








ပြီးခဲ့တဲ့နှစ် ခရီးထွက်တုန်းက ရတဲ့အချိန်ကလေးမှာ မန္တလေး ကုသိုလ်တော် ဘုရားဝင်းထဲရောက်ဖြစ်တယ်။ ခုမြင်နေရတဲ့အတိုင်းပါဘဲ။ ကျောက်စာချပ်တွေ မြေပြင်ပေါ်မှာ ဘာလုပ်ထားမှန်းမသိပါ။ မူလ အမိုးအကာအောက်ကနေ နှုတ်ယူလာခဲ့ပုံပေါ်တယ်။ ဘာဖြစ်လို့ဒီလိုပြောရလဲဆိုတော့ ကျောက်စာရုံလို့ ယူဆတဲ့ အုတ်တိုက်ဆောင်လေးတွေကို အနီးနားတင်တွေ့ရတယ်။ အရင်က ကျောက်စာစိုက်ထားခဲ့ဟန်တူတဲ့ အုတ်တိုက်ဆောင်အောက်မှာတော့ " ကြာ ပလ္လင်ခံထားတဲ့အပေါ်မှာ လက်နှစ်ဖက်ယှက်ထားတဲ့ ရဟန်းတပါးရဲ့ ရုပ်ပွါးတော်တွေ့ပါတယ်။ အသစ်ဖြစ်ဟန်တူပါတယ်။ ကျောက်စာနေရာမှာ ဒီရဟန်းရုပ်ပွါးတော်တွေနှင့် အစားထိုးခဲ့တယ်လို့ထင်ပါတယ်။ အသေချာတော့မပြောရဲပါ။ ခုမြင်နေရတဲ့ တုံးလုံးပက်လက် ကျောက်စာတွေဟာ တခြားနေရာကသယ်လာပြီး ပစ်ထားတာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပါဘဲ။
ကျောက်စာ ချပ်တွေကို ဘာလုပ်ပစ်မယ်ဆိုတာမသိပါ။ သက်ဆိုင်ရာက နေရာပြောင်းပစ်မယ်လို့ လွန်ခဲ့တဲ့တစ်နှစ်လောက်က သတင်းသဲ့သဲ့ကြားမိပါတယ်။ ခုတော့ မြေပြင်ပေါ်တုံးလုံးပက်လက်ရယ်။ ကလေးတွေက ကျောက်စာတွေပေါ်တက်ဆော့၊ တက်ထိုင်နေကြတာလည်းတွေ့ရတယ်။ မကြာကင် ပျောက်ပျက်သွားတော့မယ့် အရာတွေပါလားလို့တွေးမိတယ်။ ဒါတွေဟာ သင်္ခါရ တရားပါဘဲလေဆိုပြီးဖြေလို့မရပါ။ ကျောက်စာချပ်တွေက အရေးကြီးတာလား ရဟန်းရုပ်ပွါးတော်တွေက အရေးကြီးတာလားဆိုတာ မပြောလိုတော့ပါ။
ကျောက်စာ ချပ်တွေကို ဘာလုပ်ပစ်မယ်ဆိုတာမသိပါ။ သက်ဆိုင်ရာက နေရာပြောင်းပစ်မယ်လို့ လွန်ခဲ့တဲ့တစ်နှစ်လောက်က သတင်းသဲ့သဲ့ကြားမိပါတယ်။ ခုတော့ မြေပြင်ပေါ်တုံးလုံးပက်လက်ရယ်။ ကလေးတွေက ကျောက်စာတွေပေါ်တက်ဆော့၊ တက်ထိုင်နေကြတာလည်းတွေ့ရတယ်။ မကြာကင် ပျောက်ပျက်သွားတော့မယ့် အရာတွေပါလားလို့တွေးမိတယ်။ ဒါတွေဟာ သင်္ခါရ တရားပါဘဲလေဆိုပြီးဖြေလို့မရပါ။ ကျောက်စာချပ်တွေက အရေးကြီးတာလား ရဟန်းရုပ်ပွါးတော်တွေက အရေးကြီးတာလားဆိုတာ မပြောလိုတော့ပါ။
