ရှေးက မြန်မာ့တပ်မတော်မှာ အကြပ် စစ်သည် တပ်သားတွေကို အုပ်စုခွဲရာမှာ အမှတ်သားအဖြစ် ဆေးရေးပြီးမှတ်တယ်လို့သိရတယ်။ ဆေးရေးတယ်လို့ ဆိုထားတဲ့အတွက် အစီရင်သဘော ဆေးမင်ကြောင်ထိုးတာမျိုးတော့မဟုတ်ပါ။ တပ်စု တပ်သား ခွဲခြားရာမှာ သူ့အစု ကိုယ့်အစုလွယ်ကူသိသာစေရန်သော်လည်ကောင်း ဘယ်သူက ဘယ်အစုဆိုတာကိုအလွယ်တကူသိရှိနိုင်ရန်သော်လည်းကောင်း ရည်ရွယ်တယ်လို့ထင်ပါတယ်။ ရာထူးရာခံ အဆင့်တန်းခွဲခြားတဲ့ သဘောမသက်ရောက်ပါ။
သို့ပေမယ့် သတိထားရမှာက အလောင်းဘုရားလက်ထက် ကသည်းပြည်ကိုတိုက်ရာမှာ အထူးတပ်သားအုပ်စု (တပ်ခွဲ) ဖွဲ့တယ်၊ အဲဒီတပ်သားအဖွဲ့ဝင်တွေအားလုံးရဲ့ကိုယ်ပေါ်မှာ မဟာ ပိန္နဲဆေးစီရင်တယ်လို့ အမိန့်တော်တစ်ခုမှာတွေ့ရတဲ့အတွက် တပ်သားတွေရဲ့ကိုယ်ပေါ်မှာ အမိန့်အရသော်လည်းကောင်း ၊ အစီအရင်အဖြစ်သော်လည်းကောင်း အခြားဆေးမင်ကြောင်တွေ တွေ့နိုင်သေးတယ်ဆိုတာ သတိချပ်ရပါမယ်။
ရှေးက မြန်မာ့တပ်မတော်မှာ အကြပ် စစ်သည် တပ်သားတွေကို အုပ်စုခွဲရာမှာ အမှတ်သညာအဖြစ် ဆေးရေးတွေကိုအခံပြီး စာရင်းလုပ်ကြည့်ပါတယ်။ ဇယားကွက်တွေပါတဲ့အတွက် ဖိုရမ်မတင်တတ်ပါ။ ဒါကြောင့် ပုံအဖြစ်တင်လိုက်တယ် ။ အထက်ပါစာရင်းဟာ ကုန်းဘောင်ခေတ်ကိုဘဲကိုယ်စားပြုပါတယ်။


