6/6/09
အဲဒါ မြန်မာ ( ပုဂံ )
အမှန်တိုင်းဝန်ခံပြောစတမ်းဆိုရင် မြန်မာဖြစ်ရတာ သိပ်ဂုဏ်ယူဖို့ကောင်းပါလားလို့ စိတ်ထဲမှာ စွဲစွဲမြဲပေါ်လာတာ " ပုဂံ " ကိုပထမဆုံး ရောက်တဲ့အချိန်မှာပါ။ ပုဂံအကြောင်း ငယ်ကတည်းက ကြားဖူပေမယ့် သူများတွေပြောတိုင်း အပိုတွေ ပြောတယ်လို့ဘဲ ထင်ခဲ့တယ်။ ကိုယ်တွေ့ မဟုတ်ရင် မယုံတတ်တဲ့အကျင့် ကြောင့်လားမသိပါ။
၂၀၀၅ မိုးရာသီမှာ အလုပ်ကိစ္စတစ်ခုအတွက် သွားရင်း " ပုဂံ " ကိုဝင်ပါတယ်။ နံနက် ၅ နာရီလောက် " ပုဂံ " အဝင်ဂိတ်တစ်ခုမှာ ဘာအရာရှိမှန်းသေချာ မသိတဲ့ အရာရှိတစ်ယောက်က ကား လေအေးပေးစက်ကျေးဇူးနှင့် အိပ်မောကျနေတဲ့ ကျွန်တော့ကို အတင်းလှူပ်နှိုးပြီး
" မြန်မာ့ဗိသုကာနှင့်ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာဇုံ" ဝင်ကြေးဆိုပြီး ဒေါ်လာ တစ်ဆယ်အတင်းတောင်းပါတယ်။
အတော်စိတ်တိုသွားတယ်။ " ပေးမယ် ငါ့ကို ရေအိမ်အရင် လိုက်ပြ " လို့ပြောပြီး ကားအောက်ဆင်းတယ်။ ရေအိမ်သုံးပြီး ကားပေါ်ပြန်မတက်ခင် ဘာမှမပြောဘဲ မှတ်ပုံတင်ပြပြီး တက်လာခဲ့တယ်။ အဲဒီ ငနဲကလည်းဘာမှ ပြန်မပြောပါဘူး။ ရပ်ရင်းကျန်ခဲ့တယ်။ အဲဒါမြန်မာ။
ပုဂံမှာ လေ့လာစရာတွေ အများကြီးရှိနေပေမယ့် ရတဲ့အချိန်နှင့် မလောက်ပါ။ စက်ဘီစီးပြီး အကြိုကြားတွေသွားတယ်။ ရွာတွေလျှောက်သွားတယ်။ ဆူးထိုးပြီး ဘီးပေါက်။ လမ်းလျှောက်ပြီး ရွာထဲဝင်။ လျှာထွက်အောင် နေကပူ။ ရွာသားတွေက လက်ရပ်ခေါ်ပြီးရေတိုက်တယ်။ အဲဒါမြန်မာ။
ရွာထဲမှာ ဘီးဖာပြီး အပြန် စိမ်းညက် ညီမ/အမ ဘုရားနားအရောက်မှာ ရှေ့ကစက်ဘီးစီးလာတဲ့ ပုဂံသားတွေက ဘုရားဘက်လက်ညိုးထိုးပြီး လှမ်းအော်ပြောတယ်" Sun Set "" Sun Set " တဲ့။
ချွေးတွေပေနေတဲ့ သူတို့ မျက်နှာတွေက ပြုံးလို့ရယ်။ အဲဒါ မြန်မာ။
မဆိုစလောက်သာရှိတဲ့ လေ့လာမှုလေးတွေလုပ်ပြီးပြန်လာခဲ့ရတယ်။ အပိုတွေ သိပ်မပြောချင်ဘူး။ အသားမဖြူ ဆံရှည် နှင့် ဂျင်းဘောင်းဘီတိုဝတ်တဲ့ ကျွန်တော်မြန်မာ။
ပုဂံသွားတဲ့ တတိယ အကြိမ်မှာ ပဲခူးသူ အသစ်စက်စက် ကျွန်တော့ဇနီး ကို ပထမဆုံး " ပုဂံ " ခေါ်သွားပြီး လိုက်ပြတယ်။ အဲဒါ မြန်မာလို့။
Subscribe to:
Post Comments (Atom)
ဒေါက်တာသန်းထွန်း
Sources for you
- Online Burma Library Org
- Friend of Burma Org
- Laura Boulton Collection: The Burmese Orchestra
- The Hill Tribes of Myanmar
- ထူးအိမ်သင်
- သက္ကတ-အင်္ဂလိပ် အဘိဓာန် (Media Fire 04.10.09))
- ဟားဗာဟ် အင်္ဂလိပ်- ပါဠိ သဒ္ဒါ
- ပြင်သစ်-ပါဠိ သဒ္ဒါစာ
- ပြင်သစ်-ပါဠိ အဘိဓာန်
- မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာအဖွဲ့
- ပုဂံ ပြတိုက်
- Antique Vs Art from Burma
- ဇော်ဂျီ ဖောင့်
