6/24/09
ဂျီ အိစ်လုစ် ( G.H.Luce )
" ဘုန်းတင့်ကျော် " စာရေးဆရာ နာမည်ကို
သမိုင်းစိတ်ဝင်စားသူ လူတစ်စု သတိထားမိ နိုင် သော်လည်း လူငယ်အများစု သိဦးမယ်မထင်ပါ။
စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင် ဆိုရင်တော့ လူကြီး၊ လူရွယ်၊ လူငယ် အကုန်သိလိမ့်မယ်လို့ ထင်ပါတယ်။ ဘုန်းတင့်ကျော်ဟာ တက္ကသိုလ်ဘုန်းနိုင် ၏ သားဖြစ်ပါတယ်။
သူရေးသားပြုစုထားတဲ့ စာတမ်းတွေပေါင်းပြီး စာအုပ်ထွက်လာပါတယ်။
" ပျူစစ်လျှင် မြန်မာ " ဆိုတဲ့ စာအုပ်ပါ။
စာရေးသူ ကိုယ်တိုင်က ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ ပါတဲ့ အခန်းဆက်ဆောင်းပါး တွေကို
စာအုပ်အဖြစ် စုစည်းတယ်လို့ ပထမဆုံး စာမျက်နှာမှာ ဆိုထားတဲ့အတွက်
" သမိုင်းသုတေသနစာတမ်းလို့" မပြောဘဲ ဆောင်းပါးလို့ ပြောရင် ပိုမှန်ကန်တိကျမယ်လို့ ဆိုချင်ပါတယ်။
ဆောင်းပါးသည် စာတမ်းမဟုတ်၊ စာတမ်းသည်လည်း ဆောင်းပါး မဟုတ်လို့ဆိုချင်ပါတယ်။
ထိုနှစ်ခု အနှစ်သာရချင်း မတူပါ။
သူရေးသားတင်သွင်းတဲ့ စာတမ်းတွေဖတ်ကြားရာမှာ သဘာပတိ အဖြစ် " ဒေါက်တာ သန်းထွန်း " က ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။ ပျူဟူသည်မှာ မြန်မာဖြစ်ကြောင်းကို ဒေါက်တာ သန်းထွန်းကိုယ်တိုင်က လက်ခံတယ်လို့ဆိုထားပါတယ်။ ( စာမျက်နှာ ၉ )
စာရေးသူ ပညာရှင် " ဘုန်းတင့်ကျော်" ကိုယ်တိုင်က ပျူစာလို့ အများအခေါ်ရှိတဲ့ အမည်မသိ ကျောက်စာတွေကို ဖတ်နိုင်အောင်ဖော်ထုတ်နိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်ပေါင်းများစွာ ဘယ်သူမှမဖတ်နိုင်တဲ့ စာလို့ ခဏ ခဏ ညွန်းတာကိုလည်းဖတ်ရပါတယ်။
သရေခတ္တရာ မှာရှိတဲ့ အများအခေါ် ပျူအရိုးအိုး ၄ လုံး မှာရေးထားတဲ့ စာ နဲ့ မြစေတီကျောက်စာ တဖြစ်လဲလူသိများတဲ့ ရာဇကုမာရ ကျောက်စာ ကပျူစာတွေ စသဖြင့် စာအုပ်ထဲမှာ မြန်မာဘာသာပြန်ပေးထားပါတယ်။
ကျွန်တော်ဒီစာအုပ်ရဖို့ အပူတပြင်း လုပ်ရပါတော့တယ်။ ပျူစာတွေကို လေ့လာခွင့်ရတော့မယ် ဆိုပြီး သိပ်စိတ်လှူပ်ရှားခဲ့ပါတယ်။
သို့သော်လည်း စာအုပ်တစ်အုပ်လုံးမှာ အဓိက အရေးအကြီးဆုံး ဖြစ်တဲ့ မူရင်းကျောက်စာ
စကားလုံး အရေးအသား မပါ လို့ သိပ်စိတ်ပျက်တယ်ရတယ်လို့ စိတ်ထဲရှိတဲ့ အတိုင်းဆိုချင်ပါတယ်။ ကျောက်စာတွေကို မြန်မာမှုပြုထားတယ် ( ခေတ်မြန်မာ စကားလုံးတွေနှင့် ဘာသာပြန်ထားတယ်)။