လာရောက်လေ့လာပါတယ်ဗျာဘလော့ဂါအသစ်လေးဆီလည်းလာလည်ပြီး
ReplyDeleteအမှတ်တရအော်တိုလေးရေးပေးဖို့ တောင်းဆိုပါရစေ
ဒါတင် မဟုတ်သေး ပါဘူး။ မန္တလေး ကုသိုလ်တော် ဘုရားဝင်း ထဲက ၁၈၉၂ က စိုက်ထားတဲ့ ခရေပင်ကြီးတွေ သေကုန်ပြီ။ ကျွန်တော် ပြီးခဲ့တဲ့လ၊ ဖေဖော်ဝါရီ လဆန်းက ရောက်သွားတော့။ အထက်က အမိန့်နဲ့ ကျောက်ပြားတွေ ဘုရားဝင်း တခုလုံး အပြည့်ခင်းခိုင်း တယ်တဲ့။ အဲဒါ မြေတွေတူး၊ ကွန်ကရစ်လောင်း၊ ကျောက်ပြားတွေ ခင်းတော့ အပင်ကြီးတွေ ရေမရတော့ဘူး ဖြစ်သွားတာတဲ့။ သစ်တောက ပြောတယ် တဲ့။ ဂေါပက က သိတ်နောက်မကျခင် အထက်ကိုတင်ပြပါ။ ပြီးရင် သစ်တောဦးစီးက လာပြီး အပင်ကြီးတွေကို ပြန်ပြီး ရှင်နိုင်အောင် ကြိုးစားပေးမယ် ပေါ့။ ဒါပေမဲ့ ဘယ်သူမှ မပြောရဲကြဘူး။ ဒါကြောင့် အဲဒီ ခရေပင်ကြီးတွေ အကုန် သွားကုန်ပြီ။
ReplyDeleteစစ်ကိုင်း ကောင်းမှုတော်ကို ရှေးက ထားခဲ့တဲ့အတိုင်း ထုံးသင်္ကန်း ကပ်နေကျ။ အခု ယတြာ ခြေရမှာမို့ ရွှေသကန်း ကပ်ခိုင်းတယ်တဲ့။ ကျွန်တော့ အမေပြောတာ သိပ်မှန်တယ်။ They even destroy the culture. ယဉ်ကျေးမှုကိုပါ ဖျက်ဆီးပစ်ကြတာ တဲ့လေ။
ကျောက်စာတွေဟာ ပိဋိက(၃)ပုံကို ရေးထိုးထားတာမို့ ဓမ္မစေတီထိုက်ပါတယ်..
ReplyDeleteဒီလိုမြေပြင်ပေါ်မှာ တုံးလုံးပက်လက်လုပ်ထားတာ....ဘုရားဘုရား...မတွေးဝံ့အောင်ပါပဲ...
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ReplyDeleteတန်ဘိုးရှိလှတဲ့စာတွေနဲ့ဓါတ်ပုံတွေပါခင်ဗျာ-
ပီဒီအက်ဖ်ဖိုင်ကလေးတွေနဲ့တကန့်စီလုပ်ပေးထားရင်ပိုကောင်းမယ်ထင်တယ်-
ဘလော့ဆိုတာပျက်တတ်တာမို့ သိမ်းထားတဲ့နည်းကောင်းလမ်းကလေးတွေနဲ့ 
သိမ်းဆည်းထားသင့်တယ်လို့ ထင်ပါတယ်။နည်းလမ်းတွေ တွေ့ ခဲ့ရင်လည်းမျှ
ဝေပါအုံးခင်ဗျာ-
မြင်ကွင်းက တကယ့်ကို ရင်နင့်စရာပါပဲ။နောက်လာမဲ့မျိုးဆက်အတွက် ကိုယ်တို့  ဘာတွေအမွေပေးရပါမလဲ။
ReplyDeleteနှမြောစရာကောင်းလှပါတယ် ဆင်ခြင်ကြည့်ကြပါ အဓိကနဲ့ သာမညကို
ReplyDelete