3/6/09

၁၉ ရာစု ခြေချင်းတစ်စုံ



အမျိုးအစား - ခြေချင်းတစ်စုံ
အချိန်ကာလ - ၁၉ ရာစု
တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ရွှေသားစစ်စစ် တွင် ပတ္တမြား အရိုင်းတုံးများဖြင့်အလှဆင်။
အရွယ်အစား - အပြင်ဘက် ကွင်းအကျယ် ၈.၉ စင်တီမီတာ ၊ အတွင်းဘက် ကွင်း အကျယ် ၈.၂ စင်တီမီတာ။
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - 03159:1, 2/(IS)

ဒီ ရွှေသားစစ်စစ် မှာ မသွေးရသေးတဲ့ ပတ္တမြား အရိုင်းတုံးကလေး တွေနှင့် အလှဆင်ထားတဲ့ ဒီ မိန်းမဝတ် ခြေချင်းတစ်စုံ ဟာ ၁၉ ရာစုအစော ပိုင်းနှစ်များ ဆီကပါ။
ဒီလို တန်ဖိုးကြီးပြီး လှပနှစ်လိုဖွယ်ရာ ရတနာကို ဝတ်ဆင်သူဟာ ဘုရင့် မိသားစုဝင်၊ ဆွေတော်မျိုးတော် ဒါမှမဟုတ် ဝန်ကြီးကတော် တွေထဲက ဘဲဖြစ်နိုင်ပါတယ်။
===================
ဘယ်သူပိုင် ပစ္စည်းဆိုတာ ပြတိုက်က တာဝန်ရှိသူတွေ သိမှာ အသေအချာပါဘဲ။

နန်းစဉ်ရတနာ နှင့် စလေဒင် (၁)

ပတ္တမြားငမောက် နှင့် နန်းစဉ်ရတနာ

မန္တလေး ၊ မင်းတုန်းမင်း ၊ သီပေါမင်း အကြောင်းရေးသားပြုစုထား တဲ့ အင်္ဂလိပ်၊ မြန်မာ စာတွေအများကြီး ရှိသလို လူတိုင်းကလဲနားရင် ပြီးသားပါ။ ပတ္တမြားငမောက် ဆိုလဲ လူတိုင်း ကြားဖူးပြီး သားပါ။



မူရင်း Deposed King Thibaw of Burma in India, 1885-1916 by W.S Desal ကို ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ အခန်းဆက် ဆောင်းပါး များမှ
" ငမောက်ပတ္တမြားကိစ္စ" ဆောင်းပါး ထဲက စာပိုဒ် တချို့ကို မူရင်း ဘာသာပြန်အ တိုင်း ဖော်ပြချင်ပါ တယ်။


" သီပေါက တိုင်တန်းသည့် ငမောက်ပတ္တမြားအပါအဝင် အဖိုးတန်ရတနာများကိစ္စ နှင့် ပတ်သက်၍မူ အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန်က အချက်များကို တင်ပြရန် ထက် အောက် အရာရှိများကို တောင်းဆိုသည်။ ဆိုင်ရာ တို့ကစုံစမ်းပြီး အထက်သို့တင်ပြသည်။ တင်ပြချက်မှာ ယခင်ကအတိုင်းပင် ဖြစ်သည်။

စလေဒင်သည် သီပေါထံမှ အဖိုးတန်ရတနာပစ္စည်းများ ယူသည်ဟု ထင်စရာအကြောင်း ဘာမျှမရှိကြောင်း၊ မည်သည့်ကတိဝန်ခံ ချက်ကိုမျှလည်း မပေးခဲ့ကြောင်း၊ သီပေါသည် မိမိနှင့် တစ်ပါတည်း ယူဆောင် လာသော ရတနာပစ္စည်း များမှအပ အခြား မည်သည့် ရတနာပစ္စည်းကိုမျှ ပြန်ရမည်ဆိုသည် ကတိစကား လည်း မရှိခဲ့ကြောင်းဖြင့် အကြောင်းပြန်သည်။ စလေဒင်သည် ပစ္စည်းသိမ်း ကော်မတီက သိမ်းယူခဲ့သော ရတနာပစ္စည်း များကို ပစ္စည်းသိမ်း ကော်မတီ၏ ကိုယ်စားတာဝန်ကျသည့် အစောင့်ကို လွှဲပြောင်းပေးလိုက်ကြောင်း၊ ထိုနေ့က (၁၈၈၅ ခု၊ နိုဝင်ဘာ လ ၃၀ ရက်နေ့) ဘုရင် လက်နက်ချသည့်အခါ တွင် မိမိနှင့် တာဝန်ရှိသူများသည် သီပေါနှင့် မိသားစုတို့ ယူဆောင်သွားခြင်းမပြုသော ပစ္စည်း များကို ဗိုလ်ချူပ် ပရင်ဒါဂတ်စ်၏ အမိန့်အရ ပစ္စည်းသိမ်း ကော်မတီသို့ လွှဲပြောင်းပေးလိုက်ကြောင်း ဖြင့်ဖော်ပြပါရှိသည်။

