3/31/09

ရခိုင် ဒင်္ဂါးပြား














ဗြိတိလျှ ပြတိုက်၊ လန်ဒန် က အဓိကထားပြီးပြောချင်တာက မြန်မာ (ပျူ ) ဒင်္ဂါးတွေဟာ ရခိုင်တွေကတဆင့်နည်းယူတယ်။ ရခိုင်တွေက တစ်ခါ ဘင်္ဂလား ဒင်္ဂါး တွေ ကမှ နည်းယူတယ်။
ဘင်္ဂလားတွေက နိပေါ တွေဆီကနည်းယူတယ်။

အဲဒီတော့ မြန်မာ သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင် တွေရဲ့ အယူအဆ တွေနှင့် အတော်ကြီးကွဲလွဲသွားပါပြီ။ မြန်မာ သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင် တို့ရဲ့ မှန်းဆချက် ကမ္ဘောဒီးယား " ဖူနန်" မှာ ၃ ရာစုကတည်းက ဟိန္ဒူ ကိုးကွယ်ယုံကြည်မှုအမှတ် လက္ခဏာတွေပါတဲ့ ဒင်္ဂါး သွင်းလုပ်သုံးစွဲနေပါပြီ ။

ခရစ်နှစ်ဦးကတည်းက " ဖူနန်" ကနေ မဲနန်မြစ် ၊ သံလွင်မြစ်၊ စစ်တောင်းမြစ်တွေကိုဖြတ်ပြီး ပျူတွေရဲ့မြို့တော် ဗိသဏိုး၊ သရေခတ္တရာ တွေကမှတဆင့် ရခိုင် ဝေသာလီ အထိရောက်၊ နောက်ဆုံး အန္ဒိယအထိ ရောက်သွားတဲ့ ကုန်သွယ်လမ်းမကြီးဟာ မြန်မာ မြောက်ပိုင်းက " ပိုး " လမ်းနှင့်အပြိုင်ရှိခဲ့တာပါ။

ဒီလို လက္ခဏာတွေပါတဲ့ ဒင်္ဂါး တွေကိုလည်း ဒီလမ်းတောက်လျှောက် အရေအတွက် တော်တော်များများ တွေ့ရတယ်။
ရခိုင်မှာအစောဆုံး နေထိုင်တဲ့လူတွေက တိဘက်မြန်မာအနွယ်ဝင်တွေပါ။ အစကနဦးမှာ အန္ဒိယ မြောက်ပိုင်း ဟိန္ဒူ ကိုးကွယ်ယုံကြည်မှုကို ခံယူတယ်။ အထူးသဖြင့် "သီဝ" (Shiva ) နတ်ကိုကိုးကွယ်တယ်။

မင်းတွေကိုယ်တိုင်က ကုလားဘွဲ့ အမည် " စန္ဒြ " ( Chandra ) ကိုနှစ်သက်ခံယူတယ်။ မင်းတစ်ပါး နန်းတက်တိုင်း အဲဒိမင်းဘွဲ့ အမည်ပါ ဒင်္ဂါး အသစ်သွင်းလုပ်ပြီး ငွေသားအဖြစ် အသုံးပြုစေပါတယ်။

အစောဆုံး ဒင်္ဂါး လို့ပြောနိုင်တာက " ဒေဝစန္ဒြ" ( ခရစ် ၄၅၄-၄၇၆ ) ဒင်္ဂါး။
နောက်ထပ်တွေ့ရတဲ့ မင်းဘွဲ့ အမည်ပါ ဒင်္ဂါး တွေက
နိတိစန္ဒြ ( ၅၂၀ - ၅၇၅ )
ဝိရုစန္ဒြ ( ၅၇၅-၅၇၈ )

ပရိတိစန္ဒြ ( ၅၇၈-၅၉၀ )
ပတွိစန္ဒြ ( ၅၉၀-၅၉၇ )
ဒတိစန္ဒြ ( ၅၉၇-၆၀၀ )
ဓမဝိဇယ (၆၆၅-၇၀၁ )
ဓမစန္ဒြ ( ၇၀၄-၇၂၀) ဒင်္ဂါးပြားစာရင်း ကို ( မြန်မာသမိုင်းပုံ ၊ ဒေါက်တာသန်းထွန်း ) ကူးယူဖော်ပြသည်။
( ရခိုင်ဒင်္ဂါးတွေ ကိုအရင်က တွေ့ဖူးပေမယ့် စာဖတ် မရသေးလို့ မင်းဘွဲ့အမည်မသိ )