တစ်ခါတုန်းက တစ်ယောက်သော သမိုင်းပညာရှင် တစ်ဦးဟာ ကျောက်စာပေါင်းချူပ်ဆိုပြီး စာအုပ် အထူကြီး ထုတ်တော့ စာအုပ်ထဲမှာပါတဲ့ ကျောက်စာတွေအကုန်လုံးကို
ခေတ်မြန်မာ စကားလုံးတွေနှင့် သတ်ပုံ ဖလှယ်ထားပြီး ထုတ်ပါတယ်။
ဒေါက်တာသန်းထွန်းက ဘာပြောသလဲဆိုတော့ " ဘာတန်ဖိုးမှ မရှိ" လို့ဆိုတယ်။
ပျူစာတွေကို ဖတ်လို့ရအောင် စာရေးသူ ပညာရှင် " ဘုန်းတင့်ကျော်"ဖော်ထုတ်တယ်ဆိုရင်ဖြင့် မြန်မာ့သမိုင်းမှာ အင်မတန်မှ အရေးပါတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်ဆိုတာတော့ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်။
စာအုပ်ထဲက ကျန်တဲ့အကျန်တဲ့အကျန်တဲ့ အကြောင်းရာတွေကိုတော့ ထောက်ခံစရာ သုတေသန အချက်လက် အများကြီးလိုပါသေးတယ်။
ဒီဆောင်းပါးပေါင်းချူပ်ကို ဝေဖန်ရရင် အပိုင်းသုံးပိုင်းခွဲရပါလိမ့်မယ်။
ပျူစာ ၊ ပုဂံ ၊ ဂျီ အိစ်လုစ် ( G.H.Luce )။
စာရေးသူ ပညာရှင် " ဘုန်းတင့်ကျော်" ရဲ့ ဂျီ အိစ်လုစ် ( G.H.Luce ) အပေါ်မှာထားတဲ့ အမြင်ကို ဖော်ပြလိုပါတယ်။ အောက်မှာ ဖတ်ကြည့်ပါ။
ဗလက်ဒင် ချော်တော့်ငေါ့သည့်အတိုင်း လုစ်နှင့် ချားဒူရွိုင်ဆယ်တို့လည်း ချော်တော့်ငေါ့ခဲ့ကြ၏။
( စာမျက်နာ ၁၄ )
ရှေးဟောင်းခေတ်ပြိုင်အထောက်ထားအချို့ကိုပါ ချန်လှပ်ပြီး မြန်မာ့သမိုင်းကို လိုရာဇာတ်လမ်းဆင် ပြောဆိုခြင်းမျိုးပါ ပြုခဲ့ပေသည်။ ( စာမျက်နာ ၄၀ )
ဆရာကြီး လုစ် ၏ စကားသည် မန်ရှူတွင် မပါသည်တို့ကို သမိုင်းမှန် မဟုတ်ဘဲ သူ၏စိတ်ကြိုက် မမှန် မကန် တီထွင်ကြံစည် ပြောဆိုနေခြင်းဖြစ်ကြောင်း တွေ့မြင်ရပါသည်။( စာမျက်နာ ၄၃ )
မြန်မာကိုအေဒီ (၉) ရာစု ယူနန်မှ မန်အရိုင်းလူမျိုးစု မဖြစ်၊ဖြစ်အောင် ဂျီ အိစ်လုစ် လုပ်ဇာတ်ခင်းခဲ့ကြောင်း ပေါ်ပေါက်တွေ့မြင်နေရပါသည်။ ( စာမျက်နာ ၄၅ )
ထိုအမှားကို မီးလောင်ရာလေပင့်သကဲ့သို့ ဂျီ အိစ်လုစ်၏ မြန်မာလူမျိုးသမိုင်း လုပ်ဇာတ်က ကြီးထွားပျံ့နှံ့စေခဲ့ပါသည်။ ( စာမျက်နာ ၄၅ )
ပို၍ဆိုးဝါးသွားသည်မှာ ( ၁၉၃၁ ) ခုနှစ်မှ ( ၁၉၇၅ ) ခုနှစ်အထိ ဆရာကြီး လုစ်သည် စာတမ်းအဆောင်ဆောင်ဖြင့် ပျူသည်သပ်သပ် လူမျိုးတစ်မျိုး၊ မြန်မာသည်သပ်သပ် လူမျိုးတစ်မျိုး၊ ပျူခေတ်သည် အေဒီ (၈၃၂ ) ခုနှစ်အထိ မြန်မာခေတ်သည် အေဒီ (၈၄၉) ခုနှစ်မှ စသည်ဟူ၍ မန်ရှူမှတ်တမ်းကို ခုတုံးလုပ်၍ အထောက်အထားမဲ့ တီထွင်လုပ်ကြံရေးသားချက်များဖြစ်ပါသည်။