မြန်မာပြည်အစိုးရသည် ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာဝန်ဟောင်းတချို့ကိုလည်း သေချာစွာစုံးစမ်းခဲ့သည်။

သူတို့ထွက်ဆိုချက်အရ သီပေါဘုရင်၏ သရဖူထဲတွင်ရှိကြောင်း၊ ထိုပတ္တမြား ကြီးသည်အရည်အသွေးကောင်းမွန်၍ တန်ဖိုးမဖြတ်နိုင်သည့် ပတ္တမြား ကြီးဖြစ်ပြီး ဘိုးတော်ဘုရား (၁၉၈၂-၁၈၁၉) လက်ထက်ကတည်းက ရှိခဲ့သော နန်းစဉ်ရတနာကြီး ဖြစ်ကြောင်း၊ ၁၈၈၅ ခု၊ နိုဝင်ဘာ ၂၉ ရက်နေ့မနက်တွင် သီပေါမင်းကိုယ်တိုင် ထိုပတ္တမြားကြီးကို စလေဒင် လက်သို့ပေးအပ်လိုက်ကြောင်း၊ ထိုအချိန်က စလေဒင်၏ စာရေးတော် ကြီး နီကလတ် လည်းရှိကြောင်း၊ ထို့ပြင် တိုင်းတာမင်းကြီးလည်း ရှိကြောင်း၊ မိမိကိုယ်ပိုင် ပုရပိုဒ် တစ်ဆူပေါ်တွင် ရတနာပစ္စည်း များ၏ စာရင်းကို ရေးမှတ်ပေးရကြောင်း၊ သို့ရာတွင် အပြည့်အစုံ မမှတ်ရသေးကြောင်း၊ ထိုစာရင်း ကို နီကလတ်သို့ ပေးလိုက်ကြောင်း၊ ထိုပစ္စည်းများ အားလုံးကို စလေဒင်က အင်္ဂလိပ်အရာရှိတစ်ယောက် လက်အောက်ရှိ အစောင့် တစ်ယောက်ကိုပေးအပ်လိုက်သည်ကို မိမိမြင်လိုက်ကြောင်းဖြင့် ရွှေတိုက်ဝန်က ထွက်ဆိုသည်။

ထိုအင်္ဂလိပ်အရာရှိ၏ အမည်ကို သတိရခြင်း ရှိမရှိ၊ ရွှေတိုက်အတွင်းဝန်၏ ထွက်ဆိုချက် မှန်မမှန်၊ ထိုစာရင်း နှင့် ထိုအဖိုးတန် ပစ္စည်းများ မည်သို့မည်ပုံ ဖြစ်သွားသည်ကို သိမသိ၊ ပစ္စည်းသိမ်းကော်မတီသို့ အပ်ရာတွင် မည်သို့သော အခြေအနေရှိသည်ကို သိမသိ စသည်သို့ကို စလေဒင်အား မေးမြန်းသည်။