ရခိုင်တွေဟာ ၆ ရာစုနှစ်ဦးလောက်မှာ ဗုဒ္ဓဘာသာကို ပြောင်းလဲ ကိုးကွယ်ယုံကြည်နေပြီ လို့ပညာရှင်အများစုက ခန့်မှန်းတယ်။ ဒါပေမယ့် ဒင်္ဂါပြားပေါ်မှာ ဒီလို ဗြာဟ္မဏ အယူဝါဒဆိုင်ရာ မှတ်လက္ခဏာတွေ ဘယ်မင်းဆက်၊ ဘယ်ရာစုမှာ စပြီး မပါတော့တာလဲဆိုပြောဖို့ ရာ စောနေပါသေးတယ်။

ကျွန်တော်စုစောင်းထားတဲ့ အထဲက အစောဆုံး ဒင်္ဂါပြားတွေပေါ်မှာ ဗြာဟ္မဏ အယူဝါဒဆိုင်ရာ မှတ်လက္ခဏာတွေ မပါတော့တဲ့ ဒင်္ဂါပြားစာရင်းကိုကြည့်ပါ။
မင်းဘွဲ့အမည်တွေကိုသာ ဒင်္ဂါပြားနှင့် အပြည့် ရေးထိုးသွင်းလုပ်စေတယ်လို့ ကောက်ချက်ချရပါမယ်။

စန္ဒသူရိယ ( ၁၇၃၁- ၁၇၃၄ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် စန္ဒသူရိယ ရာဇာ ၁၀၉၃ လို့တွေ့ရ။

နာရပဝါယ (၁၇၃၅-၁၇၃၆ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် နာရပဝါယ ရာဇာ ၁၀၉၅ လို့တွေ့ရ။


စန္ဒဝိဇလ ( ၁၇၃၆ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် စန္ဒဝိဇလ ရာဇာ ၁၀၉၅ လို့တွေ့ရ။

မဓရာဇ် ( ၁၇၃၇-၁၇၄၂ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် မဓရာဇ် ရာဇာ ၁၀၉ လို့တွေ့ရ။

၁၇၃၁ ထက်အစောပိုင်း ကာလ ဒင်္ဂါပြားတွေအများကြီးရှိနေပါတယ်။ ၁၇၄၂ နောက်ပိုင်း ဒင်္ဂါပြားတွေလည်းအများကြီးရှိနေပါသေးတယ်။

စာတွေဖတ်လို့ရပြီမို့ပုံတွေကို နောက်ပိုင်းမှာ စာနှင့်တွဲပြီတင်ပါမယ်။ တချို့ပုံကောင်းတွေကို သက်ဆိုင်ရာ website / blog နှင့် ကိုယ်ပိုင်စုစောင်းထားသူတွေဆီက တောင်းပေမယ့် အများစုက အကြောင်းမပြန်ပါ။

တချို့ကတော့ အတုတွေဖြစ်နေလို့ စီစစ်ရပါအုံးမယ်။


ရခိုင် ဒင်္ဂါပြားဟာ ရခိုင်ရာဇဝင်နှင့် တွဲနေတဲ့ အကောင်းဆုံးခေတ်ပြိုင် အထောက်အထားမို့ အင်မတန် တန်ဖိုးကြီးပါတယ်။ ကျောက်စာတွေ တွေ့ရပေမယ့် အရေအတွက်နည်းနေပါသေးတယ်။ ရခိုင် ဒင်္ဂါပြားတွေကို သေသေချာချာ စ ၊ လယ် ၊ ဆုံး သုံးပါးစလုံးပြောဖို့ရာ ပြည့်စုံတဲ့ သုတေသန အထောက်အထားမရသေးပါ။