( စာမျက်နာ ၆၄ )
အမှန်တကယ် ရှိနေသော အိန္ဒိယ၊ တရုတ်၊ မြန်မာ အထောက်အထားများကို သိလျက်နှင့် ဖော်ပြခြင်းမရှိ၊ ချန်လှပ်၍ မန်ရှူ မှတ်တမ်းတွင် မပါသော အရာတို့ကို မိမိ စိတ်သဘောဖြင့် ဇာတ်လမ်းအသစ် တီထွင်ပြောဆိုကာ ဗမာလူမျိုး သမိုင်းပြုစုသည် ဆိုသော ပါမောက္ခ လုစ်၏ စိတ်သဘောထား နှင့် လုပ်ရပ်မှာ ရင်သပ်ရှူမော အံ့ဩဖွယ်ကောင်းလှပါသည်။
ယင်းသို့ အံ့ဩဖွယ် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခြင်းမှအပ ဗမာအစ ကျောက်ဆည် စာတမ်း အပါအဝင် (၁၉၃၁) ခုမှ ( ၁၉၅၇ ) ခုကြား ဆရာကြီး လုစ်၏ စာတမ်းများသည်
လည်းကောင်း၊ ( ၁၉၆၆ ) ခုနှစ် ပြင်သစ်တက္ကသိုလ်တွင် ပို့ချခဲ့သော လက်ချာ ( Lecture ) ပေါင်းချူပ် " Phases of Prepagan Burma" စာအုပ်သည် လည်းကောင်း ရှေးခေတ်ဗမာလူမျိုး ဗမာနိုင်ငံသမိုင်းမှန်ကို ဖော်ပြနိုင်ခြင်းမရှိပါ။ အမှားများ ပြွမ်းတီးနေသော စာတမ်း စာအုပ်များ အဖြစ်သာ မြင်တွေ့ဖတ်ရှုရပေသည်။( စာမျက်နှာ ၆၄-၆၅ )
ဒီစာအုပ်မှာ နှံပါတ်တပ်ထားတဲ့ စာမျက်နှာပေါင်းကို ရေမယ်ဆိုရင် ၁၄၂ မျက်နှာရှိပါကြောင်း။
ကျွန်တော့အမြင်ကို အသာထားလို့ စာလာဖတ်လေ့ရှိတဲ့ မိတ်ဆွေများ အမြင်ကို " ကျေးဇူးပြု၍ ပြောခဲ့ကြပါ " ခင်ဗျာ။
Subscribe to:
Post Comments (Atom)
ဒေါက်တာသန်းထွန်း
Sources for you
- Online Burma Library Org
- Friend of Burma Org
- Laura Boulton Collection: The Burmese Orchestra
- The Hill Tribes of Myanmar
- ထူးအိမ်သင်
- သက္ကတ-အင်္ဂလိပ် အဘိဓာန် (Media Fire 04.10.09))
- ဟားဗာဟ် အင်္ဂလိပ်- ပါဠိ သဒ္ဒါ
- ပြင်သစ်-ပါဠိ သဒ္ဒါစာ
- ပြင်သစ်-ပါဠိ အဘိဓာန်
- မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာအဖွဲ့
- ပုဂံ ပြတိုက်
- Antique Vs Art from Burma
- ဇော်ဂျီ ဖောင့်
- Victoria&Albert ပြတိုက်
- ဗြိတိန်ပြတိုက်၊လန်ဒန်
About Me
- ရှေးမြန်မာ
