7/18/09

သူတို့ပြောတဲ့ အောင်ဆန်း





၂၀၀၄ ခုနှစ် မိုးရာသီ တစ်ရက်မှာ အလုပ်ကိစ္စတစ်ခုအတွက် " ပြည် " ကိုသွားပါတယ်။ အမှတ်မထင် နိုင်ငံခြားသား ၂ ယောက်လာမိတ်ဆက်တဲ့ အတွက် သူတို့နှင့် ခင်မင်ခွင့်ရခဲ့ပါတယ်။

နာမည်တွေက မှတ်ရတာလွယ်လို့ ခုထိမှတ်မိနေပါတယ်။
Mr.Martin နဲ့ နောက်တစ်ယောက်က Mr.Wolf ။
နယူးဇီလန် နိုင်ငံသား ဟိုတယ်ပိုင်ရှင်တွေလို့ ဆိုပါတယ်။

သူတို့ နှင့် အတူ လက်ဖက်ရည်ဆိုင် အတူထိုင်ဖြစ်တယ်။
ဆိုင်နာမည် မမှတ်မိ။ အဲဒိလက်ဖက်ရယ်ဆိုင် ရှေ့မှာတော့ နာမည်ကြီး ပြည် ထမင်းသုပ် ဆိုင်။
အဲဒိဆိုင်နာမည်ကိုလည်းမမှတ်မိပါ။

သူတို့ နှစ်ယောက်နှင့် ထွေရာလေးပါးပြောကြရင်း ဗိုလ်ချုပ်အောင်ဆန်းဈေး အကြောင်းရောက်သွားတယ်။
အဲဒိကတဆင့် ဆက်ပြောရင်း ဗိုလ်ချုပ် အောင်ဆန်းအကြောင်း ရောက်သွားတယ်ဘဲ ဆိုပါတော့။

သူတို့နှစ်ဦးက ကျွန်တော့ကိုခွင့်တောင်းတာပါ။ ကျွန်တော့ တစ်သက် ဘယ်လိုမှမမေ့နိုင်တဲ့ စကားတစ်ခွန်းဆိုပါတော့။

ဗိုလ်ချုပ် အောင်ဆန်းအကြောင်း မပြောခင် " မင်းကို တစ်ခုမေးချင်ပါတယ်" တဲ့
ကျွန်တော်က ဘာလဲ၊ ပြောပါ ဆိုတော့
" ဗိုလ်ချုပ် အောင်ဆန်း" ကို " လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် အောင်ဆန်း" လို့ပြောခွင့်ရမလားတဲ့။
လွတ်လပ်ရေး ဖခင် ဆိုတဲ့ စကားလုံးကို လေးလေးနက်နက်ထည့်သုံးချင်လို့ မြန်မာတစ်ယောက်ကို ခွင့်တောင်းတဲ့ နိုင်ငံခြားသားတွေပါ။

သူတို့ စိတ်ထဲမှာတော့ " လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် အောင်ဆန်း" လို့အမြဲမှတ်ယူထားတယ်။
စကားပြောတဲ့အခါမှာတောင် " နည်းနည်းလေးမှ မပေါ့၊ နည်းနည်းလေးမှ မလျှော့" ။

ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်းရဲ့ " စိတ်ဓာတ် ၊ အသွေး သားထဲမှာ" သူတို့လိုစိတ် အမြဲရှိနေနိုင်ပါစေလို့ ဆန္ဒပြုလျက်။


=========================================================

လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် အောင်ဆန်း လက်မှတ်ပါ ဓာတ်ပုံကို
www.bmnetwork.org/.../aung_san-u_raschid-3.jpg မှ ကူးယူဖော်ပြသည်။

U Ba Pe,Mr Clement Attlee, General Aung San,U Tin Htut(1947-jan)No-10-Downing Street- London ပါဓာတ်ပုံကို www.pbase.com/dassk/image/18222229 မှကူးယူဖော်ပြသည်။

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။