ဒေါက်တာသန်းထွန်းရဲ့ မြန်မာသမိုင်းပုံ စာတမ်းမှာ ဖော်ပြထားတာက ရခိုင်တွေဟာ ဂုပ္တ အက္ခရာကို အသုံးပြုပြီး သကတ္တဘာသာ နှင့်စာရေးတယ်။ ရခိုင်ဒင်္ဂါးက ( နန္ဒီ ) " နွား" အပေါ်မှာရေးထားတဲ့စာဟာ သက္ကတ ဂုပ္တ အက္ခရာ လို့ပါတယ်။ ဒီအချက်ကို သတိထားပြီး မမှန်ဘူးလို့ ပြောရပါမယ်။ ( နန္ဒီ ) " နွား" အပေါ်မှာရေးထားတဲ့စာဟာ ဗြဟ္မဏီစာ ဖြစ်ပါတယ်။

ဒီပိုစ်မှာ ရေးသားထားတဲ့ အကြောင်းအရာတွေရဲ့ အမှား ၊ အမှန် တွေအားလုံး ကျွန်တော်တာဝန်ယူပါတယ်။ ရခိုင် ဒင်္ဂါပြားနှင့် ပတ်သက်တဲ့ အကြောင်းရာ စုစောင်းမှုဟာအခုမှ ဟိုတစ်စ ၊ ဒီတစ်စ သာ ရှိပါသေးတယ်။ ကြိုက်သလိုဝေဖန်ပါ၊ကဲ့ရဲ့ပါ၊ထောက်ပြပါ။

နိတိ စန္ဒြ ရခိုင် ဒင်္ဂါးပြား















နိတိ စန္ဒြ ရခိုင် ဒင်္ဂါးပြား


အမျိုးအစား - နိတိ စန္ဒြ ( NantiChandra ) အမည်ပါ ရခိုင် ဒင်္ဂါးပြား ။
အလေးချိန် - ၇.၃၉၀ ဂရမ်
အရွယ်အစား - ၃၁ မီလီမီတာ (mm ) Add Imageပြတိုက်ပစ္စည်း အမှတ် - CM 1984-5-10-1
ပြတိုက်အခန်း အမှတ်- အခန်း ၆၈၊ ငွေကြေး ပြခန်း
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
အချိန်ကာလ - ၈ ရာစု
တွေ့ရှိရာနေရာ - မြန်မာ

အစောဆုံး မြန်မာ (ပျူ ကိုရည်ရွယ် ) ငွေဒင်္ဂါးတွေဟာ ဗုဒ္ဓဘာသာဝင် ရခိုင်ပြည်ကဆင်းသက်တယ်။ မြန်မာတွေဟာ ငွေသတ္တုရင်းမြစ်ပေါကြွယ်သလို အနီး ပတ်ဝန်းကျင် ဒေသတွေနှင့် ခိုင်မာတဲ့ ကုန်သွယ်ရောင်းဝယ်မှုတွေရှိပါတယ်။ ဒါကြောင့် ငွေဒင်္ဂါးတွေ သွင်းလုပ်အသုံးပြုလာပါတယ်။ ငွေဒင်္ဂါးပြား အမှတ်တံဆိပ်တွေကိုတော့ ဘင်္ဂလားနှင့် ကပ်နေတဲ့ ရခိုင်က ဒင်္ဂါးတွေကို မှီတယ်။ ဘင်္ဂလား ဒင်္ဂါးတွေက နိပေါ " ပသုပတိ " Pashupati (၇-၈ ရာစု) ဒင်္ဂါးတွေ ကို အတုယူတယ် ။

ဒင်္ဂါး မျက်နှာစာမှာ ( နန္ဒီ ) " နွား" လက္ခဏာတွေ့မယ်။ နွားရဲ့ အပေါ်မှာ ဗြမဏီ အက္ခရာနှင့်ရေးထားတဲ့ မင်း ဘွဲ့နာမည်ရှိမယ်။ ဒင်္ဂါးရဲ့အခြား တဘက်မှာတော့ သီရီဝစ္ဆ (အိမ်မွန် ) ရှိမယ်။ သီရီဝစ္ဆ (အိမ်မွန် )ရဲ့အပေါ်မှာ"နေ နှင့် လ " ကိုတွေ့ရမယ်။ သီရီဝစ္ဆ (အိမ်မွန် )အတွင်း၊ အလယ်တည့်တည့်မှာ အပေါ်ကို ထောင်နေတဲ့ အရာက သီဝ နတ်မင်းကိုးကွယ်မှုဆိုင်ရာ အမှတ်လက္ခဏာ ဖြစ်တဲ့ “ လင်္ဂ “။
အမှတ်လက္ခဏာတွေရဲ့ အဓိပ္ပါယ် တွေကို အနက်ဖွင့်ရာတွင် Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) ကို ကိုးကားသည်။