၁၈၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့စွဲဖြင့် စလေဒင်က အသေးစိတ် ပြန်ကြားရာ၌ ရွှေတိုက်အတွင်းဝန်ပြောသည့်စကား မှန်နိုင်ကြောင်း၊ မိမိ သည် ထိုနေ့မနက်ကရွှေတိုက်အတွင်းဝန်ကို နန်းတော်ထဲတွင် တွေ့ခဲ့ရကြောင်း၊ သို့ရာတွင် ပုရပိုဒ်တစ်ဆူပေးသည် မပေးသည်ကိုမူ မိမိ မမှတ်မိတော့ကြောင်း၊ ထိုသို့ ရုတ်ရုတ်သဲသဲ အချိန်မျိုးတွင် အဖိုးတန်ကျောက်မျက်ရတနာများ၊ စီခြယ်ထားသည့်ရွှေထည် ပစ္စည်း အသေး၊ အကြီး အမျိုးမျိုးတို့ပါသည် နန်းစဉ်ရတနာ ပစ္စည်းအားလုံးကို ရေးမှတ်ဖို့ ဆိုသည်မှာ ခက်ခဲလှကြောင်းဖြင့် စလေဒင်က အကြောင်းပြန် သည်။

ထိုရတနာပစ္စည်းများအားလုံးသည် နန်းတော်ဝရန်တာကြမ်းပြင် နှင့် ကျယ်ဝန်းလှသော ညီလာခံသဘင်ခန်းမကြမ်းပြင်တွင် စုပုံပြန့်ုကြဲလျက် ရှိပါသည်..........။
ဗြိတိလျှအစိုးသည် အနည်းငယ်မျှသော ကျောက်မျက်ရတနာအချို့ကို ဝိတိုရိယဘုရင်မကြီးထံ ပေးပို့သည်။ ကျန်ပစ္စည်းများမှာ ဆောက်ကင်ဆီတန် ပြတိုက်သို့ပေးပို့သည်။

ဧကရီဘုရင်မကြီးထံ ပေးပို့သည့်ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း တို့ပါသည်။ ...............။

============

ဒီအမှုကို သီပေါဘုရင်က ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ အိန္ဒိယ ပြည်ဘုရင်အဖြစ် ရာဇဘိသေက ခံဖို့ရာလာတဲ့ ပဉ္စမမြောက် ဂျော့ဘုရင်ထံ သူ့ရတနာ ပစ္စည်းတွေ အတွက် တာဝန်ရှိသူ စလေဒင်ကို တိုင်တန်းစာ ပို့ရာက ဖြစ်လာတဲ့ နောက်ဆက်တွဲ ဖြေရှင်းချက်တွေပါ။

မူရင်း Deposed King Thibaw of Burma in India, 1885-1916 by W.S Desai ကို ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ အခန်းဆက် ဆောင်းပါး များမှ " ငမောက်ပတ္တမြားကိစ္စ" ။

3/4/09

ပုဂံချစ်တဲ့ ဆရာကြီးလု(စ်)