- သမိုင်းဆိုတာ သေချာဖို့လိုမယ်။ မသေချာတဲ့ သမိုင်းဟာ အပြုအပြင်ခံရနိုင်တယ်။ ကိုယ့်သမိုင်း ကိုယ်ပြင်တာကတော်သေးတယ်။ ကိုယ့်သမိုင်း သူများကပြင်ယူသွားရင် ကိုယ် ညံ့ လို့ ကိုယ် အ လို့ ခံလိုက်ရတာဖြစ်တယ်။
Categories
- ၁၉ ရာစု အစောပိုင်း (5)
- ၁၉ ရာစု၊ မန္တလေး။ (24)
- ၂၀ ရာစုလက်ရာ (1)
- On going Research (5)
- Study (13)
- Tribal Art (2)
- စိတ်ကြိုက် စာအုပ် (9)
- တရုတ်နိုင်ငံ (1)
- ပါကစ္စတန် (1)
- ပုဂံ( ၉ - ၁၃ ) ရာစု (16)
- ပျူ-မွန် (16)
- ဘင်္ဂလားဒေစ် (4)
- ပြတိုက် လမ်းညွှန် (1)
- ရခိုင် (13)
- လူမျိုးစုဆိုင်ရာ အနုပညာ (1)
- သတင်း ( News ) (5)
- သမိုင်းစကား၊ ပန်းစကား (47)
- အင်းဝ၊ကုန်းဘောင် ၁၄-၁၈ ရာစု (17)
- ရှေးပစ္စည်း ကြည့်မယ် (20)
- ရှေးမြန်မာ (8)
- ရွှေနန်းသုံးဝေါဟာရ အဘိဓာန် (9)
- ဝေါဟာရ အဘိဓာန် (သမိုင်း သုတေသန) (1)
Archives
-
▼
2009
(122)
-
▼
June
(21)
- ပျူ အရိုးအိုး ပေါ်က စာ
- ပျူ အရိုးအိုး ပေါ်က စာ
- ပျူ အရိုးအိုး ၄ လုံးပေါ်က စာ
- ငါသေခဲ့ရင်
- ငါချစ်တဲ့ ပုဂံမြေ
- လုစ်၁၈၈၉- ၁၉၇၉
- ဂျီ အိစ်လုစ် ( G.H.Luce )
- ၁၉ ရာစု ကရင် ဖားစည်
- ကရင် ဖားစည်
- ကျန်းမာ ချမ်းသာပါစေ။
- ဘီလူးခေါင်း
- သုတေသနထုံး
- ပုဂံ ကျောက်ပြား ရုပ်ပွါးတော်
- ပုဂံ ၁၂ ရာစုနှစ် ရုပ်ပွါးတော်
- တိုင်းရင်းသားလူမျိုးစုဆိုင်ရာ အနုပညာ
- " ဂန္ဓာရ" ဗုဒ္ဓရုပ်ပွါးတော် (2-3 AD)
- ပုဂံ ၁၀ ရာစုနှစ် ရုပ်ပွါးတော်
- " ပုဂံကို ဖျက်ဆီးကြသူများ "
- ပုဂံလက်သစ် နှင့် ပုဂံလက်သစ်
- အဲဒါ မြန်မာ ( ပုဂံ )
- ဓမ္မပါလ နှင့် သီရိ အနိရုဒ္ဓ ဒေဝ
-
▼
June
(21)
လာဖတ်ပါတယ်
ReplyDeleteတရုတ်ရှေးဟောင်းစာတွေကိုလည်းလေ့လာနေဆဲပါ
ခင်မင်လျက်
ကျနော့် သူရဲကောင်းတစ်ဦးရဲ့ သားကိုး..မသိပါဘူးဗျာ..(ဦး)မိုးဝေကိုလည်း အင်တာနေရှင်နယ် မဂ္ဂဇင်းက Harmony of head and heart ကဗျာကို ဖတ်ရမှ ဂျာနယ်ကျော်ဦးချစ်မောင် သားမှန်းသိတယ်။ ကျနော့်သူရဲကောင်းတစ်ဦးရဲ့ သားဖြစ်နေပြန်တယ်။ အဖေကော သားတွေကော လူဖြောင့် လူတော်တွေ ချည်းပါပဲ။
ReplyDeleteလုစ်ကို သူဝေဖန်တာတော့ ကျနော့်အမြင်ကိုပြောဖို့ အရည်အချင်းမရှိဘူး။ သူများတွေ မှတ်ချက်ကိုပဲ လာကြည့်မယ်။ စိတ်ဝင်စားတယ်။
သတ္တိတော့ တော်တော်ရှိတဲ့ ပုဂ္ဂိုလ်ဗျာနော်..။