======================================================

Pashupati က သက္ကတ ဘာသာပါ။ Pashu ဆိုတာရဲ့ အနက်က Animal (သက်ရှိသတ္တ၀ါ ) တိရိစ္ဆာန်။ Pati က God (ဖန်ဆင်းရှင် ဘုရား)။ ဒီတော့ လူကလွဲပြီး သက်ရှိ သက်ရှိသတ္တ၀ါ အားလုံး၊ တစ်နည်း တိရိစ္ဆာန် တွေအားလုံး ရဲ့ ဖန်ဆင်းရှင်၊ အရှင်သခင် လို့အနက်ရတယ်။ အများအခေါ် နွားလား ဥဿဖ ။
သက္ကတလို பசுபதி முத்திரை


ဗြိတိလျှ ပြတိုက်၊ လန်ဒန် မရှင်းဘဲထားတဲ့ အမှတ်လက္ခဏာ (Symbols) တွေကျန်နေပါသေးတယ်။ ဖွင့်ဆိုချက်မှားတာလည်း နှစ်ချက်ပါတယ်။ ခုနှစ် မသေချာတဲ့အချက်က တစ်ချက်ပါတယ်။

ဗြိတိလျှ ပြတိုက်၊ လန်ဒန် မရှင်းဘဲထားတဲ့ အမှတ်လက္ခဏာ (Symbols) တွေက

( ၁ ) ရခိုင် ဒင်္ဂါးတွေမှာ အမြဲတွေ့နေရတဲ့ " ပုလဲစက်ဝန်း" ပါ။ ရခိုင် ဒင်္ဂါး ရဲ့ပြင်ဘက်ဆုံး အဝန်းဝိုင်းကို "
ပုလဲစက်ဝန်း " နှင့်ဝန်းရံထားလေ့ရှိပါတယ် ။ တချို့ပညာရှင်တွေက " ဗိန္ဓု " အစက်အပျောက်
ရယ်လို့အမည်ပေးတယ်။
( ၂ ) တိသုလ(သုံးခွ လှံဆူး) ရဲ့ အပေါ်မှာ ကပ်လျှက် နှစ်ဘက် စလုံးကို အုပ်မိုး နေတဲ့
" အရွက်ငါးရွက်ပါ သစ်ခက် " တစ်စုံ ။
( ၃ ) တိသုလ(သုံးခွ လှံဆူး) ရဲ့ အောက်က ပုလဲခုနှစ်လုံးတန်း ။
( ၄ ) ဒင်္ဂါးပြားအခြားတစ်ဘက်ရှိ " နန္ဒိ " (နွား) ရဲ့လည်ပင်းမှာ စွတ်ပေးထားတဲ့ အစက်ပျောက် ငါးခု နှင့်
ပုံဖော်ထားတဲ့ပန်းကုံး ။


ဖွင့်ဆိုချက်မှားတဲ့ နှစ်ချက်က

ဗြိတိလျှ ပြတိုက်၊ လန်ဒန် ရဲ့ဖော်ပြချက်တွေဟာ Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) စာအုပ်ကို ကိုးကားပြီးဖော်ပြတာပါ။

ဒီရခိုင် ဒင်္ဂါး ရဲ့ အမှတ်လက္ခဏာဖွင့်ဆိုချက်တွေ တချို့ မမှန်ပါ။ Crib,B Cook နှင့် I. Carrradice တို့ရဲ့အဆို ဒီရခိုင် ဒင်္ဂါးမှာ သီရိဝစ္ဆ ခေါ် အိမ်မွန်(Shrivetsa) ပါတယ်လို့ဆိုတယ် ။
သီရိဝစ္ဆ (အိမ်မွန်) ဟာ ဗိဿနိုး (Vishnu) ကိုးကွယ်မှုဆိုင်ရာ လက္ခဏာသာဖြစ်တယ်။

