7/22/09

မြေပုံ ဘုရား၊ ပုဂံ



အရွယ်အစား- မြေပုံ ဘုရား၊ ပုဂံ
အမျိုးအစား - မြေထည်
ပြုလုပ်ပုံနည်းပညာ - ခပ်နှိပ် ပုံဖော်
အချိန်ကာလ - ခန့်မှန်း ၁၃ ရာစုနှစ်
တွေ့ရှိရာနေရာ - မြန်မာ
အရွယ်အစား- အမြင့် ၁၆.၅ စင်တီမီတာ
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
ပြတိုက်အမှတ်- Registration number: 1899,1016.1 :အာရှ

ဒီမြေပုံဘုရားမှာ ဗုဒ္ဓဘုရားဖြစ်စဉ် အကျဉ်းကို ပုံဖော်ထားတာတွေ့ရပါတယ်။
ရုပ်ပုံတွေကို အရင်ပိုစ် မှာရှင်းပြခဲ့ဖူးတာတွေနှင့် အတူတူပါဘဲ။

နာရီလက်တံလှည့်ပုံအတိုင်း အောက်ခြေက စရှင်းပြရရင်

အောက်ခြေက သရုပ်ဖော် ဟာ ပါဠိရက္ခ ဇာတ်တော်ထဲက မျောက်တစ်ကောင် မြတ်စွာဘုရားအား ပျားအုံ ကပ်လှူခန်း။
( မြတ်စွာဘုရား ပရိလေယျကတောကို တစ်ပါးတည်း ကြွတော်မူစဉ် မျောက်တစ်ကောင်က ဆွမ်းအဖြစ် ပျားအုံကို ကပ်လှူပူဇော်တယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။ )

မြတ်စွာဘုရားရဲ့ ပထမဦးဆုံး တပည့်သာဝက ငါးဦး ( ပဉ္စဝတ်ဂီ ) ကို ဓမ္မ စင်္ကြာ တရားဦးဟောခန်း။
( တကယ်မြင်နေ ရတာက ရဟန်းတော် ၂ ပါးသာ )

မြတ်စွာဘုရား မေတ္တာတရား ဟော၍ နာလာဂီရိ (Nalagiri) ဆင်ကို ဆုံးမတော်မူခန်း။

မြတ်စွာဘုရား သာဝတိံသာနတ်ပြည် (Tavatimsa heaven) ကနေ လူ့ပြည်ကိုကြွတော်မူခန်း။

မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုခန်း ( Parinirvana or Mahaparinibbana)။


မြတ်စွာဘုရားရဲ့ ပထမဦးဆုံး တပည့်သာဝက ငါးဦး ( ပဉ္စဝတ်ဂီ ) ကို ဓမ္မ စင်္ကြာ တရားဦးဟောခန်း။ တကယ်မြင်နေ ရတာက ရဟန်းတော် ၂ ပါးသာ။
လက်ဝဲ၊ လက်ယာ တော်ရံ ရှင်သာရိပုတ္တရာ နှင့် ရှင်မောဂ္ဂလန် ကို မြတ်စွာဘုရား ပခုံးအထက် ခပ်မြင့်မြင့်အထက်နားဆီမှာ တွေ့ရတဲ့ တရာဟောခန်း။
( မြင်နေရတဲ့ ပုံအရ ဘေးတဘက်ဆီမှာရှိနေတဲ့ ရုပ်ပုံ ၃ ခုထဲက အလယ်က ပုံဟာ ဘယ်ဘက် နဲ့ ညာဘက် တူနေသလို ဖြစ်နေပါတယ်။ )

လုမ္မနီတော အတွင်း အင်းကြင်းပင်အောက် မယ်တော် မာယာဒေဝီ(Maya-devi ) နှင့်အတူဘေးမှာယှဉ်ရပ်နေတဲ့ ဂေါတမီ(Prajapati) ပုံတွေပါတဲ့ ဖွားတော်မူခန်း။