ဘ၀ရုပ်ပုံလွှာ (၁၁)
ပုဂံချစ်တဲ့ ဆရာကြီးလု(စ်)
တင်မိုး
`ငါသေခဲ့ရင် ငါ့အလောင်းကိုပြာချပြီး ငါ့အရိုးပြာကို အုတ်ဂူကလေးတခု လုပ်ပေးပါ။ ငါချစ်တဲ့ ပုဂံမြေမှာ အုတ်ဂူကလေး တည်ပြီးတော့ ပုဂံကို အရူးအမူးချစ်တဲ့ လူတယောက် လို့ ကမ္ဗည်းထိုးပေးပါ ချစ်တပည့်´လို့ စာရေးပြီး မှာသွားရှာတဲ့ လွမ်းစရာ ပုဂ္ဂိုလ်တဦးကတော့ အင်္ဂလိပ်လူမျိုး ကဗျာဆရာကြီး၊ သမိုင်းပါမောက္ခကြီး ဂျီအိပ်ခ်ျလု(စ်) ဆိုတဲ့ ပုဂ္ဂိုလ်ကျော်ကြီးပါ။
၁၉၆၂ ခုနှစ်မှာ ဗိုလ်နေ၀င်းက လူထုရွေးကောက်တင်မြှောက်တဲ့ ဦးနုအစိုးရကို စစ်တပ်နဲ့အာဏာသိမ်းခဲ့တယ်။ နိုင်ငံခြားသား တွေကို နှင်ထုတ်ခဲ့တယ်။ အဲဒီ အနှင်ခံနိုင်ငံခြားသားတွေထဲမှာ သတိုးသီရိသုဓမ္မာ ဂျီအက်စ် ဖာနီဗယ် ဆိုတဲ့ ဘောဂဗေဒ ပညာရှင်၊ စာပေပညာရှင်၊ အိုင်စီအက်စ်ဘွဲ့ရ ကြေးတိုင်မင်းကြီးဟောင်းနဲ့ ဂျီအိပ်ခ်ျလု(စ်) တို့လဲ ပါသွားပါတယ်။
ဖာနီဗယ်နဲ့ လု(စ်) တို့နှစ်ယောက်ဟာ အင်္ဂလိပ်လူမျိုးဖြစ်ပေမယ့် မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာ့ဂီတနဲ့ မြန်မာ့ယဉ်ကျေး မှုကို ချစ်ပြီး မြန်မာ့အကျိုးကို ရာသက်ပန်ထမ်းရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။
အင်္ဂလိပ်ဆိုတိုင်း ကိုလိုနီနယ်ချဲ့သမားမဟုတ်သလို ထိုပုဂ္ဂိုလ်တွေကလဲ နယ်ချဲ့သမားတွေနဲ့မပေါင်း၊ သူတို့ မျက်နှာဖြူတွေ ချည်းသာ ၀င်ခွင့်ရတဲ့ ပဲခူးကလပ်ကိုမသွား၊ မြန်မာတွေနဲ့ပဲ ချစ်ချစ်ခင်ခင်ပေါင်းသင်းဆက်ဆံပြီး မြန်မာနိုင်ငံရဲ့ အရေးကိုသာ နှစ်ပေါင်းများစွာ အကျိုးဆောင်ခဲ့ကြသူများ ဖြစ်ပါတယ်။
ဆရာကြီး လု(စ်) ကတော့ မြန်မာနိုင်ငံ ပုဂံမြေမှာပဲ ခေါင်းချ၊ ပုဂံရဲ့ ထာဝရချစ်သူအဖြစ်နေတော့မယ်လို့ ဆုံးဖြတ်ထားသူပါ။ အခုလို ဆရာကြီးနှစ်ဆူဟာ သူတို့ချစ်တဲ့မြေနဲ့ မျက်ရည် တ၀ဲဝဲ ခွဲခွာသွားရတဲ့အတွက် အသဲနှလုံး ကြိမ်မီးအုံး ခံစားခဲ့ရရှာ ပါတယ်။
ဆရာလု(စ်)ဟာ တကယ့် သမိုင်းပါရဂူကြီးပါ။ နှစ်ပေါင်း ၄၀ ကျော် ပုဂံဘုရားကြို ဘုရားကြား ကျောက်စာချပ်တွေအကြားမှာ တိုးဝင်ပြီး ပျူစာ၊ မွန်စာ၊ ပါဠိစာတွေဖတ်ပြီး သမိုင်းသုတေသန လုပ်ခဲ့တဲ့ပညာရှင်ပါ။ တရုတ်ရှေးဟောင်းစာတွေဖတ်ပြီး မြန်မာတို့လာရာလမ်းကို စူးစမ်းရှာဖွေခဲ့သူလဲဖြစ်ပါတယ်။ ကိုယ်တိုင်လဲ နိုင်ငံအနှံ့ ခြေဆန့်ပြီး ကွင်းဆင်း သုတေသနပြုခဲ့တဲ့ အံဖွယ်သူရဲပညာရှင်သုတေသီကြီးပါ။
