ဘိုးတော် ဗဒုံမင်းလက်ထက် သွင်းလုပ်ခဲ့တဲ့ ဒင်္ဂါးတွေအကြောင်း ရေးပြီးကာမှ ပိုပြီးသေချာတဲ့ အချက်လက်တွေ ရနိုင်ကောင်းပါရဲ့ဆိုပြီး AUSPICIOUS SYMBOLS AND ANCIENT COINS OF MYANMAR By THAN HTUN ( DEDAYE ) စာအုပ် ဖတ်ပြီးမှ ပိုစ်အဖြစ်တင်မယ်လို့စိတ်ကူးရတယ်။ စာအုပ်ဖတ်နေတဲ့ အချိန်မှာတော့ Blog ကိုသတိမရတော့ပါ။ ဒီရက်ပိုင်း အားလပ်ရက်တွေပိုများတဲ့အတွက် စာဖတ်ချိန်ပိုရတယ်။
စာရေးသူ ဦးသန်းထွန်း (ဒေးဒရဲ) ဟာ ရှေးဟောင်း မြန်မာ ဒင်္ဂါးတွေအကြောင်း ၂၅ နှစ်ကျော် လေ့လာမှုပြုခဲ့တယ်လို့ဆိုပါတယ် ။ စာအုပ်ဖြစ်လာဖို့ အချိန်ယူခဲ့တာ ၄ နှစ်ခန့်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်က မိတ်ဆွေတချို့ပြောပြချက်အရ စာရေးသူ ဦးသန်းထွန်း(ဒေးဒရဲ) ကို ကွိုင် သန်းထွန်း အဖြစ် လူသိများတယ်လို့ သိရပါတယ်။
သူကိုယ်တိုင် စုဆောင်းထားတဲ့ ရှေးဟောင်း မြန်မာ ဒင်္ဂါးတွေဟာ ပြတိုက်တစ်ခု ဖွင့်လို့ရနိုင်တယ်လို့ နိုင်ငံခြားသား တစ်ဦးက ရည်ညွန်းပါတယ်။
အမေရိကန် နိုင်ငံ မီချီကန် ကွိုင်ကလပ် ( Michigan Coin Club ) က ခရစ်ယာန် ဘုန်းတော်ကြီး Neil Sowards, D.D ရဲ့ဆောင်းပါး မြန်မာပြည် ဒင်္ဂါးရှာပုံတော်( Coin Hunting in Myanmar (Burma) ) မှာ အရိပ်မွတ် ဖော်ပြထားတဲ့ ရှေးဟောင်း မြန်မာ ဒင်္ဂါးစုဆောင်းသူဟာ ဦးသန်းထွန်းဘဲ ဖြစ်ပါလိမ့်မယ်။
တကယ်တော့ မြန်မာ ရှေးဟောင်းဒင်္ဂါး သမိုင်းဟာ အခြားနိုင်ငံတွေလို မများ ။ ပျူ ဒင်္ဂါး ၊ မွန် ဒင်္ဂါး၊ ရခိုင် ဒင်္ဂါး တွေရှိမယ်။ ပုဂံခေတ် မှာ ဒင်္ဂါးမသုံး။ ရခိုင် သမိုင်း တလျှောက် မင်းအဆက်ဆက် ဒင်္ဂါးသုံးတာတွေ့ရတယ်။ ဘုရင့်နောင် ခေတ်မှာ ဒင်္ဂါး သုံးသလားဆိုတာ မသေချာ။ ကုန်းဘောင်ခေတ်မှာမှ ဒင်္ဂါးတွေ ပြန်ထုတ်သုံးတယ်။ သို့သော် ဒင်္ဂါး သမိုင်းကို သေချာတပ်အပ်ပြောဖို့ရာ ခိုင်မာတဲ့ သမိုင်း အထောက်ထား လိုနေဆဲပါ။
သန်းထွန်း ( ဒေးဒရဲ ) ရဲ့ AUSPICIOUS SYMBOLS AND ANCIENT COINS OF MYANMAR သည်
ဒင်္ဂါး သမိုင်း မှာလိုနေတဲ့ အချက်လက် အထောက်ထားတွေ ပေးနိုင်တဲ့ အကောင်းဆုံး သုတေသနပြု စာအုပ်လို့ ပြောချင်ပါတယ်။
တရုတ်နှစ်သစ်ကူး အားလပ်ရက်တွေမှာ ဒီစာအုပ်ကို PDF ဖိုင်အဖြစ်တင်မယ်။

မူပိုင်ခွင့် နှင့်ပတ်သက်ပြီးအခက်ခဲရှိနိုင်တဲ့အတွက် PDF ဖိုင် မတင်ဖြစ်တော့ပါ။
ReplyDeleteဒီ blog ကိုမြင်ရလိုက်တဲ့ အတွက် အရမ်းဂုဏ်ယူမိပါတယ်။
ReplyDeleteနောက်များ ကျွန်တော်passwordမေ့သွားလို့ပဲ ဖြစ်ဖြစ် မလာဖြစ်ရင်
ပြန်ဖိတ်ခေါ်ပေးဖို့တောင်းပန်ပါတယ်။
ကောင်းလေး(ကစ္စပနဒီ)
If u have a off file of it, pls send me my gmail ddong33@gmail.com will be very appreciate.
ReplyDelete