ဒင်္ဂါးကို သေသေချာချာကြည့်တော့ သီရိဝစ္ဆ (အိမ်မွန်) မဟုတ်ဘဲ သီဝ နတ်မင်းရဲ့ လက်နက်
တိသုလ(သုံးခွ လှံဆူး)ဖြစ်ဖို့များတယ်။


တချို့ ဟိန္ဒူဘုရာကြောင်းတွေမှာ ( နန္ဒီ ) " နွား" နှင့်အမြဲလို ယှဉ်တွဲပြီးတွေ့ရတတ်တဲ့ " လင်္ဂ" (Linga) ခေါ် ဂိဂ္န ဆိုတာ သက္ကတဘာသာလို ပူရိသလိင်လို့အဓိပ္ပာယ် ရှိတဲ့ " သိဝ" နတ်မင်းကိုးကွယ်မှုဆိုင်ရာ လက္ခဏာပါ။

ဒါကိုဆက်စပ်ပြီးတော့ ဒင်္ဂါး အတွင်းပိုင်း တိသုလ(သုံးခွ လှံဆူး) ရဲ့အလယ် တည့်တည့်က အပေါ်ကိုထောင်နေတဲ့ လှံဆူး ကို " လင်္ဂ" (Linga)၊ သက္ကတ အခေါ် ဂိဂ္န လို့ဆိုတာကတော့ မှားနေတယ် ၊ မဟုတ်ပါလို့ဘဲပြောရမယ် ။

ခုနှစ် မသေချာတဲ့အချက် တစ်ချက်က
မသေချာတဲ့အချက်က သမိုင်းမှတ်တမ်းအတွက် အရေးအကြီးဆုံးပြစ်နေပါတယ်။

နိတိ စန္ဒြ ( NantiChandra ) အမည်ပါ ရခိုင် ဒင်္ဂါးပြားလို့ဆိုပြီး ခန့်မှန်း ခရစ်နှစ် ၈ ရာစုလို့ဖော်ပြထားတယ်။
ရခိုင်ရာဇဝင်ကို လေ့လာကြည့်တော့ နိတိ စန္ဒြ ( ၅၂၀-၅၇၅)လို့တွေ့ရတယ် ။
ဒီတစ်ချက် ပြတိုက်က မှားပြန်တယ်။

3/22/09

ပျူ ဒင်္ဂါးပြား


အမျိုးအစား - သရေခတ္တရာ၊ ပျူ ဒင်္ဂါးပြား အလေးချိန် - ၁၀.၈၀၀ ဂရမ် ပြတိုက်ပစ္စည်း အမှတ် - CM 1981-12-14-2 ပြတိုက်အခန်း အမှတ်- အခန်း ၆၈၊ ငွေကြေး ပြခန်း
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
အချိန်ကာလ - ၈ ရာစု
တွေ့ရှိရာနေရာ - မြန်မာ


