12/5/09

ရတနာပုံ ခြင်္သေ့ ဒင်္ဂါး

ကျပ်သုံး ရွှေဒင်္ဂါး

မင်းတုန်းမင်း ခေတ်မှာ ဒေါင်းဒင်္ဂါး တွေကို ခပ်လုပ်သုံးစွဲခဲ့တယ်ဆိုတာ အထူးပြောစရာမလိုတော့ပါ။
ဒေါင်းတံဆိပ်အပြင် တခြား အမှတ်တံဆိပ်တွေဖြစ်တဲ့ " ခြင်္သေ့ ၊ ယုန် ၊ တိုး (လာဒ်ကောင် လို့ အယူရှိတယ် ၊ သမင် နှင့် မြင်း သတ္တဝါ ပေါင်းစပ်ထားတဲ့ အကောင် )" တွေရှိသေးတယ်ဆိုတာ မှတ်ဖို့လိုသေးတယ်။

ရွှေ ၊ ငွေ ၊ ကြေး ၊ သံ ၊ ခဲ စတဲ့ သတ္ထုပစ္စည်းတွေ ကို အသုံးပြုတယ်။ တန်ဖိုးတွေက ( တကျပ် ၊ ငါးမူး ၊ တမတ် ၊ တမူး ၊ တပဲ )တို့ဖြစ်တယ်။ သို့သော် ဘယ်အမှတ်တံဆိပ် ကို ဘယ်သတ္ထုပစ္စည်းသုံးပြီး ဘယ်လောက် တန်ဖိုးတွေနှင့် ထုတ်တယ်ဆိုတာ သိဖို့လိုမယ်။ ရတနာပုံ ရွှေ ခြင်္သေ့ ဒင်္ဂါး အကြောင်း အကျဉ်း ဖော်ပြချင်ပါတယ်။ ပုံကို ကြည့်ပါ။

မူးသုံး ရွှေဒင်္ဂါး
ယခင်
" ဒေါင်း" ရုပ်နေရာမှာ " ခြင်္သေ့ " ရုပ်
"
ဒေါင်းတံဆိပ်တော်
" နေရာမှာ "ခြင်သေ့ တံဆိပ်တော် "
" ၁၂၁၄ " ခုနှစ် နေရာမှာ " ၁၂၂၈ " ဖြစ်လာတယ်။ ဒင်္ဂါး ရဲ့ ခြားတဘက်မှာ ရတနာပုံနေပြည်တော် စာတမ်း နှင့် စုံပန်းခက် ၂ ခက် ကတော့ အပြောင်းလဲမရှိ။

မင်းတုန်းမင်း ဟာ အင်္ဂါးသားဖြစ်လို့ ခြင်္သေ့ ရုပ်ကို သုံးတယ်။
၁၂၂၈ ကတော့ ခြင်္သေ့တံဆိပ်ပါ ရွှေဒင်္ဂါး တွေ အမှန်တကယ် စတင်ထုတ်လုပ်တဲ့ ခုနှစ်ဖြစ်မယ်။
( မှားနေရင် ပြောခဲ့ပါ။)



" သက္ကရာဇ် ၁၂၂၇ ခု တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက် ၊ စနေနေ့ ၊ နံနက်တချက်တီးကျော် အချိန်အခါတော် နှင့် အမြှောက်သံ (၃) ချက်ကြားပြီးလျှင် ဥဒေါင်း ရုပ်တံဆိပ်အပြင် မြန်မာ အက္ခရာနှင့် အရံတံဆိပ်တော်တဖက် ၊ စုံပန်းနွယ်ရင်းဖျားတပ်လျက် ၊ ၎င်း အတွင်း ဘဝရှင်မင်းတရားကြီး နန်းတက်တော်မူသည့် မြန်မာသက္ကရာဇ် ၁၂၁၄ ခု ၊ ၎င်း အထက် ကျပ်သုံးဒင်္ဂါး ၊ ၎င်းပန်းနွယ်အပြင် မြန်မာဘာသာရေး အရံအက္ခရာ ရတနာပုံ နေပြည်တော် တဖက်နှင့် ကျပ်သုံး ဒင်္ဂါးတော်များကို ခတ်လုပ်စေ၍ တိုင်းကြီး ပြည်ကြီး အင်္ဂါရပ်နှင့် အညီ ခရိုင် နိုင်ငံတော်အတွင်း အနှံ့အပြားသုံးစွဲကြရ၏။ ထို့နောက် ငွေ ငါးမူးစေ့ ၊ မတ်စေ့ ၊ မူးစေ့ ၊ ပဲစေ့ များနှင့် သံပိုက်ဆံ ၊ ကြေးနီပိုက်ဆံ ၊ ခဲပိုက်ဆံများကိုလည်း ခတ်လုပ်စေ၍ နိုင်ငံတော်အတွင်း သုံးစွဲ ကြရသည်။ ထို့အပြင် ရွှေဒင်္ဂါး ၊ ရွှေမတ်စေ့ ၊ ရွှေမူးစေ့ များကိုလည်း ခတ်လုပ်စေသည် " လို့ ရွှေနန်းသုံး ဝေါဟာရ အဘိဓာန် မှာ ဖော်ပြထားတယ်။ ( ရွှေနန်းသုံး ဝေါဟာရ အဘိဓာန် ကို ဘယ်သူရေးတယ်၊ ဘယ်နှစ်ခုနှစ် ၊ ဘယ်လို ရေးတယ်၊ ဘယ်လောက်ထိ စိတ်ချရလဲဆိုတာ သိဖို့ လိုအပ်သေးတယ် )

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။