5/21/09

သမိုင်းစကား၊ ပန်းစကား




မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလ ( ၁၈၆၅ နိုဝင်ဘာ ) ဒင်္ဂါးစက်ပြီး။

မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလ ပြည့်ကျော် ၉ ရက်
( ၁၈၆၅ နိုဝင်ဘာ ၁၁ ရက်နေ့ ) ဒေါင်းဒင်္ဂါး စသွင်းလုပ်။

( ဒေါက်တာသန်းထွန်း၊ နယ်လှည့်ရာဇဝင် ဒုတိယ အတွဲ ၊ မန္တလေး ရက်စဉ်သမိုင်း ၊ စာမျက်နှာ ၂၁၂ )


သမိုင်းဆရာ တော်တော်များများက
ဒီလို ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) တွေကို မင်းတုန်းမင်းလက်ထက် မှာဘဲသွင်းလုပ်တယ် လို့ဆိုပါတယ်။

ဘိုးတော်မင်း လက်ထက် ကစပြီး ပုဂံမင်း အထိ ဒင်္ဂါး သွင်းလုပ် အသုံးပြုခဲ့ပါသေးတယ်။
အမှတ်တံဆိပ်ပါ မပါကို ဘယ်သမိုင်းဆရာက မှ ထုတ်ဖော် ထောက်ပြတာ မတွေ့ရပါ။

ဒီ ဒင်္ဂါးကို ကြည့်ပါ ၁၂၁၄ ခုနှစ်ရက် စွဲပါ ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) လို့တွေ့ရပါမယ်။

သမိုင်းဆရာ တော်တော်များများကပြောပြောနေတတ်တဲ့ ဒီလို ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) တွေကို မင်းတုန်းမင်းလက်ထက်မှာဘဲ သွင်းလုပ်တယ် ဆိုတဲ့ အရေးသားတွေ သတိထားသင့်ပါပြီ။


ကုန်းဘောင်ခေတ်သုံး မြန်မာ ဒင်္ဂါး တွေကို ထိုင်းနိုင်းငံ ဘန်ကောက်ပြတိုက်မှာ ပြထားပါတယ်။ ကိုယ်တိုင်မရောက်ဖူးသေးလို့ မမြင်ဖူးသေးပါ။
========================================================================== သမိုင်းစကား၊ ပန်းစကား ခေါင်းစဉ်ဟာ ဆရာကြီး မြသန်းတင့် ရဲ့ ဆောင်းပါးခေါင်းစဉ်ပါ။
ကြိုက်လွန်းလို့ ယူသုံးပါတယ်။
ဆရာကြီး မြသန်းတင့် ရဲ့ သမိုင်းစကား၊ ပန်းစကား ဟာ ဖတ်လို့သိပ်ကောင်းသလို သမိုင်းအပေါ် တစ်ဘက်သတ်အမြင်တွေ ဖယ်ရှားဖို့ရာ ရှူထောင့်မျိုးစုံက ထောက်ပြဝေဖန်ပေးထားတယ်။
" တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ " မှာ စုဖုရာလတ်ဟာ ထင်သလောက်မဆိုးပါ။
ဆယ်ကျော်သက် အရွယ် မိန်းကလေးတစ်ယောက်မှာ ဖြစ်လေ့ ဖြစ်ထရှိတတ်တဲ့ စိတ်သဘောထားလို့သာ ထောက်ပြပါတယ်။
သူ့ကြောင့် မြန်မာဘုရင့်ထီးနန်း ပျက်သယောင် ရေးတတ်တဲ့ ပြည်တွင်း၊ ပြည်ပ သမိုင်းဆရာတွေ ရဲ့အမြင်၊ စာဖတ်သူတွေရဲ့အမြင် တွေကို စဉ်းစားမှုပေးစေနိုင်ခဲ့ပါတယ်။
ဘယ်သူ့ကြောင့်မှ မဟုတ်ပါ ကိုလိုနီ စနစ်ကြောင့်သာ အင်္ဂလိပ် လက်အောက်ရောက် ရတာပါ။


ဆရာကြီး မြသန်းတင့် ရဲ့ " သမိုင်းစကား၊ ပန်းစကား" ဟာဖတ်လို့ သိပ်ကောင်းပေမယ့်၊ ကျွန်တော့် သမိုင်းစကား၊ ပန်းစကား ဟာ ဖတ်မကောင်းနိုင်ပါ။