မဟာဗောဓိပင် နဲ့ ကျောင်းတော်ရာ အုပ်မိုး ထားတဲ့ အလယ်က တည့်တည့်က ပုံတော် အကြီးဟာ လက်တစ်ဘက် ပေါင်ပေါ်တင်ထားပြီး ကျန်လက်တစ်ဘက်ဟာ မြေထိထားတဲ့ အောင်တော်မူဟန်
( ဘူမိသပ္ပမုဒြာ) ဖြစ်တယ်။ (ပါရမီဖြည့်စီးခဲ့တဲ့ ဘဝအဆက်ဆက်အတွက် " ဝသုဒ္ဓရေ" မြေနတ်သမီး ကို သက်သေပြုတယ်လို့ မြန်မာအများစု ဆိုလေ့ရှိပါတယ်။ )

မြန်နေရတဲ့ ဟန် နဲ့ သရုပ်ဖော်ပုံတွေထက် အရေးအကြီးဆုံးက မြေပုံဘုရားအောက်ခြေမှာ ရေးထားတဲ့ စာပါ။ အမြင်အရ နှစ်ကြောင်းစာဖြစ်ပါလိမ့်မယ်။

ပြတိုက်မှုးက သကျမုနိဘုရား(Śākyamuni ) လို့ဆိုတယ်။ ဘေးကသရုပ်ဖော်ပုံတွေအရ သကျမုနိဘုရား မဖြစ်နိုင်လို့ဆိုရမယ်ထင်ပါတယ်။

လက်တင်နင် ဒေါ့စန် (Lt Dobson ) က ၁၈၉၉ ကုနှစ်မှာ ဗြိတိလျှပြတိုက်ကို လှူဒါန်းခဲ့ တာပါ။

19 July

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာပန အခန်းနား၊ အဖိုးတန် မှတ်တမ်းရုပ်ရှင် ကို အောက်ကပေးထားတဲ့ လင့်မှာသွားကြည့်နိုင်ပါတယ်။

http://topdocumentaryfilms.com/who-really-killed-aung-san/

မှတ်တမ်းတစ်နေရာမှာတော့ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပြောထားတဲ့ စကားသံတချို့ကြားရပါလိမ့်မယ်။

7/18/09

သူတို့ပြောတဲ့ အောင်ဆန်း





၂၀၀၄ ခုနှစ် မိုးရာသီ တစ်ရက်မှာ အလုပ်ကိစ္စတစ်ခုအတွက် " ပြည် " ကိုသွားပါတယ်။ အမှတ်မထင် နိုင်ငံခြားသား ၂ ယောက်လာမိတ်ဆက်တဲ့ အတွက် သူတို့နှင့် ခင်မင်ခွင့်ရခဲ့ပါတယ်။

နာမည်တွေက မှတ်ရတာလွယ်လို့ ခုထိမှတ်မိနေပါတယ်။
Mr.Martin နဲ့ နောက်တစ်ယောက်က Mr.Wolf ။
နယူးဇီလန် နိုင်ငံသား ဟိုတယ်ပိုင်ရှင်တွေလို့ ဆိုပါတယ်။

သူတို့ နှင့် အတူ လက်ဖက်ရည်ဆိုင် အတူထိုင်ဖြစ်တယ်။
ဆိုင်နာမည် မမှတ်မိ။ အဲဒိလက်ဖက်ရယ်ဆိုင် ရှေ့မှာတော့ နာမည်ကြီး ပြည် ထမင်းသုပ် ဆိုင်။
အဲဒိဆိုင်နာမည်ကိုလည်းမမှတ်မိပါ။

သူတို့ နှစ်ယောက်နှင့် ထွေရာလေးပါးပြောကြရင်း ဗိုလ်ချုပ်အောင်ဆန်းဈေး အကြောင်းရောက်သွားတယ်။
အဲဒိကတဆင့် ဆက်ပြောရင်း ဗိုလ်ချုပ် အောင်ဆန်းအကြောင်း ရောက်သွားတယ်ဘဲ ဆိုပါတော့။