ဒါနဲ့...တစ်ခုရှိတာက... မူရင်း ကျောက်စာစကားလုံးအရေးအသား မပါလာတာ အကြောင်းအမျိုးမျိုးရှိမယ်။ အဲဒီအနက် တစ်ခုက popular science ဆန်ဆန်ရေးရလို့လည်း ဖြစ်နိုင်တယ် လို့ထင်ပါတယ်။ သိတဲ့အတိုင်း မြန်မာပြည်မှာ စာဖတ် ပရိသတ်ကို ရွေးချယ်ရတာက အတော်ခက်ပါတယ်။ သုတေသနနဲ့ ထောက်ခံစရာတွေ လိုသေးတယ်ဆိုတာ မှန်ရင် သုတေသန အချက်များထက် ကျော်ယူ ကောက်ချက်စွဲတတ်တဲ့ ပေါ်ပြူလာဆိုင်းယင့်စ်ကို ပိုသတိရစရာဖြစ်တယ်။
ReplyDeleteဒါပေမဲ့ ကျနော်ဘာမှမပြောသွားဖူးပဲ သဘောထားပါ။ အတွေးလေး ဆက်မျှပေးတာပါ။
လုစ် ကိုကောင်းကောင်းဝေဖန်ထားပေမယ့် လုစ်ရဲ့ တပည့်ရင်းဖြစ်တဲ့ ဒေါက်တာသန်းထွန်းကိုတော့ဖြင့် ဘာမှမပြောပါ။
ReplyDeleteလုစ်ရဲ့ လုပ်ဖော်ကိုင်ဖက် ဦးဖေမောင်တင်၊ ဗိုလ်မှူး ဘရှင် အစရှိတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ဘာမှမပြောပါ။ သူဝေဖန်သွားတဲ့ လူတွေကို ကြည့်တဲ့အခါ နိုင်ငံခြားသားတွေကြီးဖြစ်နေတာကို တွေ့ရတယ်။
ဒီစာအုပ်ရဲ့ အဓိက ကျောရိုးလို့ ပြောရမယ့် ( ပျူစစ်လျှင် မြန်မာ ) ကောက်နုတ်ချက်ကို တင်ပြတဲ့နေရာမှာ သူမြန်မာမှုပြုထားတဲ့ ပျူ အရိုးအိုး ကျောက်စာ လေးလုံး နဲ့ ရာဇကုမာရကျောက်စာ
( မြစေတီကျောက်စာ ) မှာ တော့ အဲဒါနှင့် ပတ်သက်ပြီး ဘာမှမပါပါ။
( ပျူစစ်လျှင် မြန်မာ ) ဆိုတဲ့ အယူအဆကို သူတင်ပြတဲ့အခါ တရုတ် ကျမ်းတွေကိုကြီး ကိုးကားသွားတာကို တွေ့ရတယ်။
သူကိုးကားတဲ့ တရုတ်ကျမ်းတွေကို ဆိုရာမှာလည်း ဘယ်သူ ဘာသာပြန်တဲ့ ကျမ်းရယ်လို့ အတိအကျမပြောပါ။
ကျမ်းရင်းကို မှီညှမ်းတယ်ဆိုရင်ဖြင့် မလွယ်ပါ။ တရုတ်ရှေးဟောင်း စာတွေကို သူတို့ တရုတ် ပညာရှင်တွေကိုယ်တိုင်က သေချာတိကျတယ် မဆိုနိုင်လို့ ကြိုပြောထားတယ်။
စာရေးဆရာ ဘုန်းတင့်ကျော်ကိုတိုင် ကလည်းဝန်ခံထားတာက တရုတ်ရှေးဟောင်း စာတွေကို ခုထိဖတ်မရသေးတာတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။
ကျွန်တော့အမြင်ကို အရင် ပိုစ်တွေမှာ ပြောခဲ့ဖူးပါတယ်။ တရုတ်ရှေးဟောင်း စာတွေကို ဘာသာပြန်ရာမှာ အဓိပ္ပါယ် ၊ အယူအဆ ၊စကားလုံး ၊ အစစ် အပေါက် ကွဲလွဲမှူ့တွေ များပါတယ်။
သက္ကတ နှင့် ပါဠိ စာတွေက နှစ်ထောင်ချီကြာလည်းဘဲ အပြောင်းလဲသိပ်မရှိလို့ ပိုပြီးခိုင်မာ မှုရှိပါတယ်။
