5/20/11

အိုးဖုံး ပေါ်ရေးထားတဲ့ တရုတ်စာ




ဒီအိုး ဖုံးပေါ်ရေးထားတဲ့ တရုတ်စာကိုဖတ်ပြီး ဘာသာပြန်ပေးလို့ရမလားခင်ဗျာ။ တရုတ် သင်္ချိုင်းအုတ်ဂူတစ်ခုကိုပေါ်စဉ်က အရိုးအိုးလို အိုးတစ်ခုရဲ့အဖုံးပါတဲ့။ အိုးကတော့ ရောင်းလိုက်ပြီတဲ့။ ရန်ကုန်ရှေးဟောင်းပစ္စည်းဆိုင်မှာတွေ့လို့ရိုက်လာတာ။ ရေးထားတဲ့စာက တရုတ်ရှေးဟောင်းစာမဟုတ်ပါ။ ဒါပေသိ အလွန်ဆုံး ရှိလှမှ အမရပူရခေတ် ၁၉ရာစုပေါ့။ ဒီထက်အများကြီး နောက်ကျတာမျိုးလည်းဖြစ်နိုင်တယ်။ သိပ်မဟောင်းသေးဘူးထင်တာဘဲ။ ရေးထားတဲ့စာ ရဲ့ အဓိပ္ပာယ်ကိုသိရင်တော့ အဖြေထွက်လောက်တယ်။

3 comments:

  1. 清皇 顯考劉蛋家公府

    ချင်းမင်းဆက် သွားလေသူဖခင်ကြီး 劉蛋 အုတ်ဂူ လို့ အဓိပ္ပါယ်ရပါတယ်။ ချင်းမင်းဆက် Qing Dynasty က (1644–1912) အထိ နှစ်ပေါင်း ၂၇၀ နီးပါး ရှည်ကြာတော့ ဘယ်နှခုနှစ်လောက်က ဆုံးပါးသွားတယ်ဆိုတာ မှန်းရခက်တယ်ဗျ။

    ReplyDelete
  2. မြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် အဖုံးလုံအောင်ပိတ်ပါတဲ့း-)

    ReplyDelete
  3. အဖုံးလုံအောင်ပိတ်ပါ

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။