သူရေးခဲ့တဲ့ Old Burma Early Bagan ဆိုတဲ့ စာမျက်နှာထောင်ကျော်ရှိ သုတေသနစာအုပ်ကြီးအပြင် မှန်နန်းရာဇ၀င် အင်္ဂလိပ်လိုပြန် (ဖေမောင်တင်နဲ့တွဲဖက်)၊ မြန်ဘာသာလေ့လာချက် (ရွှေဇံအောင်သို့ပေးစာ)၊ ပုဂံစေတီပုထိုးများအကြောင်း၊ မြန်မာနိုင်ငံအရည်းနှင့် မြောက်ပိုင်းဗုဒ္ဓဘာသာဆိုတဲ့ ပါမောက္ခဒူရွိုင်ဆယ်ရဲ့ ဆောင်းပါးဝေဖန်ချက်၊ ပုဂံဂူငယ်များအကြောင်း၊ ပုဂံရွှေဂူကြီးကျောက်စာ (အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်)၊ ကဗျာစရိယ၀ိဝံသစာတမ်းခေါ် မြန်မာစာဆိုတို့အကြောင်း (အင်္ဂလိပ်ဘာသာပြန်)၊ တကောင်းရာဇ၀င်ဘာသာပြန် (ဖေမောင်တင်နှင့် တွဲလျက်)၊ ဒူရွိုင်ဆယ်၏ ဖိုးဝန်းကျောက်ဂူများ အကြောင်း စာတမ်းဝေဖန်ချက်၊ တော်စိန်ခို၏ အမရပူရစကားကျောင်းများအကြောင်း စာတမ်းဝေဖန်ချက်၊ ၁၆ ရာစုမှ ၁၉ ရာစုအထိ မြန်မာနှင့် ယိုးဒယား စစ်ပွဲများ (မှန်နန်းမှ ကောက်နှုတ်၍ အင်္ဂလိပ်ဘာသာပြန်)၊ မြန်မာတလိုင်းရာဇ၀င်တို့ နှိုင်းယှဉ်လေ့လာချက်၊ (ဟာလီဒေး၏ အချက်အလက်တို့ကို စိစစ်ချက်)၊ မြန်မာ့အိမ်နီးနားချင်းနိုင်ငံများ (တရုတ်မှတ်တမ်း ဘာသာပြန်များ)၊ ၁၈ ရာစုက မြန်မာနိုင်ငံသို့ တရုတ်များ ကျူးကျော်လာပုံ၊ ရှမ်းပြည်တောင်ပိုင်းလက်အောက်ရှိ ဘုရားတဆူ၊ ပျူတို့အမည်၊ ပုဂံကျေးဇူး၊ မြန်မာတို့ဆုတောင်းခန်း၊ ခေတ်ဟောင်း ပျူတို့အကြောင်း၊ ခေတ်ဦးမြန်မာ့စီးပွားရေး၊ ပုဂံခေတ် မွန်များအကြောင်း စတဲ့ အဖိုးတန် သုတေသနစာတမ်းတွေကို မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် (JBRS) များမှာ အဆက်မပြတ်ရေးသားခဲ့ပါတယ်။
မြန်မာနိုင်ငံသမိုင်းကို ကျောက်တိုင်လို ခိုင်ခံ့တည်တံ့အောင် နှစ်ပါင်းများစွာ ကိုယ်မအားစိတ်မအား ကြိုးစားခဲ့တဲ့ အားထုတ်မှု များစွာဟာ အံ့ဘနန်းပါ။
သူချစ်တဲ့ ပုဂံမြေကို ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်တွေက ဗုံးကြဲမီးလောင်တိုက်သွင်းဖို့ ကြံစည်နေခိုက် ဆရာလု(စ်)က ဒေလီမဟာမိတ်စစ်ဌာနချုပ်သို့ စာရေးမေတ္တာရပ်ခံခဲ့တဲ့အတွက် ပုဂံစေတီ ယဉ်ကျေးမှုအမွေအနှစ်တွေ ကမ္ဘာစစ်မီးလျှံမှ လွတ်မြောက်ခွင့်ရခဲ့ပါတယ်။ ဒီအကြောင်းကို ဆရာမင်းသုဝဏ်က `ပုဂံနှင့်ဝေဠု´ဆိုတဲ့ ကဗျာဖွဲ့ပြီး ဂုဏ်ပြုခဲ့ဖူးပါတယ်။
ပုဂံနှင့် ဝေဠု