အေးဗျာ သူ့စာအုပ်ကို နောက်မှ အပိုင်း ၃ ပိုင်း ခွဲပြီး အသေအချာ ထင်မြင်ချက်ရေးပါမယ်။
Popular Science ကိုအသုံးပြုပြီးကောက်ချက်ချတယ်ဆိုရာမှာ သမိုင်းပညာရှင်တွေက ပိုလွတ်လပ်မှုရှိပါတယ်။ ဥပမာဆိုရရင် မြန်မာနိုင်ငံမှာ အမှုထမ်းနေထိုင်သွားပြီး ကုန်းဘောင် မင်းဆက်ဆိုင်ရာ သမိုင်းစာစဉ်တွေ အများကြီးရေးသားသွားတဲ့ ပါမောက္ခ ဒေဆိုင်း ( Professor W.S Desai )။
ဒါပေသိ ဒေဆိုင်း ရဲ့ စာတွေကို ခေတ်အဆက်ဆက် သုတေသန သမားတွေ၊ သုတေသန ပညာရှင်တွေက မကန့်ကွက်ခဲ့ပါ။ ယူလည်းမသုံးခဲ့ပါလို့ ဆိုပရစေ။
သုတေသနသမားအနေနှင့် စိတ်ချလက်ချ အသုံးပြုနိုင်တာက မြေထဲကတူးဖော်ရရှိတဲ့ ရှေးပစ္စည်းတွေဖြစ်ပါတယ်။
အခိုင်အမာ သက်သေ ( ခေတ်ပြိုင်အထောက်အထား )
( Contemporary Record ) အားသိပ်မကောင်းတာ၊ အားနည်းနေတာမျိုးဆိုရင်တော့ အလေးအနက် ညှိနှိုင်း ဆွေးနွေးမှန်းဆချက် ( Study Guess ) အနေနှင့် တင်ပြသွားတတ်တာကို သတိထားမိပါတယ်။
အဲလို တင်ပြသွားတဲ့အခါ ပုဂ္ဂုလ်ရေးဆိုင်ရာ၊ အမျိုးသားရေးဆိုင်ရာ ခံစာချက်တွေ မပါဘဲ ရှာတွေ့ထားတဲ့ အချက်လက်တွေကို ပညာရပ်ပိုင်းဆိုင်ရာ သီးသန့်သာ အဓိကထားပြီးတင်ပြတာ ပိုကောင်းမယ်လို့ ယုံကြည်မိပါရဲ့ဗျာ။
လူကြိုက်များတာ မများတာ၊ လူဖတ်များတာ မများတာတွေ အသာထားလို့ ပညာရှင်ဆန်ဆန် ရပ်တည်ပြီး အလုပ်လုပ်သွားတာဘဲကောင်းတယ်လို့ ထင်ပါရဲ့ဗျာ။
လေးစားလျက်
ဘုန်းတင့်ကျော်စာအုပ်ကို သေချာမဖတ်ရသေးပါဘူး။
ReplyDeleteဒါပေမယ့် ခုထောက်ပြထားတဲ့အချက်တွေကိုကြည့်တော့ ဒေါက်တာထင်အောင်ရေးတဲ့ စာအုပ်လို ဖြစ်နေသလားလို့ပါ။
သမိုင်းကိုရေးတဲ့နေရာမှာ မျိုးချစ်စိတ်က လွှမ်းသွားတယ် ဆိုတာမျိုးပါ။
သမိုင်းသုတေသနမှာ ကိုယ်တိုင်မတိကျရင် လွန်လွန်ကဲကဲအပြစ်တင်တာမျိုးကို ကျနော်တော့ သဘောမတွေ့လှပါ။
ရှေးမြန်မာဘလော့ဂ်ရှင် ထောက်ပြသလို တရုတ်ကျမ်းတွေထက် အိန္ဒိယိ၊ နီပေါ၊ ရခိုင်ဘက် ကျောက်စာများကို ကိုးကားတာမျိုးလည်း စိတ်ဝင်စားဖို့ ကောင်းမယ် ယုံကြည်ပါတယ်။
မြန်မာအစကို သမိုင်းပညာရှင်တို့က အမျိုးမျိုးဆိုထားကြတယ်... ဒါပေမယ့် ယနေ့ ရှေးပရိုင်မိတ်တွေပေါ်လာတဲ့အခါ သမိုင်းပညာရှင်တွေရဲ့ ထင်မြင်ချက်တွေဟာ ဝေဖန်စရာတွေပေါ်လာတယ် .... ယနေ့လူသားအစ မြန်မာကလို့တောင် ပြောလို့ရမယ်ထင်တယ် ...