- ဒင်္ဂါးစက်ရုံ ဓာတ်ပုံကို မြန်မာတိုင်း(မ်) အတွဲ ၂၁ ၊ အမှတ် ၄၁၄ ( ၁၅-၁၂၊ ၅၊ ၂၀၀၉ ) မှကူယူဖော်ပြသည်။
- ဒေါင်းဒင်္ဂါး ပုံကို ရှေးပစ္စည်း စုဆောင်းသူတစ်ဦးမှ ကျေးဇူးပြုသည်။

4 comments:

  1. AnonymousJune 25, 2009

    ၁၂၂၇ ခု၊ (ခရစ် ၁၈၆၅) တန်ဆောင်မုန်းလ အတွင်း ဆောက်လုပ် ပြီးပြေခဲ့သည်။ x x x ရတနာပုံ ဒင်္ဂါး စက်ရုံတွင် ၁၂၂၇ ခု၊ တန်ဆောင်မုန်း လပြည့်ကျော် ၉ ရက် (၁၁ နိုဝင်ဘာ ၁၈၆၅)၊ စနေနေ့ နံနက် တချက်တီးကျော် အချိန် အခါတော်နှင့် ဒင်္ဂါး စတင် ခတ်လုပ် ခဲ့သည်။ ရွှေ ငွေ ကြေးနီ သံဖြူနှင့် ခဲဒင်္ဂါးများ ထုတ်လုပ် ခဲ့ရာ ဒေါင်းတံဆိပ် ကျပ်သုံး ငွေဒင်္ဂါး များကို မင်းတုန်းမင်း နန်းတက် သက္ကရာဇ် ၁၂၁၄ ခု၊ ခတ်နှိပ် ထုတ်လုပ်သည်။ ၁၈၇ဝ ပြည့်နှစ်တွင် ဒင်္ဂါး စက်ရုံ၏ လုပ်ငန်းမှာ ကောင်းစွာ အောင်မြင်လျက် ရှိပေပြီ။ (မင်းတုန်းမင်း လက်ထက်မှာ ဒေါင်းဒင်္ဂါးတွေ ဘယ်လို ဘယ်ပုံ စထုတ် အသုံးပြုတယ်၊ အင်္ဂလိပ်က ဘယ်ပုံဘယ်နည်း ဇာတ်သိမ်းလိုက်တယ်ဆိုတာကို မကြန်က 'ကုန်းဘောင်၏ နောက်ဆုံး အားမာန်' စာအုပ်မှာ အပြည့်အစုံ သုတေသနပြု ထုတ်ဖော် တင်ပြထားပါတယ်။)

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်ခင်ဗျာ မကြန် ရေးတဲ့စာအုပ်ကို ကျွန်တော်မဖတ်ဖူးပါ။
    ကျွန်တော်ရှာဖတ်ပါမယ်။ သုတေသနထုံး အတိုင်း မကြန် ဘာတွေကို ကျမ်းကိုးလုပ်တယ်ဆိုတာနှင့် သူယူထားတဲ့ မူလဇစ်မြစ်ကို လေ့လာလိုပါတယ်။
    ကုန်းဘောင်နှောင်းပိုင်း သမိုင်းမှတ်တမ်းတွေ အများကြီးရှိပါတယ်။ မတူတာတွေ ၊ မူကွဲတွေလည်း များပါတယ်။
    ကျွန်တော့် မှတ်ချက် မမှန်ဘူးဆိုရင် ဖြည့်စွက်ချက် (Supplementary Note) အနေနှင့် ပြင်ပါမယ်။
    ခုလို ပြောသွားတာကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။

    ReplyDelete
  3. AnonymousJune 26, 2009

    http://myanmarisp.com/history/kbp/folder_summary_view?b_start:int=50&-C=
    http://myanmarisp.com/history/kbp/folder_summary_view?b_start:int=40&-C=
    http://myanmarisp.com/History/Kon_Baung_Period/his0028/
    http://myanmarisp.com/History/Kon_Baung_Period/kbp0001/

    ReplyDelete
  4. လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။