ငါတို့ခေတ်တွင် စစ်ကြီးကမ္ဘာ
လောင်ကျွမ်းလာ၍ ရေမှာကုန်းမှာ
ကောင်းကင်မှာ၌ လွတ်ရာမရှိ
မီးလျှံညိက အမိကိုတ
အဖကိုတမ်း ကိုယ်စိတ်နွမ်း၍
မချမ်းကြည်နိုင် လက်ချမှိုင်စဉ်
မဏ္ဍိုင်မေရု ခံမြို့ပြုသို့
ဝေဠုဆရာ တားမြစ်ပါသော်
ပေါက္ကာရာမ ဘေးမခဘဲ
မြန်မာ့ဂုဏ်ရောင် ထွင်းလင်းပြောင်သည်
ငါးထောင်တည်မည့် နိမိတ်တည်း … တဲ့။

ဒီရွေ့ဒီမျှ မြန်မာ့ကျေးဇူးကို အားနဲ့မာန်နဲ့ ဆောင်ရွက်ခဲ့တဲ့ သုခမိန်ကြီးကို ကျွန်တော်တို့က ကျေးဇူးသိသိနဲ့ အလေးပြုရုံ မျှမက သူချစ်တဲ့ ပုဂံမြေမှာ ကျောက်ရုပ်စိုက်ထူပြီး ဂုဏ်မပြုအပ်ပါလားလို့ မေးလိုက်ချင်လှပါတော့တယ်။ ။


ဒီ ပိုစ်ကို ဧရာဝတီ အင်တာနက် မဂ္ဂဇင်းမှ တိုက်ရိုက် ကူးယူဖော်ပြလိုက်ပါတယ်။
မူရင်းလင့်ခ် က http://www.irrawaddy.org/bur_Joomla_1.5.8/bawa2007/February/feb_09_2007.html

သမိုင်းစစ်စစ်

သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။
ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။
ကြောက်လို့ ဖုံးကွယ်ပြောတယ်။
မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။
ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။
သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။
( ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ )

3/1/09

၉- ၁၀ ရာစုအုတ်ခွက်ဘုရား




အမျိုးအစား - အုတ်ခွက်ဘုရား
အချိန်ကာလ - ၉- ၁၀ ရာစု
တွေ့ရှိရာနေရာ - ပြည်၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - မူလ အုတ်ခွက်ဘုရား ( မြေပုံ ဘုရား )
အရွယ်အစား - အမြင့် ၉ စင်တီမီတာ ၊ အကျယ် ၇.၈ စင်တီမီတာ၊ အဝိုင်းအကျယ်( ဒိုင်ယာမီတာ ) ၂.၅ စင်တီမီတာ။
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.130-1999

ဒီ အုတ်ခွက်ဘုရား ( မြေပုံ ဘုရား ) ဟာ အသေးစိတ် ပုံဖော်ထား တဲ့ ထိုင်တော်မူဘုရားပါ။ အရင်းမူလနေရာဟာ " ပြည်" ဖြစ်ပြီး
ပျူခေတ် ၉-၁၀ ရာစုနှစ် ကဖြစ်ပါတယ်။
=======================================================================

ဒီ အုတ်ခွက်ဘုရား ( မြေပုံ ဘုရား ) ကို ပျူလက်ရာလို့ ပြတိုက်ကပြောတာကို ကျွန်တော် ပိုင်ပိုင်နိုင်နိုင် မထောက်ခံ ဝံသေးပါ။ ထိုင်တော်မူဘုရားရဲ့ ဘေး တစ်ဘက်တစ်ချက် ဆီမှာတော့ ပျူခေတ် လက်ရာဟန် ဖြစ်တဲ့ စေတီ ၂ ခု ဝန်းရံထားတာကို တွေ့ရပါတယ်။ ပြတိုက်ကပြောသလို ပြည် မှာတွေ့တိုင်း ပျူခေတ် လက်ရာလို့ပြောလို့မရပါ။ ခါး နည်းနည်းသိမ်နေပါတယ်။ မျက် နှာတော်ဟာအသေးစိတ် မမြင်ရတော့ပေမယ့် အနည်းငယ်ရှည်နေပါတယ်။ အရင် တွေ့ဖူး ပြီးသား ပျူခေတ် လက်ရာတွေမှာ မျက် နှာတော်ဝိုင်းပြီး နှာခေါင်း အတန်ငယ် ပွ ပါတယ်။ ဓမ္မစကြာ မြုဒာ (လက်နေဟန်ထား) က ပျူခေတ်မှာ မတွေ့ရသေးပေမယ့် ၉-၁၀ ရာစုမှာ တွေ့ရပြီဆိုတာ စဉ်းစား ပြီး နောက်ထပ် အထောက်ထား ရှာရပါမယ်။ တကယ်လို့များ ဓာတ်ခွဲခန်းမှာ စမ်းသပ်ထား တာမျိုးဆို ရင်ဖြင့် လက်ခံ ရမှာပါ။ စမ်းသပ်ထား တာမျိုး ရှိ၊ မရှိ ပြတိုက်ကို မေးကြည့်ပါမယ်။
(