ReplyDeleteတွေ့ဖူးပြီးသားလားတော့မသိ ရာဇကုမာရ်ကျောက်စာ နဲ့ အင်္ဂလိပ်ပြန် ရှာတွေ့လို့ Link ထားခဲ့ပါတယ်....။
ReplyDeletehttp://www3.aa.tufs.ac.jp/~sawadah/ODSEAS/bagan/rkapyfr-e.html
မတွေ့ဖူးသေးပါ။ သိပ်ကျေးဇူးတင်တယ်။ ဘလော့မှာ အဲဒိပုံတင်လို့ ရ၊မရ တိုကျို တက္ကသိုလ် ကိုလှမ်းမေးကြည့်ပါဦးမယ်။
ReplyDeleteပုဂံရောက်တုန်းကတော့ သွားကြည့်ဖူးပါတယ်။ ပြတိုက်က ကျောက်စာတွေ၊ ပစ္စည်းတွေကို ဓာတ်ပုံရိုက်ယူလို့ မရဆိုတော့ စိတ်အနှောက်ယှက်ဖြစ်ဖူးတယ်။
သမိုင်းအထောက်ထားအဖြစ် သိပ်အသုံးဝင်တဲ့ ကျောက်စာ ၊ ဒင်္ဂါး ၊ ဘုရား ၊ ဆင်းတုတော် တချို့ကို နိုင်ငံခြားက ဓာတ်ပုံပညာရှင်တွေ က အသေအချာ ရိုက်ယူတယ်။
ပြီးတော့ အဲဒိပုံကို မူပိုင်ခွင့် ယူထားတယ်။
မြန်မာဖြစ်တဲ့ ကျွန်တော်က အများလေ့လာရန် အတွက် ဘလော့မှာ သုံးခွင့်ပြုပါဆိုတော့ " နိုး " လို့ဖြေတာကြုံဖူးတယ်ဗျာ။
အဲဒိအချိန်တုန်းကလည်း စိတ်အနှောက်ယှက်ဖြစ်ဖူးတယ်။
မူပိုင်ခွင့် ဥပဒေတွေကို သိပ်တော့နားမလည်ပါ။
ဒီအကြောင်း ဘလော့ဂါတွေ ဝိုင်းရေးကြရင်ကောင်းမယ်။
လူမျိုးရေးစိတ်အစွဲကြီးနဲ့ ရေးထားတဲ့ စာအုပ်တစ်အုပ်ကို ဘာကြောင့်များ စိတ်ရှုပ်ခံဆွေးနွေးနေကြတာတုန်းဗျာ..။ ပျူနဲ့ ဗမာနဲ့ တူလည်းဟုတ်၊ မတူလည်းဟုတ်ကို..။ တိဘက်-မြန်မာအနွယ်ချင်းမို့ တူတယ်လို့ပြောနိုင်သလို မတူညီတဲ့ လမ်းကြောင်းတွေက၀င်လာကြတယ်၊ မတူတဲ့ အချိန်ကာလတွေမှာ အခြေချနေထိုင်ကြတယ်.. ဒါကိုကြည့်ပြီး မတူဘူးလို့ပြောနိုင်ပါတယ်..။ ဒီနေ့ ၀ ၊ ပလောင် တွေကို မွန်တွေပါလို့ ပြောမရနိုင်သလိုပါပဲ..။ ကျွန်တော်ကတော့ ဒီလိုပဲ သဘောရပါတယ်..။
ReplyDelete(ပအူ) (သို့မဟုတ်) (ပဦ) မှာ မြန်မာလို ဦးစွာပေါ်ပေါက်သော ဦးစွာ ပေါက်ဖွားသော လူမျိုး၊ ပေါ်ဦးလူမျိုးဟု အဓိပ္ပါယ် ရလေ၏။