၈ ရာစု နှစ် မြန်မာနိုင်ငံ အရှေ့ပိုင်းကို ပျူတွေ အုပ်စိုးတယ်။ ဒဂါင်္း သွင်းလုပ် အသုံးပြု တဲ့ပညာရပ်တွေကို မြန်မာနိုင်ငံ အနောက်ဘက်ပိုင်း ရခိုင် တွေကတဆင့် သင်ယူတတ်မြောက်တယ်။ ဒီ ဒဂါင်္း မှာ အိန္ဒိယ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ အမှတ် လက္ခဏာ တွေကိုတွေ့ရပါတယ်။ ဒဂါင်္း ရဲ့အလယ် မှာ " ပလ္လင် " ရှိမယ်။ ပလ္လင်ရဲ့ ထက်၊ အောက် အလယ် ဗဟိုလ်ဖြတ်ပြီး " သရဖူ " နှင့် ချည်နှောင်ထားပါမယ်။ ပလ္လင် ရဲ့အပေါ် နားဆီမှာတော့ " မီးလျှံ " ငယ်တွေ ကိုတွေ့ရမယ်။
ဒဂါင်္း ရဲ့ တစ်ခြားတစ်ဘက်မှာတော့ " သီရီ နတ်ဘုရား " ရဲ့အမှတ်လက္ခတွေဖြစ်တဲ့ " ချမ်းသာခြင်း နှင့် ကံကောင်းခြင်း " ဆိုတဲ့ " သီရီဝစ္ဆ " (အိမ်မွန် ) ကိုတွေ့ရမယ်။ အိမ်မွန် ရဲ့အတွင်းထဲမှာ " သီဝနတ်မင်း " ကို ကိုယ်စားပြု " တောင် " လက္ခဏာ ကိုတွေ့ရပါမယ်။ ဒီတောင် အမှတ်လက္ခဏာဟာ " ကမ္ဘာ မြေ " ကို ကိုယ်စား ပြုတယ်လို့လည်း ဆိုနိုင်တယ်။ တောင်ရဲ့ အောက်ခြေမှာတော့ " သမုဒ္ဒရာ " ကိုယ်စားပြု " ရေလှိုင်း " လက္ခဏာကို တွေ့ရမယ်။ အိမ်မွန် ရဲ့ ဘယ်ဘက်ဘေး မှာ သိကြားမင်း ကိုင်စွဲတဲ့ " ဝရဇိန် " လက်နက် ၊ ညာဘက်မှာတော့ " ဗိသဏိုး နတ်မင်း " ကိုယ်စားပြု " ခရုသင်း " ကိုတွေ့ရပါမယ်။ ဒါတွေအားလုံးရဲ့ အပေါ်မှာ စက်ဝိုင်းပုံ အမှတ် လက္ခဏာဟာ " လ " ကို ကိုယ်စားပြုပြီး ၊ " ကြယ် " ပုံစံလိုဖြစ်နေတဲ့ အမှတ်လက္ခဏာကတော့ " နေ "ကိုကိုယ်စားပြုတယ်။ အမှတ် လက္ခဏာ အဓိပ္ပါယ် ဖွင့်ဆိုရာတွင် အောက်ပါစာ အုပ်များအား ကိုးကား၍ ဖော်ပြသည်။ J. Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) J. Williams (ed.), Money: a history (London, The British Museum Press, 1997)

====================================================
ပျူ ဒဂါင်္းတွေကို တချို့ site/ blog တွေမှာတွေ့နေရပါတယ်။ ပျူဒဂါင်္း လို့ဆိုကြပေမယ့် ကမ္ဘောဒီးယား " ဖူနန် " သရေသရေခတ္တရာ ကိုဖြတ်ပြီး ရခိုင်ထိရောက်တဲ့ ကုန်သွယ်လမ်းမကြီး တလျှောက် တွေ့ရပါတယ်။ တချို့ ပညာရှင်တွေက ဖူနန်မှာ ဒီလို ဒဂါင်္း မျိုးကို ၃ ရာစုကတည်းက အသုံးပြုနေပြီ လို့ဆိုတယ်။ ဒေါက်တာ သန်းထွန်းက လည်း ဒီအဆိုကို မငြင်းတာမို့ ထောက်ခံချင်ပုံရတယ်။ ရှေးဟောင်းသုတေသန တူးဖော်ရေး ကတော့ ဒဂါင်္း တွေ ထုတ်ရာမှာ အသုံးပြုတဲ့ ရွှင့်စေး(ရွှံ့စေး) ပုံစံခွက် တူးဖော်ရရှိတယ်လို့ဆိုထားတယ်။ ကျွန်တော် မမြင်ဘူးသေးပါ။ အပေါ်က အဆို ၂ ခုလုံး ထောက်ခံဖို့ရော ၊ ငြင်း ဖို့ရော အထောက်ထား မရသေးပါ။ ရှေးဟောင်းသုတေသန တူးဖော်ရေး က ရရှိထားတဲ့ ရွှင့်စေး(ရွှံ့စေး) ပုံစံခွက် ကိုလေ့လာခွင့်ရရင် အဖြေ ရနိုင်မယ်ထင်ပါတယ်။ သေသေ ချာချာ ပြောနိုင်တာက ပျူတွေဟာ ကျောက်စစ်တဲ့ ပညာမှာ ရော ၊ သတ္တု ပုံသွင်း အသုံးပြုတဲ့ ပညာမှာပါ ပုဂံမြန်မာတွေထက် အများကြီးသာလွန်တယ်ဆိုတာပါဘဲ။

ပျူ ဘုရင်သုံး ဒင်္ဂါးပြား