- Victoria&Albert ပြတိုက်
- ဗြိတိန်ပြတိုက်၊လန်ဒန်
About Me
- ရှေးမြန်မာ
- သမိုင်းဆိုတာ သေချာဖို့လိုမယ်။ မသေချာတဲ့ သမိုင်းဟာ အပြုအပြင်ခံရနိုင်တယ်။ ကိုယ့်သမိုင်း ကိုယ်ပြင်တာကတော်သေးတယ်။ ကိုယ့်သမိုင်း သူများကပြင်ယူသွားရင် ကိုယ် ညံ့ လို့ ကိုယ် အ လို့ ခံလိုက်ရတာဖြစ်တယ်။
Categories
- ၁၉ ရာစု အစောပိုင်း (5)
- ၁၉ ရာစု၊ မန္တလေး။ (24)
- ၂၀ ရာစုလက်ရာ (1)
- On going Research (5)
- Study (13)
- Tribal Art (2)
- စိတ်ကြိုက် စာအုပ် (9)
- တရုတ်နိုင်ငံ (1)
- ပါကစ္စတန် (1)
- ပုဂံ( ၉ - ၁၃ ) ရာစု (16)
- ပျူ-မွန် (16)
- ဘင်္ဂလားဒေစ် (4)
- ပြတိုက် လမ်းညွှန် (1)
- ရခိုင် (13)
- လူမျိုးစုဆိုင်ရာ အနုပညာ (1)
- သတင်း ( News ) (5)
- သမိုင်းစကား၊ ပန်းစကား (47)
- အင်းဝ၊ကုန်းဘောင် ၁၄-၁၈ ရာစု (17)
- ရှေးပစ္စည်း ကြည့်မယ် (20)
- ရှေးမြန်မာ (8)
- ရွှေနန်းသုံးဝေါဟာရ အဘိဓာန် (9)
- ဝေါဟာရ အဘိဓာန် (သမိုင်း သုတေသန) (1)
Archives
-
▼
2009
(122)
-
▼
June
(21)
- ပျူ အရိုးအိုး ပေါ်က စာ
- ပျူ အရိုးအိုး ပေါ်က စာ
- ပျူ အရိုးအိုး ၄ လုံးပေါ်က စာ
- ငါသေခဲ့ရင်
- ငါချစ်တဲ့ ပုဂံမြေ
- လုစ်၁၈၈၉- ၁၉၇၉
- ဂျီ အိစ်လုစ် ( G.H.Luce )
- ၁၉ ရာစု ကရင် ဖားစည်
- ကရင် ဖားစည်
- ကျန်းမာ ချမ်းသာပါစေ။
- ဘီလူးခေါင်း
- သုတေသနထုံး
- ပုဂံ ကျောက်ပြား ရုပ်ပွါးတော်
- ပုဂံ ၁၂ ရာစုနှစ် ရုပ်ပွါးတော်
- တိုင်းရင်းသားလူမျိုးစုဆိုင်ရာ အနုပညာ
- " ဂန္ဓာရ" ဗုဒ္ဓရုပ်ပွါးတော် (2-3 AD)
- ပုဂံ ၁၀ ရာစုနှစ် ရုပ်ပွါးတော်
- " ပုဂံကို ဖျက်ဆီးကြသူများ "
- ပုဂံလက်သစ် နှင့် ပုဂံလက်သစ်
- အဲဒါ မြန်မာ ( ပုဂံ )
- ဓမ္မပါလ နှင့် သီရိ အနိရုဒ္ဓ ဒေဝ
-
▼
June
(21)
ပုဂံသွားတဲ့ တတိယ အကြိမ်မှာ ပဲခူးသူ အသစ်စက်စက် ကျွန်တော့ဇနီး ကို ပထမဆုံး " ပုဂံ " ခေါ်သွားပြီး လိုက်ပြတယ်။ အဲဒါ မြန်မာလို့။
ReplyDeleteအဲဒီအပုဒ်လေးကတော့ ကြည်နူးဖွယ်ရာအကောင်းဆုံးပါပဲ။
ခင်မင်စွာ
လေးစားပါတယ်။ နီးရင်ပြေးလာပြီးမိတ်ဆက်ခြင်ပါတယ်။
ReplyDeleteပုဂံကို စတင်ရောက်ဖူးတဲ့အချိန်မှာ မြန်မာဖြစ်ရတာ သိပ်ဂုဏ်ယူဖို့ကောင်းပါလားဆိုတဲ့ အသိကို ထပ်တူထပ်မျှခံစားခဲ့ရပါတယ်
ReplyDeleteနှိုင်းစရာတွေကို လက်နက်အားကိုးနဲ့ဝှက်ထားရင် မြန်မာဟာမဟာပေါ့။ ဘာတွေနဲ့နှိင်းပြီဒီလောက်ဂုဏ်ယူနေကြတာလဲ။ ပဲခူးသူကိုသနားပါတယ်။ ဝါးလုံးခေါင်းထဲ့အဆွဲခံလိုက်ရပြီ။
ReplyDeleteတကယ်ကောင်းတဲ့ပို့ စ်တွေပါဘဲ....
ReplyDeleteကျနော်ကဆရာကြီးတပည့်အရင်းပါ။မန်းလေးမှာဆရာကြီး
မဆုံးခင် ၂ လောက်အလိုထိပညာသင်ဘူးပါတယ်။ဆက်သွယ်လိုရင်တော့
sakargyi@gmail.com ပါ။ကျနော်လဲဝါသနာအရမ်းပါပါတယ်။