ReplyDeleteပအိုဝ်း ဟူသော ဝေါဟာရနှင့် ပအူ ပဦ၊ ပျူ ဟူသော ဝေါဟာရတို့သည် စကားအရွေ့ အလျော နည်းပါးစွာဖြင့် အဓိပ္ပါယ်တူမျှစွာ ဖြစ်သော အသုံးအနှုန်း၊ အခေါ်အဝေါ်သာ ဖြစ်ပေသည်။ မြန်မာ့သမိုင်းဦး ခေတ်တွင် ကြီးကျယ်ထင်ရှား ခဲ့သော ပျူလူမျိုးများသည် တိမ်မြှုပ်၊ ပျောက်ကွယ်သွားသည် ဆိုသောအဆိုမှာ မှားယွင်းနေပါသည်။ မြန်မာအဖြစ်လည်း ကောင်း၊ ပအိုဝ်း အဖြစ်လည်းကောင်း ဆက်လက်ရှင်သန် လာခဲ့ခြင်းသာ ဖြစ်လေ၏။
မြန်မာ စကားဝေါဟာရ အသုံးအနှုန်းများစွာတွင် (ပျူ) ပအိုဝ်းတို့၏ ဝေါဟာရ စကားလုံးတို့ကို ခွဲထုတ်၍ ပြသနိုင် ကြောင်း လေ့လာနိုင်ပါသည်။ ယောင်္ကျားဟူသော စကားကို (အမျိုးသား)၊ မိန်းမဟူသော စကားကို (အမျီုးသမီး)၊ အဖိုး /ဖိုးဖိုး၊ အဖွား/ဖွားဖွား၊ ဘခင်/ဖခင်(ဖေဖေ)၊ မိခင်/မေမေ၊ သား၊ သမီး စသည်တို့သည် ပျူစကားဖြစ်သည်။ ထိုသို့သော ဝေါဟာရ တစ်လုံးချင်းစီ၏ အဓိပ္ပါယ်ကို ယနေ့မြန်မာစကား အသုံးအနှုန်းအဖြစ် တိုက်ရိုက်အဓိပ္ပါယ် ပြန်၍မရနိုင်ပေ။
ထို့အတူ မြန်မာနှင့် ဝေါဟာရတွဲရသော အသုံးအနှုန်းများကိုလည်း လေ့လာနိုင်ပေသည်။ ဥပမာ- အဖျားအနာ၊ အနာ အဆာ၊ အပိုအလို၊ စသော စကားရပ်များတွင် မြန်မာ(အဖျား)ကို ပျူလို(အနာ)၊ မြန်မာလို(အနာ)၊ ပျူလို(အဆာ)၊ မြန်မာ လို (အပို)၊ ပျူလို(အလို) စသည့်ဖြင့် စကားလုံးများ အဓိပ္ပါယ်တူရာ တွဲစပ်သုံးနှုန်းလာခဲ့ရာမှ နောင်တွင် ပျူစကားဟူ၍ သီးခြားအမှတ်မထား မခွဲခြားနိုင်တော့ပဲ မြန်မာစကားလုံးများ အဖြစ် လက်ခံနားလည် နိုင်ကြတော့၏။
ချင်းတွေကိုရော ဘယ်လိုပြောကြမလဲ
ReplyDeleteချင်းတွေရဲ့အ၀တ်အစား၊ ပုတီး၊ လက်ကောက်စတာတွေဟာ
ပျူတွေရဲ့ လက်ရာနဲ့ အတော့်ကို တူပါတယ်။
နောက်ပြီး ချင်းတွေရဲ့ နာမည်ပေးပုံတွေဟာလည်း ပျူတွေနာမည်ပေးပုံအတိုင်းပဲလို့ မှတ်သားဖူးပါတယ်။