7/4/09

ဒေါင်းဒင်္ဂါး




မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလ ( ၁၈၆၅ နိုဝင်ဘာ ) ဒင်္ဂါးစက်ပြီး။
မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလ ပြည့်ကျော် ၉ ရက်
( ၁၈၆၅ နိုဝင်ဘာ ၁၁ ရက်နေ့ ) ဒေါင်းဒင်္ဂါး စသွင်းလုပ်။
( ဒေါက်တာသန်းထွန်း၊ နယ်လှည့်ရာဇဝင် ဒုတိယ အတွဲ ၊ မန္တလေး ရက်စဉ်သမိုင်း ၊ စာမျက်နှာ ၂၁၂ )

သမိုင်းဆရာ တော်တော်များများက
ဒီလို ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) တွေကို မင်းတုန်းမင်းလက်ထက် မှာဘဲသွင်းလုပ်တယ် လို့ဆိုပါတယ်။

ဘိုးတော်မင်း လက်ထက် ကစပြီး ပုဂံမင်း အထိ ဒင်္ဂါး သွင်းလုပ် အသုံးပြုခဲ့ပါသေးတယ်။
အမှတ်တံဆိပ်ပါ မပါကို ဘယ်သမိုင်းဆရာက မှ ထုတ်ဖော် ထောက်ပြတာ မတွေ့ရပါ။

ဒီ ဒင်္ဂါးကို ကြည့်ပါ ၁၂၁၄ ခုနှစ်ရက် စွဲပါ ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) လို့တွေ့ရပါမယ်။

သမိုင်းဆရာ တော်တော်များများကပြောပြောနေတတ်တဲ့ ဒီလို ဒေါင်းဒင်္ဂါး ( ဒေါင်းတံဆိပ်ပါ ဒင်္ဂါး) တွေကို မင်းတုန်းမင်းလက်ထက်မှာဘဲ သွင်းလုပ်တယ် ဆိုတဲ့ အရေးသားတွေ သတိထားသင့်ပါပြီ။

ကုန်းဘောင်ခေတ်သုံး မြန်မာ ဒင်္ဂါး တွေကို ထိုင်းနိုင်းငံ ဘန်ကောက်ပြတိုက်မှာ ပြထားပါတယ်။ ကိုယ်တိုင်မရောက်ဖူးသေးလို့ မမြင်ဖူးသေးပါ။
================================================================
June 25, 2009
Anonymous said...


၁၂၂၇ ခု၊ (ခရစ် ၁၈၆၅) တန်ဆောင်မုန်းလ အတွင်း ဆောက်လုပ် ပြီးပြေခဲ့သည်။ x x x ရတနာပုံ ဒင်္ဂါး စက်ရုံတွင် ၁၂၂၇ ခု၊ တန်ဆောင်မုန်း လပြည့်ကျော် ၉ ရက် (၁၁ နိုဝင်ဘာ ၁၈၆၅)၊ စနေနေ့ နံနက် တချက်တီးကျော် အချိန် အခါတော်နှင့် ဒင်္ဂါး စတင် ခတ်လုပ် ခဲ့သည်။ ရွှေ ငွေ ကြေးနီ သံဖြူနှင့် ခဲဒင်္ဂါးများ ထုတ်လုပ် ခဲ့ရာ ဒေါင်းတံဆိပ် ကျပ်သုံး ငွေဒင်္ဂါး များကို မင်းတုန်းမင်း နန်းတက် သက္ကရာဇ် ၁၂၁၄ ခု၊ ခတ်နှိပ် ထုတ်လုပ်သည်။ ၁၈၇ဝ ပြည့်နှစ်တွင် ဒင်္ဂါး စက်ရုံ၏ လုပ်ငန်းမှာ ကောင်းစွာ အောင်မြင်လျက် ရှိပေပြီ။ (မင်းတုန်းမင်း လက်ထက်မှာ ဒေါင်းဒင်္ဂါးတွေ ဘယ်လို ဘယ်ပုံ စထုတ် အသုံးပြုတယ်၊ အင်္ဂလိပ်က ဘယ်ပုံဘယ်နည်း ဇာတ်သိမ်းလိုက်တယ်ဆိုတာကို မကြန်က 'ကုန်းဘောင်၏ နောက်ဆုံး အားမာန်' စာအုပ်မှာ အပြည့်အစုံ သုတေသနပြု ထုတ်ဖော် တင်ပြထားပါတယ်။)

