြတိုက်မှူး ရဲ့မှတ်ချက်က " ကရင် " ဖားစည်။၁၉၄၇ ခုနှစ် မှာ အတ်စ် အို မတ်ဒိုနယ် (O S Macdonald ) ဆိုသူက ဒီကရင် ဖားစည်ကို ဝယ်ယူစုစောင်းခဲ့တယ်။နှစ်အတန်ကြာပြီးနောက် လူအများလေ့လာဖို့ရာ ရည်ရွယ်၍ ဗြိတိလျှ ပြတိုက်၊ လန်ဒန် သို့ လှူဒါန်းသည်။======================================================ဖားစည်ကို ကောက်ပဲသီးနှံ စိုက်ပျိုးဖို့ " မိုး" ခေါ်ရာမှာသုံးတယ်။ အသုဘ အခန်းနားတွေမှာ သုံးတယ်။ လက်ထပ်ထိမ်မြားရာ အခန်းနား နှင့် အိမ်သစ် တက်ရာ အခန်းနားတွေမှာ တူရိယာအဖြစ် တီးခပ်အသုံးပြုပါတယ်။ဒီလိုဖားစည်လုပ်တဲ့ ပန်းဘဲဖို အမြောက်များရှိနိုင်သော်လည်း ကယားပြည်နယ် ၊ နွေဒေါင်(ငွေတောင်)မြို့ က ပန်းဘဲဖိုတစ်ခုတည်းသာ မှတ်တမ်းဝင်ပါတယ်။ ကျန်တာတွေရှာမရသေးပါ။ ကရင်ဖားစည်လို့ဆိုပေမယ့် တကယ်တမ်း ဖန်တီးသူ လက်မှူ့ပညာရှင်တွေဟာ ရှမ်း တွေဖြစ်ပါတယ်။၁၈၂၀ ဝန်းကျင်ကစပြီး ရှမ်းလက်မှူ့ပညာရှင်တွေဟာ နွေဒေါင်(ငွေတောင်)မြို့ မှာလာရောက်အခြေဆိုက်နေထိုင်ကာဖားစည်သွင်းလုပ်တဲ့ လုပ်ငန်းကို လုပ်ကိုင်ခဲ့ရာ တစ်မြို့လုံး မီးလောင်ပြာကျသွားတဲ့ ၁၈၈၉ ခုနှစ်အထိဖြစ်ပါတယ်။ ၁၉၂၃ ခုနှစ် ကရင်ဖားစည်ပြုလုပ်ရာ ပန်းဘဲဖို။
ဖားစည်ပြုလုပ်သူ ရှမ်းတွေဟာ ထုတ်လုပ်ရာမှာ အဓိက ကုန်ကြမ်းအဖြစ်( ကြေးနီ၊ သံဖြူ၊ သွပ်၊ ငွေ နှင့် ရွှေ )ငါးမျိုးကို အသုံးပြုပါတယ်။ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြတဲ့ တောင်ပေါ်နေ ကရင်မျိုးနွယ်စု အချို့သာ အသုံးပြုတယ်ဆိုသော်လည်းဘဲ မြန်မာဘုရင်၊ ထိုင်းဘုရင်တွေရဲ့ နန်းတွင်း တူရိယာဖျော်ဖြေမှုတွေမှာပါ အသုံးပြုခဲ့ပါတယ်။ နော့သာန် အီလီနွိုက်(Northern Illinois University) တက္ကသိုလ် ကပရိုဖစ်ဆာ ဒေါက်တာ ရိစ်ချက် အမ် ကိုလာ ( Professor Dr. Richard M. Cooler)ရဲ့စာတမ်းမှာ " စည် " အသုံးနှုန်းကို မြန်မာ့သမိုင်းမှာ အစောဆုံးတွေ့ရတာက သက္ကရာဇ် ၁၀၅၆ ခုနေ့စွဲပါ မနုဟာ ကျောက်စာ နန်းတွင်းဖျော်ဖြေမှုဆိုင်ရာ တူရိယာစာရင်းလို့ ဖော်ပြထားပါတယ်။Professor Dr. Richard M. Cooler ရဲ့အဆိုကို မဟုတ်ဘူးလို့ ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူရည်ညွန်းတဲ့ မနုဟာကျောက်စာဟာ ပုဂံခေတ်ပြိုင်မှတ်တမ်း ( Contemporary Record ) မဟုတ်ပါ။ မူလထိုးကျောက်စာမဟုတ်ပါ။ဘိုးတော်ခေတ် လောက်မှာမှ ရေးထိုးထားတဲ့ ဆင့်ထိုးကျောက်စာဖြစ်ပါတယ်။ ၁၁ ရာစုပုဂံ ခေတ် စကားလုံး၊ အရေးသားမျိုး မဟုတ်ပါ။ကုန်းဘောင်ခေတ်ရောက်ကာမှ ဟိုးအရင် အနှစ် ၈၀၀ကျော် လောက်က အဖြစ်ဖြစ်ကို မှန်းဆပြီး ရေးထိုးထားတဲ့ ကျောက်စာမို့ ဘယ်လိုမှစိတ်မချရပါ။အဲဒိ မနုဟာ ကျောက်စာကို ကိုလိုနီခေတ် ကျောက်စာဝန်ဟောင်း ချားစ်ဒူရွိုင်ဆယ်က မူလထိုးကျောက်စာအဖြစ် စာရင်းသွင်းခဲ့ဖူးပါတယ်။စိတ်ချ လက်ချပြောနိုင်တာက " ကျန်စစ်သား နန်းတည်ကျောက်စာ မွန်ဘာသာပါ၎ နိုဝင်ဘာ ၁၁၀၁ မှာပုဏ္ဏား နဲ့ ဟူးရားတွေ " စည်တီးပြီး " ရေခပ်သွားတယ်လို့ဆိုပါတယ်။
ဒိထက်စောပြီး အသုံးပြုတာမျိုး ရှိနိုင်ပါသေးတယ်။ဗီယတ်နမ် မှာတော့ အေဒီ ၂ - ၃ ရာစုကတည်းကသွင်းလုပ် အသုံးပြုနေပါပြီ။ ဒေါင်ဆောင်းလို့ လူသိများပါတယ်။ လာအို၊ ထိုင်း နှင့် ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေမှာ လည်းဒီလိုစည်တီးပြီးမိုးခေါ်တဲ့ အလေ့အထမျိုးရှိခဲ့ပါတယ်။============================================================
Bibliography - Animism and the Arts
F. Heger, Alte Metalltromeln aus Sudest-Asie (Leipzig, 1902).
H. I. Marshall, The Karen People of Burma: A Study in Anthropology and Ethnology (Columbus, 1922).
H. I. Marshall, "Karen Bronze Drums", Journal of the Burma Research Society, xix (1929), pp. 1-14.
Richard M. Cooler, "The Use of Karen Bronze Drums in the Royal Courts and Buddhist Temples of Burma and Thailand: A Continuing Mon Tradition?", Papers from a Conference on Thai Studies in Honor of William J. Gedney (Michigan Papers on South and Southeast Asia, No 25, Ann Arbor, 1986) pp. 107-20.
Richard M. Cooler, The Karen Bronze Drums of Burma: Types, Iconography, Manufacture, and Use (Leiden, 1994).
ကျန်စစ်သား နန်းတည်ကျောက်စာ၊ ဒေါက်တာသန်ထွန်း။