8/29/09

တတိယ သံဃာရတနာတင်ဟန် စဥ့်ကွင်း





အမျိုးအစား - တတိယ သံဃာရတနာတင်ဟန် စဥ့်ကွင်း
ပြုလုပ်ပုံနည်းပညာ - ခပ်နှိပ် ပုံဖော် မြေထည်မီးဖုတ် စဥ့်ရည်သုတ်
အချိန်ကာလ - ခန့်မှန်း ၁၈ ရာစုနှစ် ( ၁၇၉၁ ဝန်းကျင် )
တွေ့ရှိရာနေရာ - မြန်မာ၊ မင်းကွန်း
အရွယ်အစား- (၂၃.၅ x ၂၃.၅ x ၄.၄၅) စင်တီမီတာ
လက်ရှိတည်နေရာ - ဒီလော့စန်းဂျလိစ် အရပ် အနုပညာပြတိုက်
ပြတိုက်အမှတ်- Gift of Marilyn Walter Grounds (AC1994.234.6.1)

================================================

မြန်မာပြည်က " မင်းကွန်း" ဆိုတဲ့ ရွာလေးတစ်ရွာမှာ ကမ္ဘာကျော်တာတွေက

မင်းကွန်း ဆရာတော်ဘုရားကြီး
မင်းကွန်း ခေါင်းလောင်းကြီး
မင်းကွန်း ပုထိုးတော်ကြီး

မင်းကွန်း ပုထိုးတော်ကြီးက စဥ့်ကွက်တွေ အတော်များများ အကြောင်းကြောင်းကြောင့် ပျောက်ပျက်ကုန်ပါပြီ။
ခေတ်အဆက်ဆက်မင်းတွေလည်း မင်းကွန်းပုထိုးတော်ကြီးဆိုရင် (တဘောင်) ကြောက်လို့ မပြင်ပါဘူး။

တဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီးလာလိုက်တာ အုတ်ပုံကြီးဖြစ်တဲ့အထိ ပြစ်ထားကြမယ်ထင်ပါတယ်။
အများသိပြီးသားဖြစ်တဲ့အတိုင်း မင်းကွန်းခေါင်းလောင်းကြီးတောင်မှ ကိုလိုနီခေတ်ဦးရောက်မှ အင်္ဂလိပ်လူမျိုးတစ်ဦးက ဦးဆောင်ပြီးလုပ်ခဲ့လို့ ဒီလိုမြင်ရတာပါ။

စဥ့်ကွင်းတွေကတော့ ကုန်သလောက်ရှိနေပါပြီ။ တချို့လည်းအခိုးခံရ ၊ တချို့ ရေထဲပါ။ တချို့ ဥရောပအထိ ရောက်တယ်။ ပေါ်ဦး ပြောတဲ့ ခြသေ့င်္ကြီး နှစ်ကောင်လည်း ယခုအချိန် ခြေလေးချောင်းတောင် ကောင်းကောင်းကျန်ပါဦးမလားမသိ။

မင်းတွေကလည်း မပြင်
လူတွေကလည်း မပြင်
သံဃာတော်တွေကလည်း မပြင်
ပညာရှင်တွေကလည်း မပြင်
ယူနစ်စကိုကလည်း မပြင်။ ဘာလို့များ မပြင်။

3 comments:

  1. မင်းကွန်း မဟုတ်လား ခင်ဗျ...
    မင်းကွန်းဆရာတော်
    မင်းကွန်း ခေါင်းလောင်း
    မင်းကွန်း ပုထိုးတော်ကြီး

    ReplyDelete
  2. ဟုတ်တယ်ဗျို့
    မင်းကွန်း ။ စာလုံးပေါင်းပြင်လိုက်ပြီ။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  3. ခြင်္သေ့ကြီး နှစ်ကောင်က ခြေထောက်နှစ်ချောင်း လားဘာလားတော့ တွေ့ခဲ့တယ်ထင်တာပဲ။ (တင်ပဆုံနောက်ပိုင်းနဲ့တူပါရဲ့) တော်တော် ငယ်ငယ်ကရောက်တာဆိုတော့ အသေအချာ မမှတ်မိတော့ဘူး။

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။