ရန်ကုန်ရောက်တဲ့ ညနေဘက်မှာဘဲ မန္တလေးကိုဆက်တက်ပါတယ်။ နောက်တစ်နေ့ နံနက် ၇ ရာရီလောက် မန္တလေး ရောက်တယ်။ ၄ နာရီလောက်အချိန်ယူပြီး လျှောက်ပတ်ကြည့်တယ်။ ရှော့ပင်းမောတွေ တိုးလာတယ်၊ ဆိုင်ကယ်တွေတိုးလာတယ် ၊ ဟန်းဖုန်း တွေတိုးလာတယ် ၊ အဝတ်စားဝတ်ဆင်မှု ပုံစံနည်းနည်းပြောင်းလာတယ်။ ကျွဲဆည်ကန်ကစပြီး ရောက်တဲ့ နေရာတိုင်းမှာ ယဉ်စည်းကမ်း လမ်းစည်းကမ်း ထုံးစံအတိုင်းဖြစ်နေတာ မြင်ရတယ်။
ကားမောင်းသူချပေးတဲ့ မဟာမြတ်မုနိဘုရားကြီး တောင်ဘက်မုတ်က ဝင်ဝင်ချင်းမှာဘဲ ဒီနံရံ ဆေးရေးပန်းချီကိုတွေ့ တယ်။ အမှန်တိုင်းဝန်ခံရရင် ဒီနေရာမှာ နံရံဆေးရေးပန်းချီတွေရှိမှန်း အရင်က မသိခဲ့ပါ။ သိပ်အဟောင်းကြီးမဟုတ်ပေမယ့် လက်ရာကောင်းပါတယ်။
ဝမ်းနည်းစရာကောင်းတာက ဆေးရေးပန်းချီတွေကို ဘယ်သူမှ အလေးမထားတာပါဘဲ။ အင်္ဂတေ ပေါ်မှာရေးထားတာဖြစ်တဲ့အတွက် အင်္ဂတေသားတွေ ကွာကျသွားတာနဲ့ ပန်းချီတွေပါ ပျက်စီးသွားပါတော့တယ်။ အဲဒိလို ပျက်သွားတဲ့ နံရံကို ထုံး ၊ ဒါမှမဟုတ် ဆေးဖြူ သုတ်ထားတာမြင်ရတယ်။ လူ့အညစ်ကျေး ၊ ကွမ်းတံတွေးကြောင့် ညစ်ပတ်နေပါတယ်။ ဘုရားဆောင်းတန်းမှာ ပန်းပုထုပြီး အသက်မွေးဝမ်းကြောင်းတဲ့ လူတွေရဲ့ သစ်တို သစ်စ ၊ ပျဉ်တို ပျဉ်စ တွေကို ဆေးရေးပန်းချီတွေရှိတဲ့ နံရံတွေပေါ် ထောင်ထားတာလည်းတွေ့ခဲ့ရတယ်။
ရှေ့မှာ ပြောခဲ့တဲ့အတိုင်း သိပ်အဟောင်းကြီးမဟုတ်ပေမယ့် လက်ရာကောင်းပါတယ်။ မန္တလေး ဆရာချုံ ရဲ့လက်ရာတွေကို အမှတ်ရစေပါတယ်။ ရေးဆွဲတဲ့ ခုနှစ် ၊ ရေးဆွဲသူ ၊ လှူဒါန်းသူ စတဲ့အချက်လက်တွေကို နောက်မှဘဲ စီစစ်ပြီးရေးပါမယ်။

ဒီဘလော့က အောက်ကလင့်နဲ့ အကျိုးရှိနိုင်မယ် ထင်ပါတယ်
ReplyDeletehttp://sea.lib.niu.edu/images/search1.php?page=1&ipp=All&Title=Burma&submit=%A0%A0%A0%A0%A0%A0%A0%A0Submit%A0%A0%A0%A0%A0%A0%A0%A0
လေးစားစွာဖြင့်
မြန်မာ့ ရှေး နံရံ ဆေးရေး ပန်းချီတွေမှာ သုံးခဲ့တဲ့ ဆေးတွေအကြောင်း လုပ်ပါဦးဗျာ။ ကျေးဇူးတင်ပါတယ်။
ReplyDeleteနံရံဆေးရေး ပန်းချီတွေဆိုတာလဲ တန်ဖိုးထားတတ်ရင် အဖိုးတန်တာပါပဲ။ ဒါထက် ပိုပြီး ထိန်းထိန်းသိမ်းသိမ်း ရှိကြရင် ကောင်းမယ်နော်။
ReplyDeleteမင်္ဂလာပါခင်ဗျာ-
ReplyDeleteဒါကြောင့်ပို့စ်အသစ်တင်တာတွေမတွေ့ တာကိုး-
ခု မန်း မှာပေါ့-ဒီပြင်ပုံတွေရောတင်ပါအုံးဗျို့ -
