3/1/10

THE WORLD OF ANCIENT EGYPT



စင်္ကာပူ နိုင်ငံ အမျိုးသား ပြတိုက် ( Singapore National Museum ) ကကြီးမှုး ကျင်းပတဲ့ 
QUEST FOR IMMORTALITY
THE WORLD OF ANCIENT EGYPT ရှိုးကို သွားကြည့်ခဲ့တယ်။

ဝင်ကြေး စင်္ကာပူ ဒေါ်လာ ၁၅ လို့ရေးထားပေမယ့် Master Card နှင့်ပေး မယ်ဆိုရင်တော့ ဝင်ကြေး ၈ ဒေါ်လာသာပေး ရပါမယ်။ ရှိုးပွဲ တစ်ခုလုံးကပေးတဲ့ အသိပညာ တန်ဖိုး ဟာ စင်္ကာပူ ဒေါ်လာ ၁၅၀၀ မက တန်ပါတယ်။

ခရစ်တော်မပေါ်မှီ အရင် အနှစ် ၄၀၀၀ ကနေ ခရစ်တော်ပေါ်ပြီး အနှစ် ၉၅၀ အတွင်း သမိုင်းဝင် ရှေးဟောင်း အမွေနှစ် ပစ္စည်း တွေကိုပြထားပါတယ်။ အီဂျစ် နိုင်ငံရဲ့ အမျိုးသား အမွေနှစ် ရှေးဟောင်း ပစ္စည်း တွေဆိုပေမယ့် ခုလာပြတဲ့ ပစ္စည်းအားလုံး ဟာ အီဂျစ် နိုင်ငံ ကမဟုတ်ပါ။

Austria နိုင်ငံ ၊ မြို့တော် Vienna မှာရှိတဲ့ Kunsthistorisches Museum ပိုင်တွေ ဖြစ်တယ်။ Singapore National Haritage Board ကကြီးမှုး ကျင်းပပေးတာမို့ စင်္ကာပူ နိုင်ငံ မှာကျင်းပခဲ့တဲ့ ရှေးဟောင်း အနုပညာဆိုင်ရာ ၊ သမိုင်းဆိုင်ရာ ပြပွဲ တွေထဲမှာ အကောင်းဆုံး ပွဲတစ်ခုပါ။

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။