June 25, 2009
Anonymous said...

http://myanmarisp.com/history/kbp/folder_summary_view?b_start:int=50&-C=
http://myanmarisp.com/history/kbp/folder_summary_view?b_start:int=40&-C=
http://myanmarisp.com/History/Kon_Baung_Period/his0028/
http://myanmarisp.com/History/Kon_Baung_Period/kbp0001/
================================================================================================
အပေါ်မှာ မြင်နေရတဲ့ စာတွေအားလုံးဟာ ရတနာပုံ ဒင်္ဂါး အကြောင်း အရင်ပိုစ်အဟောင်းကပါ။
အမည်မဖော်လိုသူ တစ်ဦးက ထောက်ပြထားတဲ့ ကွန်မန့် နှင့် သူပေးခဲ့တဲ့ လင့်ခ် တွေကို လည်း တွေ့နိုင်ပါတယ်။

သူပေးခဲ့တဲ့ လင့်ခ် အတိုင်းလိုက်ရှာတော့ " မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာအဖွဲ့" ဆိုက်ကိုတွေ့ပါတယ်။ကြိုက်လို့ ကျွန်တော့ ဘလော့ Sources for you မှာထည့်ထား ( လင့်ခ်ထား ) ပါတယ်။


" ဒေါင်းတံဆိပ် ကျပ်သုံး ငွေဒင်္ဂါး များကို မင်းတုန်းမင်း နန်းတက် သက္ကရာဇ် ၁၂၁၄ ခု၊ ခတ်နှိပ် ထုတ်လုပ်သည်"
လို့ မကြန်ရဲ့ စာမှာ ဆိုပါတယ်။"

အမှန်တိုင်း ဝန်ခံပါတယ်။ မတွေးမိ၊ မဖတ်မိခဲ့ပါ။ ဥရောပသား တစ်ယောက်က ဒီ ရတနာပုံ ဒေါင်း ဒင်္ဂါး ပါခုနှစ် ပြပြီး ကျွန်တော့်ကို မေးတုန်းကတည်းက မဖြေနိုင်ခဲ့ပါ။

အမည်မဖော်လိုသူ ထောက်မပြခင် အချိန်အထိ မကြန် ဆိုတဲ့ စာရေးဆရာ ပညာရှင်ကို လုံးလုံး မဖတ်ဖူး၊ မကြားဖူး လောက်အောင် ကျွန်တော် အမြင်ကျဉ်း၊ အသိပညာအားနည်းခဲ့ပါတယ်။

ကျွန်တော်ယုံကြည်တဲ့ မြန်မာလူမျိုးသမိုင်းပညာရှင် တွေရဲ့ စာတမ်း၊ စာအုပ်တွေကို အလွတ်နီးပါးရအောင် အကြိမ်ကြိမ်ဖတ်ပေမယ့် ကျွန်တော်မသိသေးတဲ့ ပညာရှင်တွေ၊သူတို့ရဲ့ တွေ့ရှိချက်တွေ အများကြီးရှိသေးတယ်ဆိုတာ သင်ခန်းစာရပါတယ်။

ဘိုးတော်မင်း လက်ထက် ကစပြီး ပုဂံမင်း အထိ ဒင်္ဂါး သွင်းလုပ် အသုံးပြုခဲ့ပါသေးတယ်။
အမှတ်တံဆိပ်ပါ မပါကို ဘယ်သမိုင်းဆရာက မှ ထုတ်ဖော် ထောက်ပြတာ မတွေ့ရပါ။

ကျေးဇူးတင်ပါတယ်။ အားလုံး ကျန်းမာ ချမ်းသာပါစေ။

2 comments:

  1. ရှေးမြန်မာရေ
    လာဖတ်မှတ်သွားပါတယ်
    ခင်မင်လျက်

    ReplyDelete
  2. ရှေးမြန်မာရေ.... ကျွန်တော်ကောက်ရတားတဲ့ဒေါင်းဒင်္ဂါးကတော့ ခုနှစ်သက္ကရာဇ်လုံးဝမပါဘူုး နှစ်ဖက်စလုံးဒေါင်းရုပ်နဲ့ပါ......
    အဲဒီဒင်္ဂါးနဲ့ရော အထောက်အထားရှိပါသလားခင်ဗျာ၊ ဖြေပေးစေချင်ပါတယ်...ကျေးဇူးပါ...

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။