9/4/10

၂- မိဘုရားအကြောင်း

" မဟေသီ သာဘိသေကာ " ဟူ၍ မာဂဓအဘိဓာန်စာကိုယ် ( နှာ-၁၆၈ )။ " သာဘိသေကာ လဒ္ဓါဘိသေကာ ရာဇိတ္ထီ မဟေသီ နာမ " ဟူ၍ ၎င်းဋီကာ ( နှာ- ၁၆၉ ) တို့ ၌ လာရကား သွန်းလောင်းအပ်သော အဘိသိက်ရှိသော မိဘုရားကြီးသည် မဟေသီ မည်၏။ ထို့ ကြောင့် အဘိဓာန်ဋီကာ၌ ---

မဟ ပူဇာယံ ၊ ကမ္မနိ ဣသော၊ ဣေဿ၊ တတောဤ ---

ဟူ၍မိန့်အပ်၏။ မဟ၊ မဟသဒ္ဒါသည်။ ပူဇာယံ ၊ ပူဇော်ခြင်း၌ ဖြစ်၏။ ကမ္မနိ ၊ ကံအနက်၌။ ဣသော ၊ ဣသ ပစ္စည်းသက်ရာ၏။ ဣဿ ၊ ဣအက္ခရာကို ။ ဧ၊ ဧပြု ။ တတော ၊ ထို့ နောင်မှ။ ဤ၊ ဤ ပစ္စည်း သက်ရာ၏။

တနည်းကား -- များစွာကုန်သော မင်းမိန်းမတို့ ကို စိုးမိုးတတ်သောကြောင့် မဟေသီမည်၏။ ထို့ ကြောင့် အဘိဓာန်ဋီကာ၌ပင်လျှင်---

မဟတိယော ရာဇိတ္ထိယော ဤသတိ အဘိဘဝတီတိ ဝါ မဟေသီ၊ ဤသ ဣဿရိယေ ဤ---

ဟူ၍ မိန့် အပ်၏။ ဝါ ၊ တနည်းကား ။ မဟတိယော ၊ များစွာကုန်သော ။ ရာဇိတ္ထိယော ၊ မင်းမိန်းမတို့ ကို ။ ဤသတိ အဘိဘဝတိ ၊ စိုးမိုးတတ်၏ ။ ဣတိတသ္မာ၊ ထို့ ကြောင့် ။ မဟေသီ ၊ မဟေသီမည်၏။ ဤသ ၊ ဤသ သဒ္ဒါသည်။ ဣဿရိယေ ၊ စိုးမိုးခြင်း၌ ဖြစ်၏။ ဤ ၊ ဤ ပစ္စည်းသက်။ ဤကား ဋီကာပါဌ်၏ အနက်။

မိဖုရားခေါင်ကြီးမှတပါး အခြား မင်းမိန်းမများသည် ဘောဂိနီ မည်၏။ အဘယ်ကြောင့် မိဘုရားခေါင်ကြီးမှတပါး အခြား မိန်းမများသည် ဘောဂိနီမည်သနည်း ဟူမူကား- စည်းစိမ်ရှိသောကြောင့် ဘောဂိနီ မည်၏။ ထို့ ကြောင့် အဘိဓာန်ဋီကာ၌ " ဘောဂ ယောဂါ ဣနီ " ဟူ၍ မိန့် အပ်၏ ။ ဘောဂယောဂါ ၊ စည်းစိမ်နှင့် ယှဉ်ရကား။ ဘောဂိနီ ၊ ဘောဂိနီ မည်၏။ ဣနီ ၊ ဣနီပစ္စည်း သက်ရာ၏။

မိဖုရားခေါင်ကြီးလည်း မင်းကဲ့သို့ အဘိသိက် ခံသင့်ကြောင်းကိုကား ယခင် ဆိုအပ်ခဲ့ကုန်ပြီးသော အဘိဓာန်စာကိုယ်ဋီကာနှင့် အဘိသိက်ခံသောမင်း ၊ အဘိသိက်ခံသော မိဖုရားတို့ ၏ သားသည် ရာဇပုတ္တ မည်၏ ဟူ၍ လာသော သမ္မောဟဝိနောဒနီ အဋ္ဌကထာ ( နှာ--၅၀၁ ) များကို ထောက်၍ သိရာ၏ ။ မဟေသီ ၊ အဘိသိက်ရှိသော မိဖုရားကြီးသည် ပူဇော်အပ်သောကြောင့်တည်း ။
(ကျမ်းစာအုပ်ပါ မူရင်းအတိုင်း " ပြန်လည်ကူးယူဖော်ပြ " သည်။ )
...................................................................................................

၁၉ ရာစုနှစ် မိဘုရားဝတ်ရုံ

2 comments:

  1. မင်္ဂလာပါခင်ဗျာ-တန်ဘိုးရှိတဲ့ဘလော့ကလေးကိုအခုမှရောက်လာမိတာ-
    နောက်ကျလိုက်တာဗျာ-နောက်လည်းလာလည်ပါရစေ-ကျနော်ဖတ်ချင်တာတွေ
    အများကြီးဘဲ-လာလည်သွားတာကိုတကယ်ကျေးဇူးတင်မိပါတယ်။

    ReplyDelete
  2. ဓါတ်ပုံပေးမရိုက်ဘူး ဆိုတာက ... camera က ထွက်တဲ့ ဖလက်ရှ် မီးကြောင့် ... ကြာလာတဲ့အခါမှာ နံရံပန်းချီက ဆေးသားတွေ မှိန်ကုန်တာမျိုး .. ပျောက်ကုန်တာမျိုး ဖြစ်လို့ပါ ...
    တစ်ခါနှစ်ခါရိုက် က ကိစ္စမရှိပေမယ့် .... အဲ့ ဖလက်ရှ်မီး ထိတာ များလာတဲ့အခါ နံရံပန်းချီတွေ ပျောက်ကုန်မှာပါ ... အဲ့တာကြောင့် ပေးမရိုက်တာပါ ...

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။