သူတို့နှစ်ဦးက ကျွန်တော့ကိုခွင့်တောင်းတာပါ။ ကျွန်တော့ တစ်သက် ဘယ်လိုမှမမေ့နိုင်တဲ့ စကားတစ်ခွန်းဆိုပါတော့။

ဗိုလ်ချုပ် အောင်ဆန်းအကြောင်း မပြောခင် " မင်းကို တစ်ခုမေးချင်ပါတယ်" တဲ့
ကျွန်တော်က ဘာလဲ၊ ပြောပါ ဆိုတော့
" ဗိုလ်ချုပ် အောင်ဆန်း" ကို " လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် အောင်ဆန်း" လို့ပြောခွင့်ရမလားတဲ့။
လွတ်လပ်ရေး ဖခင် ဆိုတဲ့ စကားလုံးကို လေးလေးနက်နက်ထည့်သုံးချင်လို့ မြန်မာတစ်ယောက်ကို ခွင့်တောင်းတဲ့ နိုင်ငံခြားသားတွေပါ။

သူတို့ စိတ်ထဲမှာတော့ " လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် အောင်ဆန်း" လို့အမြဲမှတ်ယူထားတယ်။
စကားပြောတဲ့အခါမှာတောင် " နည်းနည်းလေးမှ မပေါ့၊ နည်းနည်းလေးမှ မလျှော့" ။

ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်းရဲ့ " စိတ်ဓာတ် ၊ အသွေး သားထဲမှာ" သူတို့လိုစိတ် အမြဲရှိနေနိုင်ပါစေလို့ ဆန္ဒပြုလျက်။


=========================================================

လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် အောင်ဆန်း လက်မှတ်ပါ ဓာတ်ပုံကို
www.bmnetwork.org/.../aung_san-u_raschid-3.jpg မှ ကူးယူဖော်ပြသည်။

U Ba Pe,Mr Clement Attlee, General Aung San,U Tin Htut(1947-jan)No-10-Downing Street- London ပါဓာတ်ပုံကို www.pbase.com/dassk/image/18222229 မှကူးယူဖော်ပြသည်။

7/16/09

Question & Request

Angelika said...
This is a nice and helpful profile for a research student like me..I want do document this tribe's language and culture out of my sheer interest. I am a student of Delhi University. Please convey anything useful information regarding this to me in my email account.Thank You


အိန္ဒိယ ကျောင်းသူ တစ်ဦးက မေးထားပါတယ်။ နာဂ တိုင်းရင်းသားဆိုင်ရာ စာတမ်းရှိရင် ဝေမျှပေးကြပါ။

7/11/09

ရွှေဟင်္သာ

ထီလှိုင်မင်း(ကျန်စစ်သား) နန်းတည်ကျောက်စာ၊ မွန်ဘာသာ ပါ
သီဟာသနပလ္လင် ပြုလုပ်ရာမှာ ပါတဲ့ သတ္တဝါ( သီးသန့်) စာရင်း။

၁။ ခြင်္သေ့
၂။ ဗျာလ
၃။ ရွှေမကန်း ( ဆင်နှာမောင်း
မိကျောင်းခေါင်းနဲ့ ပင်လယ်သတ္တဝါ )
၎။ ရွှေဟင်္သာ

တခြား သတ္တဝါတွေပါနိုင်ပါသေးတယ်။ သတ္တဝါမဟုတ်တဲ့ တခြား လောကီပညာရပ်ဆိုင်ရာလို့ ယူဆနိုင်တဲ့ အလှဆင် အရုပ်တွေအများအပြားပါ ပါတယ်။
===============================
ကုန်းဘောင်းခေတ် ရောက်လာတဲ့ချိန်မှာတော့ လောကီပညာရပ်ဆိုင်ရာ၊ အစဉ်အလာ ၊ ကျမ်းဂန်တွေထဲက လို့ ယူဆနိုင်တဲ့ အလှဆင် သတ္တဝါအရုပ်တွေ ပိုများလာပါတယ်။