မန်းအထွက်နားကတံခွန်တိုင်ကိုရောက်ခဲ့ရင်ဖြင့် စလေဦးပုံည တည်ထားခဲ့တဲ့
ဘုရားကိုလည်းဝင်ဖြစ်အောင်ဝင်ပြီးဘုရားဖူးရင်းဓါတ်ပုံကလေးဘာကလေးရိုက်
ခဲ့ပါအုံးဗျာ-ခုလောက်ဆိုချုံတွေနဲ့ များပိတ်နေလောက်ရောပေါ့-
ရှေးဟောင်းကိုထိမ်းသိမ်းရကောင်းမှန်းမသိကြတဲ့လူမျိုး...ဘယ်လိုပြောပြော..အစိုးရကအစ နားပေါက်မပါသလိုပဲ
ReplyDeleteဆေးရေးပန်းချီ ရေးဆွဲတဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေက
ReplyDelete၁။ ဆေးဒန်း - အဝါရောင်
၂။ ဟင်္သပဒါး - ချိပ်နု ၊ ချိပ်ရင့်ရောင်
၃။ ဆုန် ( ခဲမပုပ် ) - အနီရင့်
၎။ မြေဖြူ - အဖြူရောင်
၅။ ကွေ့ - ချိပ်နု ၊ ချိပ်ရင့် ( ထုံးကျောက် ၊ မြေစေး ၊ နီဝါ )
၆။ ချိပ် - သစ်စေးနီနီ
၇။ ကံကုတ် - အမည်းရောင် ( နာ ၊ ခဲပုပ်မည်း )
အစိမ်းရောင် ၊ အပြာရောင် ရလောင် လိုသလိုစပ်ပြီးသုံးတယ်။ ဆေးခြယ်တဲ့ အခါ ၊ နံရံမှာကပ်တဲ့ အင်္ဂတေ ခိုင်မာတဲ့အထိ ၊ ခြောက်သွေ့တဲ့အထိ စောင့်ဆိုင်းရပါတယ်။
ရေးဆွဲတဲ့အခါ
၁။ တစ်ကြောင်းဆွဲ - မျက်နှာထားမြင်ရင် စိတ်ထားကိုမြင်အောင် ဆွဲကြပါတယ်။
၂။ ဟန်ပြ - လူကို ရှေ့မှာထားပြီး တူအောင်ရေးဆွဲပါတယ်။ ( သမိုင်းထဲက ဒီဇိုင်း ၊ ဒေါက်တာသန်းထွန်း ၊ စာ ၁၉၆ မှာတွေ့ရတဲ့အတိုင်း ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ )
မှတ်ချက် > အထက်မှာဖော်ပြထားတဲ့ ပစ္စည်းတွေကို ပုဂံခေတ်ကျောက်စာတွေမှာ အလွယ်တကူဘဲတွေ့ရပါတယ်။ ရွှေသားအစစ်ကို အရည်ဖြစ်အောင်ကျိုပြီး ပန်းချီရေးဆွဲရာမှာ ရွှေရောင်ဆေးအဖြစ်အသုံးပြုတာမျိုးလည်းရှိပါသေးတယ်။ ဒါကြောင့် ရွှေကိုလည်းအထက်ပါ စာရင်းတွေထဲမှာ ထည့်သင့်ပါတယ်။ အခြား အသုံးပြုတဲ့ ပစ္စည်းတွေရှိနိုင်သေးပေမယ့် ဆက်ပြီး သုတေသနလုပ်ဖို့ လိုနေသေးလို့ ဘာမှာမပြောတာကောင်းမယ်။
မြောက်ဦးက ဘုရားတွေဖြိုနေတာတော့ ဘာသာရေး အရရေ၊ ရှေးဟောင်းပစ်စည်း အနေနဲ့ ရော ကြက်သီးတောင်ထမိတယ်။
ReplyDeleteThis comment has been removed by the author.
ReplyDeleteအကို ကျွန်တော် အရင်က စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ် ရှေးမြန်မာတွေ အင်္ဂတေ ဖေါ်စပ်နည်းလေ ... အဲ့ဒါနဲ့ ပတ်သတ်ပြီး အကို သိရင် ပို့စ် တစ်ခုလောက် တင်ပါလား ... အကြံပေးတာပါ
ReplyDeleteရွှေစည်းဂုံတို့ ကို အဲ့ဒီ ဖေါ်စပ်နည်းနဲ့ တည်ထားတာလို့ ဖတ်ဖူးတယ်ဗျာ့